Chapter 11

121 22 0
                                    

ပိုင်ယွမ်က ထွက်မသွားခင်၌ အမှတ်တမဲ့ပုံဖမ်း၍ ရွာသားနှစ်​ ယောက်ထံ မှသတင်းအချက်လက်များနိုက်ယူခဲ့သည်

သူမဟာ စပ်စုလိုသည့်ပုံစံဖြင့် ရေသူမတွေရဲ့ သတင်းအချက်လက် အချို့ကိုမေးခဲ့သည် ထို့အပြင် ရေသူမအဘွားအကြောင်းအစဖော်လိုက်ရာ သူမဘက်မှ နက်နက်မတူးရလိုက်ဘဲ
အချက်အလက်များစွာသိလိုက်ရသည်

အရင်ဆုံး အနေနဲ့ ရေသူမတွေရဲ့တည်ရှိမှုသည် နှစ်အလွန်ကြာမြင့်စွာကထဲက ဖြစ်ပွားခဲ့ပီး အစမှာ ရေသူမမွေးဖွားလာခြင်းက နမိတ်ကောင်းနဲ့ ရွာရဲ့ပျော်ရွှင်မှု  ကောက်ပဲသီးနှံပေါများမှုကို ဆောင်ကြည်းပေးသည်ဟု သတ်မှတ်ကြသည် ထိုအတွက်ကြောင့်ပဲ ရေသူမအဘွားရုပ်ထုကိုထုလုပ်ကိုးကွယ်ခဲ့ကြသည်

နှစ်တွေကြာမြှင့်လာသည့်အခါ လူတွေသည်ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုကို မ​ ေလး မ စား လုပ်လာကြတော့သည်
အိမ်တွင် ထမင်းသာစားနိုင်ပီး အလုပ်မကူပေးနိုင်တော့ ရေသူမလေးများအား ကုသပေးရန်ပင်ငြိုငြင်လာကြသည် ထို့အပြင်  မျိုးကွဲဗီဇ​ လူသားက အလွန်တန်ဖိုးရှိသည့် အကြောင်းရင်းမှန်ကို မတော်တဆ သိရှိသွားတော့သည် ထို့ကြောင်ရေသူမများအား ရောင်းကုန်အဖြစ်စတင် သဘော ထားလာကြတော့သည်

ထိုကဲ့သို့ ကျေးရွာငယ်များတွင် လူကုန်ကူးမှု အမှုအခင်းများသည် ဖြစ်လေ့​ ဖြစ် ထရှိတာကြောင့် ပိတ်ပင်တားဆီးတာပင် အထွေထူးမလုပ်ကြဘဲ အလွယ်တကူ လက်ခံလိုက်ကြသည်

စားဝတိနေရေးအတွက် ပင်ပန်းစွာ စိုက်ပျိုးရေးလုပ်ကိုင်၍ရသောတစ်နှစ်ငွေသည် ယွမ်၃၀၀၀သါရှိသော်လဲ

ရေသူမ တယောက်အားရောင်းချရငွေသည် သန်းချီရှိလေသည် ဟု ရွာသားကပြောလေသည်

"လူဘောင်အဖွဲ့စည်းမှာ ပိုက်ဆံက အရေးပါတယ်  အိမ်ထောင်ရေးနဲ့ ကလေးမွေးဖို့က ငွေရှိဖို့လိုတယ် အိမ်အတွက်ကားအတွက်  ငွေလိုတယ် ငါတို့ ဒီလိုမရောင်းရင် အဝတ်တောင်ဝယ်မဝတ်နိုင်ဘူး "

ပိုင်ယွမ် ကိုယ်တိုင် က မိမိသည် ရောင်းချခံရသည်ပြောထားတာကြောင့် သူတို့သည် အရောင်းအဝယ်ကိစ္စကို သံသယမရှိဖောက်သည်ချတော့သည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now