Chapter 4.1

181 31 0
                                    

#Zawgyi

ဖြူစွတ်တဲ့ မျက်နှာနဲ့ အမျိုးသမီးတယောက် က မှန်ပြတင်းပေါက်က နေ ပိုင်ယွမ်ယွမ်ကို စိုက်ကြည့်နေသည် ထို အမျိုးသမီးသည် နှာခေါင်းမရှိနေတဲ့ အပြင် သူမ ပါးစပ်က ငါးတကောင်လို သေးသေးပါးပါး ဖြစ်နေသည် ထူးဆန်းတာက အချိန်ကြာကြာ ရေထဲမှာ ရှိနေခဲ့သလို သူမပုံစံက စိုစွတ်နေသည်

အမျိုးသမီးမျက်လံုးတွေက လံုးဝိုင်းနေရုံသာမက မျက်ဆံမဲမဲတွေကပါ ဝိုင်းစက်နေကာ မျက်ရစ်မပါပေ မျက်နှာတခုလံုးကို ခြုံကြည့်လိုက်လျှင် အမျိုးသမီးမျက်နှာက ပုံမကျပန်းမကျနှင့် ကြောက်စရာပင်ကောင်းနေသည်

ပိုင်ယွမ်ယွမ် ထိုမျက်နှာမြင်ပီး ဆတ်ကနဲ နိုးသွားသည်

သူမ အသက်ရှုနှုန်းတွေပင် မမှန်ချင်တော့ပဲ နှလံုးခုန်မြန်လာသည်
တချိန်တည်းမှာ ကြောက်စရာ အမျိုးသမီး က သူမကိုကြည့်နေရာကနေ ကုစန်းဆီ အကြည့်ရွေ့သွားသည်

ထိုအအပြောင်းအလဲကို အခွင့်ရေးယူကာ ပိုင်ယွမ် သူမမျက်လံုးကိုအမြန်ပိတ်လိုက်သည် အသက်ကိုအဖြေး မှန်မှန်ရှုကာ အစထဲက သူမ အိပ်ပျော်နေသေးသလို ဟန်ဆောင်နေလိုက်သည်

ပိုင်ယွမ်ယွမ်စိတ်ထဲကနေ
ငါ့ကိုမကြည့်နဲ့ နင် ငါ့ကိုကြည့်လို့မရဘူး...

သူမ နှလံုးခုန်သံက မြန်ပီးရင်း မြန်လာကာ ကျယ်လောင်လွန်းလို့ နားစည်ထဲတွင်တောင်ဆူညံနေသည်

ဒါ ဒါ ဒါ ဒါ...

တ စက်စက် ကျနေတဲ့ ရေနဲ့ မြေကြီး ရိုက်ခတ်သံ ကအပြင်ဖက်ကလာနေသည်

သူမသွားပီးလား... ပြန်လာမှာလား...

ပိုင်ယွမ် ရဲ့ လက်ချောင်းတွေပင် တောင့်ပီး ချွေးထွက်လာသည် သူမ အပြင်ဘက်က ရေစက်သံတွေဘက် ကိုအာရုံ အပြည့်စိုက်နေလိုက်သည်

[ ဟေး , ကစားသူရေ နိုးထဖို့ အချိန်ရောက်ပီ ]

ကြောက်မခန်းလိလိ တိတ်ဆိတ်နေရင်းက system ဆီက အသံပြဲ ကြီးက အလိုက်မသိထွက်လာသည်

[ ငါ အခု ပဲ မင်းကို ဘယ်လိုနိုးရမလဲ တွေးနေတာ မင်းကနိုးတောင်နေပီး အိပ်ချင်ယောင်ဆောင်နေတာပဲ ကောင်းတယ်ကောင်းတယ်]

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now