ဂျင်းပြာရင့်ရင့်အက်ျီတွေနဲ့ဘောင်းဘီကလည်း
အက်ျီရောင်နဲ့ဆင်တူသည်။ဆံစတွေက
ဂုတ်ထောက်နေသည့်ဆံစရှည်တွေဖြင့်
အသက်သုံးဆယ်ဝန်းကျင်JeonJungKookက
ဆယ်ကျော်သက်လေးတွေထက်ပင် မိမိုက်နေသည်။ပုံမှန်မောင်းနေကျအရှိန်မြင့်မြင့်ဖြင့်
Jeonကားလေးသည်သူ၏အစ်မဖြစ်သူ
ခြံဝန်းလေးထဲဆိုက်ရောက်လာခဲ့သည်။Jeonရောက်လာသည်လားမေးစရာမလို
ဆွတ်ဖျန်းလာသည့်အမွှေးနံသာနံ့တွေက
မီးဖိုချောင်ကJeonအစ်မထံကို ခပ်စူးစူး
ဝင်ရောက်လာသည်။" မမရေ...မမ...! "
ဧည့်ခန်းထဲက Jeonအသံကြောင့်သူမသည်
ဟင်းချက်နေရာမီးဖိုချောင်မှအပြေးလေး
ထွက်လာကြည့်မိသည်။" ဟဲ့...ဘယ်လိုဖြစ်လို့အော်နေတာလဲ...
နင်ရောက်နေတာငါသိတယ်...."" မသိမှာစိုးလို့ပါဗျာ...ဘာတွေလုပ်နေတာလဲ..."
" ဟင်းချက်နေတာပေါ့...ကလေးနှစ်ယောက်က
ကျူရှင်ကပြန်လာရင်ဗိုက်ဆာလာကြတော့မှာ..."" ဒီအချိန်ထိ ကျူရှင်တတ်နေရတာလား..."
လက်ကနာရီကိုပင့်မြှောက်ကြည့်လိုက်တော့
အချိန်က8နာရီထိုးနေချေပြီ။" အင်းပေါ့..."
" မှောင်နေပြီလေ..ဘယ်သူသွားကြိုမှာလဲ..."
" ငါပဲသွားကြိုရမှာပေါ့...သူ့အဖေကအလုပ်ကမှ
ပြန်မရောက်သေးတာ..."Jeonမမသည် ပြောရင်းပင်မီးဖိုချောင်တွင်
တည်လက်စဟင်းအိုးလေးအား
မြည်းကြည့်နေသည်။Jeonကတော့
သူမနောက်လိုက်ပါရင်း စားပွဲပေါ်တွင်
ပြင်ဆင်ထားသော ဟင်းပွဲတွေကိုဟိုနှိုက်ဒီနှိုက်
နှိုက်မြည်းနေသေးသည်။" မမ မအားရင်နေလေ...ကျွန်တော်
သွားကြိုပေးမယ်..."" နေပါ...ငါ့ဟာငါပဲသွားလိုက်ပါမယ်..."
" ရပါတယ်ကျွန်တော်သွားကြိုပေးမယ်လေ
တူမလေးတွေနဲ့လည်း မတွေ့တာကြာပြီဆိုတော့ "Jeonသကားကြောင့် သူမသည်Jeonအား
အစုန်အဆန်ကြည့်လာတော့သည်။" ဘာလဲ...Jiminနဲ့စကားများလာတာလား.."
YOU ARE READING
One Short 💌