final

245 9 0
                                    

လူတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ ရူးသွပ်မှုတစ်ခုစီရှိတာမလို့...ကိုယ့်ရဲ့ရူးသွပ်မှုလေးကတော့"ထယ်"ဆိုတဲ့ လူသားလေးတစ်ယောက်သာ.....။
မြတ်နိုးမှုဆိုတာလေးက ရမက်တွေ ရယူလိုစိတ်တွေကင်း​ေ၀းနေတဲ့ ရပ်၀န်းလေးတစ်ခုသာ....။
ရှင်သန်ရတဲ့ အဓိပ္ပာယ်က မင်းပါ လာဗင်ဒါ..

မင်းမရှိတော့တဲ့နေ့ရက်တွေက
ကိုယ့်အတွက်တော့ သေဆုံးနေတဲ့
အချိန်တွေသာသာပါဘဲ  
အေးချမ်းလှပတဲ့ နေရာတွေတောင်
မင်းလောက် ကိုယ့်စိတ်နှလုံးသားကို အေးချမ်းတည်ငြိမ်အောင် မလုပ်ပေးနိုင်ခဲ့ဘူး
ကိုယ့်ကြောင့်ဆိုတဲ့စိတ်နဲ့
မင်းမရှိတော့ဘူးဆိုတဲ့စိတ်ကြောင့်
တမြေ့မြေ့နဲ့ နာကျင်နေရအောင် ရှင်သန်ရင်းနဲ့
ကိုယ့်ကိုယ်ကို ဒဏ်ခတ်ထားခဲ့တယ်...။

ကိုယ့်ရူးသွပ်ရာလေး မင်း မရှိတော့တဲ့အခါ
ကိုယ်ကိုယ်တိုင်ဘဲ ရူးသွပ်သွားခဲ့ပုံဘဲ
အချစ်ရယ်.... မင်းမရှိတော့တဲ့နောက်ပိုင်း
မသွားပါနဲ့လို့ မင်းကိုမတားနိုင်ခဲ့တဲ့
ဟောဒီ ပါးစပ်တွေကနေ တစ်လုံးတစ်လေတောင်
စကား​မပြောချင်ခဲ့ဘူး....။
မင်းနဲ့မှ မဟုတ်ရင် တီတီတာတာ မပြောနဲ့
၀တ်ကျေတန်းကြေတောင် အသံထွက်မလာတဲ့
ကိုယ့်ပါးစပ်က မင်းအပေါ်တော့ သိပ်သစ္စာရှိပုံဘဲ

ရူးနေပါပြီလို့ ခေါင်းစဥ္တပ်ခံခဲ့ရတဲ့
နေ့ရက်တွေက အလီလီ ပါဘဲ အချစ်ရယ်
သူတို့တွေထင်တာလည်း မမှားတာကြောင့်
ကိုယ် ဆက်လက် ရူးသွပ်ပါရစေ.....။
မင်းနဲ့မှမဟုတ်ရင် ကိုယ့်နှလုံးသား၊စိတ်၀ိညဥ္နဲ့ဟောဒီကတစ်နေ့ထားသွားရမဲ့ ခန္ဓာကိုယ်ကြီးက
ဘာဆိုဘာမှ အလုပ်မလုပ်ချင်ပုံဘဲ...။

မင်းပြန်လာရင် နမ်းရှို်က်ဖို့ ပန်းတစ်ခင်းကိုယ်ပျိုးထားတယ်....ပြန်လာဖို့မဖြစ်နိုင်တဲ့ မင်းအတွက်ပေါ့...။ပန်းတွေရဲ့အဓိပ္ပာယ်ကို ဘာဆိုဘာမှမသိပေမဲ့ ကိုယ်ပေးထားတဲ့ လာဗင်ဒါရဲ့ အဓိပ္ပာယ်ကတော့ "မင်းမှမင်း"ပါဘဲတဲ့ မင်းနဲ့မှမဟုတ်ရင်ဘာဆိုဘာမှ ဖြစ်တည်လာမှာမဟုတ်လို့ဘဲ။

အချစ်ဦး ဆိုတဲ့အတိုင်းဘဲ မင်းက စိတ်လွတ်ကိုယ်လွတ်ပျောက်ကွယ် သွားတာတောင် ကိုယ့်နှလုံးသားထဲ ဆက်လက်ရှင်သန်ဖြစ်တည်နေဆဲပါ.....မင်းမရှိတော့တဲ့နောက်ပိုင်း ကိုယ့်ရဲ့ ဖြေသိမ့်ရာက မင်းအတွက် ကိုယ်ဖန်တီးထားတဲ့ လာဗင်ဒါရပ်၀န်ငယ်လေးပေါ့ ထယ်။
မင်းရဲ့ရပ်၀န်လေးကလေ ကိုယ်နဲ့အတူ မင်းကိုစောင့်နေတယ်ထင်ပါရဲ့ လေယူရာယိမ်းလို့
ခြံ၀ကိုဦးတည်နေလေရဲ့..။

Lavender Tae Tae(Complete)Where stories live. Discover now