part-5

311 33 0
                                    

Uni

တီ..တီ...တီ..တီ

ကျွန်တော့်မနက်ခင်းလေးကတော့ နှိုးစက်အသံ တို့သာ ကြီးစိုးလျှက်
နှုိးစက်ပိတ်ပြီး ပြန်အိပ််မယ်လုပ်တော့

ဒေါက် ဒေါက်...
တံခါးခေါက်သံနှင့်အတူ ချစ်ရတဲ့ အသံပိစိလေး

"​Jeon ​​ရေ ထတော့လေ"

"Omm Tae ကိုယ် လာခဲ့မယ်"

"အာ့ဆို..အောက်မှာစောင့်နေမယ်"

ချစ်ရသူလေးက လာနှိုးနေမှတော့ ကျွန်တော် ဘလိုလုပ် ဆက်အိပ်နိုင်တော့ မှာလဲ
ကိုယ်လက်သန့်စင်ပြီးတော့ အောက်ထပ်ဆင်းပြီး ချစ်ရသူလေးရှိတဲ့
ထမင်းစားခန်းကိုသာ လှမ်းမိသည်

"Jeon"

ဟော...တွေ့ပါပြီ ချစ်ရတဲ့လူသားပိစိလေးက အေပရွန် လေးနဲ့ ကျွန်တော့်နမည်ခေါ်ပြီး လက်လေးရမ်းပြနေလေရဲ့

"Jeon....ဒီမယ် jeonစားဖို့"

ခင်ဗျားတို့ကြားကျတဲ့ အတိုင်းဘဲ ကျွန်တော့်Bae က ရည်းစားဖြစ်ပြီးကတည်းက Jeonလို့ သာအဖျားစွတ်ပြီး ခေါ်တော့တာ

"ကြည့်ပါရစေအုန်း.....ကိုယ့်Baeက ဘာတွေချက် ထား....."

စကားတောင် မဆုံးလိုက်ပါဘူး Tae ရဲ့ ကြက်ဥကြော် အတူးလေးကြောင့် ပြောစရာစကားတွေ ​ကြက်​ပျောက် ငှက်ပျောက်

"Jeon ဘာဖြစ်လို့လဲ Tae လုပ်ထားတာ အဆင်မပြေလို့လား"

"ဟင့်အင်....Tae လေးလုပ်သမျှ အကုန်good"

Tae ပျော်အောင်လို့ ကြက်ဥအတူးလေးကို
စားပြပြီး ပြုံးပြလိုက်တော့ ထွက်ပေါ်လာတဲ့
ရယ်သံ လွင့်လွင့်လေး
ကျွန်တော်က ပြုံးလိုက်လို့ ကျေနပ်သွားတယ် ထင်ပါရဲ့ Taeမသိတာက ကျွန်တော် ခပ်တူးတူးအရသာနဲ့အတူ ဝါးလိုက်မိသော ဆားအခဲ ကိုပေါ့

"ဟီး....Jeon ကကောင်းတယ်ဆိုတော့ Tae လည်း စားကြည့်မယ် ပေး"

"အာ....Tae ကလည်း ဒါကို ကိုယ်ဘဲစားမယ်
အပြန်အလှန်အနေနဲ့ Taeက ကိုယ်လုပ်ပေးတာစား"

Lavender Tae Tae(Complete)Where stories live. Discover now