70%

675 83 17
                                    

ကြယ်ကလေးတွေကို သဘောကျတဲ့လူကိုastrophileလို့ခေါ်တယ်တဲ့။ဒါဆိုကြယ်ကလေးတွေနဲ့တူတဲ့မျက်ဝန်းညိုညိုတစ်စုံပိုင်ရှင်ကို သဘောကျမိတဲ့ဆောင်ဟွန်းကိုရော ဘယ်လိုခေါ်မလဲ။ဂျုံဆောင်းရဲ့နာမည်ကို အဓိပ္ပာယ်ဖွင့်ရရင် "ကြယ်လေးတွေစုဆောင်းသူ"... ဆောင်ဟွန်းကလဲ ဂျုံဆောင်းရဲ့ကြယ်လေးတစ်ပွင့်ဖြစ်ချင်ပါတယ်။မဟုတ်ရင်တောင် ဂျုံဆောင်းရဲ့ ချစ်သူကောင်လေးဖြစ်ရရင်လဲမဆိုးပါဘူး။

"အဆင်ပြေရဲ့လား"

"အင်း ခနလောက်ပဲ ဒီတိုင်းလေးနေအုန်းမယ်"

ရင်ခွင်နွေးနွေးလေးထဲက မထွက်ချင်သေးတာမို့ အရူးကွက်နင်းပီးဆောင်ဟွန်း ဂျုံဆောင်းကိုဆက်ဖက်ထားလိုက်တယ်။အမြဲသိမ်းကြုံးဖက်ချင်နေတဲ့ကိုယ်လုံးလေးက တကယ့်ဝါဂွမ်းလုံးအိအိလေးလိုပဲ။အမွှေးနံ့ဖျော့ဖျော့လေး အနွေးဓာတ်ငွေ့ငွေ့လေးနဲ့ လက်မောင်းကြားထဲကနာနတ်သီးလုံးလုံးလေးကို ကိုက်စားပစ်ချင်စိတ်ကတဖွားဖွား။

"ကျနော်ကအဆင်ပြေပြေနေချင်ရုံကို။ဘာလို့ဒီလောက်ခက်နေရတာလဲမသိဘူး"

ဂျုံဆောင်းပုခုံးပေါ်ခေါင်းတင်ရင်း မျက်လုံးများအသာမှိတ်လို့ ရင်ဖွင့်မိတယ်။

"ခက်ခဲတာလဲမဟုတ်ပါဘူး။မမြင်ချင်ရင်ရှောင်နေလိုက်လို့ရတယ်မလား။ဘာလို့တမင်သက်သက်ကြီးကျနော့်ကိုပဲ ပြဿနာလိုက်ရှာနေကြတာလဲ"

ဂျုံဆောင်းရဲ့လက်တို့က ဆောင်ဟွန်းဆံနွယ်တွေကြားထဲဝင်လာလို့ အားပေးသည့်ဟန်ပွတ်သပ်လာပေးတယ်။

"ကျနော်ကဘာအင်အားမှမရှိတဲ့လူပါ။မေမေ့ကိုလဲကာကွယ်မပေးနိုင်ခဲ့ဘူး။အခုဖိုးဖိုးကိုလဲကာကွယ်ပေးနိုင်မလားမသေချာဘူး။အချစ်ခံရဖို့တောင်ထိုက်တန်ရဲ့လား သံသယတောင်ဝင်လာတယ်"

ဆောင်ဟွန်းစကားအဆုံး ဂျုံဆောင်းကရင်ခွင်ထဲကခွာလို့ ဆောင်ဟွန်းကိုစိုက်ကြည့်လာတယ်။ကိုယ်ငွေ့နွေးနွေးလေးလစ်ဟာသွားတာမို့ ဆောင်ဟွန်းစိတ်ထဲဟာတာတာ။

"မင်းဘာတွေကြုံလာရလဲ ကိုယ်မသိဘူးဆောင်ဟွန်း။ဒါပေမယ့်သေချာတာတခုကတော့ အရာရာဟာဆောင်ဟွန်းအပြစ်မဟုတ်သလို အချစ်ခံရဖို့မထိုက်တန်ဘူးဆိုတာလဲမမှန်ဘူး"

CallingWhere stories live. Discover now