20%

646 75 3
                                    

ခပ်ညိုညိုမျက်ဝန်းတွေထဲမှာ တလက်လက်တောက်နေတဲ့စကြဝဠာပြင်ကျယ်ကြီးများတည်ရှိနေသလား။မဟုတ်ရင်ဆောင်ဟွန်းဒီလောက်ထိ ထိုမျက်ဝန်းတစ်စုံထဲကနေ ရုန်းထွက်မရဖြစ်နေမှာမဟုတ်ဘူးလေ။လက်ရာမြောက်လှတဲ့မျက်တောင်စိတ်စိတ်ကလေးတွေဘောင်ခတ်ထားတဲ့ မျက်ဝန်းညိုညိုတစ်စုံအကြောင်းတွေးမိတော့ ရင်ထဲလှပ်ခနဲ။ဖြစ်နိုင်ရင် မျက်ဝန်းအောက်ဖျားကတွဲလဲခိုနေတဲ့မှည့်သေးသေးလေးကိုနှုတ်ခမ်းလေးနဲ့ခပ်ဖွဖွ....What the fu*k သူအခုဘာတွေတွေးနေတာ?

ထူးဆန်းတဲ့အတွေးတွေခေါင်းထဲဝင်လာတော့ အိပ်ယာပေါ်ငေါက်ခနဲထထိုင်လို့ နာရီကိုတချက်လှမ်းကြည့်လိုက်သည်။မနက်၃နာရီတိတိ။ချွေးစေးတွေပါပျံချင်သလိုဖြစ်လာတာမို့ ဘေးနားမှာရှိတဲ့စားပွဲအပုလေးပေါ်က ရေဘူးကိုယူလို့ တဗူးလုံးကုန်အောင်မော့သောက်ပစ်လိုက်တယ်။လေပူပူတချက်မှုတ်ထုတ်လို့ ဆံပင်တွေကိုကြမ်းကြမ်းတမ်းတမ်းဆွဲဖွလိုက်အပီးမှာတော့ ဆောင်ဟွန်းစိတ်ကလေးကငြိမ်ချင်သလိုလိုတော့ရှိသွားလေရဲ့။အမှန်ဆိုဆောင်ဟွန်းက သူ့ကိုယ်သူလေးငါးချက်လောက်ဖြတ်ရိုက်ပစ်ချင်တာပင်။ဒီကောင် ဘာတွေတွေးနေတာလဲဆိုပီး။သူတော့ကြာလာရင်ဒီစိတ်နဲ့ရူးမလားတောင်မသိပါ။အခုတောင်ထိုလူနဲ့နှစ်ခေါက်ပဲတွေ့ရသေးတာ။

အိပ်မပျော်တော့မဲ့အတူတူ ဆောင်ဟွန်းကအတင်းအိပ်ပျော်အောင်မကြိုးစားတော့။ဝရန်တာကိုထွက်လို့ လရောင်ကိုတဝကြီးထွက်ကြည့်လိုက်တယ်။သူ့စိတ်ကလေးတွေ တပါးသူဆီလွင့်မနေပဲသူ့ဆီပြန်လာပါစေဆိုတဲ့စိတ်နဲ့။အလုပ်ဖြစ်ရဲ့လားဆိုတော့ နေသာထွက်လာတယ် အလုပ်မဖြစ်ခဲ့ပါ။

နေရောင်ကတိမ်တွေဆီကနေတိုးထွက်လာတာကိုမြင်တော့ ဆောင်ဟွန်းနောက်ဆုံးတကြိမ်အသက်ဝဝရှူရှိုက်လိုက်ပီး အခန်းထဲပြန်ဝင်လာခဲ့လိုက်တယ်။သူအလေလိုက်နေလို့မဖြစ်ပါလေ။ဒီနေ့လုပ်စရာတွေကိစ္စတွေအများကြီး။အခန်းထဲရောက်တော့ တခန်းထဲအတူတူနေသည့် နီခီပင်နိုးလေနေပီ။သူတို့အဖွဲ့ထဲမှာ ဟီဆွန်းဟျောင်းကသူ့ထက်သုံးနှစ်ကြီးပီးနီခီနဲ့ဆောနူကဖြင့် သူ့ထက်တစ်နှစ်ငယ်သည်။ဂျိတ်ကတော့သူနဲ့ ရွယ်တူ။

CallingWhere stories live. Discover now