💙39💙

9.4K 1.2K 184
                                    

《အခန်း-၃၉》

『ဝိညာဉ်ချုပ်ဖန်ပုလင်းမှလွတ်မြောက်ခြင်း』

_______×_______

ဝိညာဉ်ဖမ်းသည့်ဖန်ပုလင်းလေးကိုကိုင်၍ Yuji ပြုံးလိုက်သည် ။
အရှင်းဆုံးပြောရမည်ဆိုလျှင် Kim Taehyung ရဲ့ ဝိညာဉ်ကိုဖမ်းမည့်ဖန်ပုလင်းလေးတစ်ခုပေါ့ ။

"Kim Taehyung .. ရှင်သာ ကျွန်မတို့ကို နည်းနည်းလောက် ငဲ့ညှာပေးခဲ့မယ်ဆိုရင် Hae Soo က အသတ်ပေးသွားစရာမလိုဘူး။ ရှင်က ဘုရင်ဖြစ်နေရင်တောင် ကိုယ့်ညီမကိုယ်တော့ သေချာပေါက်ကာကွယ်ပေးခဲ့ရမှာပေါ့ ဘာဖြစ်လို့များ အခုလိုအခြေအနေတွေအထိ ရောက်အောင်လွှတ်ထားပေးခဲ့ရတာလဲ ။ Hae Soo က ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်သလဲ .. Hae Soo အတွက် တရားမျှတမှုကရောဘယ်မှာလဲ"

Yuji အရူးတစ်ယောက်လိုမျိုးစကားတွေပြောကာ ငိုရှိုက်နေမိသည် ။
သူလုပ်နေတဲ့ လုပ်ရက်တွေကမှားသလားမှန်သလားဆိုတာ မတွေးတောနိုင်တော့ဘူး ။
နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Yuji က ဘာကိုမှထည့်မတွက်နိုင်တော့သည်လေ။

//

"မင်းရဲ့ မယ်မယ် အခြေအနေမကောင်းဘူး"

"ဘယ်လို.. အခြေအနေမကောင်းဘူးဟုတ်လား သခင်လေး Yoongi "

"ဟုတ်တယ် Kim Taehyung ... အဲ့တာကြောင့် မင်း သူ(မ) ဆီကိုနောက်ဆုံးအနေနဲ့သွားတွေ့နိုင်တယ်  ဒါပေမဲ့ မင်းကိုဘယ်သူမှတော့ မမြင်စေနဲ့"

Taehyung ခေါင်းငြိမ့်ပြ၍ အပြေးထွက်လာခဲ့လိုက်တော့သည် ။
Soya မယ်မယ်က သေဆုံးရမည့်သူဆိုတာ သိနေပေမယ့် အခုလောက်အထိမြန်ဆန်လိမ့်မယ်လို့တော့ Taehyung မတွေးခဲ့မိဘူး။

-
-
-
-

"သားတော်လေး.."

"မယ်မယ်"

Kim Soya ၏ လက်ကို Taehyung တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။သူ၏မျက်ဝန်းမှလည်း မျက်ရည်များစွာစီးကျနေခဲ့သည် ။

"မယ်မယ်လေ.. အ.. သားတော်ကို ချန်ထားခဲ့ရတော့မယ်.."

"ဘယ်ကတည်းကလဲ မယ်မယ်အခုလိုဝေဒနာခံစားနေရတာကိုဘာလို့မပြောပြခဲ့တာလဲ  ဘာလို့လဲ... "

Villain King And His Boyfriend (Completed)Where stories live. Discover now