Book Announcement (1)

11.8K 343 31
                                    

Zawgyi

ASTILLBE လေးက ညို့စာပေကနေ 8 လပိုင်းထဲမှာ စာအုပ်လေးအဖြစ်ထွက်လာတော့မှာပါ။ စာအုပ်လေးအဖြစ် လိုချင်တဲ့ စာဖတ်သူလေးတွေက ကြိုပြီး စုထားဥထားလို့ရပါပြီရှင့်။ အနားနီးကာမှ Book Coverရော ကျန်တာတွေရောကို လာပြောပေးပါ့မယ်။

Spoilerပိစိလေးပေးပါ့မယ် Bookက main+Extra တွဲလျက် နှစ်အုပ်တွဲလေးဖြစ်မှာပါရှင်။

အသေးစိတ်ကို ရက်နီးလာရင် အမ်မလီ ပြန်ပြီး Announcement လုပ်ပေးပါဦးမယ်ရှင့်။

စာလေးကို ဆုံးအောင်ဖတ်ပေးပါနော်။
အခု Wattpadမှာလည်း စာပြင်ထားတဲ့ version ကို ထပ်ပေါင်းထည့်ပြီးပါပြီ။ စာအုပ်လေးအဖြစ်ထွက်လာမှာဖြစ်တဲ့အတွက် အမ်မလီက Mature Content တွေကို ဖြုတ်ချပေးထားပါတယ်။

Mature အပိုင်းနဲ့ စာပြင်ထားတဲ့ Refixed Version ကို အပိုင်းတိုင်းမှာခေါင်းစဉ်တပ်လို့ ထပ်ပေါင်းထားပေးပါတယ်။ Matureကို ကျော်ဖတ်ချင်တဲ့သူတွေ ဖတ်လို့ရအောင်ပါ။ ဒီစာကိုဖတ်နေတဲ့အထဲမှာ ကလေးတွေလည်းပါမယ် လူကြီးတွေလည်းပါမှာဖြစ်တယ်။

အမ်မလီက Wattpadဆိုတဲ့ကမ္ဘာလေးထဲမှာပဲ Mature Content ကိုရေးတာဖြစ်ပါတယ်။ (0.5) ဆိုတဲ့အပိုင်းတွေမှာလည်း သတိပေးထားတာရှိပါတယ်ရှင့်။ Wattpadမှာပဲ ဖတ်လို့ရမယ့် အပိုင်းငယ်လေးတစ်ချို့ဖြစ်လို့ အပြင်ကို SSတွေနဲ့သယ်မထုတ်စေချင်သလို တိတ်တိတ်ကလေးသာ ဖတ်စေချင်ပါတယ်။

တကယ်လို့ တစ်ခုခုများပြောစရာရှိခဲ့သော် Wp Message Boxက​နေဖြစ်စေ အမ်မလီ့ရဲ့ Facebookကနေဖြစ်စေ လာပြီးပြောနိုင်ပါတယ်နော်။ ဖတ်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

ASTILLBE က Million View ရမယ်လို့ကို စရေးတည်းက မမျှော်လင့်မိခဲ့ဘူး။

စာဖတ်သူတွေ အချင်းချင်းမျှဝေကြရင်းနဲ့ လာဖတ်ပေးကြတယ် လူတွေစည်လာတယ်။ ဒါက အိုင့်အတွက်တော့ အံ့သြစရာကောင်းနေတာပါပဲ။ အခုဆို Follower 10 Kပြည့်သွားပြီ။ အိုင့်အတွက်တော့ Miracle ပါပဲ။

တည်မြဲတို့ကို အပိုင်းနည်းနည်းတည်းက ပထမဆုံး စာအုပ်အဖြစ်ကမ်းလှမ်းပေးတဲ့ ညို့စာပေကိုလည်း ကျေးဇူးတင်သလို စာဖတ်သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ ပထမဆုံး Review ပေးချင်တယ်လို့ လာပြောခဲ့တဲ့ မFi ၊ အမကိုလည်း အမြဲကျေးဇူးတင်နေတာပါ။

ASTILLBE (Completed)Where stories live. Discover now