Part (52) ( ပဲစေ့နှစ်စေ့၏ အမူအကျင့်များ )

44.3K 2.9K 117
                                    

Zawgyi

သားတို့ကိုကိုယ်ဝန်ဆောင်ပြီးတော့ ခန္တာကိုယ်ကနည်းနည်းပုံပျက်သွားတာကြောင့် လေ့ကျင့်ခန်းပုံမှန်ပြန်လုပ်ရန် Gymကိုသွားရသည်။ သားတို့က လသားလေးတွေဖြစ်နေပြီမို့ နို့ဘူးတိုက်ဖို့ အမေ့ကိုပဲအပူကပ်ရတော့သည်။ စားသောက်ဆိုင်ကိုလည်း ပြန်ပြီးဦးစီးနေရတာကြောင့် အချိန်ကတိုက်နေသည်။ ကလေးတွေကိုခေါ်သွားချင်ပေမယ့် ငယ်လွန်းတာကြောင့် အပြင်ကို မခေါ်သွားချင်သေးပေ။

" မောင် ငါGymသွားမလို့ "

" စောသေးတယ် မသွားနဲ့ဦး ၊ ဒီကိုလာပြီး ခေါင်းသုတ်ပေး "

သူ့အရပ်က မမှီတာကြောင့် တည်မြဲက ကိုယ်ကိုကိုင်းပေးထားရပြီး သူ့ပုခုံးပေါ် မျက်နှာအပ်လိုက်သည်။ သူ့ဆီကအနံ့ကသင်းသင်းလေးဖြစ်တာကြောင့် ရှုရှိုက်ရင်း သူ့လည်တိုင်တွေ နားသည်စပ်တွေအထိပါ လိုက်နမ်းပစ်လိုက်သည်။ နမ်းရတာအားမရ၍ သူ့ခါးကိုဖက်ကာ အကျီအောက်လက်လျှိုလို့ပွတ်သပ်ရင်းမျက်နှာကို အငမ်းမရနမ်းမွှေးရင်း နှုတ်ခမ်းလေးများကိုလည်း အလွတ်မပေးနိုင်။ သူကခေါင်းသုတ်ပေးရင်းနဲ့ အနမ်းတွေကိုတုန့်ပြန်လာသည်။

" အကျီတွေကြေကုန်လိမ့်မယ်လေ မောင်ကလဲ "

" အသစ်လဲလိုက်ပေါ့ကွာ "

လူကိုဆွဲပွေ့လာပြီး အိပ်ယာပေါ်ပစ်တင်ကာ အုပ်မိုးနမ်းလာသည်။ လက်တွေကိုယှက်ဖြာကိုင်ကာ နှုတ်ခမ်းတွေကိုငုံထွေးစုပ်ယူလာသည်။ မောင့်လျှာကြီးက အာခံတွင်းအနှံ့ဝင်ရောက်မွှေနှောက်နေပြီး အသက်ရှုမရသည်အထိ နမ်းလာသည်မို့ အတင်းဆွဲခွာရသည်။ လျှာတွေလည်း နာနေပြီ။ လူကိုညှာမယ်လို့မရှိ ၊ အတင်းတွေ။

" သားငိုသံကြားတယ် ဖယ်တော့ "

" ယောကျာ်းကိုအချိန်လေးဘာလေးပေးပါဦး မင်းနားကြာကြာကိုမကပ်ရဘူး မင်းက ဆိုင်ကိုသွားလိုက် Gymသွားလိုက်နဲ့ အမြဲထွက်နေတာ "

" မောင်လည်းဘာထူးလို့လဲ မနက်ကိုးနာရီဆို အလုပ်သွားပြီး ညမှပြန်လာတာမဟုတ်ဘူးလား ၊ ညနေကျတော့ သားတို့ကိုထိန်းရသေးတယ်လေ "

" Complain တွေအရမ်းတတ်တယ်နော် မင်း ကျိုးကြောင်းဆီလျော်နေလို့ အပြစ်မပေးတော့ဘူး "

ASTILLBE (Completed)Where stories live. Discover now