4.2/4.3

6K 1K 44
                                    

Unicode

Chapter 4.2

ပိုင်ချီ အနည်းငယ် ရုန်းလိုက်သော်လည်း ကျန်းဖန်းချန်၏ လက်ထဲကနေ မလွတ်မြောက်နိုင်ပေ။ ယင်းက ကျန်းဖန်းချန်အား ပို၍ပင် နှိုးဆွသလိုဖြစ်သွားကာ သူ့ကို ပိုလို့ပင် ဒေါသထွက်သွားစေ၏။

မုတုန်နှင့် ကျန်သူများမှာလည်း ဒေါသပုန်ထလာကြတော့သည်။

"မင်း ဘာလုပ်နေတာလဲ ကျန်းဖန်းချန်? ပိုင်ချီကို လွှတ်လိုက်စမ်း။"

"မင်း ရူးနေတာလား? ဒီမှာ ဘာမပြောနိုင်စရာ ရှိလို့လဲ?"

ကျန်းဖန်းချန်မှာ အသိစိတ်ပြန်ဝင်လာသော်လည်း သဝန်တိုစိတ်ကတော့ ရင်ထဲတွင် တောက်လောင်နေဆဲဖြစ်သည်။

ပိုင်ချီက တကယ်ပဲ ယောက်ျားတစ်ယောက်ကို ရှာတွေ့သွားပြီပဲ။

ဒါတင်မကသေးဘူး။ သူက အဲ့ဒီလူကို မုတုန်တို့နဲ့တောင် မိတ်ဆက်ပေးခဲ့သေးတာလား?

ကျန်းဖန်းချန်သည် ပိုင်ချီအား သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ သူသည် အရမ်းနီးကပ်နေကာ သူ့ပါးစပ်က ပိုင်ချီနားကိုတောင် ထိလုနီးပါးပင်။ ထို့နောက် သူက တခြားသူတွေမကြားနိုင်လောက်သည့် အသံဖြင့် အံကြိတ်ကာပြောလာသည်။

"ကိုယ် မယုံဘူး။ ပိုင်ချီ မင်းကိုယ်တိုင်ကိုယ့်ကိုပြော ။ မင်းတခြား ကောင်လေးတစ်ယောက် ရနေပြီဆိုတာ ကိုယ်မယုံဘူး...မင်းက ယောကျ်ားတွေကိုတောင် ကြိုက်မှမကြိုက်တာ၊ကိုယ်ကသာ မင်းကို လိင်တူကြိုက်အောင်လုပ်ခဲ့တာ၊ ပိုင်ချီ မင်းကိုယ့်ကိုပဲ ကြိုက်လို့ရမယ် မင်းကိုယ့်ကိုပဲ..."

သူ့စကားမဆုံးခင်မှာပင် Shan Dongမှ ခန္ဓာကိုယ်ကြီးသော မုတုန်သည် သူ့ကော်လာအားဆွဲကာ အကြမ်းပတမ်း ဆွဲမလိုက်ပြီး ချက်ချင်းပင် ထိုးကြိတ်တော့သည်။

(Shan Dong က တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ပြည်နယ် တစ်ခုဖြစ်ပြီး အပြင်ပန်းတွင် မျက်နှာထားတင်းမာသော်လည်း အတွင်းစိတ်က ဖြူစင်ကာ သစ္စာရှိပြီး ရိုးရိုးသားသား သဘောထားကြီးတတ်ကြသည်။)

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now