2.1

6.5K 1.1K 6
                                    


Unicode

ကော်ဖီဆိုင်ထဲရှိ သီးသန့်ခန်းလေးထဲတွင် နှစ်ဦးနှစ်ဖက် ပျော်ပျော်ရွှင်ရွှင် သဘောတူညီမှု ရရှိခဲ့ကြလေသည်။

"ရှီကောက အရမ်းအလုပ်များတယ်၊ ​​ငါပဲမင်းကို ကျောင်းဝင်းထဲ ပြန်ပို့ပေးပါရစေ။" အရပ်ပုပုခပ်ဝဝ မန်နေဂျာ ရှန်းကွမ်ကပြောလာ၏။

ပိုင်ချီလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ သူဒီသဘောတူညီမှုကို စိတ်ထဲတောင်မထားပေ။

ရှန်းကွမ် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ဒီကောင် လေးက ပြဿနာရှာသူမဟုတ်လောက်ဘူးလို့ သူထင်မိသည်။ ဒါလည်းကောင်းပါတယ်လေ၊ ကြည့်ရတာ သူတို့လူမှားမရွေးခဲ့ဘူးပဲ။

ရှန်းကွန်က ထီးယူဖို့ခဏထွက်သွား၏။ ပိုင်ချီကတော့ ထိုနေရာမှာပင် စက္ကန့်အနည်းငယ်လောက် ရပ်နေမိသည်။ သူ နည်းနည်းစဉ်းစားပြီးနောက် ရှီချန်းယွင်အား မော့ကြည့်လိုက်ပြီမေးလိုက်သည်။ "အမ် မစ္စတာရှီ ဖြစ်နိုင်ရင်... ချက်လက်မှတ်အစား ဘဏ်ကတ်နဲ့ရနိုင်မလား?"

ချက်လက်မှတ်နဲ့ ငွေထုတ်ဖို့ဆိုတာ ခက်ခဲလွန်းသည်။ စစ်ဆေးမှုအမျိုးမျိုးကိုလည်း ဖြတ်ရအုံးမည်။

ရှီချန်းယွင်က သူ့အား စိတ်ရှည်ရှည်ကြည့်နေရင်းမသိမသာ ပြုံးပြကာ ပြောလေသည်။

"ရတယ်လေ။"

ရှန်းကွမ်က ထီးနဲ့ ပြန်လာ၏။ထိုအချိန်မှာပင် ပိုင်ချီ ပြောတာကို သူကြားလိုက်ရလေသည်။ "ဟမ်။ အိမ်ထောင်ဖက်အတုကို အလုပ်ခန့်ဖို့က စာချုပ်မလိုဘူးလား ... ကျွန်တော်တို့မှာ သက်သေထားဖို့ မလိုဘူးလား?"

ရှန်းကွမ် စိတ်ဝင်စားသွားသည်။ 'ဘာကြောက်စရာရှိလို့လဲ? မင်းလောဘကြီးသွားမှာ ကြောက်လို့လား?'

သူ ရှီချန်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှန်းကွမ် သူ့မျက်လုံးများထဲရှိ ကြောက်ရွံ့မှုအား ဖုံးကွယ်ရန် ကြိုးစားလိုက်ပြီးနောက် သူက ပိုင်ချီဆီသို့ လျှောက်လာပြီး ခပ်လွင့်လွင့်ပြုံးကာ ပြောလိုက်လေသည်။

"မင်း လုပ်လို့ရတယ်လေ။"

ပိုင်ချီ ခေါင်းညိတ်ပြလာသည့်ပုံလေးမှာ ထူးထူးခြားခြား နာခံနေသည့် ပုံလေးအတိုင်းပါပင်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWo Geschichten leben. Entdecke jetzt