Unicode
ကလင်လင်.... (Electric Bell)
"ကဲ အတန်းဆင်းပါပြီ ကလေးတို့ ဆရာမတို့မနက်ဖြန်ပြန်တွေ့ကြမယ်"
မိုးကောင်းကင်က လဲ အုံ့မှိုင်းမှိုင်းမိုးသည်းထန်စွာရွာတော့မယ်ပံု
ကျောင်းဆင်းတော့ အရင်အတိုင်းဘဲ လာကြိုမဲ့သူမရှိတာကြောင့် ၈နှစ်အရွယ်ကောင်လေး သူ့ဘာသာပြန်ရန် ဆုံးဖြတ်လိုက်သည်ဘယ်ဘက်လက်ကောက်ဝတ်လေးက နာရီလေးကိုကြည့်လိုက်တော့ ညနေ ၆နာရီတောင်ခွဲနေပြီ
ဘေး လွယ်အိတ်လေးထဲက Mp4လေးကိုထုတ်ပြီး နားကြပ်နှစ်ဖက်ကို တက်ကာ ပြန်နေကြလမ်းအတိုင်း လမ်းလျှောက်ကာ ဘစ်ကားမှတ်တိုင်ကိုလမ်းလျှောက်သွားလိုက်သည်
ကျောင်းမှာလည်း အနေအေးတာကြောင့် သူငယ်ချင်းဆိုလို့မရှိ အမြဲတမ်းတယောက်ထဲ တိတ်"ဆိတ်"နေတတ်သည်
ဒီနေ့က မိုးအုံ့မှိုင်းနေတာကြောင့်ပုံမှန်ထက်ပိုမှောင်သလို ခံစားရသည်
ဘစ်မှတ်တိုင်ကို သွားတဲ့လမ်းမှာဘဲ မိုးကရွာချလာခဲ့သည်
မိုးရွာတာကို ဂရုမစိုက်ဘဲ ထိုမိုးရေထဲဘဲလမ်းလျှောက်လာလိုက်သည်အနောက်ကနေ လူတယောက် ...
ထပ်ချပ်မကွာလိုက်လာတာကို
ထိုကလေးငယ်သတိထားမိသည်..ထိုကလေးငယ် ရဲ့ခြေလှမ်းတွေက ခပ်ကျဲကျဲ လျှောက်လှမ်းကာ မသိမသာမြန်လာသည်နှင့်အတူ အနောက်က ခြေသံတစုံကလည်းမြန်လာသည်။
ခဏကြာတော့ထိုခြေသံအစုံ ရဲ့အသံရပ်တန့်သွားသည်...
နောက်ပြီးထိုကလေးငယ်ရဲ့ မျက်နှာပေါ်ကိုရောက်လာတဲ့ လက်ကိုင်ပုဝါ တထည်နဲ့အတူ လက်တစုံ ..
အရာအားလုံးမှောင်မိုက်သွားသည်။သတိပြန်ရလာတော့ အခန်းကျဉ်း"လေးထဲမှာ မီးရောင်က ဝါကျင်ကျင်ကိုမှ ခပ်မှိန်မှိန်
ပြီးတော့ ထိုကလေးငယ်ကို ထိုင်ခုံနဲ့တွဲပြီး ချုပ်နှောင်ထားသေးတာ
ထို့နောက် သူ့ကိုကျောပေးပြီးရပ်နေတဲ့ အမဲရောင်မိုးကာနဲ့ လူကြီးတယောက်
"ခင်ဗျားဘယ်သူလဲ!!!"
ထိုလူကြီး ကျနော့်ဘက်ကိုလှည့်လာသည်
YOU ARE READING
My Little World ᵇʸ Tulip_Koo(Unicode & Zawgyi)
Fanfiction" "ထယ်"ကိုအသက်ဆုံးတိုင်ထိ ကာကွယ်ပေး စောင့်ရှောက်ပြီး တူတူပေါင်းသင်းချစ်ခင်ပေးပါ့မယ်လို့ပြောခဲ့တဲ့ ကတိ ကိုမတည်နိုင်ခဲ့လို့ မောင်တကယ်တောင်းပန်ပါတယ် "ထယ်"..... မောင့်ကိုဆက်မချစ်ပါနဲ့တော့......"ထယ်" ကိုနာကျင်မှုတွေ တပွေ့တပိုက်နဲ့ ထားပစ်ခဲ့ရမှာ မောင် စိတ...