6

62 3 1
                                    

Unicode

တစ်လလုံးစာ ရဲ့ စာရင်းအနှစ်ချုပ်တွေကို စစ်ပြီး CEO ရုံးခန်းကို သွားလိုက်သည်

တနေကုန် စစ်နေရတာ  မျက်ကြောတွေ ဆင်းနေမှာ အသေအချာဘဲ

"ဒါလေး လချုပ်စာရင်း ကျနော် စစ်တော့ထားတယ်"

ကမ်းပေးလိုက်တဲ့ ဖိုင်ကို လှမ်းယူပြီး ကြည့်နေတယ်
ပြီးတော့ ကျနော့်ကိုတချက်ကြည့်တယ်

"အိပ်ချင်နေတာလား "

ထယ်ယောင်း ဂျောင်ကုကို မျက် ကြောဆင်းနေတာကို မျက်လုံးကို မရမက ပြူးပြဲကြည့်လိုက်သည်

"မဟုတ်ပါဘူး"

"မဟုတ်လို့ဘဲ ဒီမှာ အမှားတွေပါနေတယ် အလုပ်ကိုသေချာမလုပ်ဘူးလားဟမ် "

CEO ကအော်လိုက်တော့ ကျနော်တော်တော်လန့်သွားတယ်
အသံကျယ်ကျယ်အော်ပြောတာ ဒီတခါ အဆိုးဆုံးဘဲ

"ဟုတ်ကဲ့ ဒါတွေ ကျနော်ပြန်ပြင်လိုက်ပါ့မယ် "

"ဟုတ်ပြီ ဒါတွေအကုန်လုံးပြန်ပြင်ပြီးမှ ပြန် မင်းကို မနက်ဖြန်ကစပြီး တရားဝင် ဖြစ်ပြီ အလုပ်သင်မဟုတ်တော့တဲ့အတွက် editing teamဘက်ကိုသွားစရာမလိုတော့ဘူး PSO ဖြစ်တဲ့အတွက် ငါ့ရဲ့ကိစ္စတိုင်းကို မင်းက ဘဲအစစအရာရာလုပ်ပေးရမယ် "

ထယ်ယောင်း ခန္ဓာကိုယ်လေးကို ကြုံနိုင်သမျှကြုံ့လေးနေကာ ဂျောင်ကုပြောသမျှကို ခေါင်းငြိမ့်သည်။

"ဒါဆိုသွားတော့"

အလုပ်ဆင်းချိန်တောင်ကျော်နေပြီ ထယ်ယောင်း တယောက် စာရင်းတွေကို ပြန်ပြင်နေတယ်

ထယ်ယောင်းကို ငါငေါက်လိုက်တာ လွန်သွားလား

ငါကရော ဘာလို ဒီလောက်ဒေါသကြီးနေရတာလဲ

အမျိုးအမည်မသိတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ရင်း
ရုံးခန်းထဲကနေ ထယ်ယောင်း အလုပ်စားပွဲဆီသို့ ထွက်လာလိုက်သည်

"တော်ပြီ မနက်ဖြန်မှ ဆက်လုပ် နောက်ကျနေပြီ "

"ဟုတ်ကဲ့"
ကျနော်ကို တောင်စေ့စေ့မကြည့်ဘဲ ပြန်ဖြေသည်

ငါ‌ဆူလိုက်တာ တော်တော်များသွားတာဘဲ

"လိုက်ပို့ပေးမယ် ‌"

My Little World     ᵇʸ  Tulip_Koo(Unicode & Zawgyi)Where stories live. Discover now