Part..5

10.7K 1.3K 97
                                    

မြက်ခင်းနုနုမြေသားငယ်သည်နှင်းရေစက်တွေကြောင့်
စိမ်းလန်းစိုပြေနေပြီးမြေသင်းရနံလေးမှာလိူင်လိူင်ထွက်
နေရသည်။ ထယ်ယောင်း မှာမနက်မိုးလင်းကတည်းက
ဆိုလ်းမြို့ပြည်သူ့ပန်းခြံသို့ရောက်နေပြီဖြစ်သည်။သူ
နဲ့ခင်မင်လွန်းတဲ့ အစ်ကိုလဲဖြစ်သူငယ်ချင်းအပေါင်းအ
သင်းလဲ ဖြစ်တဲ့ ပတ်ဘိုဂမ်ဦးဆောင်သော လူမူ့ပရဟိတ
အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းကာပန်းခြဲထဲအမိူက်ကောက်
ဖို့ လာခဲ့ခြင်းသာ။ရှစ်နာရီကတည်းစတင်ပြီးလူပ်ရှားမူ့ပြု
လုပ်ပြီးတစ်မနက်လုံးအမိူက်ကောက်ရတော့သည်။

"ထယ်ယောင်းရား..ဒါပြီးရင်အားလုံးစုပြီး နေ့လည်စာ
သွားစားရအောင်..."

"Nae..."

ပတ်ဘိုဂမ်ကအမိူက်ကောက်ရင်းသူနဲ့မလှမ်းမကမ်း
ကပင်အော်ပြောလာသည်မို့ ထယ်ယောင်းအမြန်ပင်
သဘောတူလက်ခံလိုက်သည်။ ပတ်ဘိုဂမ်မှာထယ်ယောင်းနဲ့သိတာကြာပြီဖြစ်ပြီးအလွန့်ကိုရင်းနှီးသည်
ဟုပြောရမည်သာ။ထယ်ယောင်းကအမိူက်တွေကောက်
ပြီးပတ်ဘိုဂမ်အမိူက်တွေစုကာအမိူက်ပုံးထဲသို့ပြေးထည့်
ပေးသည်။ထယ်ယောင်းအပါအဝင်လူပ်ရှားပါဝင်သူ
အုပ်စုမှာအယောက်နှစ်ဆယ်ခန့်ရှိပြီးစုစုရုံးရုံးအလုပ်
လုပ်ရသည်မှာ အင်မတန်မှပျော်ဖို့ကောင်းနေပြန်သေး
သည်။

အရှေ့ကပလတ်စတစ်အိတ်သေးသေးလေးကို ကောက်ယူလိုက်စဉ်ခဏဖြူဖွေးဖွေးလက်တစ်စုံနှင့်သာဆုံမိတော့၏။ထိုလက်မှာဖြူဖွေးသန့်စင်နေပြီလက်သည်ခွံလေးများကအစပန်းရောင်သန်းလျှက်။

"ကျွန်တော်..."

ထယ်ယောင်းပြောစရာစကားပျောက်ရှသွားရသည်။
သူနဲ့ဆုံတဲ့လက်တစ်ဖက်ပိုင်ရှင်ကအခြားမဟုတ်။ဗိုလ်
ချုပ်ကြီးဂျွန်ဂျောင်ကုပင်။

"ဗိုလ်ချုပ်၊အာ...မဟုတ်သေးပါဘူး၊ကိုကို..."

ထယ်ယောင်းသူ့ဝသီတိုင်းဗိုလ်ချုပ်လို့ခေါ်ပြီးမှမနည်း
ပြန်ဘရိတ်အုပ်ရသည်။

"ကိုကို...ဒီကိုဘာလာလုပ်တာလဲ..."

ထယ်ယောင်းမှာတအံတသြမေးလာသည်။
ဗိုလ်ချုပ်ကြီးလိုလူမျိုးကသူနဲ့အတူရောပြီးအမိူက်လာ
ကောက်ပါ့မလား၊မဟုတ်တန်ရာ။

The General (Completed)Where stories live. Discover now