Part [14]

1.8K 178 22
                                    

Unicode

ဂျင်သန့်စ​င်ခန်းအဝကနေ ခေါင်းလေးပြူပြီး ဟိုနှာပွကောင်ရှိမရှိ ချောင်းလိုက်တော့ တစ်ခန်းလုံးရှင်းလင်းနေတာကြောင့် ဂျင်နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်..

ဂျင်သူ့ကိုသာ "မင်းနဲ့ငါမပြီးသေးဘူး" ပြောခဲ့ပေမဲ့ ဂျင်အခုထိ သူနဲ့ရင်ဆိုင်ဖို့ သတ္တိမရှိသေးပါ..ခုနကတောင် ဂျင်သူ့ရင်ခွင်ထဲရောက်သွားတုန်းက ဂျင့်နှလုံးခုန်သံတွေက တန်းဖိုးအရှိဆုံး ပျောက်ဆုံးပစ္စည်းကို ရှာဖွေ့တွေ့သွားသလို  ထိန်းမရအောင် ပျော်ရွှင်စွာ မြည်ဟီးနေတာကြောင့် ဂျင့်မှာ သူများကြားသွားမလားဆိုတဲ့အသိနဲ့ အသက်တောင် ဝဝမရှုရဲခဲ့ဘူး....

ဂျင် သူခိုးလူမိမှာကြောက်နေသည့်အလား ကုပ်ချောင်းကုပ်ချောင်းဖြင့် ခြေဖျားလေးများထောက်ကာ တခါးပေါက်သို့  ဉီးတည်လိုက်သည်....

လိုရာပန်းတိုင်ဖြစ်တဲ့ တံခါးပေါက်သို့ ရောက်သည်ဆိုလျင်ပဲ လက်ကောက်ဝတ်ကနေ အားတစ်ခုနဲ့ နံရံသို့ ဆွဲကပ်ခံလိုက်ရသည်ကြောင့် လူမှာ ကျောအရမ်းနာသွားသည်မဟုတ်သော်လည်း အောင့်သက်သက်နဲ့ဖြစ်သွားတာကြောင့် "အင့်"ကနဲပင် ဖြစ်သွားရသည်....

"ဘယ်ပြေးဖို့ စဉ်းစားနေတာလဲ"

ဒီလူသားနှင့် မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုမှ ဒီလူသားနဲ့မှ တည့်တည့်လာတိုးနေရသည့်အဖြစ်..အခုတော့ ကျားရှေ့မှောက်ရက်လဲသည့်အဖြစ်..ဂျင့်လက်ကောက်ဝတ် သေးသွယ်သွယ်များသည်လည်း သူ့လက်ဖဝါးကြီးကြီးကြား အံဝင်ကွင်ကျမဖြစ်သော်လည်း အားနဲ့ ဖြစ်ညှစ်ထားမှုကြောင့် ရုန်းမရသည့်အခြေအနေ....

"ဟိတ် မေးနေတာလေ ဘာတွေအတွေးများနေပြန်တာတုံး"

"အွန်းးး ဖယ်ကွာ ဘယ်လိုဖြစ်လို့ နှာခေါင်းကိုလာညှစ်နေတာလဲ..မင်းငါ့အသားကို ထိကိုင်နေတာများပြီနော် ဂျွန်ဂျောင်ကု..ငါလည်းယောကျာ်းလေးဆိုတာ သတိရအုန်း..မင်းဆက်ဆံနေကြသူတွေပုံစံတိုင်း ငါ့ကိုလာမလုပ်နဲ့ ဖယ်"

"ငါ ဆက်ဆံနေကျသူတွေပုံစံအတိုင်း ဘယ်သူတွေလဲ မင်းကဘယ်လိုသိတာလဲ မဟုတ်မှ မင်းငါ့အကြောင်းတွေသိဖို့အတွက် စပိုင်လွှတ်ထားတာလား ဟမ် ပေါက်စ"

Friend ZoneWhere stories live. Discover now