Part [13]

1.8K 177 17
                                    

Unicode

4နှစ် 4နှစ်တောင်ရှိသွားပြီ ကျွန်တော့်ကို 2နှစ်ပဲလို့ပြောပြီးထွက်သွားသူက အခုထိပေါ်မလာသေး..တကယ်နေနိုင်လွန်းသူကြီး မုန်းလိုက်တာဆိုတာ....

ဟူးး Kim seok jinရေ မင်းကိုသူ့အကြောင်းမတွေးဖို့ ဘယ်နှစ်ခါ သတိပေးရမလဲ..မင်းကိုလေးနှစ်လောက် ပစ်ထားတဲ့သူကို မမေ့နိုင်သေးဘူးနော် အံသြတယ်....

မှန်ရှေ့ရပ်၍ ကိုယ့်ကိုကိုယ် အပစ်တင်နေသော ကင်ဆော့ဂျင်လေးပါ....

အင်တာဗျူးဖြေဖို့သွားရမယ် ကင်မ်ဆော့ဂျင်ရေ အဲ့အုန်းသီးခေါင်းအကြောင်း တွေးမနေနဲ့..အင်တာဗျူးဆိုလို့ အခုသွားဖြေမဲ့ကုမ္ပဏီက အိုမားအသိဆိုတော့ ပူစရာတော့မလိုပါဘူး....

Jin's omma-ကင်မ်ဆော့ဂျင်ရေ ပြင်လို့ဆင်လို့မပြီးနိုင်သေးဘူးလားဟေ့

Jin-လာပြီ ommaရေ လာပြီဗျ

Jin's omma-ဟိုရောက်ရင် နင့်အတွက် supriseအကြီးကြီးရှိတယ်သိလား

Jin-ဟင် သားအတွက် ommaကပေးမှာလား

Jin's omma-အင်းငါလည်းတစ်စိတ်တစ်ပိုင်းက ပါဝင်တာပေါ့နော်..ဒါမဲ့ အဲ့တာကိုမြင်ရင် နင်လုံးဝပျော်သွားစေရမယ် လုံးဝအာမခံတယ်...

အမကြီးကင်မ်တို့ဘာတွေကြံနေပြန်ပြီလဲမသိ..

Jin-နေပါအုန်း ommaရဲ့ သားမသိလို့တစ်ခုမေးပါအုန်းမယ်..သားကိုဘာလို့ appaဆီမှာမလုပ်ခိုင်းပဲ သူများကုမ္ပဏီကိုပို့နေတာလဲ..

Jin's omma-အဟမ်း အဲ့တာက နင်မသိလည်းအဆင်ပြေတယ်ဟာ မသိချင်နဲ့..အဲ့ကုမ္ပဏီရောက်ရင်သိလိမ့်မယ်..ပြီးတော့ အဲ့ကုမ္ပဏီက ommaတို့ကုမ္ပဏီထက်အများကြီးကြီးတယ်သားရဲ့...

Jin-omma မရိုးဘူးနော်..ဘာတွေကြိတ်ကြိတ်လုပ်နေတာလဲ..ပြီးတော့အိုမားပြောတဲ့ကုမ္ပဏီအကြီးကြီးဆိုတာ နာမည်တောင်မသိရသေးဘူး....

Jin's omma-ရှည်မနေနဲ့ သွားမယ်လာ..

Jin-ommaပါလိုက်ဖို့လား..

Jin's omma-မလိုက်ဘူး..အိမ်ရှေ့မှာကားရောက်ပြီ နင့်ကိုလာခေါ်တာ..

Jin-ဘယ်လို ဘယ်လို.. ဘယ်လိုကုမ္ပဏီက အလုပ်တောင်မခန့်ရသေးတဲ့ ဝန်ထမ်းကိုလာခေါ်တယ်တဲ့လဲ....

Friend ZoneWhere stories live. Discover now