Part-5

28.4K 217 10
                                    

"ဘီယာဗူးတွေ " သူမပြောရင်းအစ်ကိုဘလိတ်ခ်ရဲ့ရှေ့ချပေးလိုက်တယ်
သူကတော့စားဖို့သောက်ဖို့အဆင့်သင့်ဖြစ်နေပုံပါပဲ

"ကျေးဇူး " ပါးစပ်ထဲဘာဘာတွေအပြည့်နဲ့ဘလိတ်ခ်ကပြန်ပြောတယ်

ဒီဗွန်ဆိုသူသည် အင်္ကျီပွပွနှင့် tank top တို့ကို ၀တ်ဆင်ထားပြီး လှေကားမှတက်လာသည်သူကတော့သေချာပေါက်ဘယ်ဟာဝတ်ဝတ်လိုက်ဖက်နေတာပဲလေ
သူ သူမကိုရူးစေချင်နေလားမသိပေမဲ့ သူ့ကိုမြင်လိုက်ရရင် စိတ်တွေကြွလာတော့ခက်သည်စိတ်ထိန်းမှဖြစ်မှာမလို့မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်သည်။ သူရောက်ပြီဆိုတော့ လူစုံသွားပြီဖြစ်၍ သူမကပဲဘီယာဗူးနှင့်အစားအသောက်တွေပြင်ဆင်လိုက်သည်။

"အဲ့တော့ လစ်ဗ် ညည်း နောက်ပိုင်းဘာလုပ်ဖို့စီစဉ်ထားလဲ "
အစ်ကိုဘလိတ်ခ်ကမေးတော့

"ဘာမှသိပ်မရှိသေးပါဘူး , အခုပိတ်ရက်တွေမှာဝိတ်တာလုပ်နေတုန်းပဲလေ 9လပိုင်းကျ ကောလိပ်စတော့မှာ အဲ့အတွက်ပဲပြင်ဆင်နေတယ် ဘာမှစိတ်ဝင်စားဖို့မကောင်းပေမဲ့ပေါ့ "

"ဟင်းး..ဖေဖေနဲ့မေမေဆီက ညည်းလွတ်လပ်ခွင့်ရချင်တာအစ်ကိုသိပါတယ် ၊ငါလည်းဘာမှမတတ်နိုင်တော့!"

"သူတို့ကသိပ်အဆိုးကြီးတော့မဟုတ်ပါဘူး ,ငါနဲ့တွေ့ရတဲ့
အချိန်ဆိုတာနဲတယ်အဲ့တော့တစ်ယောက်တည်းပဲအမြဲတမ်းဒါနဲ့ အစ်ကိုတို့အကြောင်းတွေလည်းပြောပြလေ "

"လွန်ခဲ့တဲ့ခြောက်လလောက်ကထင်တယ် ဟုတ်တယ်မလားဘလိတ်ခ် "
ဒီဗွန်က ဘလိတ်ခ်ကိုမေးလိုက်တယ်
"အင်း..ဟုတ်လောက်မယ် " ဘလိတ်ခ်ကဘီယာဘူးကိုလှမ်းယူရင်းဖြေလိုက်တယ်

"အဲ့ကောင်အရင်က‌စော်နဲ့လေ သနားစရာကောင်းတာက သူ့အထက်တန်းကျောင်းသူ ချစ်သူက စွန့်ပစ်ခံရပြီး သွားစရာနေရာမရှိဘူးဖြစ်သွားတာ " အစ်ကိုဘလိတ်ခ်ကပြော‌တော့သူမအံ့ဩသွားရသည်

"အဲတာဆိုအစ်ကိုတို့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ"

"လေးနှစ်နီးပါးလောက်ပေါ့"

သူမ ဒီဗွန်ကိုကြည့်လိုက်တော့ နှုတ်ခမ်းတွေတင်းတင်း‌စေ့ထား‌ကာ
မကြည်မသာမျက်နှာဖြစ်နေသည် အရင်လိုညစ်ကျယ်ကျယ်အပြုံးလည်းမရှိ‌

My Brother's Roommate( Translation )Where stories live. Discover now