Part-4

28.3K 182 7
                                    

"အဲ့တော့ ဒီညအတွက် အစ်ကိုတို့ရဲ့‌ပျော်စရာ‌ကောင်းတဲ့ ပလန်ကဘာတွေလဲ " သူမ သူတို့နှစ်ယောက်ကြားမှာထိုင်နေရင်းမေးလိုက်တယ်

သူမ ဒီဗွန်ကိုကြည့်လိုက်ပြီး " ကျွန်မ အရမ်းအထီးကျန်နေတယ် "
လို့ ဆွဲဆောင်မူရှိတဲ့အကြည့်တွေနဲ့ကြည့်ကာမေးလိုက်သည်
ဒါသူမ အကျွမ်းကျင်ဆုံးတွေထဲကတစ်ခုမဟုတ်လား

သူ သူမနှုတ်ခမ်းတွေကိုကြည့်နေတာသိပါသည် အမှန်တော့ သူ နမ်းမှာကို သူမစောင့်နေတာဖြစ်သည်၊ သူမရဲ့ မျက်လုံးတွေအပါအဝင်တစ်ကိုယ်လုံးအနှံ့ စုန်ချီဆန်ချီ အားလုံးကို ကြည့်နေတာကြောင့် ဘေးမှာအစ်ကိုရှိနေတာပင် သတိမထားမိသလိုမျိုး ရဲတင်းနေခြင်းဖြစ်သည်

ရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီး သူကဘာမှအပြစ်ပြောစရာမရှိအောင် ချောမောလွန်းပေမဲ့ သူမ စံထားရတဲ့ပုံစံမျိုးတော့မဟုတ်
လက်က တက်တူးကတော့စွဲမက်ဖွယ်ကောင်းသလို ခန္ဓာကိုယ်အချိုးအစားကလည်းမိုက်တာကြောင့်သူမလည်း
တဖြည်းဖြည်း ကြည့်ရင်းသူနှင့်နီးကပ်သွားရသည်
အဲဒီတက်တူးတစ်ခုတည်းကပင် သူမကိုသူ့ဆီသို့ရောက်အောင်
ဆွဲဆောင်နေတာဖြစ်မည်ထင်သည်

ထူးဆန်းတာကယောကျာ်းတစ်ယောက်ကိုတစ်ခါမှအဲလို
သတ်မှတ်ချက်တွေ ၊ထင်မြင်ချက်တွေမပေးဘူးပါ သူကပထမဆုံးဖြစ်သည်။သူမကsexကိုရူးသွပ်တဲ့မိန်းကလေးထဲမှာပါသလို အဲတာကလည်းအတွေ့အကြုံအပြင်သာယာမူကိုခံစားချင်၍လည်းပါသည်။

သူကဘယ်သူနဲ့မှမတူတာတော့ အမှန်ပင်။

"ဒီနေ့ကအင်္ဂါနေ့ညဆိုတော့ ရေကူးကန်တစ်ခုခုနားမှာ‌ရေ‌ဆော့တာဖြစ်ဖြစ်လုပ်ကြမလား
ဒါမှမဟုတ် ရုပ်ရှင်တစ်ခုခုကြည့်ကြမလား သောက်ရင်းနဲ့လေ အဲတာပိုလွယ်မယ်ထင်လို့ထင်တယ်"

အစ်ကိုဘလိတ်ခ်က ဂိမ်းစက်ကိုချလိုက်ပြီး
"မင်းရဲ့ အမိုက်စားအစီအစဉ်တွေမစခင် ငါရေအရင်ချိုးလိုက်ဦးမယ် ရလား !" လို့ထရင်း သူမကိုမေးတယ်

"အိုကေ..!အဲတာဆို ငါနဲ့လစ်ဗ်ပဲ ဒီညပါတီအတွက်ညစာလုပ်ထားလိုက်မယ် " လို့ဒီ‌‌ဗွန်ကပြောတော့အစ်ကိုဘလိတ်ခ်က
ငါ့ကိုကြည့်ပြီးခေါင်းငြိမ့်ပြတယ်၊ဒီလိုနဲ့သူမတို့အားလုံး အပေါ်ထပ်ကမီးဖို‌ချောင်ကို သွားဖို့တက်လိုက်ကြတယ်။
သူမ ပထမဆုံး‌ရေခဲ‌သေတ္တာကိုကြည့်လိုက်ပြီး စားဖို့အတွက်ဘာတွေလုပ်လို့ရနိုင်မလဲစဉ်းစားလိုက်သည်

My Brother's Roommate( Translation )Where stories live. Discover now