1

26.6K 161 2
                                    

Me: [daddyဒီနေ့အတန်းမရှိဘူးလား]

Daddy: [အွန်း..]

Me:[အာ့ဆိုဘာလုပ်မှာလဲ]

Daddy: [research တစ်ခုလုပ်စရာရှိတယ်]

Me:[ပျင်းစရာကြီး.. ]

ကျွန်တော့်စိတ်ထဲနည်းနည်းတော့လေသွားမိတယ်။ အမှန်ဆို နှစ်ယောက်လုံးရှားရှားပါးပါးနားရတဲ့နားရက်လေးမှာ researchထက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စလေးတွေတော့ လုပ်သင့်တာပေါ့.. မဟုတ်ဘူးလား?

Daddy: [အွန်း...]

ဟင်ဘယ်လိုကြီးလား.. စကားသုံးခွန်းမှာ နှစ်ခွန်းက 'အွန်း'ဆိုတာကြီးက။ ကျွန်တော့်စိတ်ထဲနည်းနည်းတော့ ဘဝင်မကျမိတာ အမှန်ပဲ။

Me: [Ok...]

Me: [research လုပ်ပြီးရင်ကော?]

Daddy: [ကြာမှာ]

မဟုတ်သေးဘူး.. ဘာလို့မှန်းမသိ တင်းမာမှုကိုခံစားနေရတာ ကျွန်တော်တစ်ယောက်ထဲလား....?

Me: [အွန်း.. researchက ဘာအကြောင်းလဲ.. daddy ကျောင်းသားတွေအတွက်လား?]

Daddy: [မနေ့ကကိုယ်ပြောထားတာကိုပြန်ဖတ်ကြည့်]

အိ...သေပြီ။ ဟုတ်သားပဲ မနေ့ညက သူ့ရဲ့ new projectကိစ္စအတွက် ဘာplanတွေရှိတယ်ဆိုတာ ကျွန်တော့်ကိုအကုန်ပြောပြထားပြီးသားပဲ။ အိပ်ချင်းမူးတူးလည်း​ဖြစ် ၊ ​ကျွန်တော်လည်း သိပ်နားမလည်တဲ့အပိုင်းတွေမို့ ဦးနှောက်ကရုတ်တရက် မဆက်စပ်မိလိုက်တာ.. ဟိုးအတွင်းပိုင်းထဲကတောက်နေတဲ့ မီးစလေးကြောင့်လည်း ပါတာပေါ့..။

အခုတော့သိပြီ။ Daddyတစ်ယောက်ကောက်နေတာကြီး။ Daddyက စိတ်ကောက်ချိန်ဆိုသိပ်သိသာရောပဲ။ သူ့ရဲ့ gent imageကြီး ထိခိုက်မှာစိုးလို့ စိတ်ကောက်နေတယ်ပြောလည်းမကြိုက်တတ်ပေမဲ့ အမြဲတမ်းအနိုင်လိုချင်တဲ့ Daddyက သူအလိုမကျရင် အထူးသဖြင့်သူ့စကားကို အရေးမလုပ်ဘူးလို့ခံစားရချိန်ဆို ဆယ်ကျော်သက်ကောင်မလေးတွေ ကောက်တာမျိုးလောက်သနားတယ်။ မူမပျက်စကားပြန်ပြောနေပေမဲ့ လေသံကတင်းပြတ်နေရာ။

Me: [projectကသိတယ်လေ... အခုက ဘယ်ဟာကို focus လုပ်မှာလဲလို့ detail သိချင်လို့မေးတာကို.. မပြောပြချင်လည်းနေပေါ့😒]

Daddyholic(Own)Where stories live. Discover now