part4

1.6K 32 0
                                    

Part(4)
တစ်နှစ်ခန့်ကြာသော်......
"ဒါဆို... အဲ့ကောင်မလေးကို နင်က...မဟုတ်မှလွဲရော... "
"ကြာ အရူးမ မဟုတ်တာတွေတွေးနေပြန်ပြီ"
"ဟာlucas နင်ကလဲ အဲ့တာဖူးစာ ဖြစ်နိုင်တာဘဲ"
"လုပ်ပြီ အခုမှတစ်ခါဘဲ တွေ့ဖူးသေးတာလေ ကြာရယ်ပြီးတော့ အဲ့ထဲက သူနဲ့မတွေ့တာဘဲ တစ်နှစ်ကျော်နေပြီကို"
"ဟာ ဘာဘဲ ဖြစ်ဖြစ် ငါသူ့ကိုတွေ့ချင်လိုက်တာlucasရယ် မိန်းကလေးအကြောင်းတစိခါမှမပြောဖူးတဲ့နင်က အဲ့တယောက်အကြောင်းပြောပြနေပုံထောက်ရင်တော့..တော်တော်လှလို့နေမှာ"
"ကြာရယ် နင်ကလဲ နိုင်ငံခြားထွက်တာမှ တစ်နှစ်နဲ့သုံးပတ်ဘဲ ရှိသေးတယ် ပြန်လာချင်နေပြီလား"
"အမယ် ရက်အတိအကျ မှတ်မိနေတယ်ပေါ့"
"မှတ်မိတာပေါ့ နင်ပြန်လာဖို့ ရက်နီးလာလေ ငါအနိူင်ကျငိ့ခံရမယ့်ရက်နီးလေဘဲ"
"ဟာ တွေ့လား Lucasနင်နော်.."
"ဘာလဲ ရိုက်ချင်တာလား ဟားဟား ဖုန်းထဲက ဘယ်လိုလှမ်းရိုက်မလဲ"
"နင် လုပ်ထားဥိးပေါ့ ငါပြန်လာမှ.."
"ပြန်လာမှ ဘာဖြစ်လဲ "
"အသေ သတ်မှာ.."
"ကြောက်လိုက်တာ ဟားဟားဟား "
ကြာနှင့်Lucas သည်Instagramတွင် အမြဲလိုလိုVideo callပြောဖြစ်ကြသည်။
အဆက်အသွယ်တော့ လုံးဝမပြတ်ကြပါ
သူတိူ့Video callတစ်ခါပြောရင် တစ်နာရီကျော်အမြဲ ကြာလေ့ရှိသည်။
တစ်ခါတစ်လေ ကြာက Lucasကိုတွေ့လျှင်ငိုကြီးချက်မနဲ့ ငိုသည့်ရက်များလဲရှိသည်။ အဲ့လိုရက်များတွင် Lucasက မနေနိုင်ပါ။ကြာအငိုတိတ်အောင် အမျိုးမျိုး
တစ်ခုမဟုတ်တစ်ခူ စနောက်လိုက် စိတ်ပြေအောင်သီချင်းဆိုပြ ဂစ်တာတီးပြနဲ့ ချော့လေ့ရှိသည်။
အခုလည်း ကြာ ဘာဖြစ်ပြန်ပြီလဲမသိ။
"Lucas"
"အေး ပြော"
"ငါနင့်ကို တွေ့ချင်လိုက်တာ ဟာ"
"ဟာနင်ကလည်း အခုတွေ့နေရတာဘဲလေ"
"မဟုတ်ဖူးလေဟာ ငါတို့အပြင်မှာ ငါမြန်မာပြည် ကိုပြန်လာပြီး အရင်လို...."
စကားပင်မဆုံးသေး... ကြာ ငိုနေပြန်ပါပြီ
"ဟာ နင်ဘာဖြစ်တာလဲ ကြာ"
"ကြာရယ် မငိူပါနဲ့ဟာ နင်ကလည်း ငါဘာလုပ်ပေးရမလဲ ဂစ်တာတီးပြရမလား ဟင်.."
"ဟင့်အင်း ငါမြန်မာပြည် ကိုအရမ်းလွမ်းလို့ပါဟာ"
"အေးပါ နင်ကလည်း နောက်တစ်နှစ်ဘဲကျန်တော့တယ်မလား ဆက်သည်းခံလိုက်ပါ ဘွဲ့ယူပြီးတာနဲ့ချက်ချင်းပြန်လာ"
"အင်း ဒါနဲ့နင်က အခုဆို နင့်အဖေ companyမှာတောင် ဦးစီးနေပြီဆိုတော့
နင်ကငါ့ထက် လုပ်ငန်းအတွေ့အကြုံရနေပြီဘဲ ငါပြန်လာရင်နင့်စီကဘဲ ပြန်သင်ရမယ်ထင်တယ်"
"စိတ်ချ ဒေါ်ရွှေရောင်ကြာ ကျွန်တော်မျိုး ကသေချာလေး သင်ပြပေးမှာပါ "
ကြာထ ရယ်မိသည်။
"ေဟာ ရယ်ပြီ"
ကြာပါးစပ်ပြန်စိထားသည်။
Lucasကလည်း အသေစသည်။
"ရယ်နေတယ် ရယ်နေတယိ.....ငါသိ..နေ"
ကြာဘယ်လိုမှမနေနိူင်တော့။
"ဟာ lucas "
ကြာရယ်မိပါပြီ။
"မငိုနဲ့တော့ နော်"
"အင်းပါ နင်ကလေ တကယ်.."
"ဒါနဲ့ နင်ပြန်လာရင်လေ ငါ့အတွင်းရေးမှုးလုပ်ပေးပါလား နင်လဲငါ့စီက လုပ်ငန်းအတွေ့အကြုံလဲသင်ရင်း ငါ့ကိုလဲ ကူရင်းပေါ့"
"အမယ် အေးပါနင့် အတွင်းရေးမှုးပေါ့ငါက..."
"ဒါပေါ့ ဒါပေါ့ ငါ့လက်အောက်က လက်ထောက်လေးဖြစ်တဲ့ ကြာဆိုတဲ့တစ်ယောက် ကိုငါ့အကြောင်းသိအောင်ပြရ....."
စကားပင်မဆုံးသေး
"ဘာ ... ဘာအကြောင်းပြမှာ ပြောစမ်းပါဥိး သေမယ် ငါ့ကိုအနိူင်ကျင့်လို့ကတော့"
ဟားဟားဟား
"သူကချည်း အနိုင်ကျင့်နေပြီး.."
"ကြိုပြောထားတာလေအော်..."
"နင့်ကို အနိူင်ကျင့်ဖို့နေနေသာသာ နင်ပြန်လာရင်ငါဘယ်ပြေးရမလဲစဥ်းစားနေရတာ ...ဆရာမကြီးကိုကြောက်တယ် ဟားဟား "
"တော်ပြီဟာ Lucas ဖုန်းချပြီ"
"နေ..ဥိး"ကနောက်မှ ဖုန်းက ကျသွားလေပြီ။
အော် ဒီကောင်မလေးနဲ့တော့ တကယ်ပါဘဲ ပြောလို့မပြီးသေးပါဘူးဆို....
သူ့မွေးနေ့ ဘာယူမလဲမေးမလို့ကို
ပြီးရင် ငါကဘဲ သူ့မွေးနေ့ကိုသတိမရဘဲပစ်ထားတယ်ဆိုပြီး စိတ်ကောက်ဥိးမယ်
ကြာနဲ့တော့ ခက်တယ်။
Lucasတစ်ယောက်ထဲ ပြောနေသည်။
ကြာ့စိတ်ထဲမှ ရေရွတ်နေသည်။
Lucas အရူးကောင် ငါ့မွေးနေ့မေ့နေပြန်ပြီ
တွေ့လားတကယ်ဘဲ စိတ်တိုဖို့ကောင်း.တယ်
ပြီးရင် ငါစိတ်ကောက်ရင်လဲ သူက ငါဘာလို့ကောက်မှန်းမသိဖြစ်ဥိးမယ်
Lucasနဲ့တော့တကယ် ရူးမယ်။
ဒါနဲ့ ဟိုကောင်မလေးက တော်တော်လှမယ့်ပုံဘဲ Lucasပြောပုံအရဆို ဆံပင် လဲအရှည်ကြီးတဲ့ ငါက ဆံပင် အရှည်တောင်မဟုတ်
ဂုတ်ဝဲကိုမှ နှစ်ထပ်ကေ
ဟိုက မြန်မာဆန်ဆန် လေးဆိုဘဲ။
ငါက မြနိမာဆန်ဖို့နေနေသာသာ ထမီတောင်ချိတ်နဲ့မှဝတ်တတိတာလေ
ဟာ မဟုတ်သေးပါဘူး ငါကဘာလို့ အဲ့တစ်ယောက်နဲ့လိုက်နှိုင်းမိနေတာလဲ
ငါက ဘာဖြစ်နေတာလဲ ရွှေရောင်ကြာ သတိဝင်စမ်း Lucasကနင့်bff နော်
အစကတည်းက Lucasကငါ့အပေါ်ခံစားချက်ရှိရင်ပြောမှာပေါ့ အခုငါUSရောက်တာဘဲ ကြာပြီ သူနဲ့ငါက အချစ်ဆုံးသူငယ်ချင်းဘဲ အဲ့ထက်မပိုပါဘူး
ဒါကို သူရော ငါရောသိနေတာဘဲ။
ငါတို့သူငယ်ချင်းဖြစိလာတာဘဲ 10နှစ်ကျော်ပြီလေ။
ကိုယ့်အချစ်ဆုံးသူငယ်ချင်းမို့လို့ နည်းနည်း သဝန်တိုတာ ဖြစ်မှာပါ။
တော်ပြီ အိပ်တာဘဲကောင်းတယ်။
နောက်နေ့မနက်.........
ကြာ အိပ်ရာထ နောက်ကျသွားသည်။
နိူင်ငံခြားမှာဖြစ်၍ နှိုးမည့်သူလဲ မရှိပါ
အခုလဲ ကျောင်းနောက်ကျနေပြီလေ
"ဟာ Shit 7:15ဖြစ်နေပြီ"
ကမန်းကတန်းမျက်နှာသစ် သွားတိုက် ရေချိုး အဝတ်အစားလဲ၍ ကျောင်းအိတ်ကိုယူရင်း တိုက်ခန်းတံခါးသော့ခတ်ခဲ့ရသည်။
(ကြာ တိုက်ခန်းနဲ့နေတာဖြစ်သည်။)
ဝရုန်းသုန်းကားလှေကားထစ်များသိူ့ပြေးဆင်းရသည်။
ကားလမ်းများ ကိုလည်း လျင်မြနိစွာဖြတ်၍ ကျောင်းရှိရာသို့ပြေးနေစဥ်....
"အား သေပါပြီ"
ကားဖြင့် ဝင်တိုက်မိမလိုဖြစ်၍ ချော်လဲသွားခြင်းဖြစ်သည်။
ကြာ မြန်မာလို လှစ်ကနဲ ထွက်သွားသည်။
ထိုသို့မှ.. ကားမောင်းသမားကလည်း..
"ဟင် မြန်မာလား..."
ကားထဲက လူအမြန်ဆုံးထွက်လာပြီး ကြာ့ကိုထူပေးသည်။
"မင်းအဆင်ပြေရဲ့လား"
ကြာမော့ကြည့်လိုက်မှ.....
ကောင်းကင်ပြာကြီးအောက်၌ ....အမျိုးသားတစ်ဥိး။
ကြာ့စိတ်ထဲတွင် ကြည့်ကောင်းလိုက်တာဟူ၍ဖြစ်သွားမိသည်။
ထိုလူက အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် အသားဖြူဖြူ ပုံစံက ကြာတို့အသက်အရွယ်လောက်ပင်။
နိုင်ငံ ခြားရုပ်နှင့်အနည်းငယ်ဆင်သည်။
"ဟေ့ မင်းအဆင်ပြေရဲ့လား ဆေးရုံသွားမလား"
ထိုသို့မှ ကြာသတိပြန်ဝင်ကာ ...
"မသွားဘူး ရတယ် ဒါနဲ့ မြန်မာလူမျိူးလား"
"ဟုတ်ပါတယ်"
"လောလောဆယ် မင်းလက်ပေးပါ"
"ရှင်..."
ကြာ ကြောင်သွားသည်။
"မင်းအဲ့တိုင်း ထိူင်နေမလိူ့လား"
"အော်.. ဟူတ် ရတယ် ကိုယ့်ဘာသာ ထနိုင်ပါတယ်"
"မရပါဘူး မင်း...".
ကြာလက်ယမ်းပြသည်။
သူမ ဘာသာ ထရန်ကြိုးစားသော်လည်း
"အား နာလိုက်တာ"
"ပေးပါ..မရပါဘူးလို့ ကျွန်တော်ပြောသားဘဲ"
ကြာလည်း ရှက်ရှက်နှင့် လက်ပေးလိုက်သည်။
"ဟုတ်ကဲ့ ကျေးဇူး ပါ "ဆိုပြီးကြာ ပြေးရန်လုပ​်သော်လည်း...
"အား ခြေထောက်က.. "
"မင်း ကဘာလို့ပြေးမှာလဲ ခြေထောက်ဒီလောက်နာနေတာ"
"နောက်ကျနေပြီ...ကျောင်း.."
"မင်းသွားလည်း မမှီလောက်တော့ဘူး ကျောင်းတံခါးပိတ်သွားလောက်ပြီ"
"ဟာ သေချင်တာဘဲ အခု ဘာလုပ်ရမှာလဲ"
"ကျွန်တော့် ကားနဲ့ပြန်ပို့ပေးပါမယ် အရင်ဆုံးဆေးရုံ သွားရအောင်ပါ ကားပေါ်တက်ပါ"
"ဒါပေမယ့်.... ကျောင်းက.."
"ကဲ ဆေးရုံအရင်သွားမယ် ပြိးမှဆက်ပြော"
"ဒါပေမယ့်.. "
"ဒါပေမယ့်တွေမလုပ်နေနဲ့ ကျွန်တော့်ကြောင့်ဖြစ်တာ ​လေ ကျွန်တော် တာဝန်ယူပါတယ် ဆေးရုံသွားရအောင်ပါ"
"ဟုတ်ကဲ့ "
ကြာလည်း ကားထဲဝင်လိုက်သည်။
"ကျွန်တော့်နာမည် သီဟအောင်ပါ"
"ဟုတိ ရွှေရောင်ကြာ ပါ"
"အခုလို ဖြစ်သွားတဲ့အတွက် ကျွန်တော်တောင်းပန်ပါရစေ ကျံန်တော်လဲ ကျောင်းနောက်ကျပြီဆိုပြီး ကားကို အမြန်မောင်းလာလို့ပါ "
"ကြာရောဘဲ ကျောင်းနောက်ကျပြီဆိုပြီး ပြေးလာလို့ဖြစ်ရတာ ကြာ့အမှားလဲပါပါတယ်"
"ဟုတ်ကဲ့ အခုဆေးရုံသွားကြမယ် နော် ကြာ.."
ကြာတဲ့လား။
အတင့်ရဲလိုက်တာ။
တစ်မျိုးကြီးဘဲ။
"ဟို ကြာ..လို့ခေါ်တာအဆင်မပြေလို့လား "
"ဟာ မဟုတ်ပါဘူး ပြေပါတယ်"
"အော်ဟုတ် ဒါနဲ့ကြာက ဘယ်မေဂျာကလဲ ကျောင်းကရော..."
"ကျောင်းက @&^%#"(Skipလိုက်ခြင်း)
မေဂျာကတော့ စီးပွားရေးဘဲယူထားတာပါ"
"ကျွန်တော် လဲ စီးပွားရေးဘဲ ဗျ ကျောင်းမှာတခါမှ မတွေ့ဖူးဘူး "
သီဟအောင် လိမ်ခြင်းဖစြ်သည်။
တစ်ကယ်တော့ သီဟအောင် ကြာ့ကိုစိတ်ဝင်စားနေခဲ့တာကြာပါပြီ။
အစက နိုင်ငံခြားသူ လို့ထင်ခဲ့မိတာ
အမြဲ ကြာ့နောက်ကနေ ကြာ့ကို လိုက်ကြည့်နေခဲ့တာ သီဟအောင်ဘဲလေ။
အခုလို ကံတရားရ ဆိုက်ဆိုက်မြိုက်​မြိုက် ကြီး အကြောင်းဖန်လာတော့ သီဟအောင်ပျော်နေသည်မှာအမှန်ပင်။
"ဟုတ် သွားကြရအောင် ကျွန်တော်တို့"
ဆေးရုံရောက်သော်...
"ဒေါက်တာ ဒီလူနာက ခြေထောက်ဘာဖးြ်တာလဲ မသိဖူး"Engဘာသာဖြင့်မေးတော့
ခြေထောက်ခေါက်ရုံလေးပါစိတ်ပူစရာမရှိဖူးတဲ့။
Engဘာသာဖြင့်ပြောနေကြသည်။
ဆေးရုံမှပြန်ထွက်သော်....
"ကိုသီဟအောင် ကျေးဇူးအများကြီးတင်ပါတယ် နော် အဲ့တာဆို ကြာသွားလိုက်ပါဥိးမယ်"
"ကြာ ခဏ...အချိန်ရလားမသိဘူး"
"ဟုတ်ကဲ့ ကျောင်းတော့မတက်တော့ဘူး ဆိုတော့တစ်နေကုန်အားပါတယ် "
"အဲ့တာဆို ကျွန်တော်တို့ ဆိုင်တစိဆိုင်သွားကြမလား တစ်ခုခုသွားစားကြတာပေါ့"
"အော်.ဟုတ် ကောင်းသားဘဲ"
သီဟအောင်ကားတံခါးဖွင့်ပေးသည်။
ကြာလည်းကားထဲဝင်လိုက်သည်။
"ကြာ ကျွန်တော်တို့ သူငယ်ချင်း ဖြစ်လို့ရမလား"
"ရှင်..ဟုတ် ဟုတ်ကဲ့ရပါတယ် "
"အခူလို နိုင်ငံရပ်ခြားမှာ မြန်မာလူမျိုး အချင်းချင်း ဆုံဖို့မလွယ်ဖူးလေ"
"ဟုတ်တယ်ရှင့် "
"ကြာ အကြောင်းတွေ ကျွန်တော်သိခွင့်ရှိမလား ကျွန်တော့်အကြောင်းတွေလည်း ကြာ့ကို့ပြောပြမှာပါ".
"ဟူတ် ေပြာပြ ပါဆိုင်ရောက်မှ စားရင်းပြောကြတာပေါ့"
ကြာတစ်ယောက်ကား ပြတင်းပေါက်ကိုကြည့်ရင်း တရွေ့ရွေ့ကျန်ခဲ့
သော သစ်ပင်များကို ကြည့်ရင်း သူမစိတ်လှုပ်ရှားနေမိသည်။
သူမ သူစိမ်းယောက်ျားလေးတစ်ယောက်နှင့်ဒိလို အပြင်မသွားဖူးသလိုစကားတောင်မပြောဖူးပါ။။
ဘာလို့မှန့းမသိ သီဟအောင်နဲ့စကားပြောတိုင်းနှလုံးခုန်နှုန့းတွေမြန်ပြီး မျက်နှာပူသလိုခံစားရသည်။
ဒါတွေကိုLucasကို တစ်ခုချင်းပြောပြချင်မိသည်။
Lucasကတော့ ဘာပြောမလဲမသိဘူးဟုလဲ စိတ်ကူးနေမိသည်။
သစ်ပင်လေးတွေကိုကြည့်ရင်း ပြတင်းပေါက်မှန်ကို ချမိသည်။
မျက်နှာကို ပြတင်းပေါက်အပြင်ပေါက် လေညင်းတွေစီ ကောင်းကောင်း နှုတ်ဆက်မိပြန်သည်။
ကြာ့မျက်နှာလေးပြုံးနေသည်ကို တစ်ဖက်က ကားမောင်းနေသူ ကိုသီဟအောင်ကလည်း သဘောကျနေမိသည်။
အမှန်တော့ သီဟအောင် ကြာ့ကို သဘောကျနေခဲ့တာ ကြာလေပြီ။
ကြာ့ကိုပထမဆုံး တွေ့ခဲ့သည့်နေ့ထဲကပေါ့
နိုင်ငံခြားသူ မှတ်၍ ဖွင့်မပြောရဲသလို အဝေးကဘဲ ကြာ့ကို ခိုးချစ်နေခဲ့တာကြာပြီလေ။
သီဟအောင် ကြာ့ကိုတွေ့တုန်းက
ကြာက နားကြပ်ကြီးတပ်ပြီး လမ်းလျှောက်နေခဲ့တာလေ။
နှင်းတွေလဲကျနေရောပေါ့။
အဲ့ကထဲက ကြာ့ပုံစံလေးကိုမြင်မြင်ချင်းသဘောကျမိ၍ နေ့တိုင်းကြာ့နောက်မှ လိုက်၍ ခိုးချောင်းနေခဲ့ခြင်းဖစြ်သည်။
အခုတော့ အခွင့်အရေး က သီဟအောင်စီရောက်လာခဲ့ပြီလေ။
ကြာနဲ့ပိုရင်းနှိးအောင်လုပ်မည်ဟုလည်းဆုံးဖြတ်ထားသည်။
To Be Continued!

ဤဇာတ်လမ်းသည်စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်သည့်အတွက်ဇာတ်ကောင်များသည်လည်း စိတ်ကူးသက်သက်သာဖြစ်ပါသည်။

ရွှေရောင်ကြာ ။

ရွှေရောင်ကြာ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခြူးပန်းနွယ်

ခြူးပန်းနွယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သီဟအောင် 

သီဟအောင် 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Lucas

Lucas

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
More Than Friend (Complete)Where stories live. Discover now