Part3

2K 38 0
                                    

Part (3)
Lucasဆိူင်တစ်ဆိုင်သို့ သွားသည်။
(Galaxy) jewelry ဆိူင်ဖြစ်သည်။
ထိုဆိုင်သည် အခုတလော စျေးကွက်ထဲတွင်ရောင်းအားအကောင်းဆုံးနှင့် လူကြိုက်အများဆုံးကျောက်မျက်ရတနာဆိုင်အဖြစ် နံပါတ်တစ်နေရာတွင်ရပ်တည်လျက်ရှိသည်။
ယခုလဲ Lucas ကြာ့အား လက်ဆောင်ပေးချင်သည်ဖြစ်၍ ဤဆိူင်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
"ကြိုဆိုပါတယ် အကို ဘာများ အလိုရှိပါသလဲ"
"ဟုတ်ကဲ့ ကျွန်တော့်ကို... အာ couple necklaceထဲက ပြကြည့်ပါလား
Quality ကောင်းမယ့်ဟာမျိူးပါ စျေးကဘယ်လောက်ကျကျ ကိစ္စမရှိပါဘူး အဓိက က ရေထိရင်လဲ ဘာမှမဖြစ်ဘဲ Quality ကောင်းမယ့်ဟာမျိူးလေး"
"ဟုတ်ကဲ့ အကို ရေထိရင်လဲ ဘာမှမဖစြ်တဲ့ဟာမျိုးဆိုRose Goldထဲကရှိပါတယ်"
"ဟုတ်ကဲ့ တစ်ချက်လောက် ပြကြည့်ပေးပါ"
"ဒီမှာပါ အကို"
"အာ..ညီမ ကျွန်တော်ပြောတဲ့Couple necklace ဆိုတာကလေ BFFအချင်းချင်း တူတူဆဲွဲ ကြတဲ့ဟာမျိုးပါ"
ဆိုင်ဝန်ထမ်းယူလာပေးသည်မှာ ချစ်သူရည်းစားကြားမှာဆွဲ ကြတဲ့ အသည်းပုံသော့ခလောက်နဲ့ ကျန်တစ်ကုံးမှာသော့တစ်ချောင်းပုံစံမျိုးဖြစိသည်။
"အော်...ဟုတ်ကဲ့ ခဏလေးနော်"
"ဟုတ်.."
"ဒါလေးတွေရှိတယိ အကို..BFFတံဆိပ်ကိုမှ တစ်ဘက် တစ်ဝက်စိ ပုံစံလေးတွေ"
"သူက အသည်းပုံနှစ်ခြမ်းဆက်လိုက်မှBest Friend Foreverကပေါ်လာတာရှင့်။
အသည်းပုံက သံလိုက်ပါတယ်ရှင်​့နောက်ပြီးRose Gold2k ဖြစ်တာကြောင့် အရောင်လုံးဝမကျဘူးရှင့် ရေထိလဲ ဘာမှမဖြစ်ဘူး စျေးကတော့ တစ်ကုံးကို 190000တစ်သိန်းကိုးသောင်းဝန်းကျင်ပါ"
"ဟုတ်ကဲ့ ဒါလေးဘဲပေးပါ နှစ်ခုလုံးဆိုဘယ်လောက်ကျမလဲ"
"ဟုတ်ကဲ့ပါ အကို..သူက ခွဲမရောင်းပါဘူး Rose goldတစ်ကုံးကို 19000ဝန်းကျင်ပါ
ဒါကတော့ အစုံလိုကိလာတာဖြစ်တဲ့အတွက် နှစ်ခုပေါင်း ဒီ တစ်စုံအတွက်ဆို
35000 သုံးသိန်းခွဲပါ "
"ဟင်..ညီမ ခုနကပြောတော့ တစ်ကုံးဆို တစ်သိန်းကိုးသောင်းဆို ဒါလဲRose gold ထဲကဘဲမဟုတ့ဘူးလား နှစ်ကုံးဆို 28000နှစ်သိန်းရှစ်သောင်းဘဲကျရမှာမလားဘာကွာလို့လဲ "
"ဟုတ် တစ်ကုံးထဲဟာက သူက ဒိလိုBffတံဆိပ်တွေဘာတွေမပါဘဲ ထူးခြား ချက်မရှိပါဘူး အခု ဒီဟာက BFFတံဆိပ်က နှစ်ခုဆက်မှပေါ်လာတာကြောင့်ရယ် BFFတံဆိပ်တောင်မှ Quality ပိုကောင်းတာသုုံးထားတာကြောင့်ရယ်ပါ"
"အော်.. ဟူတ်ပြီ ဒါလေးဘဲပေးပါ"
Lucas ပိုက်ဆံထုတ်ရှင်းပြီး ပိုက်ဆံအိတ်ကို ခါးကြားထိုးလိုက်စဥ်..
ပိုက်ဆံအိတ်ကျ ကျန်ခဲ့သည်ကို မသိပါ။
"ဟယ်လို ကြာလား"
"ဟင်...အေး"
"ဟာ နင်အခုထိ အိပ်ရာမထသေးဘူး လား ဘယ်အချိန်ရှိပြီလဲ"
"ဟာ နင်ကလဲ အခုမှ ကိုးနာရီဘဲရှိသေးတယ်လေ"
"အော် ကိုးနာရီ.. အေးပါ အေးပါ..နင် ခဏနေ ငါ့အိမ်လာခဲ့ပါလား ဒါမှမဟုတ် ငါအခုနင့်အိမ်လာခဲ့မယ်"
"ဟာ ဘာလာ လုပ်မှာလဲ"
"ပေးစရာ ရှိလို့ပေါ့ အရူးမလေးရဲ့"
"နင်မျက်နှာသစ် သွားတိုက်ထား တော်ကြာငါလာမှ အာပုတ်နံ့ရနေဥိးမယ်"
"lucas အစုတ်ပလုတ်ကောင် နင်​တေ့ာ နော် ဟွန်း "
"အေးပါအေးပါ ဟုတ်ပါပြီဗျာ အဲ့တာဆို ခဏနေတွေ့မယိ "
"အင်းအင်း ဒါဘဲ"
"ငါဘာဝယ်လာခဲ့ရမလဲ နင်စား....."
ဖုန်းချသွားသည်။
ကြည့် သူပြောချင်ရာပြောပြီးချသွားတယ် တကယ် ဘယ်လို အရူးမလေးမှန်းမသိဘူး။အဟားး
lucasတစ်ယောက်ထဲ ကားထဲမှာ ရယ်နေမိသည်။
Lucasကား ကြာတို့ခြံထဲသိူ့ ဝင်သွားသည်။
ခြံထဲတွင် သစ်ပင်ရေလောင်းနေသော ဒေါ်မြအားတွေ့သည်နှင့် နှုတ်ဆက်ခဲ့သေးသည်။
ဒေါ်မြဆိုသည်မှာ ကြာတို့အိမ်မှ အိမ်အကူဖြစိသညိ။ ကြာတို့ လူယုံတစ်ယောက်လဲဖစြ်သည်။
"ဒေါ်မြ ဘာတွေလုပ​်နေတာလဲ"
"အော် သားLucas ကြာ့စီလာတာလား"
"ဟုတ်တယ် ဒေါ်မြ ကြာရော"
"မင်းသူငယ်ချင်းကလေ မင်းလာမယ်ဆိုပြီး ခုနကလေးတင် မနက်စာ ကမန်းကတန့းစားပြီး အပေါ်က ကိုဆင်းမလာသေးတာ"
"ဟား ဟား ကြာက​တော့"
"ဒေါ်မြ ဘာတွေလျှောက်ပြောနေတာလဲ သမီးက ဝရန်တာမှာပါနော် lucasအပေါ်တက်ခဲ့"
"ဟော ပြောနေရင်းနဲ့ ဒေါ်မြ ရေ ကျွန်တော်သွားလိုက်ဥိးမယ်"
"ဟုတ်ပြီ သားတို့ဘာစားကြဥိးမလဲ ဘာလာပို့ပေးရမလဲ"
"နေပါစေ ကျွန်တော် မစားတော့ဘူး "
"အေးဟုတ်ပြီ သွားသွား"
"ဟုတ်ကဲ့"
Lucasလဲ အိမ်ထဲဝင်ပြီး ဟိုး အပေါ်ဆုံးထပိ ဖြစ်သည့်လသာဆောင်သို့တက်လာရသည်။ကြာ့မိဘတွေကတော့ အိမ်မှာမရှိနေကြပါ ကြာ့အဖေ company တွင် နှစ်ယောက်လုံး အလုပ်လုပ်နေကြသည်။
ကြာတို့အိမ်သည် သုံးထပ်တိုက်အိမ်ဖြစ်သော်လည်း လသာဆောင်တစ်ထပ်ရှိသေးသည်။ အမြင့်ဆုံးပေါ့။
"ကြာ နင်အခုထိ ညအိပ်ဝတ်စုံကြီးနဲ့ပါလား ဆံပင်တွေလဲ ရှုပ်နေတာဘဲ နင့်ကိုယ်နင်မှန်ရောကြည့်လာရဲ့လား အရူးမကြီးကျနေတာဘဲ"
"ဟာLucas နင​်နော် ငါခုနလေးက နင်ဖုန်းဆက်မှနိုးတာလေ "
"အေးပါဟူတ်ပါပြီကြာ မျက်လုံးမှိတ်ထားပါလား"
"ဟင်..ဘာလို့ လဲ"
"ဟာ မှိတ်ဆို မှိတ်ထားပေါ့ဟာ"
"okay okay"
Lucas ဆွဲ ကြိုးတစ်ကွင်းအား ကြာ့လည်ပင်း၌ ဆွဲပေးခဲ့သည်။
"ရပြီ ကြည့်လိုက်"
"ဟယ်..လှလိုက်တာ.. "
"ငါ့စီမှာရောဘဲ.."lucas ကြာ့ဆဲွဲ ကြိုးကိုယူပြီးသူ့မှာရှိသော တစ်ဖက်နဲ့ ဆက်ပြလိုက်သည်။ သံလိုက်ပါရှိ၍ ဆွဲကြိုးနှစ်ကုံးသည် အနားနီးသည်နှင့်သူ့အလိုလို ကပ်သွားသည်။
"Best Friend forever တဲ့လား"
ကြာမှရွတ်ဆိုမိသည်။
"နင်ကြိုက်ရဲ့လား ကြာ"
"ဟာ ဘယ်လိုပြောလိုက်တာလဲ အရမ်းကြိုက်တာဘဲ ဟီး.."
ကြာ lucasအား ချက်ချင်း ဘဲ ဖက်လိုက်သည်။
"အဲ့တာကြောင့် နင်ကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း အချစိရဆုံးသူငယ်ချင်းဖြစ်နေတာ နင့်ကိုအရမ်းချစ်တာအဲ့တာကြောင့်"
"အမယ်လေး ဟုတ်ပါပြီ ​ဗျာ ငါ့ဘဝမှာလဲ နင်က ငါ့ရဲ့အချစ်ရဆုံးသူငယ်ချင်းဘဲ"
သူတို့ နှစိဥိး အကြာကြီးဖက်ထားမိသည်။
..............................................................
တစ်ပတ်ခန့်ကြာသော်.......
"မာမီ ဒယ်ဒီ ​သမီးသွားတော့မယ်နော်"
"ေအးဟုတ်ပြီသမီး ကျန်းမာရေးဂရုစိုက်အုံး နော် "
"ပြီးတော့ ရာသီဥတုကလဲ အရမ်းအေးတာဆိုတော့... "
"ဟုတ်ပါပြီ မာမီရယ်.. "
ကြာ့အဖေ သူတို့သားအမိ အလွမ်း သယ်နေခြင်းအားကြည့်မရတော့၍
"ကဲ ဒီသားအမိနဲ့တော့... သမီးကလဲ နှစ်နှစ်ထဲသွားမှာကို..."
ကြာနဲ့သူ့မာမိ ရယ်နေကြသည်။
"သမီး လေယာဥ်ထွက်တော့မယ် သွားတော့လေ"
"ဟုတ်ကဲ့ ဒယ်ဒီ... "
" Lucas"
"ပြောပါ ဒေါ်ရွှေရောင်ကြာ"
"ဒီကိုလာဦး.."
ကြာ သူမ၏ လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်တော့....
Lucasကလဲ ကြာ့ကိုပွေ့ဖက်ထားလိုက်သည်။
"Lucas နင်ငါ့ကိုမေ့သွားရင် သေမယ်ကြားလား"
"ဟာ မမေ့ရပါဘူး ကြောက်တယ်"
ဟားဟား.....
"ကဲ ဒီသူငယ်ချင်းနှစ်ယောက်...."
"ခဏလေးပါ ဒယ်ဒီကလဲ"
"ဟုတ်ပါပြီ ကွယ်"
"Lucas. ."
"ဟင်..ပြောလေ"
"ငါ့ကိုဖုန်းမဆက်ရင်သေမယ် "
"ကြာရယ် ဖုန်း လဲဆက်မယ် နင့်ကိုလဲမမေ့ဘူး နင်သာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော် တစ်ခုခုဖြစ်ကြည့် နင့်ကိုငါသတ်မယ်"
"ဟား ဟား အေးပါဟာ နင်လဲ ဂရုစိုက်"
ကြာလဲLucasကိူလွှတ်လိုက်သည်။
သို့သော် ဆဲွဲ ကြိုးလေးနှစ်ကုံးသည် ခွာမရအောင် ကပ်နေကြသည်။
ကြာ ဖြုတ်လိုက်သည် ကပ်နေသောသံလိုက်နှစ်ခုအား.......................
ဘာရယ်ကြောင့်မှန်းမသိ ကြာရောLucasရော စိတ်ထဲမကောင်းကြပါ။
"ဒါဆိုငါသွားတော့မယ်နော်"
"အင်း"
"တာ့တာ"
"တာ့တာlucas"
"မာမီ နဲ့ဒယ်ဒိသမီးသွားပြီနော်"
"အေးပါကွယ် ဂရုစိုက်နော် "
နေဝင်ချိန်လဲနီးလာ၍ ငှက်အုပ်ကြီးများလည်း လွှားခနဲ ပျံသန်းသွားကြသည်။
လေယာဥ်ကြီးလဲ တရွေ့ရွေ့ ပျံသန်းသွားလေပြီ။
"ကဲ သားLucas အန်ကယ်တို့ကားနဲ့ လိုက်ပို့ပေးမယ် "
"အာ..နေပါစေတော့ အန်ကယ် ကျွန်တော် ကားပါတယ်"
"အေး ဟုတ်ပြီကွယ် အဲ့တာဆို အန်ကယ်တို့သွားနှင့်ပြီ"
"ဟုတ်ကဲ့ အန်ကယ် "
"သွားပြီသားရေ"
"ဟုတ်ကဲ့ အန်တီ"
Lucasတစ်ယောက်ထဲသာ လေဆိပ်အတွင်းကျန်ခဲ့သည်။
အခြားခရီးသည်များ လဲ လေယာဥ်ပေါ်တက်သူက တက် ဆင်းသူက ဆင်းနှင့်။
Lucasလဲ သွားချိန်တန်ပြီလေ။
သူဘာကြောင့် မသွားနိူင်သေးပါလိမ့်။
အကယ်၍ကြာသာ လေယာဉ် ပေါ်ကပြန်ဆင်းလာမည်မလားဟု စိတ်ကူးမိသော်လည်း မဖြစ်နိူင်ပါဘူးလေ။
ကြာက အခုဆို မြန်မာနိုင်ငံ အတွင်းမှ နှစ်နှစ်တိတိတောင်ထွက်ခွာသွားပြီလေ။
အဲ့လိုတွေးမိရင်း ဖုန်းကိုဖွင့်ကြည့်မိတော့
အတူတူမရှိနိုင်တော့မည်ဖြစ်သည့် ကြာနှင့် Lucasဓာတ်ပုံ Phone lock screen တွငိအထင်းသားမြင်တွေ့ရသည်။
ထို ဓာတ်ပုံရိုက်ခဲ့သော ကာလက ကြာ့မွေးနေ့ပါတီဖြစ်သည်။
ကြာရောLucasရော မျက်နှာတွင် ကိတ်မုန့်ခရင်မ် များဖြင့်နှစ်ဥိးသား နောက်ပြောင်ရင်း ရိုက်ခဲ့ကြသည့်ပုံလေးမဟုတ်လား။
ဒါတွေက Lucasအတွက် အမှတ်တမဲ့မှအမှတ်တရအဖြစ်ကျန်ရှိနေခဲ့သည်လေ။
ထိုအချိန်..........ကလင် ကလင် ကလင်.
lucasထံသို့အမည်မသိဖုန်းတစ်လုံးဝင်လာခဲ့သည်။
"ဟယ်လို."
"ဟယ်လို ဟုတ်ကဲ့ အခုဖုန်းနံပါတ်ပိုင်ရှင်က ကိုLucas လားမသိဘူးရှင့်"
"ဗျာ..ဟုတ်..ဟူတ်ပါတယ် ဘယ်သူလဲမသိဘူး ခင်ဗျာ"
"အော် ဟုတ်ကဲ့ ကျွန်မနာမည် ခြူးပန်းနွယ်ပါရှင် Galaxy ကျောက်မျက်ရတနာဆိုင်ကပိုင်ရှင်ပါရှင် အကို ဟိုတခေါက်က ကျွန်မတို့ဆိုင်မှာ ပိုက်ဆံအိတ် ကျန်ခဲ့တယ်ရှင့် အဲ့တာ ကျွန်မ အကိုပြန်လာမလားဆိုပီးပြန်ပေးမလို့ စောင့်နေတာ မလာတာနဲ့ပိုက်ဆံအိတ်
ထဲဖွင့်ကြည့်လိုက်တော့ အကို့Address cardတွေ့တာနဲ့ဖုန်းဆက်အကြောင်းကြားတာပါရှင်"
"အော် ဟုတ်တယ် ဗျာ ကျေးဇူးပါ ဘဲ ညီမရယ် ကျွန်တော် အဲ့နေ့က ဆိုင်မှာဆဲွဲ ကြိုးဝယ်ပြီး ပိုက်ဆံအိတ်ပျောက်နေတာ အိမ်ရောက်မှသတိရတာ အဲ့တာနဲ့... ပျောက်သွားတယ် ဘဲမှတ်နေတာ အခုလို သိမ်းထား ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် နော် ကျွန်တော် အခုလာယူလို့ရမလား"
"ဟုတ်ကဲ့ ရတယ်အကို အခုလာယူလိုက်အဲ့တာဆို..."
"ဟူတ်ကဲ့ကျေးဇူးပါ ဗျာ"
"ရပါတယ်ရှင်"..
မိနစ်အနည်းငယ်ကြာသော်.......................
"အမရေ ဒီဆိုင်ပိုင်ရှင် မခြူးပန်းနွယ် နဲ့တွေ့ချင်လို့ပါ "
"အော် ဟုတ်ကဲ့ ဒီမှာခဏလေးထိုင်စောင့်ပါနော် မမကိုသွားခေါ်ပေးပါမယ်"
"ကို Lucasလားမသိဖူးရှင်"
"ဟူတ်ကဲ့ ကျွန်တော့်နာမည်Lucasပါ"
ထိူင်ခုံမှထ၍ မတ်တပ်ရပ်၍ နောက်သို့လှည့်တော့........................
လေဒီရှူး ငါးလက်မဒေါက်အမြငိ့နှင့်ခါးထိရှည်သော ဆံနွယ်များ မြန်မာဆန်ဆန် ဝတ်ဆင်ထားသည့်ဒီဖိုင်းနှင့် ငယ်ရွယ်ချောမောလှသော အမျိူးသမီးလေး။
lucas မျက်လူံးများမှားသလားပင်...
"လှလိုက်တာ "
Lucasစိတ်ထဲမှရေရွတ်မိသည်။
"ဟုတ်ကဲ့ ဒီမှာ ပိုက်ဆံအိတ် ပါ ပိုက်ဆံတွေဘာတွေစစ်ကြည့်ပါဦး "
"ဟုတ်ရပါတယ် ဗျာ မစစ်တော့ပါဘူး ​သိမ်းထား ပေးတာဘဲကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့ "
"ကျွန်တော် သွားလိုက်ပါဦးမယ် ကျေးဇူးအများကြီးတင်ပါတယ် ဗျာ"
"ဟုတ်ကဲ့ပါရှင် "
To Be continued!
Part4 မျှော်..........

More Than Friend (Complete)Where stories live. Discover now