part(1)

6.9K 218 3
                                    

(၁)
"ဒေါက် ဒေါက်ဒေါက်ဒေါက် "
Lucasတံခါး လာဖွင့်သည်။တံခါးရှေ့တွင် ငိုမဲ့ငိုမဲ့နှင့်ရပ်နေသော ရွှေရောင်ကြာ အားတွေ့ရသည်။​ရွှေရောင်ကြာသည် Lucas၏ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ပင်ဖြစ်သည်။ ရွှေရောင်ကြာ့အတွက်လည်းLucasသည် အလွန်အရေးပါသော သူငယ်ချင်း တစ်ယောက်ပင်ဖြစ်သည်။
Lucasနှင့်ရွှေရောင်ကြာသည် အသိုင်းအဝိုင်း ကြီးထဲမှဆင်းသက်လာသူများဖြစ်ကြသည်။ ထို့ကြောင့် ဘွဲ့ရပြီးသည့် အချိန်တိုင်အောင် ငွေရေးကြေးရေးအတွက်လည်းစိတ်ပူစရာမလိုပေ။ ယခုလည်း သူတို့နှစ်ဥိးအလုပ်မရှိ အားနေကြသည်လေ။ မိဘများကလည်း အရမ်းကိုအလိုလိုက်ထားသောကြောင့် သူတို့အတွက်အရာအားလုံးကအေးအေးဆေးဆေးပင်။ Lucasသည် မိဘများနှင့်အတူမနေဘဲ သူ့အဖေ၏တိုက်ခန်းတစ်ခန်းတွင်သာ တစ်ယောက်ထဲနေသည်။ ကဲ အခုလည်းရွှေရောင်ကြာ ဘာဖြစ်လာပြန်ပြီလဲမသိပါ။ lucasသည် ရွှေရောင်ကြာ့ကို ကြာ ဟုသာခေါ်လေ့ရှိသည်။​ကြာသည် lucasအားမြင်မြင်ချင်းပင် သူ၏ရင်ခွင်ထဲသို့ပြေး၍ ငိုပါတော့သည်။ Lucasလည်း အလွန်စိတ်ပူသွားသည်။
"ကြာ ဘာဖြစ်လာတာလဲ ဟမ် နင့်ကိုဘယ်သူကဘာလုပ်လိုက်လို့လဲ ပြော ငါလိုက်ရှင်းပေးမယ် ဘယ်ကောင်လဲဟမ်"
"အီး ဟီး ဘယ်ကောင်မှ မဟုတ်ဖူး အီးဟီး အဲ့တာ ငါ ငါ့မိဘတွေ နင်ကလည်းဖြဲမယ်ဆိုတာကြီးဘဲ"
ကြာချက်ချင်းပင် Lucasရင်ခွင်ထဲမှထွက်လိုက်သည်။အငိုလည်းတိတ်သွားသည်။
"ဖယ်ပေး "Lucasအားတွန်းပြီး Lucasအိမ်ထဲသို့ဝင်သွားသည်။ ဘေးပတ်ဝန်းကျင်ကမသိလျှင် သူမ၏အိမ်ဟုထင်သွားမလားပင်။ Lucasကတော့ ဧည့်သည်ကြီးအတိုင်း ကြောင်တောင်တောင်ကြီးရပ်နေသည်။ "ဟဲ့ နင်ဘာရပ်လုပ်နေတာလဲ"
ကြာလှမ်းအော်မှLucasလည်း အထဲဝင်လာသည်။
"ကြာ နင်ကလည်း ငါ့ဖြင့်လန့်သွားတာဘဲ အခုကျတော့ လည်းနင်မဟုတ်သလိုနဲ့"
"နင်ကလည်း နင်မသိပါဘူး"
"အေး နင်ပြောမှငါသိမှာပေါ့"
"တော်ပြီဟာ မပြောချင်ဘူး ငါ့ကို ကိုလာပေးစမ်းပါ ခဲနေတဲ့ဟာပေးနော်"
"ကြာ နင်သေချင်လို့လားဟ"
အပြောတွေကချိုသာလိုက်တာများ။
"ဟမ် ဘာ ဘာလို့လဲ"
"ဟာ နင့်ဟာနင်မသိဘူးလား မနက်ဖြန်ဘာလဲ ဟာကွာ ငါကအကုန်လိုက်မှတ်နေရတယ် "
"ဟမ် မနက်ဖြန်ဘာလဲLucasရဲ့ "
"ဟာ....... နင်ကလည်းမနက်ဖြန် နငိ....ဟိုဟာ...."
"အော်သိပြိ မနက်ဖြန်ဓမ္မတာရက်ဘဲ"
"အေးလေ အဲ့တာ ရေခဲတွေဘာတွေမသောက်တာကောင်းမယ် ပြီးရင်ဗိုက်အောင့်လိုက်တာဆိုပြီး ငါ့ကိုအပူလာမကပ်နဲ့"
တစ်ကယ်တမ်း ကြာဗိုက်အောင့်လျှင်Lucasမနေနိုင်ပါ။ Lucasခမျာ တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ အရမ်းကိုစိတ်ပူခဲ့တာလေ ။ ကြာမှတ်မိနေသေးသည်။
"ဟုတ်ကဲ့ သမီးတော်မေ့သွားပါတယ် ခမည်းတော်ရှင့်"
Lucasဘာမှပြန်မပြောဘဲ ကြာ့ကိုသာ စူပုပ်ပုပ်နှင့်ကြည့်နေသည်။
"Lucas"
"ပြော"
"ဒီကိုလာဦး "
Lucasသည်ကြာနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွငိထိုင်နေသောကြောင့်ဖြစ်သည်။အခုလည်းကြာက သူမဘေးတွေလာထိုင်ရန်ပြောခြင်းဖြစ်သည်။
"ကဲ ဘာလဲပြော ရွှေရောင်ကြာ "
"နင်....နင်ငါ့ကိုမေ့သွားမှာလားဟင်"
ကြာ့မျက်နှာမကောင်းတော့ပါ။ ဝမ်းနည်းနေသည့်ပုံပေါက်နေသည်။
"ဟင် ဘာလဲဟ ထူးထူးဆန်းဆန်း"
ကြာမျက်ရည်တွေကျလာပါတော့သည်။
သူမ မငိုဘူးဟုဆုံးဖြတ်ထားပေမယ့်လည်း ယခုလိုထိပ်တိုက်ရင်ဆိုင်ရသည့်အခါ မျက်လုံးအိမ်မှ မျက်ရည်ဥများ ကျဆင်းလာပါတော့သည်။ lucasအားမမြင်စေချင်သည့်အတွက် lucasရင်ခွင်ထဲသို့ထိုးဝင်လိုက်ပြီး သူမမြင်အောင်တိတ်တဆိတ် ဒီမျက်ရည်များဖယ်ရှားပစ်ရမည်။
"ကြာ နင်ဒီနေ့ ဘာဖြစ်နေတာလဲ"
Lucasသည် ကြာ့အကြောင်းကိုအသိဆုံးလေ သူမဒီလိုတွေပြောနေလျှင်တစ်ခုခုတော့ရှိနေရမည်ကိုသိသောကြောင့် ကြာ့ကိုသူ၏ရင်ခွင်ထဲ၌တင်းကြပ်နေအောင်ဖက်ထားသည်။ မသိလျှင်သူတို့နှစ်ဦးကချစ်သူတွေပေါ့ သို့သော် သူတို့နှစ်ဥိး ကFriend Zoneဆိုတဲ့စည်းကြီးထဲမှာပိတ်မိနေကြသော Just Friendပါ။
----------------------------------
To Be Continued!
AccလေးကိုFollow ထားကြပါရှင်
story updateတင်ရင် သိရအောင်ပါ.

More Than Friend (Complete)Where stories live. Discover now