အခန်း(၈၉)

6.3K 1.3K 47
                                    

Unicode

ကျန်းကျိရုံက အိမ်ရှေ့မင်းသားကိုအမှန်အကန်စော်ကားမိခဲ့သော်လည်း ဥက္ကဌချောင်က အလုပ်နဲ့ကိုယ်ရေးကိုယ်တာအရေးကိစ္စတွေကို ဘယ်လိုခွဲခြားထားရမလဲသိတယ်၊ ဒေါသရှေ့ထားပြီး လူတွေကိုအလုပ်ဖြုတ်ပစ်လိမ့်မှာမဟုတ်၊ ပြဿနာကို အခြားရှုထောင့်ကနေကြည့်နိုင်ရုံသာ။

သူအားလုံးကိုလှည့်ပတ်ကြည့်ပြီး သူ‌သိရှိလိုက်ရတာက သူ့သားလေးလျှို့ဝှက်ကြံစည်ခံနေရတယ်ဆိုတာပါပဲ။

ဟော့ရှန်က သူ့အတွက်အကုန်လုံးလိုက်လုပ်ပေးနေလို့သာမဟုတ်ရင် ရှောင်ရှောင်က ဒီလိုညံ့ဖျင်းတဲ့ပုံပေါ်ပါ့မလား။

ဟော့ရှန်က လက်ဦးမှုယူပြီး သူ့ကိုအသုံး‌တော်ခံနေလို့သာမဟုတ်ရင် ရှောင်ရှောင်က လူတွေကိုလက်ညိုးထိုးခိုင်းတဲ့ကလေးတစ်ယောက် ဖြစ်လာပါ့မလား။

ဒီတော့ ပြဿနာရဲ့အရင်းအမြစ်က ဒီဟော့ရှန်နဲ့အစပြုတာပဲ။

ချောင်စုန့်မင်က သူ့သားလေး ရှင်းရှင်းလင်းလင်းမတွေးနိုင်လောက်တော့တဲ့အထိ ညှို့ယူဆွဲဆောင်ခံနေရတာကိုမြင်တဲ့အခါ ဆက်ပြောမိတယ်၊
" တွေးကြည့်လေ၊ မင်းက သူ့ချစ်သူကောင်မလေးမှမဟုတ်ဘဲ၊ အဲ့ဒါကိုဘာကိစ္စနဲ့များ သူကမင်းကိုဒီလိုအပင်ပန်းခံပြီးဂရုစိုက်နေမှာတဲ့တုန်း "

ချောင်ရှောင် : " .......................... "

ကျွန်တော်က သေချာပေါက်သူ့ချစ်သူကောင်မလေးမဟုတ်ပေမယ့် သူ့ချစ်သူကောင်လေးတော့ဖြစ်နိုင်သေးတယ်လေ...ဖေဖေရဲ့!

ချောင်စုန့်မင်က သူ့ကိုတွန်းလှန်ရန် စွမ်းရည်နဲ့အချက်အလက်တွေကိုပဲ အားကိုးတယ်၊
" ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုအကြံအစည်မျိုးရလာနိုင်ရင် နောင်ကျရင် မင်းသူ့ကိုကျော်နိုင်မှာမဟုတ်ဘူး "

ချောင်ရှောင်အလွန်သဘောထားကွဲလွဲသွားတယ်၊ ဟော့ရှန်ရှန်ခမျာဘာမှမလုပ်ခဲ့ရပါဘဲနဲ့ သူ့အဖေရဲ့သဘောမကျခြင်းကိုခံနေရတယ်၊ သူသာအားလုံးကိုဝန်ခံလိုက်ရင် ဘာဖြစ်သွားမတုန်းလို့!

မတိုင်မီက ချောင်ရှောင်မှာ ဟော့ရှန်ရဲ့ကောင်းကြောင်းတွေအများကြီးပြောထားခဲ့ရ‌သော်လည်း အခုတော့ အားလုံးအေးစက်သွားရပြီ၊ သူ့မှာလည်း ဒီနွေရာသီအလုပ်ကိုအသုံးချပြီး သူ့ထင်မြင်ချက်‌ကောင်းကိုတစ်‌နေ့တစ်ခြားဆက်လက်ကြီးထွားလာ‌စေဖို့၊ သာ့ချောင်က သူ့မိသားစုကိုထောက်ပံ့ပေးဖို့ မျှော်လင့်ထားခဲ့ရတာ၊ ဒါပေသိ အခုတော့...

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now