အခန်း(၁၇)

8.5K 1.5K 89
                                    

Unicode

ညခင်း ထိုအချိန်ဝယ် အကယ်၍ ချောင်ရှောင်သာ သူ့နားကြပ်တွေကို မတပ်ထားရင် သူ့အသက်မရှိတော့တာနဲ့ အတူတူပါပဲ၊ သူ ထပ်ခါ ‌ပစ်ပြီးရင်းပစ်သော်လည်း အဆုံးမှာတော့ သူဟာ ပြန်လည်တပ်ဆင်လိုက်ကာ ထို့အပြင် အသံ message တစ်ခုလုံးကိုလည်း နားထောင်လိုက်သေးတယ်။

" အိပ်ပါတော့...အိပ်ပါတော့ကွယ်...ကိုယ်ချစ်ရတဲ့ကလေးလေးရယ်...ကိုကို့အသံက မင်းဘေးနားမှာအမြဲရှိနေလိမ့်မယ်... "

ချောင်ရှောင်ရဲ့ နှုတ်ခမ်းက တွန့်သွားကာ သူ စာမရိုက်ဘဲမနေနိုင်တော့ဘူး၊
" ဘယ်သူက အစ်ကိုတုန်း! ငါက မင်းထက်အသက်ပိုကြီးတယ်ကွ! "

၎င်းကို ပို့ပြီးနောက် ချောင်ရှောင်ဟာ ချက်ချင်းနောင်တရသွားပြီး message ကို အမြန်ပြန်ရုတ်သိမ်းဖို့ ကြိုးစားတော့တယ်။

သို့သော်လည်း ဟော့ရှန်ကတော့ ၎င်းကိုမြင်ပြီးသွားပြီ၊
" ငါ့ထက်ကြီးတယ်? မင်းမွေးနေ့က ဘယ်လလဲ "

ချောင်ရှောင် တွေးမိတယ်၊ ငါက မင်းထက် တစ်နှစ်လောက် ကြီးနိုင်တယ်။

မေ့လိုက်တော့၊ သူ အဲ့ဒါကို မဖော်ပြချင်ဘူး၊ သူ ပြောလိုက်တယ်၊
" ဘာပဲဖြစ်ဖြစ် ငါ မင်းထက်ပိုကြီးတယ် "

" မင်းက ဘာလို့သိပ်သေချာနေရတာတုန်း "
ဟော့ရှန်က ရေရွတ်လေတယ်၊
" မင်းမွေးနေ့က စက်တင်ဘာလနောက်ပိုင်းလား "

မူလတန်းကျောင်းကို ဝင်တဲ့အချိန်မှာ စက်တင်ဘာလက ပိုင်းခြားသည့်လဖြစ်တယ်၊ စက်တင်ဘာလနောက်ပိုင်းမွေးတဲ့ကလေးတွေဟာ လာမည့်နှစ်မှာ ကျောင်းတက်ရန်လိုလိမ့်မယ်။

ချောင်ရှောင်ကတော့ မဖြေချင်ပါဘူး။

ဟော့ရှန် : " ဒါဆို အဲ့ဒါလည်း အသုံးမဝင်ဘူး၊ ငါက ဒီနှစ်ဆိုရင် ၁၇ နှစ်ရှိပြီ "

ချောင်ရှောင်က ကန့်ကွက်လေတယ်၊
" မင်‌းမွေးနေ့က နှစ်ရဲ့ ဒုတိယတစ်ဝက်ထဲမှာလား "
အဲ့လိုဆိုရင်တောင် သူက သူ့ထက်ပိုကြီးနေသေးတုန်းပဲ။

ဟော့ရှန် : " ပထမတစ်ဝက် "

ချောင်ရှောင်ဟာ ခဏရပ်တန့်သွားတယ်၊ အခုတော့ အပြည့်အဝနိုးကြားသွားပြီ၊
" မင်းက ဘာလို့... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now