အပိုင်း-၄

522 58 0
                                    

ဂျီမင်သည် ထယ်ဆီမှ ဖွင့်ပြောခံရပြီးထဲက စိတ်နဲ့လူနဲ့ပင်မကပ်တော့။ သူက ဂျောင်ကုနောက်ကိုအသည်းအသန်လိုက်ပိုးပန်းနေမိတာကြောင့် ကိုယ့်ကိုဆိုအမြဲအနွံအနာခံတတ်တဲ့ ထယ်ယောင်းရဲ့စိတ်ကိုသူမမြင်ခဲ့.....

အခုလိုထယ်ကဖွင့်ပြောလာတယ်အခါ ထယ်ဟာသူ့ရဲ့သူငယ်ချင်းဖြစ်တာကြောင့် မချစ်ဘူးလို့လည်းဆိုမရ သူထယ်ကိုချစ်ခဲ့ပါသည်။ဒါပေမဲ့ ချစ်သူတစ်ယောက်လိုမဟုတ်ပေမဲ့ သူငယ်ချင်းတစ်ယောက်လို၊မိသားစုဝင်တစ်ယောက်လို၊ကိုယ်ညီအစ်ကိုလိုမျိုးသာ ချစ်ခဲ့ပါသည်။

အကယ်၍သာ ထယ်ချစ်နေတာက သူမဟုတ်ဘဲတစ်ခြားသူသာဆို သူသိသိရချင်းမှာတင် ထယ့်သူ့ကိုမချစ်နဲ့ ငါ့ထက်ပိုပြီးဘယ်သူ့ကိုမှမချစ်နဲ့ဟုပြောလိုက်ချင်ပါသည်။ဘာလို့ဆိုထယ်ယောင်းကသူ့အတွက်အဖိုးတန်တဲ့လက်ဆောင်လေးမလို့၊ကျွန်တော် ဂျောင်ကုနဲ့ချစ်သူဖြစ်ခဲ့ရင်တောင်သူထယ့်အပေါ်ထားတဲ့အချစ်တွေသည်လျှော့သွားမည်မဟုတ်၊

"တစ်ခါမှသာဖွင့်မပြောခဲ့ပေမဲ့ သူထယ်ကိုအရမ်းချစ်ပါသည် ရင်ထဲကလှိုက်လှိုက်လှဲလှဲ‌နဲ့ပေါ့"

-----------------------------------

ထယ်နှင့်ဂျောင်ကုကိုမျက်နှာချင်းမဆိုင်ရဲ၍သူထယ့်ကိုရော ဂျောင်ကုကိုပါရှောင်မိနေတာအတော်ပင်ကြာနေပြီ။ထယ်ကလည်းသူ့ကိုတွေ့ရင်အရင်ကလိုစကားအများကြီးမပြောတော့ပေ။

ဂျီမင်သည်အရှေ့မှာဆရာစာရှင်းပြနေသည်ကိုပင်မေ့နေပြီးအတွေးများစွားနှင့်လွှင်နေပြန်သည်။

တစ်ခါတစ်လေဂျောင်ကုကငါ့ကိုဘာလို့မချစ်ရတာလဲလို့စဉ်စားနေတတ်ပြီး၊တစ်ခါတစ်လေငါ့ကိုထယ်ကဘာလိုချစ်ရတာလဲဟုပြန်မေးနေတတ်သည်။

တစ်ခါတစ်ခါတွေးရင်းထရီမိတတ်ပါသည် သူတို့ဟာသူတို့ချစ်နေတာ၊သူတို့ဟာသူတို့မချစ်တာကိုငါကဘာလို့တွေးနေရတာလဲ?

"ပတ်ဂျီမင် မင်းကအရူးလား ငါစာသင်တာမှရီဆရာပါလို့လား ထွက်ခဲ့စမ်း တခြားအချိန်တွေလည်းဒီလိုပဲလုပ်နေတာလို့ ဆရာတွေကပြန်တိုင်ပေမဲ့ငါကမဟုတ်ဘူးထင်ခဲ့တာ မင်းတော့နာပြီပဲ"
ဒါကတော့အရပ်ရှည်ရှည်နဲ့ဆရာဆီမှသူစာရှင်းနေတာကိုထရီမိလို့ အဆူအငေါက်ခံရခြင်းပင်ဖြစ်သည်။

ʜ .ʏ . ᴜ . ɴ . ɢ...♡︎Onde histórias criam vida. Descubra agora