အပိုင်း-၂

561 68 0
                                    

13 /October/2020.

ဝန်ခံပြီးတစ်ပတ်အကြာ-

ကျွန်တော် ဂျောင်ကုကိုမျက်နှာမပြရဲလို့တစ်ပတ် တိတိ အိမ်တွင်းအောင်းနေခဲ့တယ်။ ကျောင်းလည်း ပျက်တာများပြီမလို့ဒီနေ့တော့ကျောင်းသွားတက်မှဖြစ်မယ်။ ပြီးတော့ဒီနေ့‌က ကျွန်တော့်မွေးနေ့လေ အွန်း ဘာပဲဖြစ်ဖြစ် မွေးနေ့လေးတော့ ကျွန်တော်ပျော်ချင်ပါသေးသည်။

သူကစကားမပြောခဲ့ရင်တောင် ကျွန်တော့်ဘက်ကစကားစပြောကြည့်မည်ဟုဆုံးဖြတ်ထားသည်။

ကိုယ့်အတွေးနဲ့ကိုယ်လမ်းလျှောက်လာရင်း ကျောင်းဂိတ်ဝတွင်မြင်လိုက်ရသောလူနှစ်ယောက် မျက်နှာချင်းဆိုင်အနေအထားကိုမှအရမ်းနီးကပ်နေတာမို့၊ကျွန်တော့်မေးရိုးတွေတင်းခနဲဖြစ်ပြီးမှသတိရလိုက်တာကသူကကျွန်တော်နဲ့ဘာမမှ မဆိုင်သေးဘဲ သူလွတ်လွတ်လပ်လပ်နေခွင့်ရှိတာကိုပင်"

မျက်နှာချင်းဆိုင်ရပ်နေတဲ့နှစ်ယောက်ထဲကတစ်ယောက်ကတော့ဂျွန်ဂျောင်ကုဆိုတာသေချာပါသည် ဒါပေမဲ့နောက်တစ်ယောက်ကတော့ ဂျောင်ကုရဲ့ အချစ်ဦးလို့ပြောရမလား၊သူအလယ်တန်းထဲကကြိတ်ကြိုက်ခဲ့တဲ့ နူနားဂျီအွန်း!

ဟက် လက်စသတ်တော့ကျွန်တော့်ကိုငြင်းတဲ့အကြောင်းအရင်းကသူဂျီအွန်းနူနားနဲ့တွဲချင်လို့ကို၊
ထိုမြင်ကွင်းကိုမြင်ရတဲ့ကျွန်တော့်အဖို့က ရင်နာဖို့အရမ်းကောင်းပြီးတစ်ဆက်တည်းမှာပင်ဘယ်ဘက်ရင်အုံကအောင့်တက်လာကာမျက်ဝန်း‌တွင် မျက်ရည်စများတွဲလဲခိုလာတော့သည်။

ကျွန်တော် ကျောင်းရှေ့တွင် တောင့်တောင့်ကြီးရပ်နေသည်ကို ဘယ်အချိန်ကတည်းကရပ်ကြည့်နေမှန်းမသိသော ထယ်ယောင်းသည်အနားလာကာ"ဂျီမင်ရာ မင်းကလည်းအဲ့လောက်အကြာကြီးဘာရပ်လုပ်နေတာလဲ သူများတွေကြည်နူးနေတဲ့မြင်ကွင်းကိုမင်းအားကျလို့လား? ဒါဆိုငါနဲ့အတူကြည်နူးလို့ရတယ်နော် ဘေဘီဂျီ ကိုယ်က Welcome ပဲ။

ကျွန်တော်လည်းဘယ်လိုမှမခံစားနိုင်‌ တော့သည့်အဆုံးထယ်ယောင်းရင်ခွင်ထဲဝင်ပြီးသာ အော်ငိုပစ်လိုက်ပါတော့သည်။
အိမ်ကအဘွားပြောတာကြားဖူးတာတော့ မွေးနေ့ငိုရင် တစ်နှစ်ပတ်လုံးငိုရတတ်တယ်တဲ့ မွေးနေ့မှာပျော်ပျော်ရွှင်ရွှနေမယ်ဟုအတွေးတွေအားလုံးလည်း ပျောက်ကုန်ပြီ။

ʜ .ʏ . ᴜ . ɴ . ɢ...♡︎Where stories live. Discover now