Chapter 32

2.2K 376 12
                                    

<Unicode>

အဲ့ဒီနေ့ကစလို့ သူက ကုသဖို့ဆိုပြီး ကျွန်တော့်ရုံးခန်းကိုလာတယ်။ သူက ကျွန်တော့်ကိုသူ့ဒဏ်ရာကြည့်ပေးပြီး ဆေးပေးစေချင်တာ။

"မျက်လုံးကိုဖွင့်ပြီးကြည့် ဒါက တိရစ္ဆာန်ကုဆေးခန်း။"

ငါတည်တည်ငြိမ်ငြိမ်နဲ့ သူ့ဘေးက ဆေးခန်းတံခါးကို ညွှန်းပြလိုက်တယ်။

သူကပြောတယ်။ "ကိုယ်က သူစိမ်းလူတွေဆီကကိုင်ခံရတာမကြိုက်ဘူး။"

"တဆိတ်လောက်။ ကျွန်တော်တို့ကလဲ သူစိမ်းတွေပဲမဟုတ်ဘူးလား။"

သူက ကျွန်တော့်ရဲ့ စိတ်ထဲကစကားသံကိုကြားသွားပုံရပြီး ရှင်းပြတယ်။ "မင်နဲ့အတူရှိတဲ့ အတွေ့အကြုံအရဆို ကိုယ်စိတ်မပူဘူး။"

"အိုကေလား။ ကျွန်တော်က ဘယ်လိုလုပ်ခင်ဗျားနဲ့အတွေ့အကြုံရတာလဲ။ ခင်ဗျားက ဘာကိုစိတ်ပူရတာတုံး။" ကျွန်တော် သူ့ကိုပြောမပြီးခင် သူက ခုတင်ပေါ်လှဲချလိုက်တယ်။ အဲ့ဒါကတိရစ္ဆာန်အကြီးတွေအတွက် ခုတင်ဖြစ်တာမို့ သူအတွက်လှဲချလို့ရအဆင်ပြေတယ်လေ။ ဘာမှလုပ်စရာအများကြီးမရှိပါဘူး။ ပတ်တီးလဲပေးရုံပဲ။ နှစ်ယောက်လုံးက ယောကျ်ားသားတွေပဲသူ့ဘောင်းဘီကိုနောက်တွန်းလိုက်ပြီး ကျွန်တော့်စိတ်တွေကပဲ မဖြူစင်သလိုမျိုးကြည့်လာတယ်။

ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ဆောင်ပုံပြိုကွဲသွားကြောင်းသက်သေပြလို့နေတယ်။

သူ: ကိုယ်ဘောင်းဘီကိုချွတ်သင့်လား ဒါမှမဟုတ် မင်းကိုယ့်ကို ကူပေးမှာလား။

ကျွန်တော်: ဆရာဝန်က အရမ်း အာရုံစိုက်စရာလိုလို့လား။

သူ: မင်းကိုယ့်ကို အတွင်းခံချွတ်စေချင်လား။ ဒဏ်ရာကအထဲမှာလေ။

ကျွန်တော်: မလိုဘူး။ ဘောင်းဘီကိုပဲနည်းနည်း မ ထား။

"အစ်ကိုကြီး ခင်ဗျားကအရမ်းထူးဆန်းတာပဲ။ တင်ပါးခွက်ရိုးနားကို ဒဏ်ရာရတဲ့အချိန်မှာ ဘာလို့အတွင်းခံချွတ်ဖို့စဥ်းစားရတာတုံး။"

သူ : ကောင်းပြီလေ။

"ဘာလို့သူ့မျက်နှာမှာ ဝမ်းနည်းတဲ့ပုံဖြစ်နေရတာတုံး။"

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now