Chapter 23

2.6K 459 12
                                    

<uni>

ဖျင်ဟိုင်းတိရစ္ဆာန်ရုံ တရားဝင် weibo (၄)

weibo အသစ်: ဝံပုလွေဘုရင်က သင်းအုပ်ဆီပြန်သွားပြီး ခွေးလေးကို ရာစုနှစ်ကြာအနမ်းလေးနဲ့ နှုတ်ဆက်သွားပါတယ်။

[ဒါက ငါ့ ဝံပုလွေခွေး Cp ရဲ့အဆုံးသတ်ပဲလား။]

[ရာစုနှစ်ကြာအချစ်ကိုမလိုချင်ဘူး။ ငါ HE နဲ့ ကွတ်ကီးပဲလိုချင်တယ်။(ချိုမြိန်ပြီးချစ်စရာကောင်းတဲ့ဇာတ်လမ်း)]

[ဝူးး ဝံပုလွေခွေးဇာတ်လမ်းလေးက အွန်လိုင်းက ငါ့ကောင်မလေးအတွက် မျက်ရည်စို့နင့်စရာဖြစ်ခဲ့တယ်။]

[ခွေးလေး ဝံပုလွေဘုရင်နောက်ကို ပြေးလိုက်တဲ့အပိုင်းကို ကြည့်တော့ ငါအသက်တောင်အောင့်မိတယ်။]

[နှုတ်ဆက်အနမ်း၊ ဝံပုလွေက အလားကားကောင်လားကွ။]

[အလကားဝံပုလွေဘုရင် ပြန်လာအုံးမှာလား။]

[ဝံပုလွေဘုရင်ရေ နင့်ဇနီးလေးကိုပြန်လှည့်ကြည့်ပါအုံး။]

[ထောက်ခံတယ် +၁]

[ငါ ဝံပုလွေခွေး အချစ်ကိုဂရုမစိုက်ဘူး။ တိရစ္ဆာန်ရုံက ဥယျာဥ်ကို အားပေးထောက်ခံမှုရအောင် အများကြီးအားထုတ်ထားပြီး ဥယျာဥ်ကို ဆက်ဖွင့်အုံးမှာလားလို့မေးချင်တယ်။ ဝံပုလွေဘုရင်တစ်ကောင်ပဲ ထွက်သွားတာဆို အရှုံးပေါ်မသွားဘူးလား။]

[ဝံပုလွေ ခွေးလေးကို မျက်နှာရိုက်တာကြည့်မိတော့ ဝံပုလွေဘုရင်က ခွေးးလေနဲ့ ချစ်ကျွမ်းဝင်ခဲ့တာလား။ အစာကွင်းဆက်အောက်က တိရစ္ဆာန်တွေရက်စက်ကြမ်းကြုတ်တဲ့ ကစားခြင်းမဟုတ်တာသေချာရဲ့လား။]

စောင့်ကြည့်မှတ်တမ်း ၁၃

မွေးမြူ​ရေးသမား A: "အချက်အလက်တွေရို​က်ကူးထားတာတောင်။ အွန်လိုင်းလူထုရဲ့အထင်အမြင်က အရမ်းကြီးမကောင်ဘူး။"

မွေးမြူရေးသမား B: "ထင်ထားတဲ့အတိုင်းပဲ။"

မွေးမြူရေးသမား C: "တိရစ္ဆာန်ရုံ ခေါင်းဆောင်တွေက ဝံပုလွေနဲ့ခွေး ဥယျာဥ်က်ု ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့ဖိအားများနေတယ်။ ဘာလုပ်သင့်လဲ။"

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now