Extra

9.8K 477 45
                                    

ခက်ခဲအခုရက်ပိုင်းဘာကြောင့်လဲမသိစိတ်တွေလေးနေတယ်။ကြယ်ကိုလည်းအခုနောက်ပိုင်းမတွေ့ရတော့ဘူး။ခက်ခဲသိပါတယ်ကြယ်သူ့နောက်ကိုအမြဲလိုက်နေတာ။ဒါပေမဲ့ခက်ခဲလျစ်လျူရှုထားမိတယ်။ခက်ခဲကွာရှင်းဖို့ရွေးချယ်ပြီးပြီးလေအခုခက်ခဲဘေးနားမှာလည်းချစ်တဲ့သူရှိနေပြီး။နောက်ကျမှကြယ့်ကိုသွားတောင်းပန်ရမယ်လို့တွေးနေတုန်းးးး

ဒေါက်...ဒေါက်...ဒေါက်

"ဝင်ခဲ့''

"ဟေ့ကောင်''

"ဝဏ္ဏ..လာ''

"မင်းကေသာနဲ့ပြန်တွဲနေတာလားခက်ခဲ''

"အင်း''

"ဟာ..မမိုက်လိုက်တာကွာ..မင်းမှာကြယ်ရှိနေတယ်လေကွာ''

"ကွာရှင်းလိုက်ဲပီး''

"ဘာာ''

"မင်းးမင်းကိုကြယ်ကဒီလောက်ချစ်တာကိုမင်းမို့လို့လုပ်ရက်တယ်''

"ငါမှမချစ်တာကြယ့်ကို''

"သေချာလား''

"ဘာကိုလဲ ''

"ကြယ့်ကိုမချစ်တာ''

"ငါ...ငါမသိဘူးကွာ..၊ပြီးတော့ကေသာကိုငါချစ်တယ်''

"အေးးးမင်းစိတ်မင်းမသိနဲ့....မင်းနောင်တမရရပါစေနဲ့လို့တော့ငါဆုတောင်းပေးမယ်''

"ငါသွားတော့မယ်''

ခက်ခဲဝဏ္ဏထွက်သွားတာနဲ့Sofaနောက်ကိုမှီချလိုက်ကာ

"ကျစ်..နောင်တတဲ့..''

သူကိုယ်တိုင်လည်းမသိတော့ဘူး။ဒါပေမဲ့ခက်ခဲဘေးနားမှာကြယ်မရှိတဲ့ရက်တွေမှာကြယ့်ကိုသတိရတယ်။သူ့အတွက်ဆိုရင်အမြဲတမ်းပြုံးပေးနေတဲ့ကြယ့်ကိုသူသိပ်သတိရနေမိတယ်။

ring..ring..ring

"Hello daddy''

"အခုချက်ချင်းအိမ်ပြန်လာခဲ့''

"ဟုတ်''

ခက်ခဲDaddyခေါ်လို့အိမ်ရောက်တော့daddyနဲ့အတူရှေ့နေပါရှိနေတယ်။ခက်ခဲလည်းဝင်ထိုင်လိုက်ရော

"CEOခက်ခဲအတွက်လင်းကြယ်​ရောင်ပေးခိုင်းလိုက်တာပါ''

ခက်ခဲရှေ့နေပေးတဲ့စာအိတ်ကိုဖွင့်ကြည့်လိုက်တော့..ကွာရှင်းစာချုပ်တဲ့။သူကိုကြယ်လက်မှတ်ထိုးပေးလိုက်ပြီးးနောက်ဆုံးသူလိုချင်နေတဲ့ဟာကိုရလာပြီးလေဘာဖြစ်လို့မပျော်ရတာလဲ။ဘာဖြစ်လို့သေချာပေါက်ဆုံးရှုံးသွားပြီးဆိုတဲ့ခံစားချက်ကိုရနေတာလဲ။

မောင်....စေရင်(Oneshot)Where stories live. Discover now