Ep-1

7.8K 468 8
                                    

နေမင်းကြီးကလည်းသူ့ရဲ့တစ်နေ့တာအလုပ်ကိုလုပ်ဖို့ထွက်ပေါ်လာသလို၊လူတွေကလည်းသူတို့ရဲ့တစ်နေ့တာကိုဖြတ်သန်းဖို့လှုပ်ရှားနေကြတော့တယ်။ထိုလူတွေထဲမှာလည်းလင်းကြယ်ရောင်ဆိုတဲ့ကောင်လေးတစ်ယောက်အပါအဝင်ပေါ့။သူများတွေကသူ့တို့တစ်နေ့တာအလုပ်ကိုလုပ်တဲ့အချိန်..ကြယ်လည်းကြယ့်ရဲ့တစ်နေ့တာအလုပ်ဖြစ်တဲ့မောင့်ဆီကိုသွားရမယ်။ကြယ့်နာမည်ကလင်းကြယ်ရောင်။မိန်းကလေးတွေထက်ချစ်ဖို့ကောင်းတဲ့မျက်နှာလေးရှိပြီးအသားကဖြူဖွေးလွန်းတာကြောင့်အကြောစိမ်းလေးတွေတောင်မြင်နေရတယ်။ပါးချိုင်းနှစ်ဖက်လည်းပါတယ်လေ။တစ်ချို့လူတွေကတော့ကြယ့်ကိုမိန်းကလေးလို့ထင်ကြတယ်လေ။ကြယ်ကယောကျာ်းလေးတသ်ယောက်ပါလို့ပြောမှ

''အော်..ယောကျာ်းလေးလား"တဲ့'လေ။

ကြယ်တွေးနေတုန်းမှာဘဲ....

ring..ring..ring

"Helloမောင်''

"မလာသေးဘူးလားလင်းကြယ်ရောင်''

"ဟင်..9နာရီဘဲရှိသေးတယ်လေမောင်''

"ဘာ..မင်းရဲ့အလုပ်ကငါဘယ်အချိန်ဘဲလာခိုင်းလာခိုင်းလာရမယ်ဆိုတာမသိဘူးလားး''

"အင်းပါမောင်ရယ်..ကြယ်အခုလာပြီးနော်''

"ဒါဘဲ''

ကြယ်ကျသွားတဲ့ဖုန်းလေးကိုကြည့်နေမိတယ်။မောင်..ဟုတ်တယ်ကြယ့်ရဲ့ရှင်သန်ရာဖြစ်တဲ့မောင်။ကြယ့်ရှင်သန်ရာလေးရဲ့နာမည်ကခက်ခဲမောင်တဲ့လေ။ကြယ်မောင်နဲ့ချစ်သူဖြစ်တာသုံးလရှိပြီး။မောင့်အသက်က21နှစ်ကြယ်နဲ့တူတူဘဲ။မောင်ကStar Companyပိုင်ရှင်လေ။အင်းးးးကြယ်ကတော့မောင့်လိုမချမ်းသာဘူးး။ကြယ့်Mommyနဲ့Daddyကနိုင်ငံခြားမှာအလုပ်လုပ်နေကြတယ်။ကြယ်ငယ်ငယ်လေးကတည်းကဘဲ။ကြယ့်မှာတွယ်တာစရာဆိုလို့မောင်တစ်ယောက်ဘဲရှိတယ်။ကြယ်အတွက်တော့မောင်ကကြယ့်အသက်ရှင်နေရတဲ့အကြောင်းပြချက်ဖြစ်သလောက်မောင့်အတွက်တော့ကြယ်ကလိုသုံးတစ်ခုထက်မပိုဘူး။လိုသုံးးးတဲ့..မောင်လိုရင်ကြယ့်ကိုသုံးပြီးမောင်မလိုရင်တော့ကြယ်ကအဝေးတစ်နေရာကနေမောင်ကြယ့်ကိုအသုံးလိုတဲ့အချိန်ကိုစောင့်နေရတယ်။ကြယ်တွေးနေရင်မောင်ကြယ့်ကိုမစောင့်နေမှာစိုးလို့အမြန်ပြင်ဆင်ကာမောင်ချိန်းထားတဲ့ကော်ဖီဆိုင်ကိုထွက်လာခဲ့လိုက်တယ်။ဟိုရောက်တော့မောင်ကထောင့်နားကဝိုင်းမှာခြေတစ်ဖက်ချိတ်ထိုင်ပြီးဖုန်းကြည့်နေတယ်။ကြယ်မောင်ရှိတဲ့ဝိုင်းကိုသွားပြီးမောင့်အရှေ့ကခုံလေးမှာထိုင်လိုက်တဲ့အထိမောင်ကဖုန်းကြည့်နေတုန်းဘဲ။ကြယ်သူ့ရှေ့မှာရှိတဲ့မောင့်ကိုကြည့်နေမိတယ်။မောင်ကအရမ်းချောတာဘဲ။Gymဆော့လွန်းသောကြောင်မောင့်ရဲ့လက်မောင်းတွေကြီးပြီးရင်အုပ်ကလည်းကျယ်နေရော။ကြယ့်အရပ်က5'3''ဘဲရှိသလောက်မောင့်အရပ်က6'5''တောင်ရှိတော့ကြယ်နဲ့မောင်ရဲ့ခန္တာကိုယ်အရွယ်အစားကအရမ်းကွာတယ်။မောင်နဲ့ယှဉ်ရပ်လိုက်ရင်ကြယ်ကမောင့်ရင်ခွင်သာသာဘဲရှိတယ်။

ခက်ခဲလင်းကြယ်ရောင်ရောက်လာတာသိပါတယ်။ရောက်လာတာကြာတော့အမြင်ကပ်ကပ်နဲ့မခေါ်ဘဲဂိမ်းသာဆော့နေလိုက်တယ်။ခနကြာတော့ကြည့်လိုက်တော့ခက်ခဲကိုငေးကြည့်နေတာတွေ့တော့

"မင်းငေးလို့ပြီးအုံးမလားးဒီနေ့''

ကြယ်မောင့်ကိုငေးကြည့်နေတုန်းမှာဘဲမောင်ကစကားပြောလာတော့

"ဟီးဟီးးမောင်ကချောတာကိုးး''

"မနက်ဖြန်အပြင်သွားမယ်လို့ပြောထားတာမသွားဖြစ်တော့ဘူး။ငါမအားဘူးး''

"ဟင်...မောင်အရေးကြီးလို့လားဟင်..မသွားလို့မရဘူးလားမောင်''

ခက်ခဲလင်းကြယ်ရောင်ရဲ့စကားကြောင့်

"ကျစ်..ငါမအားလို့မအားဘူးပြောတာပေါ့..အကယ်၍အရေးမကြီးရင်တောင်ငါမင်းကိုအချိန်မပေးနိုင်ဘူးး''

"မောင်..ငါကမောင့်ချစ်သူနော်''

"အေးးးးမင်းဘက်ကတော့ချစ်သူပေါ့..မင်းသိထားရမှာကငါချစ်တဲ့သူတစ်ယောက်ဘဲရှိတယ်ဆိုတာဘဲ။မင်းကငါ့အပျင်းပြေဆော့တဲ့အရုပ်တစ်ရုပ်ကလွဲပီးဘာမှမဟုတ်ဘူးလင်းကြယ်ရောင်''

"မောင်...ငါ့..ငါ့ကိုနည်းနည်းလေးလောက်ဘဲချစ်ပေးလို့မရဘူးလား''

"မရဘူးးးးငါကမင်းလိုgayမဟုတ်ဘူးး။ပြီးတော့ငါဘာလို့မင်းကိုတွဲလဲဆိုတာမင်းမမေ့နဲ့ဉီးးးငါသွားပြီးး''

ကြယ်ထွက်သွားတဲ့မောင်ကျောပြင်ကိုငေးကြည့်ပြီးး

"ဟူတ်တယ်ငါဆိုတဲ့ကောင်ကမောင့်အတွက်ဘာမှမဟုတ်ဘူး။ငါနဲ့ချစ်သူဖြစ်တယ်ဆိုတာကလဲငါတောင်းဆိုလို့ဖြစ်တာ။မောင့်ကောင်မလေးကမောင့်ကိုထားပြီးနိုင်ငံခြားထွက်သွားတော့မောင်းကအရမ်းနာကျင်နေတယ်။နာကျင်နေတဲ့မောင့်ဆီသွားပြီးးးနာကျင်တဲ့မောင့်နှလုံးသားအတွက်ငါ့ကိုအသုံးချပါ။ငါမောင်ဘေးနားမှာမောင့်ချစ်သူတစ်ယောက်အဖြစ်ရှိနေခွင့်ပေးပါလို့အရှက်မရှိတောင်းဆိုခဲ့တယ်။မောင်ကလည်းးးငါ့ကိုအသုံးချပြီးတွဲခဲ့တယ်။ဟုတ်တယ်မောင်ကငါ့ကိုမချစ်ဘူး။ငါ့ကမောင့်အတွက်တော့လိုသုံးတစ်ယောက်ပါဘဲ။ကြယ့်ရဲ့ရှင်သန်ရာကမောင်ဖြစ်သလောက်မောင့်ရှင်သန်ရာကတော့ကြယ်မဟုတ်ဘူးလေ။''

မောင်....စေရင်(Oneshot)Where stories live. Discover now