ကျွန်တော့် ချုပ်ရိုးကလည်း မကျက်သေးတာကြောင့် ဆေးရုံမှာပဲ အချိန် ကုန်ဆုံးခဲ့ရတယ်
လမ်းလည်း လျှောက်လို့မရ ပက်လက်ပဲလှဲနေရတယ်
အရင်ထဲက ကိုကို အလုပ်သွားရင် တစ်ယောက်တည်းနေရတာ အကျင့်ရနေပြီဆိုပေမဲ့ အခုဟာက ဘာမှ လှုပ်လှုပ်ရှား မလုပ်ရတာမို့ ပျင်းရိပြီး ထိုင်းမှိုင်းနေတယ်
အဲ့ အချိန်
" လျှံ " ဆိုတဲ့ စကားသံကြောင့် ကိုကို ထင်ပြီး ဝမ်းသာစွာကြည့်လိုက်တော့ ကိုညီဇော် ဖြစ်နေတယ်
ကိုကိုက သူ့ကို အမြင်ကြည်ပါ ဘာလို့ဆိုတဲ့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံကို ကိုကို ကတော့ မပြောပြပါ
" အော် , ကိုညီ ဝင်လေ "
" သက်သာရဲ့လား "
" သက်သာပါတယ် ခင်ဗျ "
" ဆရာက ဘေးနားမှာ ရှိပေးရမှာ မဟုတ်ဘူးလား "
" ကိုညီလည်း သိသားနဲ့ကို ခင်ဗျာ ကိုကိုက အလုပ် တွေ ပိနေတာကို "
" ဘာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူ ဒုက်ခ ရောက်နေချိန် အနားမှာ ရှိပေသင့်တယ် မှတ်လား , ရုံးမှာများ တစ်ခြားကောင်မလေးတွေ နဲ့ ခြေရှုပ်နေလို့လား " အဲ့လူစကားတွေကြောင့် ကျွန်တော်တွေဝေသွားခဲ့တယ် ဒါပေမဲ့ ကိုကိုက အဲ့လိုလူ မဟုတ်ဘူးဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်
" ကိုကို တကယ် အလုပ်ရှုပ်နေလို့ ပါ "
" အရမ်း မယုံနဲ့ အုံး ဒုက်ခ ရောက်မယ်နော် "
" ဒီမှာ ခင်ဗျားက အားး " အဲ့လူကို ပြောချင်စောလောပြီး ချက်ချင်းထမိလိုက်တာကြောင့် ကျွန်တော့် ဒဏ်ရာက နာကျင်လာခဲ့တယ်
" ငယ် မင်းအဆင်ပြေရဲ့လား "
" ပြေပါတယ် ခင်ဗျား လက်သာဖယ် နောက်တစ်ခါ ငယ်လို့ ခေါ်စရာ မလိုဘူး " လို့ ပြောနေချိန်
" လျှံ , ကလေးလေး ဘာဖြစ်လို့လဲ " ဆိုတဲ့ အသံနဲ့ အတူ ကိုကို ရောက်လာခဲ့တယ်
" လျှံ မေ့ပြီး ထလိုက်တာ ဒဏ်ရာနာသွားလို့ ကိုကို "
" အယ် ဒီကလေးကတော့ ပေါ့တီးပေါ့ပျက်နဲ့ , ဒါနဲ့ ညီဇော်က ဘာလာလုပ်တာလဲ "
YOU ARE READING
အမိန့်တော် (Completed)
Non-Fiction18+ ပါဝင်မှုများမှာ ဖြစ်လို့ မဖတ်ချင်တဲ့သူများရှိရင် ကျော်သွားလို့ရပါတယ်ရှင်