အပိုင်း (၃) 🔞🔞

5.7K 109 1
                                    

" ကိုကို "

" ခင်ဗျာ "

"  မနက်ဖြန် လျှံ uni တက်မယ်နော် "

" အင်း သွားလေ , ဒါပေမဲ့ ကောင်မလေးတွေ နဲ့ မရောနဲ့ နော် , ကောင်လေး တွေရောပဲ "

" နောက်ဆုံးနှစ်တောင် ရောက်နေပါပြီနော် , အခုထိ ဘယ်သူငယ်ချင်းမှ မရှိတာ ကိုကို အသိဆုံးပဲကို "

" ဒါပေမဲ့ ကိုကို က ကလေးကို စိတ်မချဘူး ဒီလောက်လှပြီ ချစ်စရာကောင်းတဲ့ ကောင်လေးကို သူတို့က အတင်းတွေ လိုက်ကပ်နေကြမှာလေ "

" ကိုကို ကလည်း လျှံမှ အကပ်မခံတာ ကို "

" ဟုတ်ပါပြီ ဗျာ , အိပ်ချင်နေရင် ကိုယ်ပေါင်ပေါ် လာအိပ်နော် "

" မအိပ်ချင်သေးပါဘူး "

" ဒါဆို ကိုယ့်ကို ပေါင်ပေါ်လာထိုင် "

" မထိုင်ပါဘူး ဆိုဖာ ရှိတာကို " လို့ ပြောနေချိန် သူရဲ့ အားသန်သော လက်မောင်း နှစ်ဖက်နဲ့ အတင်းပွေ့ချီကာ သူပေါ‌င်ပေါ်၌ ကျွန်တော့်ကို တင်ထားတော့တယ်

" ကိုကို ကလေ အမြဲ ဇွတ် "

" ဘာဖြစ်လဲ ကိုယ့်ကလေး ကို ချစ်လို့ " လို့ ပြောနေချိန်

" ဆရာ , လက်မှတ်ထိုးခိုင်း စရာလေး ရှိလို့ ပါ " ဟုဆိုကာ ကောင်လေး တစ်ယောက် ဝင်လာခဲ့တော့တယ်

အဲ့ကောင်လေးက ကျွန်တော့်ရဲ့ အင်ဂါကို  စိုက်ကြည့်နေတာကြောင့် ကိုကို ရင်ခွင်ထဲကို ဝင်နေမိတော့တယ်

" ကိုကို "

" နောက်ခါ ကျ အတိုတွေ မဝတ်နဲ့ သူများ ပစ်မှားချင်စရာကောင်းအောင် "

" ဒါကို ဘယ်သူဝတ်ပေးတာလဲ ပြောလေ , ဘယ်သူအတင်းဝတ်ပေးတာလဲ " လို့ ပြောပြီး နှုတ်ခမ်းလေး ဆူပြီး စိတ်ကောက်နေတဲ့ အမှုအရာလေးက ကျွန်တော့်အတွက် အသည်းယားစရာကောင်းလွန်တယ် ထို့ကြောင့် စိတ်မထိန်းနိုင်ကာ နှုတ်ခမ်းလေးဆူရင်ဖောင်းလာတဲ့ ပါးလေးကို အသာလေး ကိုက်လိုက်မိတော့တယ်

" ဟင့် , နာသွားပြီ "

" ကိုကို က အသည်းယား လို့ ပါ "

" အသည်းယားတိုင်း ကိုက်စရာလား "

" ဒါပေါ့ ကလေးလေးက အသည်းယားအောင် လုပ်တော့ ကိုကိုက ကိုက်လိုက်တာပေါ့ "

အမိန့်တော် (Completed)Where stories live. Discover now