Zawgyiဂျွန်မင်းသားလေးပြန်သွားခဲ့လည်း မင်းသမီးလေးက အငိုလုံးဝမရပ်ခဲ့ပါ။နန်းတွင်းသူများကတော. အငိုတိတ်အောင်သာ ချော့ရတော့သည်။
အငိုတိတ်ပြီး အိပ်ပျော်သွားခါမှ နန်းဆောင်ထဲ ခေါသွားကာ ပုခက်ထဲထည်ြ့ပီး သိပ်လိုက်ရတော့သည်။
ဂျွန်မင်းသားလေးလည်း ရထားလုံးပေါရောက်ကတည်းက မပျော်ခဲ့။သူကို မမှတ်မိရင် ဘယ်လိုလုပ်မလဲ။ဘယ်လိုပဲ ဖြစ်ဖြစ် သူ အဲ့မိန်းကလေးကို သေချာပေါက် လာခေါပါအုံးမည်။
************************************
4 years later
==========="ချွမ်... ရွှင်..ချွမ်"
"သားတော်ရေ ဓားကြီးနဲ့ အချိန်တိုင်းလေ့ကျင့်မနေနဲ့လေ..သာလေးက ငယ်သေးတယ်"
"သားက ခုနစ်နှစ်ကျော်လို့ ရှစ်နှစ်တောင် ပြည့်တော့မှာကိုး ဘာကို ငယ်တာလဲဗျ"
"ဟုတ်ပါပြီရှင် ခုတော့ မုန့်လာစားလိုက် ဟုတ်"
ဂျွန်မိဘုရားကြီးယူလာသည့်မုန့်တွေက စားချင်စရာကောင်းလွန်းလှသည်။ယခုမှာ သားမိနှစ်ယောက် ခဏတာ ပျော်ပွဲစားထွက်လာခြင်းဖြစ်သည်။ဖျာပေါကို ကျလာသော ချယ်ရီပန်းပွင့်လေး တပွင့်ကို မြင်သည့်အခါ သူ အရာတခုကို မှတ်မိသွားတယ်။ထိုအရာလေးကို မမြင်ရသည်မှာ ကြာပေါ့။သူအမြဲလွမ်းနေခဲ့ရတဲ့ သူလေးက သူကို မှတ်တောင်မှတ်မိပါတော့မလားမသိ။ သူကတော့ နေ့နေ့ညညလွမ်းပါသည်။ သူရဲ့ချယ်ရီပန်းလေးကို မတွေ့ရသည်မှာ လေးနှစ်ပင် ရှိတော့မည်။ခုဆို သူရဲ့ချယ်ရီပန်းလေးက လေးနှစ် ပြည့်ခါနီးပြီလေ။
ခမည်းတော် နှင့် မယ်တော်က ကင်မ်တိုင်းပြည်က မထွက်ခွာခင်တွင် အားတိုင်း လာလည်လို့ရသည်ပြေါခဲ့သောလည်း
သူမှာ လည်ခွင့်မရှိခဲ့ပါ။
သူချယ်ရီပန်လေး မွေးနေ့တွေကိုလည်း ကင်မ်တိုင်းပြည်က ဖိတ်ကြားသည်။သူရဲ့ ခမည်းတော်နှင့် မယ်တော်ကလည်း သွားပါသည်။တချို့နှစ်တွင် မအား၍ သံတမန်ကိုသာ လွှတ်သည်ကိုလည်း ရှိပါသည်။
ဘယ်လိုပြဲဖစ်ဖြစ် သူချယ်ရီပန်းလေးဆီကို သူမသွားရောက်နိုင်ပါ။
မွေးနေ့ပွဲတွေဖိတ်သောအခါ သွားချင်သည်ဟု အမျိုးမျိုးအပူကပ်သော်လည်း မရ။
စာတွေသာ ဇွတ်သင်နေခဲ့ရသည်။
သူကတော့ အရမ်းလွမ်းသည်ပင်။
ချယ်ရီပန်းလေးက ခုဆိုရင် လမ်းတောင် လျှောက်တတ်နေလောက်ပြီ။
သူလမ်းလျှောက်တဲ့ ပုံစံလေးတွေကို သြူကည့်ချင်ပါသည်။
YOU ARE READING
MY QUEEN
Historical Fictionငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ချစ်ဦးချယ်ရီပန်းလေးမို့ မင်းကို အသက်ထက် ချစ်မြတ်နိုးရပါတယ် ကိုယ်ရဲ့ မိဘုရားငယ်။ ကြီးသည်အထိ ခိုင်မြဲသွားတဲ့ ကိုယ္တို့ရဲ့ အချစ်တွေကို ဖော်ပြဖို့အတွက် ချယ်ရီပန်းလေးတွေက အကောင်းဆုံးသက်သေပါပဲ။ ...