PART 1

1.1K 81 0
                                    

Zawgyi

လပြည့်ညလေးတည ချယ်ရီပန်းတို့ပွင့်သည့်ရာသီ။
သစ်ရွက်တို့မှာ အချင်းချင်းတိုက်ခိုက်နေသည့်အလား ရှဲ ရှဲ ရှဲ နှင့် မြည်နေသည်။

နန်းဆောင်တခုလုံးမှာလည်း အလုပ်ရှုပ်နေကြရသည်။ကင်မ်မင်းကြီးက အရမ်း စိတ်ပူနေသလို အငြိမ်မနေ။အထိန်းတော်ကြီးမှာတော့ စိတ်အေးအေးထားရန် ပြေါနေရသည်။မင်းကြီး၏ မိဘများနှင့် ယောက်ခမတို့မှာတော့ ဒီတိုင်းထိုင်စောင့်နေကြသည်။မင်းကြီးက သူ၏အချစ်ဆုံးမိဘုရားအတွက် အရမ်းစိတ်ပူနေသလို မကြာခင် ရောက်လာတော့မည် အရာတခုအတွက်လည်း စိတ်လှုပ်ရှားနေခဲ့သည်။

အစေခံတွေက နန်းဆောင်ထဲ ဝင်လိုက် ထွက်လိုက်နှင့်ပင်။

"မိဘုရားကြီး...အားတင်းထားပါ...မိဘုရားကြီး..."

မင်းကြီး သူ့မိဘူရားအတွက် အရမ်းပင်စိတ်ပူနေသည်။
သူ့မိဘုရားနာကျင်နေသည့်အသံတွေကို သူမကြားချင်ပါ သို့သော် နာကျင်မှုအတွက် ပြန်ရလာမည့် အရာကိုလည်း သူလိုချင်မိသည်။

အချိန်အတန်ကြာပြီးနောက်တွင်တော့

"အူဝဲ..အူဝဲ..အူဝဲ"

အသံလေးသည် နန်းတော်တခုလုံးထဲသို့ ဝင်ရောက်သွားခဲ့၏။
လူတိုင်း၏နလုံးသားကို ညို့ယူသွားခဲ့သည်။

ထူးဆန်းသည့်အရာများသည် ကလေးလေး လောကထဲရောက်လာသည်နှင့် ဖြစ်ပေါလာခဲ့သည်။
အသံလေး ပတ်ဝန်းကျင်သို့ ပျံနှံသွားသည့်အချိန်မှာပင် ကြယ်များသည် သိသိသာသာ ပိုတောက်ပလာခဲ့သည်။ရေကန်ထဲ၌ ရှိသော ကြာပန်းများသည် ညဘက်တွင်ပင် ဖူးပွင့်လာခဲ့သည်။ချယ်ရီးပန်းတို့သည် လန်းဆန်းလာခြဲ့ပီး တောက်ပနေခဲ့သည်။အထူးဆန်းဆုံးမှာ နှစ်ငါးရာမပြည့်သေးပဲ နှစ်ငါးရာမှ တခါပျံလေ့ရှိသော ဇာမဏီငှက်မှာ ပျံသန်းလာခဲ့သည်။

မင်းကြီးမှအစ လူအားလုံး မှင်သက်နေမိသည်။ထူးဆန်းလွန်းသည်မဟုတ်လော။ကံကောင်းခြင်းတွေများလား။

သတြိပန်ဝင်လာချိန်မှာတော့ မင်းကြီးခဗျာ မျက်ရည်ပင် ဝဲနေလေပြီ။သူ၏ရင်သွေးလေးသည် လောကကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။ထြို့ပင် ထိုသွေးသားသည် သူ့၏ပထမဆုံး ရင်သွေးဖြစ်၏။အရင်တုန်းက မိဘုရားကို ချစ်သလို အခုအခါ သူ၏အချစ်တွေကို ရင်သွေးလေးဆီသို့ ခွဲဝေပေးရတော့မည်။ကလေးလေးကို အရာရာတတ်မြောက်တောင် သင်ပေးရတော့မည်။ သူသည်ဖခင်တယောက် ဖြစ်လာလေပြီ။

MY QUEENWhere stories live. Discover now