Uni-9

1.2K 66 9
                                    

*အသက်12ပြည့်သွားပြီဖြစ်တဲ့ဝမ်ရိပေါ်က ပုံစံအနည်းငယ်လေးတော့ပြောင်းလဲလာခဲ့တယ်*

*ဂုတ်တစ်ဝက်လောက်ရှိတဲ့ဆံပင်ရယ် ရှောင်းကျန့်အပေါ်ဂျစ်တိုက်တက်တဲ့အကျင့်တစ်ခုရယ် ရှေ့ကမဆိုသလောက်လေးပူလာတဲ့ဗိုက်သေးသေးလေးရယ်....*

*ခုလဲရိပေါ်ကရှောင်းကျန့်ကိုဂျစ်တိုက်ဖို့ ရှောင်းကျန့်ရှိရာ စာကြည့်ခန်းထဲကိုဝင်လာခဲ့တယ်*

"Daddy~~~~"

*သံရှည်ဆွဲခေါ်လိုက်ပြီး ရှောင်းကျန့်ထံရောက်လာတဲ့ ဝမ်ရိပေါ်.....ခုလဲရှောင်းကျန့်ပေါင်ပေါ်တက်ကာ ဖားလေးလိုဖက်ထားတဲ့ရိပေါ်*

"ကဲပြော ဘာအလိုရှိပြန်တာလဲ.."

"ဟွန့် သားက ပင်ပန်းလို့လာတာကို ဒယ်ဒီကလဲသားကပ်တိုင်းတစ်ခုခုလိုလားချည်ပဲ"

"ဟောဗျာ ခများလေးပဲလိုချင်ရှိရင် အနားကပ်တာလေ ကျန်တဲ့ချိန် ဖအေခေါ်တာတောင် ခေါ်ရလို့လား ပြော..."

"ဟီး အဲ့တာကအဲ့လိုရှိပါတယ်ဒယ်ဒီကလဲ..."

"ဟုတ်ပါပြီကွာ ကဲခုလဲဘာဖြစ်ပြန်ပြီတုန်း"

"သားနေရတာတစ်မျိုးကြီးပဲဒယ်ဒီ တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ လူကလဲနုံးချိချိကြီး"

"မှန်းစမ်းနေကောင်းမဘူးလား ဟမ်"

*ပြောလဲပြော ဝမ်ရိပေါ်နဖူးကိုစမ်းလိုက်တဲ့ ရှောင်းကျန့်*

"ကိုယ်တွေနွေးနေပါလားရိပေါ်ဟမ် ရေတွေအကြာကြီးချိုးပြန်ပြီလား "

"မချိုးပါဘူး Daddyကလဲ~"

"DADDYကိုလိမ်ပြန်ပြီလား ရိပေါ်  ရေအကြာကြီးချိုးတဲ့အပြင်ခေါင်းလျှော်ထားတာကိုခြောက်အောင်မသုတ်ပဲ ထမင်းစားဖို့ခေါ်တော့ ခေါင်းရေအစိုကြီးတိုင်းဆင်းလာတာမဟုတ်လား Daddyစကားကိုနားမထောင်ပြန်ဘူးပဲ"

"မဆူပါနဲ့ Daddyကလဲသားက. Daddy နဲ့ကြုံတုန်းလေးထမင်းတူတူစားချင်လို့ဟာကို Daddyနဲ့ကခုလိုထမင်းစားဖို့ဆိုတာ ရှားတယ်လေ သားကစာတွေနဲ့မအားတာနဲ့ Daddyကအလုပ်များလို့ မအားတာနဲ့ သူပဲပြစ်ထားပြီးတော့"

*ဝမ်ရိပေါ်ပြောတာလဲမမှားပေခုရက်ထဲ Shareဈေးတွေကမောက်ကမဖြစ်ကုန်လို့နေ့နေ့ညည အလုပ်အပေါ်အလုပ်ဆင့်နေရတဲ့ရှောင်းကျန့်က ရိပေါ်ကိုလဲအိမ်တော်ထိန်းကြီးဦးလေးယန်နဲ့သာလွတ်ထားခဲ့ရတယ်*

💚Daddy, dear baby Wang💚Where stories live. Discover now