Dearest Ep_16

199 17 1
                                    

ကော်ဖီဆိုင်ရောက်ရောက်ချင်း ထောင့်နားကစားပွဲဝိုင်းမှာထိုင်နေသော မေရှင်းရီကြောင့် ချင်ချင်က ချက်ချင်းပင် မေရှင်းရီ အရှေ့ထိုင်ကာ သူမလက်ကိုကိုင်၍ ပြောသည်။

"ကျဲမေရှင်းရီ ဘာဖြစ်တာလဲ"

"ငါ ငါအနားမှာဘယ်သူမှမရှိတော့ဘူးငါ ငါ အရမ်းလည်းပင်ပန်းနေပြီ ငါ ငါတကယ် ပါးနဲ့မားက ဆုံးသွားပြီ"

"ကျဲ ညီမ တောင်ပန်းပါတယ် အဲ့ဒါတွေအကုန်လုံး ရှောင်းကျန့်ကြောင့်ပဲ။အကယ်လို့ရှောင်းကျန့်နဲ့မတွေ့ဆုံခဲ့ရင် ကျဲရယ် ကိုကိုရယ် နှစ်ယောက်တည်းပဲလေ။ ညီမတို့နဲ့လိုက်နေလေ"

"ဟမ် ကျဲ ကျဲမနေရဲပါဘူး ညီမ"

"ညီမက ရိပေါ်ရဲ့ညီမအရင်းပါ ဘယ်သူကိုမှကြောက်စရာမလိုဘူး"

________________

ဝမ်ထန်းမင်က နိုးနိုးချင်းပင် ဘေးနားက ဆန်ပြုတ်ကိုဇွန်းနဲ့မမွှေတက်ဖြင့်မွှေနေသောရှောင်းကျန့်ကြောင့် ခေါင်းခါပြီး ရီလိုက်တော့ မျက်စောင်းထိုးခံရသည်။

"ရယ်စရာပါလား မျက်နှာပြောင်မနေနဲ့ ပါးစပ်ဟ"

မျက်နှာကိုဆူပုတ်ပုတ်နဲ့ လာကျွေးနေသည်။
စားလိုက်တော့ ငန်းနေသည်။ ငန်းနေသောကြောင့် မျက်နှာမဲ့သွားတော့ ရှောင်းကျန့်ကပြောသည်။

"ဘာလို့လဲ"

တအားငန်းနေတယ်လို့ပြောချင်ပေမယ့်လည်း ထုတ်မပြောကာ ဝမ်ထန်းမင်က
လက္မထောင်ပြပြီးပြုံး၍ ပြောလိုက်သည်။

"အွန်း အရမ်းကောင်းတယ် ရှောင်းကျန့် မင်းငါကိုနေ့တိုင်းဆန်ပြုတ် ပြုတ်ပေးနော်"

"အဟင်း ကောင်းပြီလေ ငါရဲ့လက်ရာက ဘယ်သူကိုမမှီဘူးလေ အဲ့ဒါကြောင့် ရှယ်ကောင်းတယ်"

"အင်းပါ မာနခဲလေးရဲ့"

"ငါမှာနာမည်ရှိတယ် တပ်ခေါ်"

"အော် ဟုတ်ကဲ့ပါ ရှောင်းကျန့်"

ရှောင်းကျန့်ရဲ့ယုန်သွားလေတွေပေါ်လာတဲ့အပြုံးမျာဝေလာကာ ရှောင်းကျန့်က ဝမ်ထန်းမင် ခေါင်းပေါ်ကဆံပင်တွေကို လက်နဲ့ထိုးဖွတော့သည်။
_______________

You've reached the end of published parts.

⏰ Last updated: Aug 12, 2021 ⏰

Add this story to your Library to get notified about new parts!

DearestWhere stories live. Discover now