Dearest Ep _14

138 12 2
                                    



ရှောင်းကျန့် ခွဲစိတ်ခန်းထဲ ဝင်သွားတော့ ဝမ်ထန်းမင်နဲ့ ရိပေါ် စောင့်နေသည်။



စိတ်တွေလှုပ်ရှားပီး ဟိုသွားဒီသွားလိုက် လုပ်နေတဲ့ ဝမ်ထန်းမင်ကို ရိပေါ်ထိုင်နေရင်းပြောသည်။





" ခင်ဗျား အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလား စိတ်ချ ကျန်ကောက ဘာမှမဖြစ်ပါဘူး ! "





" ငါစိတ်ပူလို့ ရှောင်းကျန့်ကို ! "




နှစ်နာရီလောက်အကြာ ခွဲစိတ်ခန်းထဲ သူနာပြုတွေ ဆရာဝန်နှစ်ယောက် အမြန်ဝင်ထွက်နေတာကြောင့် ဝမ်ထန်းမင်နဲ့ရိပေါ် စိတ်ပူလာကာ နှစ်ယောက်သား လမ်းလျှောက်နေကြသည်။





၃ နာရီလောက်တော့ ခွဲစိတ်ခန်းထဲက ဆရာဝန်ထွက်လာသည်။ ထွက်လာတော့ ဝမ်ထန်းမင်နဲ့ ရိပေါ်အမြန်မေးလိုက်သည်။




" ရှောင်းကျန့် ဘယ်လိုနေလဲ "



" ရှောင်းကျန့် ဘယ်လိုနေလဲ "




" နှစ်ယောက်စလုံး စိတ်အေးအေးထားကြပါ ရှောင်းကျန့် ဘာမှမဖြစ်ပါဘူး ကောင်းသွားပါပီ ဒါပေမယ့် နှလုံးရောဂါခွဲစိတ်မှုအရတော့ ဉီးနှောက်တွေက မမှတ်မိတော့ဘူး ကိုယ်မမေ့တဲ့သူမှမမေ့တာပါ ! အခု ရှောင်းကျန့် အခန်းထဲမှာ ကျွန်တော်တို့ခွဲစိတ်တာအောင်မြင်ပါတယ် လူနာက အခု vip အခန်းထဲမှာပါ နှစ်ရက် သုံးရက်လောက် သတိရမှာပါ သွားခွင့်ပြုပါ ! "





ပြောပီးချင်း ဒေါက်တာထွက်သွားတော့ ရိပေါ် အမြန်ပင်အပြင်ထွက်သွားလိုက်သည်။ ဝမ်ထန်းမင်ကတော့ ဆေးရုံကုတင်မှာဆေးပိုက်တွေနဲ့လှဲပီးအိပ်ပျော်နေတဲ့ ရှောင်းကျန့်လက်လေးကိုမှီထားရင် အိပ်နေလိုက်သည်။




.........

နေရောင်က ရှောင်းကျန့်မျက်နှာကိုထိုးတာကြောင့် ရှောင်းကျန့်နိုးလာခဲ့သည်။





" ရေ ဆာ တယ် "



ရှောင်းကျန့်အသံကြောင့် ဝမ်ထန်မင်း နိုးလာကာ ဖန်းခွက်ထဲ ရေထည့်ပီး ရှောင်းကျန့်ကိုပေးလိုက်သည်။




DearestWhere stories live. Discover now