17

1K 173 6
                                    

"ကင်မ်နမ်ဂျွန်းဆိုတာ ဘယ်သူလဲ?
ဘာလို သူကသေသွားရတာလဲလို?
အကို ယွန်းဂီ ၊ အကိုဟိုဆော့ ကျတော်မေးတာ ဖြေပေးကြလေဗျာ "

"ဂျောင်ကု အာတာ အာတာက "

ဆော့ဂျင်ကိုသဘောကျနေတဲ့ဂျောင်ကုကို
နမ်ဂျွန်းအကြောင်း ရှင်းပြရန်ဟို‌ေဆာ့ခက်ခဲသလို ယွန်းဂီကတော့ ဘာစကားမှမပြောဘဲ နှုတ်ဆိတ်နေခဲ့တာမို့ ဂျောင်ကု
လက်ထဲက ‌စာအုပ်‌ေလးကို စားပွဲခုံပေါ်ချလိုက်ရင်း။

"ဒီစာအုပ်ထဲမှာအကိုက သူမက်တဲ့ အိမ်မက်တွေအကြောင်းရေးထားတယ်
အာ့မှာ ကင်မ်နမ်** ဆိုပြီး ပဲ ရေးထားတာကို
တွေ့တာမို့ အကိုဆော့ဂျင်ကို နှောက်ယှက်နေတဲ့သူရဲ့ နမည်အဆုံးက ဂျွန်ဖြစ်နေတာပေါ့ သူက
ကင်မ်နမ်ဂျွန်းပေါ့ "

"ကင်မ်နမ်ဂျွန်းက သေသွားပြီ
ငါတို့အားလ‌ံုးအရှေ့မှာ သေသွားခဲ့တာ "

"ဒါဆို ဘာလို ဒီလူက ဆော့ဂျင်အနား ပြန်ပေါ်လာရတာလဲ ဘာလို့သူက ဆော့ဂျင်ကို
ဒုက္ခပေးနေရတာလဲ သူနဲ့ဆော့ဂျင်က ဘယ်လိုပတ်သတ်ခဲ့လို့လဲ?"

ဂျောင်ကု ရှုပ်ထွေးနေတဲ့အရာတွေကိုဖြေရှင်း
ချင်တာမို့ လေသံတွေလည်းမာ ကုန်တော့သည်။

"ဆော့ဂျင်နဲ့ နမ်ဂျွန်းက
လက်ထက်‌ေတာ့မယ်လူတွေ "

သူမျက်နှာကိုမကြည့်ဘဲဖြေလာခဲ့တဲ့ ဟိုဆော့စကားကြောင့် ဂျောင်ကု အံဩလွန်းလို အသံတိတ်သွားသလို ဘေးကဆိုဖာမှာထိုင်ချမိသွားရင်း။

"အာ့တော့ အာတော့ အကိုနဲ့အာ့လူက
လက်ထက်ခဲ့ကြတာလား?"

" စေ့စပ်ဖို့ တပတ်အလိုမှာ
နမ်ဂျွန်းတို့ ချောက်ပေါ်က ပြုတ်ကျသွားခဲ့တာ "

"နမ်ဂျွန်းတို့ဆိုတာ?'

"ဟုတ်တယ် ၊ ဆော့ဂျင်လဲအတူ ပြုတ်ကျသွားခဲ့တာ အာ့ချောက်ထဲကို "

ယခုမှသိခွင့်ရလိုက်တဲ့ ဆော့ဂျင်ကိုယ်တိုင်‌ေတာင် မမှတ်မိခဲ့တဲ့အတိတ်အကြောင်းတွေကြောင့် ဂျောင်ကု တုန်လှုပ်မိသွားသည်။
ထိုအချိန်မှာဘဲ
ဆော့ဂျင် ခေါင်းက ဒဏ်ရာလေးကို
ပြေးမြင်သွားမိသလို ဆော့ဂျင်ပြောခဲ့ဖူးတဲ့
အိမ်မက်အကြောင်းနဲ့ သူနောက်လိုက်နေတဲ့လူရှိအကြောင်းတွေ ခေါင်းထဲ စုပြုံဝင်လာခဲ့တော့သည်။

Only...I See Him☑️ completedWhere stories live. Discover now