Zawgyi
အချိန်တွေက ကုန်တာမြန်တယ်...
တစ်ပတ်ကနေ တစ်လ ဖြစ်လာတဲ့ အချိန်တွင်းမှာ ရှောင်ကျန့်က သိသိသာသာ ကျန်းမာရေး ဆိုးလာခဲ့တယ်။ဘယ်သူမှ မသိပေမယ့် ညသန်းခန်ကျော်တဲ့ အချိန်တိုင်း
ယောင်လည်လည်လေးနဲ့
ရှောက်ကျန့်အခန်းရှေ့မှာ ရိပေါ်က တံခါးမှူးလေး
လုပ်ရင်း ရှိနေတတ်တယ်။တပတ်တစ်ခါ လာတတ်တဲ့ ဖန်ချင်းဆိုတဲ့
လူရှိနေတဲ့ အချိန်ကလွှဲရင် ကျန်တဲ့အချိန်တွေ အားလုံးလိုလိုတိုင်း ရိပေါ်က ဆေးရုံပဲနေဖြစ်တယ်။
ရှောင်ကျန့်က ရိပေါ်ကို အရင်လို ခါးခါးသီးသီး မဆက်ဆံ
တော့ပေမယ့် ကုန်လွန်သွားတဲ့ တစ်လလုံးမှာ
အင်းနှင့် ဟင့်အင်းဆိုတာထက် ပိုမပြောခဲ့ဘူး။အိပ်ပျော်နေတဲ့အခ်ျိန် နောက်ကျောလေးကို ခပ်ဖွဖွ
ဖက်ထားမိတဲ့အခါ ဒေါသ တကြီးထွက်သွား ခိုင်းတာက
လွှဲရင် ကျန်တဲ့နေရာတွေမှာ ရိပေါ်က
အဆင်ပြေအောင် ကြိုးစားပြီးနေတယ်။
ကျန်းချန်ရဲ့ အကူညီနဲ့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆရာတွေနဲ့တိုင်ပင်ပြီး
ကုသဖို့ အဆင်ပြေမယ့် နည်းလမ်းတွေကို နေ့မနားညမနား
လေ့လာခဲ့တယ်။သူရှိနေလို့ ရှောင်ကျန့်ဘက်က အဆင်မပြေဖြစ်လာတာမျိုး
ရှိရင် ချက်ချင်း ထွက်သွားပေးဖို့ကို ရိပေါ်က နှစ်ခါစဉ်းစား
မနေခဲ့ဘူး။မဖြစ်မနေ ရုံးကိုပြန်သွားရတဲ့ နေ့တွေဆို လူမရှိတဲ့
ချောင်လေးထဲမှာ တိတ်တိတ်လေး နေပြီး ဖုန်းscreen
ပေါ်က ရှောင်ကျန့်ပုံလေးကို ခပ်ဖွဖွ ထိရင်း
ရိပေါ်မှာ အလွမ်းပြေအောင် လုပ်ရတယ်။ရှောင်ကျန့်ကို သူကိုယ်တိုင်စောင့်ရှောက် ချင်တဲ့အတွက်
ရိပေါ်က အကူနာစ့်တောင် မခေါ်ခဲ့။"ကျန့်ကော မနေ့က ဆန်ပြုတ်က စားရတာ အဆင်မပြေ
ဘူးမလား..ဒီနေ့တော့ ပုစွန်လေးနဲ့ ပျော့ပျော့လေး
လုပ်ထားတယ် နဲနဲ လောက်စားကြည့်နော် ကော"
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...