Chapter..5

2.3K 190 0
                                    

လူယုတ်မာရဲ့အဆုံးသတ်.....

"ဒိုဂန်ဂျွန်းကျေးဇူးပြုပြီးမင်းရဲ့လက်ကိုငါ့ခါးပေါ်ကနေဖယ်ပေးပါ...မင်းချုပ်ရိုးကိုလှလှလေးဖစ်စေချင်တယ်ဆိုရင်ပေါ့...."

Missionတခုမှာဓားဒဏ်ရာရလာတဲ့ဒိုဂန်ဂျွန်းကိုရှောင်ကျန့်ချုပ်ပေးနေတုန်းသူ့ရဲ့ခါးကိုလက်တဖက်နဲ့လာဖက်ထားတာကြောင့်ရှောင်ကျန့်ပြောလိုက်ခြင်းသာ....

ချုပ်ရိုးချုပ်နေရတဲ့သူမို့သူလှုပ်ရှားပြီးဖယ်လိုက်ဖို့မဖြစ်နိုင်ခဲ့ဘူး...တော်တော်လဲဒေါသထွက်နေပြီ....

"အလှလေးကစွာလိုက်တာ"ဟု ဆိုကာဂန်ဂျွန်းကသူ့ခါးကိုတချက်ဖိညစ်လိုက်ပြီးထပြန်ဖို့လုပ်တယ်....

"Bo.boss..."

ရိပေါ်ဝင်လာတဲ့အချိန်သူ့တပည့်ကရှောင်ကျန့်ခါးကိုကိုင်​ေနရာမှလွှတ်လိုက်တာပဲမြင်ပြီးဘာပြောနေသည်က်ုမကြားခဲ့....

"မင်းအဲ့တာဘာလုပ်နေတာလဲ..."

"ကျန့်ကောကနာရင်သူ့ခါးကိုကိုင်ထားလို့ရတယ်လို့ပြောလို့ပါ boss..တောင်းပန်ပါတယ်ကျနော်စိတ်ယိုင်မိသွားပါတယ်..."

"ဘာ..ဘာပြောတယ်..ငါမင်းကိုဘယ်တုန်းကအဲ့လိုပြော.."

"စကားပြောခိုင်းလားရှောင်ကျန့်..."

ရိပေါ်မဆင်မခြင်ကို့ခါးကိုသူများကိုင်ခိုင်းတဲ့ရှောင်ကျန့်ကိုဒေါသဖစ်မိတယ်...ငယ်ငယ်ထဲကရှောင်ကျန့်ကိုအခြားသူတွေနဲ့အသားချင်းထိတာမြင်ရင်သူနဲနဲလေးမှမကြိုက်...

"မင်းသွားတော့..."

ဂန်ဂျွန်းကရိပေါ်ကိုအရိုအသေပြုပြီးထွက်သွားတယ်...ရှောင်ကျန့်ကတော့မကျေနပ်စွာကြည့်ရင်းမတ်တပ်ရပ်နေတုန်း....ရိပေါ်လူနာကုတင်ပေါ်ထိုင်လိုက်ရင်းသူ့အင်္ကျီစကိုဆွဲတင်ပေးလိုက်တယ်...

"ချုပ်ရိုးလာဖြည်တာ...."

"ရိပေါ်..ငါတကယ်အဲ့လိုမပြောခဲ့ပါဘူး...ငါ့ကိုယုံတယ်မလား..."

" ရှောင်ကျန့်မင်းဘာလဲဆိုတာငါသိတာမို့ကျေးဇူးပြုပြီးငါ့လူတွေကိုမမြူစွယ်ပါနဲ့မဟုတ်ရင်မင်းကိုနှင်ထုတ်ရလိမ့်မယ်..."

Forever and a day(completed)Where stories live. Discover now