Chapter.2

2.7K 231 0
                                    

အဆုံးထိဖုံးကွယ်သွားမယ်လို့ဆုံးဖြတ်ထားပေမဲ့...

"ရိပေါ်..ရိပေါ်ကိုကိုရှင်းပြမယ်.."

ရိပေါ်ကသူ့ကိုလုံးဝအဖက်မလုပ်ပဲမျက်မှောင်ကြီးကျုံ့ပြီးအိမ်ပြန်လမ်းကိုလျှောက်နေတယ်....

ကျောင်းရောက်တာနဲ့သူ့ကိုလှောင်သလိုကြည့်နေတဲ့လူတွေကြောင့်ရှောင်ကျန့်နေရခက်လာတယ်...အကြောင်းအရင်းကိုတော့သူ့lockerဆီရောက်ချိန်မှာသိလိုက်ရတယ်...ရိပေါ်နဲ့ပက်သက်တဲ့ဒိုင်ယာရီစာအုပ်ကိုသူကျောင်းကlockerထဲထည့်ထားခဲ့တာ...သူ့lockerကပွင့်နေပြီးစာအုပ်ကမရှိတော့ဘူးလူတိုင်းကလဲတီးတိုးပြောဆိုနေကြတယ်....

အဲ့အချိန်သူ့ကိုအသည်းအသန်လိုက်နေတဲ့ကောင်ကသူ့ရှေ့ကိုရောက်လာခဲ့တယ်...

"မင်းငါ့ကိုငြင်းတာအဲ့ကောင်ကြောင့်ပေါ့လေ..ခုတော့မင်းရဲ့gayမုန်းတီးတဲ့ကောင်ဆီမင်းသူ့ကိုဘယ်လောက်ချစ်ကြောင်းစာအုပ်ကြီးငါပို့လိုက်ပြီ..."

"မင်း..ခွေးကောင်..."

ရှောင်ကျန့်ထိုလူ့မျက်နာကိုပိတ်ထိုးပစ်လိုက်သည်....
...........

ရိပေါ်ယုံကြည်ခဲ့တဲ့ကိုကိုကသူ့ကိုချစ်နေတာတဲ့လေ..စာအုပ်ကိုသူအဆုံးထိဖတ်ကြည့်ရင်းဒေါသတွေထွက်လာရတယ်...သူ့အကြောင်းအသိဆုံးသူကသူ့ကိုချစ်နေတာတဲ့....ရှောင်ကျန့်ခင်ဗျားမုန်းဖို့ကောင်းလိုက်တာ....

အိမ်ထိလိုက်သွားပြီးအခန်းတံခါးခေါက်ပေမဲ့ရိပေါ်ကဖွင့်မပေးဘူး..အထဲမှာလဲပစ္စည်းတွေပစ်ပေါက်တဲ့အသံနဲ့ဝုန်းဒိုင်းကြဲနေတယ်....

ဝမ်မာမားကအပြင်သွားနေတာကြောင့်ရှောင်ကျန့်သေချာရှင်းပြဖို့အချိန်ရလိုက်သည်...

"ရိပေါ်တံခါးဖွင့်ပါကွာ..ကိုကိုတောင်းပန်ပါတယ်...မင်းသဘောအတိုင်းဖြစ်စေရပါမယ်..."

" အေးလာမင်းဝင်ခဲ့မင်းနဲ့ငါစာရင်းရှင်းမယ်..."

အခန်းတံခါးပွင့်လာပြီးသူ့ကိုစောင့်ဆွဲကာအိပ်ရာပေါ်ပစ်တင်လိုက်သည်....

"ရိပေါ်..."

"မင်းဘာလို့လုပ်ရက်ရတာလဲ...ငါ့အကြောင်းအသိဆုံးလူကဘာလို့ဒီလိုလုပ်ရက်ရတာလဲ...တောက်..."

Forever and a day(completed)Where stories live. Discover now