•2•

605 80 5
                                    



ဒီနေ့တစ်မနက်လုံး အားရတယ်ကိုမရှိ။
ပြဿနာက ဟိုRickyပေါ့!

Rickyက Taeraeကို အပြင်သွားဖို့လာခေါ်သည်။Taeraeကမသွားချင်။

မသွားချင်ဘူး ပျင်းတယ်လို့ ညက ဖုန်းဆက်ပြောပြီးသား။

အဲ့ဒါကို အိမ်အထိလာခေါ်တော့ Taeraeမှာ ပြူးပြူးပြဲပြဲ။

အရင်ကဆို ကိစ္စမရှိဘူးလေ။

မသိရင် အပြင်မထွက်ချင်တဲ့ရည်းစား၊ စိတ်ကောက်နေတဲ့ရည်းစားကို အိမ်ထိ လာခေါ်နေသလိုလို။

အခုကကျ Rickyနဲ့က ရည်းစား...အဲ..ဟန်ဆောင်ရည်းစား။

Rickyနဲ့တော့ခက်ပြီ။
ဒင်းက အခန်းထဲထိတောင်ပိုးစိုးပိုက်နက်နဲ့ ဝင်လာသေးတာ။

ကုတင်ပေါ်မှာ အီလေးဆွဲပြီး ကန့်လန့်ဖြတ်အိပ်နေတဲ့ Taeraeရဲ့ခြေထောက်ကိုဆွဲပြီး တစ်ဆာဆာလုပ်နေတာ။

"လာပါကိုကိုရယ် shopping ထွက်
ရအောင်"

"ဟာ...မသွားဘူး အပြင်မှာ အေးကအေးနဲ့..သွားချင် Gyuvinကိုခေါ်သွား..."

Taeraeက ခေါင်းမာသည်။

"ကိုကို့ညီက ဒီအချိန် အိပ်ရာကထလို့လားပြော!"

ဟုတ်တော့လဲဟုတ်သည်။
Gyuvinက နေ့နဲ့ညတောင်မှားနေတာ။

အကယ်၍ Rickyခေါ်တဲ့နောက်လိုက်သွားမယ်ဆိုရင် ရေကချိုးရဦးမည်။ ရေချိုးရင် အအေးကပတ်ပြီးနှာကချေဦးမည်။ အဲ့တော့ နိုးပါ။

"ငါမသွားချင်ဘူးလို့ဆိုနေမှ"

Taeraeက အီလေးဆွဲနေတဲ့အသံကိုမှ ဆောင့်ဆောင့်အောင်အောင်ပြောလိုက်ပေမဲ့ Rickyကိုအသဲယားစေသွားတယ်ထင်တယ်။

"အွီး...ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ"

Rickyရဲ့စကားကြောင့်Taeraeသူ့ခြေထောက်နဲ့လှမ်းကန်ဖို့ကြိုးစားလိုက်သည်။

"သေချင်လို့လား...မင်းက ဟန်ဆောင်ရည်းစားနော်! "

"သိပါတယ်ကိုကိုရဲ့ ပါးပါးတို့ရှေ့ရောက်ရင် ဟန်ဆောင်တာချောမွတ်နေရအောင်ပါ"

Taeraeက မနိုင်ဟန် ခေါင်းခါလိုက်သည်။

နေပါဦး...အပြင်ခေါ်တဲ့ကိစ္စက အခုထိ လိုရင်းကိုမရောက်နိုင်။
ဘာကိစ္စလာခေါ်တာတုန်း။

𝗛𝗲𝗮𝗱 𝗢𝘃𝗲𝗿 𝗛𝗲𝗲𝗹𝘀 Where stories live. Discover now