23 - Fall in Love 🖤

5.4K 339 13
                                    

(Unicode)

ရိုးတစ်ယောက် ဧည့်သည်လေးယောက်ကို မန္တလေးမြို့တွင်း ခရီးစဥ် လိုက်ပို့ပေးနေရသည်မှာ သိပ်စိတ်မပါလှပေ... အကြောင်းကတော့ ရှင်းနဲ့ စကားမပြောဖြစ်တာ လေးရက်မြောက်ထိ ရှိသွားလို့ပင်... အရင်က တစ်ရက်လေး စကားမပြောရရင်တောင် ကမ္ဘာပျက်မတက် ဖြစ်နေသူနှစ်ယောက်က အခုဆိုရင် မာနကိုယ်စီထားကာ ပစ်ထားနေမိကြသည်...

'ကလေးရယ်... နေနိုင်လိုက်တာနော်... ကလေး အခုချိန်ထိ မ,ရဲ့ စေတနာကို နားမလည်သေးဘူးလား..' စိတ်ထဲမှာပဲ ရိုး ရေရွတ်ကာ သက်ပြင်းချလိုက်မိသည်... ရိုးတစ်ယောက် အချစ်နာကျနေသည်မို့ မိမိဝါသနာပါတဲ့ အလုပ်ကိုတောင် ညည်းညူမိသည်အထိပင် ဖြစ်နေတော့သည်... လမ်းခရီးတစ်လျှောက်မှာလည်း ဧည့်သည်များကို ရှင်းပြနေရသည်များကို စိတ်မပါလှပေ... သို့ပေမယ့် Company မျက်နှာမပျက်ရလေအောင် အားတင်းပြုံးထားပြီး ဆက်ဆံပေးနေရတော့သည်...
ရိုးပဲ ကံကောင်းတယ်လို့ ဆိုရမလားပင်.. ဧည့်သည်တစ်ယောက် နေပူရှိန်ကြောင့် ခေါင်းကိုက်လာသဖြင့် ခရီးဆက်မသွားတော့ဘဲ Hotelသို့ ပြန်ဖို့ရာ အကြောင်းဖန်လာတော့သည်... ရိုးလည်း အလုပ်လုပ်ရတာ စိတ်မပါလှသည်မို့ အခြေနေက သူ့အတွက်အရမ်းအဆင်ပြေသွားရသည်... ထို့နောက်တော့ အင်းဝမြို့ဟောင်းကနေ ပြန်လာကာ သက်ဆိုင်ရာ Hotel ဆီသို့ အရောက်ပို့ပေးပြီး Company သို့ ဝင်ခဲ့တော့သည်.....

Company အတွင်းသို့ ဝင်ဝင်ချင်းမှာပဲ အောက်ထပ်တွင် MD နဲ့ တည့်တည့်တိုးတော့သည်...

"ဟာ... သမီးရိုး.. ပြန်လာပြီလား..
အခုမှ ၂နာရီပဲ ရှိသေးတာလေ.."

"ဟုတ်တယ် MD.. စစ်ကိုင်းဘက်​တောင်မရောက်ခဲ့ဘူး.. အင်းဝကနေ လှည့်ပြန်လာတာ.. ဧည့်သည်တစ်ယောက်က ခေါင်းမူးလာလို့ ပြန်နားချင်တယ်ဆိုလို့လေ.."

"ဟုတ်လား... ဒါဆို မနက်ဖြန်မှ ခရီးဆက်တော့မယ်ထင်တယ်.. သမီးလည်း နားချိန်ရတာပေါ့ကွယ်.. အေးဆေး အိမ်ပြန် နားလိုက်ဦး..."

"ဟုတ်ကဲ့.. MD "

"ဒါဆိုရင် MDလည်း ကိစ္စရှိလို့ အပြင်သွားလိုက်ဦးမယ်..."

"ဟုတ်ကဲ့ MD "

MD အပြင်ထွက်သွားပြီးချိန်မှာတော့ ရိုးလည်း ရုံးအတွင်းရှိ Water cooler မှ ရေတစ်ခွက် အဝသောက်ကာ အိမ်သို့ပြန်ရန် ဆိုင်ကယ်ထားထားသည့် နေရာသို့ ထွက်လာတော့သည်... ဆိုင်ကယ်နားသို့ မရောက်ခင်မှာပဲ လူတစ်ယောက်ရဲ့ ခေါ်သံ ကြားလိုက်ရတော့သည်...

Fall in Love 🖤Where stories live. Discover now