#Unicode
ရှုမန်း SH Club ရဲ့ CEO အဖြစ် ယာယီတာဝန်ထမ်းဆောင်သည့်အချိန်မှစပြီး SH Club ရဲ့ရှယ်ယာတချို့တဝက်ထဲ ချန်းမျိုးရိုးသခင်လေး ချန်းယောင်းပါဝင်ပတ်သပ်လာတယ် …
သခင်လေးယောင်းက အသက် ၂၅ နှစ်အရွယ်ဖြစ်သလို Dominant Alpha တစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကျော်ကြားမှုက အလင်းလောကမှာ တောက်ပနေတဲ့ ကြယ်ပွင့်တပွင့်လို့ဆိုနိုင်တယ် … သို့ပေမဲ့ လူတွေမသိတဲ့ သူ့ရဲ့တခြားဖက်ခြမ်းကတော့ အဆိပ်ပြင်းတဲ့ မြွေပွေးတစ်ကောင်ပင် …
ခန့်ညားတဲ့ဝတ်ဆုံအပြည့်ဆင်မြန်းထားတဲ့လူတစ်ယောက် ကြီးမားပြီး ခန်းနားလွန်းတဲ့အဆောက်အဦးတစ်ခုတွင်းဝင်ရောက်လာတယ် … အနက်နဲ့အဖြူ တွဲစပ်ထားတဲ့ ဝန်ထမ်းဝတ်ဆုံဆင်မြန်းထားတဲ့ အစောင့် လေး ငါးယောက်ခန့်က ထိုလူကို ကြိုဆိုပြီး လှေကားကြီးတွေကနေတဆင့် အပေါ်ထပ်သို့ခေါ်ဆောင်သွားလေတယ် …
ထိုကြီးမားတဲ့အဆောက်အဦးကြီးက ချန်းမျိုးရိုးရဲ့ကုမ္ပဏီဖြစ်ပြီး ရောက်လာတဲ့ဧည့်သည်က ရန်ရှုမန်းပင် …
" CEO ရှုမန်း … ခများ ရောက်လာတာမြန်သားပဲ "
ဝိုင်ခွက်ကိုလက်တစ်ဖက်ကကိုင်ထားလျှက် ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်နေတဲ့ကောင်လေးရဲ့ပုံစံက မခန့်လေးစားနဲ့ … သူ့ရဲ့ပေါင်ပေါ်မှာ ကြီးမားတဲ့ရင်သားတွေကိုဖော်ထားပြီး စကပ်အတိုလေးကို Sexy ကျစွာ ဝတ်ဆင်ထားတဲ့ Omega အမျိုးသမီးတစ်ဦးက ထိုင်နေပြီး ရှုမန်းဝင်လာတာမြင်တော့ သူမက ယောင်း လက်ထဲက ဝိုင်ခွက်ကို ယူလိုက်တယ် …
" Baby … ဧည့်သည်အတွက် ဖျော်ရည်တစ်ခွက်ယူလာခဲ့ "
ယောင်းရဲ့ကျော်ကြားမှုက လက်ဖျားခါစရာပင် … သူ့ရဲ့နဘေးမှာ လှပတဲ့ Omega တွေ ဝိုင်းဝိုင်းလည်နေသလို သူ့ရဲ့အခိုင်းအစေအားလုံးဟာလဲ Sexy ကျတဲ့ Omega တွေကြီးပဲ … ယခု အခန်းထဲကမိန်းကလေးဟာလဲ ယောင်းရဲ့ ဝန်ထမ်းတွေထဲကတစ်ယောက် …
ယောင်းရဲ့အမိန့်ကြောင့် အရိုအသေပေးပြီး သူမအခန်းထဲကနေ ချက်ချင်း ထွက်သွားလေတယ် …ခု ရှုမန်းရောက်လာရတဲ့အကြောင်းအရင်းက ရှန်ဟွှာနဲ့ပတ်သပ်ပြီး ယောင်းနဲ့ပူပေါင်းဆွေးနွေးရန်ပင် …
" သခင်လေးယောင်း … မတွေ့တာကြာပြီနော် "
ယောင်းက သူ့ရဲ့နဘေးက စားပွဲပေါ်မှာတင်ထားတဲ့ စီးကရပ်ဘူးကို ရှုမန်းထဲ လှမ်းပြစ်ပေးလိုက်ပြီး …
" ဒီမှာဘယ်သူမှမရှိဘူး … ရိုးသားချင်ဟန်ဆောင်မနေပါနဲ့ဗျာ … ခများ လာရင်းကို ပြောကြရအောင် "
ယောင်းက အမှောင်မှာ နေရာတစ်နေရာရနေပြီဖြစ်တဲ့ မာဖီးယားတစ်ယောက် … သူ့ရဲ့ဖခင် ချန်းလင်က အရာအားလုံးကိုချုပ်ကိုင်နိုင်သလို A နဲ့ K မြို့ရဲ့ ၂ နိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့အပြင် အထက်တန်းစားမျိုးရိုးတွေရဲ့ စံပြတစ်ဦးလဲဖြစ်နေတယ် … သူတို့ရဲ့ချမ်းသာမှုက ရှန်ဟွှာထပ်ပင်ကျော်ချင်ကျော်နိုင်ပေမဲ့ ရှန်ဖန်းဂူရဲ့နာမည်ကိုတော့ မကျော်နိုင်သေးဘူး …
ယောင်းရဲ့ရည်ရွယ်ချက်က ရှန်ဖန်းဂူရဲ့အောင်မြင်မှုတွေပျောက်ကွယ်ပြီး အမှောင်ကိုချုပ်ကိုင်နိုင်ရန်ပင် … ရှုမန်းရဲ့ရည်ရွယ်ချက်က ရှန်ဟွှာကိုရယူပြီး ရှန်ဖန်းဂူကိုရှုံးနိမ့်စေရန်ပင် … ဒီလိုဆိုတော့ သူတို့ရဲ့ဦးတည်ချက်ကတူညီနေတဲ့အတွက် ပူးပေါင်းခဲ့ကြတယ် … ရှန်ဖန်းဂူမရှိတော့ရင် ရှုမန်းက ရှန်ဟွှာကိုရရှိပြီး ယောင်းကတော့ အမှောင်လောကကို ချုပ်ကိုင်မည်ဟူ၍ …
လွန်ခဲ့တဲ့နှစ်တွေက ရှုမန်းထောင်ကျခဲ့တာမှန်ပေမဲ့ လအနည်းငယ်အတွင်းမှာပဲ လွတ်မြောက်လာခဲ့တယ် … သူလွတ်မြောက်လာတာကို ဘယ်သူမှသတိမထားမိတဲ့အကြောင်းအရင်းက သူ့ကိုကာကွယ်ပေးနေတဲ့သူက ချန်းယောင်း ဖြစ်နေ၍ပင် … ယောင်းက အသက်ငယ်ပေမဲ့ အမျှော်အမြင်ကြီးမာသူပီပီ ရှန်ဟွှာကိုတိုက်ခိုက်ဖို့ အဓိကလက်နတ်ဖြစ်တဲ့ ရှုမန်းကို ရှာတွေ့ခဲ့တယ် … ရှုမန်းနဲ့သာပူးပေါင်းလိုက်ပါလျှင် ရှန်ဟွှာရဲ့အတွင်းရေးတွေကို အထူးရှာဖွေစရာမလိုတော့ဘူး …
သူ့ရဲ့ရည်ရွယ်ချက်က အထမြောက်ခဲ့တယ်လို့ဆိုရမယ် … ရှုမန်းက ရှန်ဟွှာကိုလုယူဖို့အတွက်သာ စိတ်အားထက်တန်နေ၍ သူ့အားကူညီပြီး ရှန်ဖန်းဂူကို ကျရှုံးအောင်လုပ်ဆောင်ပေးမဲ့ ခံတပ်ကြီးကို လက်လွှတ်မခံခဲ့ဘူး … ပြီးတော့ သူကအမှောင်ကိစ္စတွေကိုစိတ်မဝင်စားသလို သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်ရင်လဲ ရရှိမဲ့အကျိုးဆက်က ညီတူမျှတူမို့ အရှုံးမရှိစေဘူးဆိုတာ သိနေတယ် … သူတို့က တလှေထည်းစီးနေတဲ့ ဂိုဏ်းတူတွေပဲ …
ရှုမန်းက လာရင်းကိစ္စကို စတင်ပြောလာတယ် …
" မင်းလဲကြားသိပြီးရောပေါ့ … ရှန်ဖန်းဂူပျောက်နေတော့ ရှန်ဟွှာကအားနည်းနေပြီ … ခုအလင်းနဲ့အမှောင်နဲ့က တစ်သားထဲဖြစ်လာတော့မှာ … အခြေအနေတွေက ကျွန်တော်တို့ဘက်မှာရှိနေပြီ … နည်းနည်းလေးကြိုးစားလိုက်ရင် မင်းရော ကျွန်တော်ရော လိုချင်တာတွေ ရတော့မယ် … ဒါပေမဲ့ တစ်ခုပဲ ကျွန်တော်ရှန်ဟွှာကိုအုပ်ဆိုးနိုင်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့အပေးအယူကိစ္စကိုလဲ မင်းဘက်က ကတိတည်ပေးရမယ် ”
" အဟား … Mr.ရှုမန်း ဘာတွေစိတ်ပူနေတာလဲဗျာ … ကျွန်တော်က ပေးပြီးတဲ့ကတိကို တည်တဲ့သူပါ … ကျွန်တော်တို့သိလာတာလဲ ကြာနေပြီ … ဒါကိုအထူးအထွေလုပ်ပြီး ကိုယ်တိုင်လာပြောနေစရာမလိုပါဘူး … ကျွန်တော်က ခများကိုယ်တိုင်လာမယ်ဆိုတော့ အရေးကြီးတဲ့ကိစ္စတစ်ခုခုကြောင့်များလားလို့ ထင်နေတာ "
" အရေးကြီးတဲ့ကိစ္စ ? … အင်း ဒီကိုလာတာ အရေးကြီးတဲ့ကိစ္စလဲပါတယ် … ကျွန်တော်ခု မင်အကူအညီလိုနေတယ် "
ယောင်းက အမူအယာမပျက် ဆေးလိပ်ကိုဖွာလိုက်ရင်း …
" ဘယ်လိုအကူအညီမျိုးလဲ "
" ကျွန်တော်ခု ပရော့ဂျက်တစ်ခုကိုစတင်နေတယ် … ဒါကိုသာ စာချုပ်ချုပ်ဆိုနိုင်ရင် ရှန်ဟွှာရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ရင်းနီးပြီးသားဖြစ်သွားမယ် … သူတို့ကျွန်တော့ကိုကန်ထုပ်ရင်တောင် အဲ့ဒိပိုင်ဆိုင်မှုတွေက ကျွန်တော့ရဲ့တရားဝင်ပိုင်ဆိုင်မှုတွေဖြစ်လာမယ် … ရှန်ဟွှာရဲ့ဆက်ခံသူက ရှန်ဖန်းဂူဖြစ်နေရင်တောင်မှ ဒီရင်းနီးမြှပ်နှံမှုတွေကို သူဝင်မပါနိုင်ဘူး "
ဒီလိုဆိုတော့ ထိုပရော့ဂျက်က ငွေမဲတွေထုတ်လုပ်တဲ့အမြတ်ငွေများလွန်းတဲ့ တရားမဝင်ဆေးဝါးအတွက်ရင်းနီးမှုဆိုတာ မပြောလဲ ယောင်း သိလိုက်တယ် … ဒီလိုအရာတွေက စီးပွားရေးသမားတိုင်း လျှောက်လှမ်းနေတဲ့ အောက်လမ်းနည်းဖြစ်သလို အချိန်တိုလေးနဲ့ချမ်းသာနိုင်တယ် …
ထိုသို့လုပ်ဆောင်ဖို့ဆိုရင် အမှောင်မှာ အင်အားကြီးတဲ့သူတစ်ယောက်ယောက်ရဲ့ ထောက်ခံမှုလိုအပ်တယ် … ရှုမန်းရဲ့ပရော့ဂျက်က ရှန်သခင်မကြီးရဲ့ ဆေးဝါးထုတ်လုပ်မှု ပရော့ဂျက်ကို ခိုးယူပြီး ဖန်းဂူကြောင့်စိတ်သောကရောက်နေချိန်ကိုအခွင့်ယူကာ တခြားသောအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တရာမဝင်ဆေးတွေ ထုတ်လုပ်ရန်ပင် …
အကယ်၍ ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင်တောင် သူ့ဘက်မှာ ယောင်းရှိနေရင် ထိုအပြစ်တွေကို သခင်မကြီးထံလွှဲချနိုင်လိမ့်မယ် … တစ်ချပ်ခုပ် နှစ်ချပ်ပျက်ဖြစ်သလို ရှန်ဟွှာလဲ အားလုံးရဲ့အယုံအကြည်ကင်းမဲ့လာပြီး မိသားစုလဲပြိုကွဲသွားလိမ့်မယ် …
ရှုမန်းရဲ့ကြံစည်မှုကိုကြားသိတော့ ယောင်း ကျေနပ်စွာပြုံးလိုက်တယ် …
" ခများက ကျွန်တော်ထင်ထားတာထက် အကြံကြီးတဲ့သူပဲ … ဒါကိုကျွန်တော်သဘောတူတယ် … ခများဘက်ကသာ ပရော့ဂျက်ကိုအောင်မြင်အောင်လုပ် … ကျွန်တော်ခများဘက်မှာရှိနေမယ်လို့ ကတိပေးတယ် "
သူတို့ဆွေးနွေးမှုပြီးသွားတော့ ရှုမန်း ပရော့ဂျက်ကို စတင်အကောင်အထည်ဖော်ရန် ထွက်ခွာလာခဲ့လေတယ် … သူ့လက်ထဲမှာ လိုအပ်တာတွေအားလုံး ရှိနေပြီး အရေးကြီးတာက အမြန်လက်မှတ်ထိုးဖို့ အဖွဲ့အစည်းတွေထံ ဆက်သွယ်ရန်ပင် … ဒီ စာချုပ်ချုပ်ဆိုပွဲသာအောင်မြင်မယ်ဆိုရင် ရှန်ဟွှာကိုချုပ်ကိုင်နိုင်ဖို့ သေချာသွားလိမ့်မယ် …
ရှုမန်းအဆောက်အဦးကနေထွက်ခွာလာပြီး ပရောဂျက်အတွက် စတင်ရန်ပြင်ဆင်လေတော့တယ် … နာရီအနည်းငယ်အကြာမှာ လက်မှတ်ထိုးပွဲအတွက် ရက်ချိန်ပေးပြီး ပြင်ဆင်မှုအားလုံးပြီးဆုံးသွားခဲ့တယ် … ခုတော့ သူ့ရင်ထဲကအလုံးကြီးလဲကျသွားခဲ့ပြီ … အောင်ပွဲခံဖို့ ယုံကြည်ချက်အပြည့်နဲ့ ထွက်ခွာလာခဲ့တယ် …
A မြို့ရဲ့တစ်နေရာ … သူ့ရဲ့ဦးတည်ချက်က ရှန်ဟွှာနဲ့ဆန့်ကျင်ဘက်သို့ဖြစ်ပြီး အဆုံး၌ အိမ်ကြီးတစ်လုံးရှေ့တွင်ကားကိုရပ်တန့်လိုက်တယ် … ကားပေါ်မှဆင်းလာပြီး မကြာမှီမှာပင် အိမ်ထဲကနေ အမျိုးသမီးတစ်ဦးထွက်လာတယ် … သူမမျက်နှာက ခပ်ထန်ပြီး တစ်စုံတစ်ရာကိုစိုးထိပ်နေပုံ …
" မေမေ "
ရှုမန်းရဲ့အသံကြားတော့ သူမမျက်နှာက ရုပ်ချည်ပြောင်းလဲသွားလေတော့တယ် … မာထန်တဲ့သူမမျက်နှာက ပြေရော့သွားပြီး ပို၍ပင်စိုးထိပ်နေပုံပင် … သူမက တံခါးဝကနေပြီး ရှုမန်းကို ဆွဲခေါ်ကာ တစ်စုံတစ်ယောက်ကို ပုန်းရန်ကြိုးစားနေပုံပင် … အရေးကြီးကိစ္စပြောစရာရှိသည့်နယ် …
" မေမေ … ဘာလို့အိမ်ထဲမဝင်တာလဲ "
" မင်းအသံတိုးစမ်း "
သူမက ဘေးဘီဝဲကြည့်ပြီး ဘယ်သူမှမရှိတာသေချာတော့မှ ရှုမန်းအားပြောလာခဲ့တယ် …
" ငါဒီအိမ်မှာမနေချင်တော့ဘူး … ငါ့ကိုအိမ်ပြန်ပို့ပေး … သူကလူကောင်းမဟုတ်ဘူး … သူကဘီလူးလိုပဲ … မဟုတ်သေးဘူး မိစ္ဆာကောင် … အဆင့်နိမ့်တဲ့ မိစ္ဆာကောင် … ငါမုန်းတယ် … ငါသူ့ကိုမုန်းတယ် "
ရှုမန်းသက်ပြင်းဖွဖွချလိုက်တယ် … တုန်လှုပ်ပြီး ကြောက်ရွံ့နေတဲ့ သူ့ရဲ့မိခင်လက်ကို ဆုတ်ကိုင်လိုက်ပြီး …
" ကျွန်တော်တို့မကြာခင်ပြန်ရမှာပါ … ခုကျွန်တော် ပရော့ဂျက်မပြီးမြောက်သေးဘူး "
' ဖြန်း '
သူမရဲ့လက်ဝါးက ရှုမန်းပါးပြင်ကို ကြမ်းတမ်းစွာရိုက်ခပ်လိုက်တယ် … အသံကကျယ်လောင်သလို နာကျင်ပေမဲ့ ရှုမန်းခေါင်းငုံ့၍သာငြိမ်နေမိတယ် …
" မင်းဘာကြောင့် ဒီလောက်တောင်အသုံးမကျတာလဲ … ဒီငရဲလိုနေရာမှာငါမနေနိုင်ဘူး … ချက်ချင်းပြီးအောင်လုပ်ပြီး ငါ့ကိုခေါ်သွား … မထားခဲ့နဲ့အရူးရဲ့ ငါမနေချင်ဘူး "
လွန်ခဲ့သောနှစ်တွေက ရှန်ဟွှာကနေ နှင်ထုတ်ခံရပြီးနောက် သူမစိတ်တွေကပုံမှန်မဟုတ်တော့ပေ … ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားပြီး သူမလောဘတွေကြောင့် ဒေါသထွက်ကာ သူမစိတ်တွေတားစီးမရနိုင်လောက်အောင် လောင်ကြွမ်းသွားခဲ့တယ် … သူမကို ပုံမှန်ဆေးကြွေးနေရပြီး ကျန်းမာရေးအတွက် အစောင့်အရှောက်တွေနဲ့ အိမ်သီးသန့်ထားထားရတယ် …
ရှုမန်းသာ ရှန်ဟွှာကိုပိုင်ဆိုင်နိုင်ရင် သူ့ရဲ့မိခင်ကိုလဲ ပြန်ခေါ်မည်ဟုဆုံးဖြတ်ထားတယ် … သူတို့ခံစားခဲ့ရသလို ရှန်ဟွှာကို ကျရှုံးမှုဆိုတဲ့ အရသာကို ခံစားစေပြီး ပိုင်ဆိုင်မှုတွေအားလုံးရယူပြီးရင် ဘဝသစ်တည်ဆောက်ဖို့ သူ့ရဲ့အတွေးထဲမှာ အမြဲနေရာယူနေခဲ့တယ် …
" ကိုကို "
အနောက်ကခေါ်သံကြောင့် ရှုမန်းလှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ် …. ဆံပင်ရှည်လေးတွေကိုအနောက်တစ်ဝက်တင်စည်ထားပြီး ပေါ့ပါးတဲ့ဝတ်ဆုံးလေးနဲ့ … အသက်ကတော့ ရှုမန်းထပ် ၃ နှစ်သာငယ်ပေမဲ့ နုရွပြီးဖြူဖွေးတဲ့အသားအရည်ကြောင် ၂၀ အရွယ်ကောင်လေးဟုတောင်ထင်ရလောက်အောင်ချောမောတယ် … သို့ပေမဲ့ သူက ဘီတာတစ်ယောက် …
ရှုမန်းရဲ့မျက်နှာက ချက်ချင်းလန်းဆန်းသွားပြီး သူ့မိခင်အရှေ့ကနေ ထိုကောင်လေးထံလျှောက်လာခဲ့တယ် …
" ရန်အာ … မင်းလဲအိမ်မှာရှိနေတာလား "
" အင်း … ကျွန်တော်ဒီနေ့ဘယ်မှမသွားဘူး … ခုကျွန်တော်သခင်မကြီး ဆေးသောက်ရမဲ့အချိန်ရောက်ပြီမလို့ ဆေးတွေယူလာတယ် ကိုကို "
အပြုံးချိုချိုနဲ့ကောင်လေးရဲ့လက်ထဲမှာ ဆေးနဲ့ရေခွက်တင်ထားတဲ့ လင်ဗန်းကိုကိုင်ဆောင်ထားလေတယ် … ရှုမန်းသူ့ရဲ့မိခင်ဘက်ကိုလှည့်လိုက်တော့ သူမမျက်နှာက ပုံမှန်နဲ့ခြားနားနေပြီး အကြည့်တွေက သူ့အနောက်ကကောင်လေးထံ စူးစိုက်နေကာ သတ်တော့မလိုပင် …
ရှုမန်းချက်ချင်းကောင်လေးအရှေ့ကနေကာရပ်လိုက်တယ် … သို့ပေမဲ့ သူ့ရဲ့မိခင်က အရှိန်နဲ့ပြေးလာပြီး ကောင်လေးလက်ထဲကဗန်းကိုရိုက်ချပြစ်လိုက်တယ် …
" ထွက်သွား … မကောင်းဆိုးဝါးကောင် "
ရှုမန်းသူ့မိခင်ကို ဖမ်းချုပ်ထားပြီး တားစီးပေမဲ့ ခွက်ထဲကရေတွေက ကောင်လေးရဲ့အင်္ကျိတွေပေါ်ရွှဲသွားလေတယ် …
" မင်း အဆင်ပြေရဲ့လား "
" ကျစ် … ရပါတယ် ကျွန်တော် အင်္ကျိသွားလဲလိုက်မယ် "
အပြုံးလေးနဲ့ပြန်ဖြေလာပြီးနောက် ကောင်လေးရဲ့အကြည့်တစ်ချပ်က ရှုမန်းလက်ထဲက မိခင်ကို ငြိမ်ကျသွားစေပြီးနောက် ထိုနေရာကနေ လှည့်ထွက်သွားလေတယ် … ထိုအရာကို ရှုမန်းသတိမထားမိပေ … ငြိမ်ကျသွားတဲ့မိခင်ကို အစောင့်တွေအားတွဲခေါ်သွားစေပြီး အခန်းထဲပြန်ပို့လိုက်တယ် … ပြီးနောက် ကောင်လေးရဲ့အခန်းထဲသို့ လိုက်သွားလေတယ် …
" ရန်အာ "
အခန်းတံခါးဖွင့်လိုက်တာနဲ့ သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေးကြောင့် ရှုမန်း ရပ်တန့်ပြီး သူ့ရဲ့လက်တွေနဲ့ ဖက်သွယ်ထားလိုက်တယ် …
" ကို့အမေက မင်းကိုအနိုင်ကျင့်သေးလား "
" အင်း … ကျွန်တော့ကို ထွက်သွားဖို့အမြဲပြောတယ် "
" စိတ်ထဲမထားနဲ့ … ဒါကမင်းရဲ့အိမ်ပဲ … ကို့အမေကို စောင့်ရှောက်ပေးလို့ကျေးဇူးပါကွာ "
" ကျွန်တော်က ဘီတာမလို့လားဟင် … အကိုရောကျွန်တော့ကိုထွက်သွားခိုင်းမှာလား "
" မင်းဘီတာဖြစ်တော့ရော ဘာကိုဂရုစိုက်နေမှာလဲ … ငါမင်းကိုကြိုက်လို့ပဲ မင်းအနားမှာရှိနေတာလေ … ခုဒီကိုလာတာက ကိုယ်တို့အစီအစဉ်အောင်မြင်တော့မယ်ဆိုတာ လာပြောတာ "
" တကယ်လားဟင် "
" ဒါပေါ့ … ကို့တို့အတူတူနေလို့ရတော့မှာ … ခုလိုခိုးပြီးတွေ့စရာမလိုတော့ဘူး "
ထိုသူက ဘားပိုင်ရှင်လေး ရန်အာဖြစ်ပြီး ရှုမန်းနဲ့ကြိုက်နေတာ နှစ်တွေကြာခဲ့ပြီ … မိခင်ကသဘောမတူပေမဲ့လဲ သူတို့လမ်မခွဲပဲ ခုချိန်ထိ အတူရှိနေတုန်းပဲ … အကြောင်းက ရှုမန်းနဲ့သူ့မိခင် ဒီနှစ်တွေမှာ ပုန်းနေနိုင်တာ ယောင်းရဲ့အကူအညီပါဝင်သလို ရန်အာကသူ့ရဲ့အိမ်တော်မှာ ဖွက်ထားပေးချင်းကြောင့်ပင် … ရန်အာက ဘီတာဖြစ်၍ ရှုမန်းမိခင်ရဲ့အနှိပ်ကိုခံရပေမဲ့ ခုချိန်ထိ ရှုမန်းအနားမှာရှိနေဆဲပင် …
" ကိုကိုဒီနေ့လဲတန်းပြန်မှာလားဟင် "
နူးညံ့တဲ့အသံလေးနဲ့ကပ်ကာချွဲနေတဲ့ကောင်လေးကို ရှုမန်းမတွန်းလှန်နိုင်တော့ပေ …
" ကို့ကိုရူးအောင်လုပ်နေတာလားကွာ … ဒီလိုပုံစံမျိုးနဲ့ ကိုယ်ပြန်နိုင်မယ်ထင်နေလား "
" ခ်ခ် … ဒါဆို ဒီညကျွန်တော်နဲ့နေမှာပေါ့နော် "
" ဒီည မင်းကိုအပြစ်ပေးမှရတော့မယ် … ကိုယ်အရမ်းပျော်နေတဲ့အတွက် "
" ကြိုက်သလောက်အပြစ်ပေး "
" ဟား … ဟား … "
ရယ်သံတွေနဲ့ သာယာကြည်နူးမှုတွေနဲ့ပြည့်နေတဲ့အခန်းရဲ့တဖက်မှာတော့ …
" ငါမသောက်ဘူး … နင်တို့ငါ့ကိုသေအောင်လုပ်နေကြတာ ငါ့သားနဲ့ငါ့ကိုလွှတ်ပေး … ငါမသောက် … အား "
ခနကြာတော့ အသံအားလုံး တိတ်ဆိတ်သွားလေတယ် … ထိုအရာတွေအားလုံးကို တဖက်ကအခန်းထဲမှာ ချစ်ရည်လူနေတဲ့ ရှုမန်းတစ်ယောက် မသိပေ …
*
*
*
*
တစ်ဖက်တွင်တော့ …
" အကို မျက်မှန်မတပ်ပဲ မျက်ကပ်မှန်ပြောင်းသုံးကြည့်ပါလား "
" မလိုဘူး … ငါ့အတွက်မျက်မှန်တစ်လပ်ရှိရင်ရပြီ "
" ဒါပေမဲ့ အကို့ရုပ်က ဒီလောက်နုနေတာ မျက်ကပ်မှန်တပ်လိုက်ရင် ၂၀ ကျော်လို့တောင်ထင်နိုင်တယ် "
" ငါမကြိုက်ဘူး … မျက်မှန်ပဲတပ်မယ် "
" မျက်ကပ်မှန်ပဲတပ်ဆိုနေ … အကိုမလှချင်ဘူးလား "
" ရုပ်လှဖို့မလိုဘူး အမြင်ကြည်ဖို့ပဲလိုတာ "
" မရဘူး … ကျွန်တော်နဲ့ဒီညနေ မျက်ကပ်မှန်လိုက်ဝယ်ရမယ် "
" မလိုက်နိုင်ဘူး … ငါမျက်မှန်ဝယ်ပြီးပြီ "
သူတို့ မျက်မှန်လုပ်လာတဲ့ အပြန်လမ်းတစ်လျှောက် ငြင်းခုံလာကြတယ် … ချူးရှန့် ရှန်ဝေနဲ့အတူနေဖို့ အထုတ်အပိုးတွေပြင်ဆင်ပြီးလိုက်လာခဲ့ခြင်းပင် … ရှန်ဟွှာနဲ့လဲအလှမ်းမဝေးသလို ရှန်ဟွှာရဲ့နယ်မြေလဲမဟုတ်တဲ့ အဆောက်အဦးတစ်ခုထံရောက်လာခဲ့တယ် … ထိုနေရာက အဆင့်မြင် တည်းခိုဆောင်ဖြစ်ပြီး အိပ်ခန်းတစ်ခန်းရဲ့တန်ဖိုးက သာမန်လူမျိုးစုများ အိမ်မက်ပင်မက်ရဲမည့်ပမာနမဟုတ်ခြေ … ထိုအဆောက်အဦးရှေ့ရောက်တော့ ချူးရှန့် ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ် …
" ရှန်ဝေ … မင်းပြောတော့ မင်းရဲ့တိုက်ခန်းကိုသွားမှာဆို "
" ဟုတ်တယ်လေ … ဒါပေမဲ့ နေရာကသိပ်အဆင်မပြေလို့ အကိုအဆင်ပြေမဲ့နေရာကို ရွေးပေးတာ "
" ဒီနေရာက အဆင်ပြေပေမဲ့ အခန်းခကျ မင်းအနေနဲ့အရမ်းများမနေဘူးလား "
ထိုအခါမှရှန်ဝေ သူလိမ်ညာထားတာကိုသတိရသွားတယ် … အပျော်လွန်ပြီး ဈေးနှုန်းကိုမကြည့်မိပဲ အဆောက်အဦတစ်ခုလုံးကိုဝယ်မိလိုက်တယ် … ချူးရှန့်အမြင်မှာ သူလိုသာမန်လူက ဒီအဆောက်အဦးကအခန်းမျိုးကို ဘယ်လိုလုပ်ငှားနိုင်မှာလဲ … ဝယ်ထားတယ်ဆိုတာသိရင် ချူးရှန့်သံသယဝင်သွားနိုင်တယ် …
ရှန်ဝေ အလျှင်အမြန်စဉ်းစားပြီး ပြန်ဖြေလိုက်တယ် …
" ဒီနေရာကဈေးကြီးတာမှန်ပေမဲ့ သူဌေးက ဟိုအရင်ကကျွန်တော့အလုပ်ရှင်ဟောင်းလေ … ဒါကြောင့် သူကကျွန်တော့ကို ထပ်ဝက်ကျေးနဲ့အကြွေးငှားပေးတာ … တစ်လချင်းရှင်းလို့ရတယ် "
" ဒီလောက်ဈေးကြီးတဲ့အခန်းကို ဈေးလဲလျော့ပေးတယ် … ပြီးတော့သူကတစ်လချင်းပေးသွင်းခိုင်းတာလား "
" ဟုတ်တယ် … ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ် "
ရှန်ဝေက ချူးရှန့်နား ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ် …
" တကယ်တော့ ဒီအဆောက်အဦးက သရဲခြောက်လို့ ဘယ်သူမှမငှားရဲကြဘူး … ကျွန်တော်တို့အဲ့ဒါကြောင့် ဈေးချိုချိုနဲ့ရတာလေ "
" အိုး … တကယ်လား "
ချူးရှန့်က သရဲသစေတွေကိုအယုံကြည်မရှိသလို ကြောက်တတ်တဲ့သူလဲမဟုတ်ဘူး … သာမန်လာတွေကြောက်တတ်တာကိုတော့ သူနားလည်ပေးတယ် … တကယ်ယုံကြည်သွားတဲ့ချူးရှန့်ကိုမြင်တော့ ရှန်ဝေကြိတ်ခါရယ်နေမိတယ် …
" အကိုက ကြောက်လို့လား "
" မကြောက်ပါဘူး … အဆင်ပြေပါတယ် … ငါတို့အထဲဝင်ကြရအောင် "
ချူးရှန့်သံသယကင်းသွားတာသေချာတော့မှာ ရှန်ဝေအနောက်ကနေလိုက်ဝင်လာတယ် … အခိုင်းအစေတွေက အိပ်တွေကို သူတို့နေမဲ့အခန်းထဲသို့ သယ်ဆောင်သွားကြတယ် … အဆောက်အဦးကတိတ်ဆိတ်ပြီး ဝန်ထမ်းအားလုံးကလဲ ဖော်ရွေကြတာမို့ ချူးရှန့်သဘောကျနေလေတယ် …
" ဒီနေရာကတကယ်ကောင်းတာပဲ … ဒီလောက်ဝန်ဆောင်မှုကောင်းတာကို လူတစ်ယောက်မှမရှိတာအံ့ဩမိတယ် "
အဲ့ဒါက အကို့အတွက်သီးသန့်မို့ပါဗျာ … တခြားသူတွေဆို ဒီလိုလုပ်ပေးမှာမဟုတ်ဘူး … ပြီးတော့ ဒီအဆောက်အဦးမှာ အကိုနဲ့ကျွန်တော် ၂ ယောက်ပဲရှိတယ် …
ရှန်ဝေစိတ်ထဲကနေ ရေရွတ်လိုက်ခြင်းပင် … ချူးရှန့်ကတော့ ပုံမှန်ကွန်ဒုိတစ်ခုဟုသာထင်နေပြီး ဈေးချိုချိုနဲ့အဆင်ပြေပြေနေရတဲ့အတွက် ကျေနပ်နေလေတယ် …
အခန်းထဲကိုရောက်တော့ …
" ဝါး … ဒါက အိမ်တစ်လုံးနဲ့တောင်တူနေတယ် … အခန်းကလဲ ၂ ခန်းရှိတယ် "
ရှန်ဝေအကောင်းဆုံးအဆောက်အဦးကိုရွေးချယ်ခဲ့ပေမဲ့ အခန်းဖွဲ့စည်းပုံကိုမစဉ်းစားမိခဲ့ဘူး … ဘာကြောင့် အခန်းပိုတစ်လုံးရှိနေရတာလဲ … ခုချက်ချင်း အရင်ကနေခဲ့တဲ့ အိပ်ခန်းတစ်ခန်းသာပါတဲ့အခန်းကျဉ်းလေးထံသွားလိုက်ချင်မိတယ် …
စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တဲ့ ရှန်ဝေကိုမြင်တော့ ချူးရှန့် ရေခဲသေတ္တာထဲက ရေဘူးတစ်ခုကို ယူလာပြီး ရှန်ဝေထံကမ်းပေးလိုက်တယ် …
" နေမကောင်းဘူးလား … အခန်းထဲသွားနားလေ "
ရှန်ဝေ မျက်နှာငယ်လေးနဲ့ ချူးရှန့်ထံကြည့်လိုက်ပြီး …
" အကို အခန်းကိုသဘောကျလား "
ချူးရှန့်က ကျေနပ်နေတဲ့အကြည့်လေးနဲ့ …
" ဒါကအတော်လေးကိုအဆင်ပြေတယ် … အခန်းလဲကျယ်တယ် … ဧည့်ခန်းနဲ့ထမင်းစားဆောင် မီးဖိုခန်းကလဲ သပ်သပ်စီ … ဝရံသာလဲပါတယ် … တမြို့လုံးရဲ့အလှကိုလဲ ကြည့်လို့ရတယ် … ငါဒီနေရာကိုသဘောကျတယ် "
ချူးရှန့်သဘောကျတာမြင်ရတော့ ပျော်မိပေမဲ့ ရှန်ဝေ စိတ်မသက်မသာဖြစ်နေသေးတယ် … သူထင်တာက ချူးရှန့်သူနဲ့အတူလာနေမယ်ဆိုရင် တစ်ခန်းတည်းသုံးပြီး တစ်ကုတင်ထဲအိပ်ရမယ်လို့ထင်ထားတာ ခုတော့ …
" ဒါဆိုသွားနားရအောင် … အထုပ်အပိုးတွေနောက်မှပြင်ကြမယ် "
ခရီးဝေးကနေလာရတော့ ချူးရှန့်ပင်ပန်းသွားတယ်ထင်ရဲ့ သူ့အခန်းထဲဝင်သွားပြီး ခနကြာတော့အိပ်ပျော်သွားလေတယ် … ရှန်ဝေဧည့်ခန်းထဲမှာထိုင်ကာ စဉ်းစားနေရင်း သူ့အရှေ့က ဖုန်းဟာ ရုတ်တရပ်တုန်ခါပြီး နာမည်တစ်ခုပေါ်လာတယ် …
" ယုယွမ် "
ခနကြာတော့တံခါးပိတ်သံနဲ့အတူ ရှန်ဝေအဆောက်အဦးအပြင်သို့ ထွက်လာခဲ့တယ် … အနက်ရောင်ကားလေးက အပေါက်ဝမှာရပ်ထားပြီး ကားထဲကနေ ချောမောလှပသည့်အမျိုးသမီးတစ်ဦးထွက်လာတယ် … သူမက အဆောက်အဦးထဲကနေထွက်လာတဲ့ ရှန်ဝေကိုမြင်တော့ လက်ရမ်းပြလိုက်ပြီး ပျော်ရွှင်မြူးထူးနေတဲ့အသံလေးနဲ့ အော်ခေါ်လိုက်တယ် …
" ဝေကောကော " ( ကိုကိုဝေ )
" ယုယွမ် "
" ကောကောပြန်လာတာကိုဘာလို့အကြောင်းမကြားတာလဲ … ယုလာကြိုမှာပေါ့ "
သူမက ရှန်ဝေလက်ကို ဆွဲကိုင်လိုက်ပြီး …
" ကောကော ထွက်ပြေးလို့မရတော့ဘူး … ယုနဲ့လိုက်ခဲ့ "
" ငါမအားဘူး … မင်းကိုဆက်ပြီးမနှောက်ယှက်ဖို့ပြောထားတယ်လေ "
သူမက မျက်နှာငယ်လေးနဲ့မော့ကြည့်လာပြီး …
" ကောကော … ယုကို ခုချိန်ထိ မုန်းနေတုန်းလားဟင် "
ရှန်ဝေက စိတ်ရှုတ်ထွေးနေသည့်နယ် သူမလက်ကို ဖယ်ထုတ်လိုက်ပြီး …
" ငါဘယ်သူ့ကိုမှစိတ်မဆိုးဘူး … ကျေးဇူးပြုပြီးမနှောက်ယှက်ပါနဲ့ … ငါအေးဆေးနေချင်တယ် "
သူမကလက်မလျော့ပဲ ရှန်ဝေလက်ကိုဆွဲကိုင်လိုက်ပြီး …
" ကောင်းပြီလေ … ဒါဆို ယုနဲ့အချိန်ခနပဲပေး … ကောကောနဲ့စကားပြောပြီးရင် ယုပြန်မယ် "
" မင်းငါ့အကြောင်းတွေ ဘယ်သူ့ကိုမှမပြောမှာသေချာလား "
" အင်း "
ရှန်ဝေမငြင်းဆန်နိုင်တော့ပဲ သူမနဲ့အချိန်ကုန်ဆုံးဖို့သဘောတူလိုက်တယ် …
ညနေစောင်းတော့ အပေါ်ထပ်မှာအိပ်ပေါ်နေတဲ့ရှန်ဝေနိုးလာပြီး အိမ်ခန်းထဲကနေထွက်လာခဲ့ပေမဲ့ အပြင်၍ ဘယ်သူမှမရှိနေ …
" ရှန်ဝေ "
ဘာတုန့်ပြန်သံမှမကြားရတော့ ကိစ္စတစ်ခုကြောင့် အပြင်သွားနေတာဟု ထင်မှတ်လိုက်ပြီး စိတ်ရွှင်လန်းစေဖို့ လေညှင်းခံရန် ဝရံတာသို့ ထွက်လာခဲ့တယ် … မထင်မှတ်ပဲ အဆောက်အဦးရဲ့အောက်ခြေက ပန်းခြံလေးထဲမှာ ပျော်ရွှင်နေတဲ့ လူ ၂ ယောက်ကိုမြင်သွားလေတယ် …
" ခုခေတ်ကလေးတွေကတော့ အပူအပင်ကင်းမဲ့လိုက်တာ … သူတို့ကြည့်ရတာ ကြည်နူးဖို့ကောင်းတယ် "
ချူးရှန့်တို့အခန်းက ဒုတိယထပ်ဖြစ်၍ အရှေ့ကပန်းခြံနဲ့အတော်လေးနီးစပ်ပြီး အရာအားလုံးကို ရှင်းလင်းစွာမြင်နိုင်တယ် … ပန်းခြံလေးထဲမှာ အနက်ရောင်ဆံနွယ်ရှည်လေးကချထားပြီး လှပတဲ့ကိုယ်လေးကို Sexy ကျစွာဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ဦးက ခန္ဓာကိုယ်တောင့်တင်းပြီးခန့်ညားတဲ့အမျိုးသားရဲ့လက်ကိုဆွဲကာ တစ်စုံတစ်ရာကိုအတင်းအကြပ်တောင်းဆိုနေပုံပင် …
ထိုကောင်လေးကို အနောက်ကနေမြင်နေရ၍ ဘယ်သူမှန်းအသဲကွဲပေမဲ့ ရုတ်တရပ် အနောက်ကိုလှည့်လာတော့ ချူးရှန့်စွံ့အသွားလေတယ် …
" အာ … ရှန်ဝေလား "
ရှန်ဝေက သူ့အနောက်ကခုံပေါ်ကိုပြန်ထိုင်လိုက်တယ် … အစက ထွက်သွားဖို့ပြင်နေပုံပဲ … သူမကလဲ ရှန်ဝေပြန်ထိုင်သွားတာမြင်တော့ ပျော်ရွှင်သွားပြီး ရှန်ဝေဘေးမှာဝင်ထိုင်ကာ နားကျပ်တစ်ဖက်ကို ရှန်ဝေနားထဲထည့်ပြီး ကျန်တစ်ဖက်ကို သူမနားထဲထည့်လိုက်တယ် …
ချူးရှန့်ရုတ်တရပ် ထိုမြင်ကွင်းကိုဆက်မကြည့်တော့ပဲ အခန်းထဲဝင်သွားကာ ရေခဲသေတ္တာထဲကရေအေးအေးလေးတစ်ခွက်ကိုမော့သောက်လိုက်တယ် … ရုတ်တရပ်ကြီး ဘာကြောင့် ရင်တွေပူလာမှန်းမသိဘူး … အစက လူငယ်သဘာဝနားလည်နိုင်ပေမဲ့ ထိုကောင်လေးက ရှန်ဝေမှန်းသိလိုက်ရတော့ သူ့ရဲ့စိတ်တွေ လေးလံလာတယ် …
" ကျစ် … ငါကဘာကြောင့် စိတ်ပူနေရတာလဲ … ငါကသူ့အဖေမှမဟုတ်တာ … သူဘယ်သူနဲ့တွဲတွဲပေါ့ … ဒါပေမဲ့ အဲ့ဒိကောင်မလေးကဘယ်သူလဲ … သူ့မှာမိတ်ဖက်ရှိနေတာလား … ဘာလို့ငါ့ကိုကျမပြောပြတာလဲ … တချိန်လုံးငါ့နားကပ်နေပြီးတော့ ငါ့အကြောင်းတွေကျအကုန်သိပြီး သူ့အကြောင်းတွေကြငါ့ကို ဖုံးကွယ်ထားတယ် … ဒါကမတရားဘူး "
ချူးရှန့် မျက်မှန်ကို ပင့်တင်လိုက်ပြီး …
" ခုကစပြီး ငါမင်းရဲ့အနောက်ကိုလိုက်မယ် ရှန်ဝေ " ( AN / လိုက်စုံစမ်းတာပါနော် အပျိုကြီးက ဝေဝေလေးကို စိတ်မချဖြစ်နေတာ 😜🤣 )
တခနကြာတော့ ချူးရှန့် ဝန်ထမ်းတွေရောက်လာပြီး သူတို့စားချင်တဲ့အရာတွေကိုမေးမြန်းတဲ့အခါ ချူးရှန့်က ချက်ကြွေးဖို့မလိုကြောင်း ကိုယ်ပိုင်ချက်ပြုတ်မယ်ဟု ပြန်ပြောလိုက်တယ် … ထိုအခါ ဝန်ထမ်းတွေက ချက်ပြုတ်ဖို့ အသီးအရွက်နဲ့အသားငါးအဆုံးလာပို့သွားကြတယ် … ချူးရှန့်မငြင်းပယ်နိုင်၍ လက်ခံပြီး စားသောက်ဖို့အတွက် ပြင်ဆင်လေတော့တယ် … စိတ်ထဲမှာ နည်းနည်းလေး ထူးဆန်းနေတာသိပေမဲ့ ရှန်ဝေပြောထားတဲ့ သရဲခြောက်တဲ့အတွက် လူတွေမငှား၍ ယခုလိုအထူးဝန်ဆောင်မှုတွေပေးနေတာဖြစ်မယ်ဟုသာ ထင်မိပြီး ဆက်ပြီးမစဉ်းစားတော့ခြေ …
ရှန်ဝေအခန်းထဲပြန်ရောက်တော့ မွှေးပြန့်ရဲ့ဟင်းရနံ့တွေက သူ့အားစီးကြိုနေတယ် …
" အကို နိုးနေပြီလား "
ချူးရှန့်က နောက်ဆုံးဟင်းပွဲဖြစ်တဲ့ ဟင်းရည်အိုးကိုယူလာပြီး စားပွဲရဲ့အလယ်မှာချလိုက်တယ် …
" အင်း ညနေစာအားလုံးပြင်ဆင်ပြီးပြီ တခါတည်းစားတော့မှာလား "
ရှန်ဝေအပြင်မှာ ယုယွမ်က ညစာစားဖို့ခေါ်တော့ ငြင်းခဲ့၍ အမှန်ပင်ဗိုက်ဆာနေပြီ … သူတွေးထားတာက ချူးရှန့်မနိုးခင် ဝန်ထမ်းတွေကိုအကောင်းဆုံးဟင်းတွေနဲ့ပြင်ဆင်ခိုင်းပြီး စပရိုက်လုပ်ရန်ပင် … ခုတော့ ချူးရှန့်က သူ့အားပြန်ပြီးစပရိုက်လုပ်သွားတယ် …
" အကိုချက်ထားတာ အရသာရှိမဲ့ပုံပဲ "
ချူးရှန့်နဲ့ရှန်ဝေ ခုံပေါ်ထိုင်ပြီး ညနေစာကိုစပြီး စားသောက်ကြတယ် … ချူးရှန့်လက်ယာက ရှန်ဝေအတွက် အကောင်းဆုံးဖြစ်သလို ဘယ်လောက်ဈေးကြီးတဲ့ဟင်းပွဲတွေနဲ့မှမယှဉ်နိုင်အောင်ကောင်းလွန်းတယ် … ရှန်ဝေက ချူးရှန့်အရှေ့မှာ မျိုးရိုးနိမ့်အဖြစ်ဟန်ဆောင်ထား၍ လွတ်လပ်စွာစားသုံးတာကအကျင့်ဖြစ်နေပြီ … အကယ်၍အကြီးအကဲတွေနဲ့တွေ့ဆုံပွဲမျိုးဆို ထိုအကျင့်ကိုမနည်းဖျောက်နေရတယ် … ချူးရှန့်ကလဲ သူ့လက်ယာကို နှစ်ခြိုက်စွာစားသုံးနေတဲ့ ရှန်ဝေကိုကျေနပ်စွာကြည့်နေမိတယ် …
ရှန်ဝေဘယ်သွားပြီး ဘယ်သူနဲ့တွေ့ခဲ့လဲမေးချင်ပေမဲ့ ချူးရှန့် မေးမထွက်ခဲ့ဘူး … ဒီကောင်လေးမှာလဲ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသင့်တာပဲ … သူ့လိုအမြဲအထီးကျန်နေတဲ့သူမဖြစ်စေချင်ဘူး … ဒါပေမဲ့ အဲ့ဒိကောင်မလေးကဘယ်သူလဲဆိုတာ ရှန်ဝေမသိအောင်စုံစမ်းရမယ် … ဒါကသူကောင်းဖို့အတွက်ပါ … သူ့ဘဝကို ဝင်စွက်ဖက်တာမှမဟုတ်ပဲ … ငါ့ကိစ္စမဟုတ်ပေမဲ့လဲ ငါသိဖို့လိုအပ်မယ်ထင်လို့ … ( AN / J ဝင်ရင်ဝင်တယ်ပေါ့ အပျိုကြီးကတော့ 😜🤣 )
*
*
*
*
" လုယီလေး "
" ကိုကိုချောချော … YiYi တွက် မုန့်မုန့်ပါလား "
" ပါတာပေါ့ … ဒီမှာ လုယီလေးအတွက် "
မင်းယွီတို့ရောက်တာ ၃ ရက်ရှိပေမဲ့ ခုထိအိမ်မပြန်ရသေးဘူး … မိခင်ကိုလဲ ဆက်သွယ်၍မရသလို ဖန်းဂူကလဲဘာတစ်ခွန်းမှမပြောပြဘူး … အကြောင်းတစ်ခုခုရှိမယ်ဆိုတာသိပေမဲ့ ဖန်းဂူကမသိစေချင်မှန်းသိ၍ မင်းယွီမမေးမြန်ပဲနေနေခဲ့တယ် …
ယာရှာကတော့ နေ့တိုင်းပုံမှန်လာပြီး လုယီလေးကိုအဖော်ပြုပေးတယ် … သူမက အရင်ကလောက်မကြမ်းတမ်းတော့သလို ပေါင်းကြည့်မှ စိတ်သဘောထားကောင်းပြီး စိတ်ရှည်တတ်သူဆိုတာသိလာတယ် … ဖန်းဂူသူမကိုယုံကြည်တာ မထူးဆန်တော့ပါဘူး …
" ယာရှာ … ကျွန်တော်ဘာကူပေးရမလဲ "
" မလိုပါဘူး … အဲ့နားမှာပဲထိုင်နေ … သခင်လေးမြင်ရင် ကျွန်မအဆူခံရလိမ့်မယ် "
ယာရှာက ယူလာတဲ့ကြက်ကြော်တွေကို ပန်းကန်တစ်ခုထဲခွဲထည့်ပြီး လုယီလေးကိုတစ်ခွက်မင်းယွီကိုတစ်ခွက်ချပေးလိုက်တယ် …
" ဘာလို့အများကြီးဝယ်လာတာလဲ "
" တကယ်တော့ ဒါတွေကဝယ်လာတာမဟုတ်ဘူး … ရှင့်ရဲ့အမေကပေးလိုက်တာ "
မင်းယွီမျက်ဝန်းလေးတွေပြူးကျယ်လာပြီးသူမအားမော့ကြည့်လာတယ် … ယာရှာကလဲ ဒီလိုတုန့်ပြန်မယ်ဆိုတာ သိနေ၍ အနားကခုံပေါ်မှာဝင်ထိုင်လိုက်တယ် …
" သူမက ကျွန်မနဲ့ရှင်နဲ့သိတာကိုမသိဘူး … ဒါတွေကကျွန်မအတွက်ပေးလိုက်တာ "
လုယီလေးက ကြက်ကြောကိုယူစားလိုက်ပြီး …
" အာ ကောက်တယ်ပါပါး … ဖွားဖွားကြော်တဲ့ဟာနဲ့တူတူပဲ … ကိုကိုချောချောလေး ဒါတွေကိုဘယ်ကဝယ်လာတာလဲဟင် … YiYi ဖွားဖွားကြော်ပေးတဲ့ဟာနဲ့တူတူပဲ "
" အဲ့လောက်တောင်အရသာရှိတာလား "
" အင်း … အင်း … အရမ်းကောင်းတာ … YiYi အိမ်ပြန်ရောက်ရင် ကိုကိုချောချောလေးဖို့ ဖွားဖွားကို လုပ်ကြွေးခိုင်းမယ် "
ယာရှာရုတ်တရပ် မင်းယွီနဲ့လုယီကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိတယ် … ခုချိန်ထိ ရှန်ဟွှာနဲ့ပိုင်မိသားစု ဘာတွေဖြစ်ခဲ့တယ် ဆိုတာ မင်းယွီမသိသေးဘူး … ဒါတောင်မှ ဖန်းဂူကိုယုံကြည်ပြီး ခုချိန်ထိမမေးမြန်းပဲ ဖန်းဂူထားသလိုနေနေတဲ့မင်းယွီကိုပိုသနားမိတယ် …
ရှန်ဟွှာရန်းက ပိုင်မျိုးရိုးကို Poor Relation အဖြစ်သတ်မှတ်ပြီး လုယီလေးကို လုယူမဲ့အပြင် ဖန်းဂူနဲ့မင်းယွီကိုလဲ ခွဲမယ်ဆိုတာ မင်းယွီမသိသေးပေ … ဒါတွေကိုဖြစ်မလာဖို့ ဖန်းဂူကြိုးစားနေပေမဲ့ အရမ်းကြာသွားရင် မိသားစုရေးတင်မက တခြားအရာတွေပါ ပါဝင်လာပြီး ထိန်းမနိုင်မည်ဆိုးရတယ် …
ယာရှာစိုးရိမ်တာက ရှန်ဖန်းဂူ သူ့မိသားစုအတွက် အရာအားလုံးကိုဆုံးရှုံးခံမည်ကိုပဲ … ဒါကိုတားစည်းနိုင်မည့်သူက မင်းယွီတစ်ယောက်ထည်းသာရှိတယ် … သူမ မပြောဘူးလို့ကတိပေးထားပေမဲ့ ဆက်ပြီးအချိန်ဆွဲနေလို့မဖြစ်တာကြောင့် မင်းယွီကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ် …
" ပိုင်မင်းယွီ … နင်ဘာကြောင့် သခင်လေးက အိမ်တော်ကိုပြန်မပို့တာလဲဆိုတာ မမေးကြည့်တာလဲ "
" ငါသိချင်ပေမဲ့ သူ့ကြည့်ရတာ စိတ်ရှုတ်နေပုံပေါ်လို့ … ပြီးတော့ ငါ့သိသိမသိသိအဲ့ဒါကအရေးမကြီးပါဘူး "
" တကယ်ပဲအရေးမကြီးဘူးလို့ထင်လား … နင့်ရဲ့မိသားစု ခု A မြို့တော်မှာမရှိဘူးဆိုတာ သိလား "
" မေမေက ဒီမှာမရှိဘူးလား … သူမဘာကြောင့် ငါနဲ့ဖုန်းပြောတော့မပြောတာလဲ "
မင်းယွီစိုးရိမ်စိတ်တို့ကြီးဆိုးလာရတယ် … သူက သူ့မိခင် အိမ်မှာပဲအေးအေးဆေးဆေးရှိနေမယ်ဟုထင်နေခဲ့ခြင်းပင် …
" သူမဘယ်လိုလုပ်ပြောထွက်မှာလဲ … နင်သိသွားရင်ရော သူမဆီသွားမှာလား … သူမစိုးရိမ်တာက နင်ပြန်မလာမှာကိုပဲ … ဒါကြောင့် အမှန်တွေကိုမပြောပြတာ "
" ဒီရက်တွေမှာဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့ကိုပြောပြပါ … ကျွန်တော်အားလုံးကိုသိချင်တယ် "
တစ်စုံတစ်ရာဖုံးကွယ်ထားမှန်းသိပေမဲ့ ဖွင့်ပြောလာမှာကိုပဲစောင့်နေမိတယ် … ခုတော့ မေးမြန်းမှရတော့မှာကို သူသိလိုက်ပြီ …
ယာရှာကလဲ အရာအားလုံးကိုမချန်ဝှက်ပဲ အမှန်တရားတွေအားလုံးကိုပြောပြလိုက်တယ် … အဆုံး၌ မင်းယွီ သားလေးကို ရင်ခွင်ထဲမှာတင်းကြပ်အောင်ဖက်သွယ်ထားရင် မျက်ရည်တွေကမတားစီးနိုင်ခဲ့ပေ …
ဘဝကခက်ခဲမယ်ဆိုတာသိပေမဲ့လဲ တကယ်ကြုံတွေ့လာရတော့ ခံနိုင်ရည်မရှိခဲ့ဘူး … အဆင်သင့်ဖြစ်မယ်ထင်ထားပေမဲ့ ဒီလိုဆုံးဖြတ်ရခက်ခဲတဲ့အခြေအနေမျိုးက မင်းယွီကိုအခက်တွေ့စေတယ် …
" ဒီအကြောင်းတွေ သခင်လေးမသိစေနဲ့ … နင်တတ်နိုင်သလောက်ဖျောင့်ဖြကြည့်ပါလား … ခုဆို သခင်လေးက နင်နဲ့သားလေးကိုရွေးချယ်ပြီး ရှန်ဟွှာကိုဆန့်ကျင်ဖို့လုပ်နေတာ … သခင်လေးသာရှန်ဟွှာကိုဆန့်ကျင်ရင် ရှန်ဟွှာပြိုလဲဖို့ကအနှေးနဲ့အမြန်ပဲ "
" ကျွန်ဘာလုပ်သင့်လဲ … ကျွန်တော်လုပ်နိုင်တာမှန်သမျှအကုန်လုပ်ပါ့မယ် "
" ကောင်းပြီ … မင်းဆုံးဖျက်ချက် မှန်မှန်ကန်ကန်ချနိုင်သားပဲ … ခုလောလောဆယ်တော့ ဘာမှမသိသလိုနေပေး … ငါစီစဉ်ပေးမယ် … နင်လုပ်ရမှာက သခင်လေးနဲ့သားကို ရှန်ဟွှာကိုပြန်ပေးပြီး နင့်မိဘတွေအိမ်ကိုပြန်ဖို့ပဲ … ဒါကခနပါပဲ … တစ်သက်လုံးအတွက် ခနသာတော့ပေးဆပ်ရမှာပေါ့ "
" သူကလက်ခံမယ်လို့ထင်လား … ကျွန်တော်ဘယ်လိုပြောရမလဲ … ပြီးတော့ အမေတို့ခုဘယ်မှာလဲဟင် "
ယာရှာက အားလုံးကို ရှင်းပြလိုက်တယ် … တံတားပေါ်ကတိုက်ပွဲအပြီး ပဋိပက္ခတွေဖြစ်ပြီးသွားတော့ ပိုင်သခင်မကို ရှန်ဟွှာကနေဖမ်းခေါ်သွားခဲ့တယ် … ထိုအခါ ပတ်ဒိုမင်းရဲ့သမီးပတ်ဆုန်းချူက ယာရှာထံပြေးလာပြီးအကူအညီတောင်းခံခဲ့တယ် … သူမလဲ ဖန်းဂူပေးထားတဲ့တာဝန်ကြောင့် လှို့ဝှက်လုပ်ဆောင်ရမဲ့တာဝန်ရှိနေ၍ သူမအကြံအတိုင် ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး သူမကိုကူညီဖို့ဆုံးဖြတ်လိုက်တယ် …
ဒီလိုနဲ့ရှောင်အိမ်တော်ကနေ ပိုင်သခင်မကိုကယ်တင်ရာ၌ ယာရှာရဲ့အကူအညီတချို့တစ်ဝက်လဲပါနေခဲ့တယ် … ခုပိုင်သခင်မ ပတ်ဆုန်းချူ ပတ်ဒိုမင်း သူတို့ ၃ ဦးလုံး K မြို့မှာဖြစ်ပြီး ကျန်ရှားမေ့က ရှန်ဟွှာရဲ့အမှုဟောင်းကိုဖော်ထုတ်ဖို့ကြိုးစားနေတယ် … လုပ်ငန်းကလဲ ရှုမန်းလက်ထဲမှာရှိနေ၍ ဖန်းဂူ ရှန်ဟွှာကိုပြန်လာပြီး လုပ်ငန်းကိုဦးဆောင်ရန်နှင့်ယာယီအမှုကိုပိတ်သိမ်းနိုင်ဖို့ မင်းယွီက သာတားစီးနိုင်ကြောင်း သူမကရှင်းပြလိုက်တယ် …
" ပိုင်မင်းယွီပြန်သွားရင် ကျန်းရှားမေ့လဲ အမှုကိုခနရပ်တန့်လိမ့်မယ် … ပိုင်လုယီကိုရှန်ဟွှာဘက်မှာထားရှိရင် အမှုကလဲတရားမဝင်တော့ဘူး … သခင်ကြီးစိတ်မတည်မငြိမ်ဖြစ်နေတာကိုတားစီးနိုင်လိမ့်မယ် … ရှန်ဟွှာမှာသခင်လေးပြန်ရောက်လာခဲ့ရင် ရှုမန်းလဲဘာမှမလုပ်နိုင်တော့ဘူး … ဒါတွေအားလုံးကိုတားစီးဖို့က အခက်အခဲတွေကို ရင်ဆိုင်မှဖြစ်မယ် ရှောင်ပုန်းနေလို့မဖြစ်ဘူး … ခနသာတော့ ခွဲခွာနေရမယ် နင်ကူညီနိုင်မလား "
မင်းယွီ ခေါင်းလေးကိုငုံ့ထားလျှက် သားလေးကိုစိုက်ကြည့်နေပြီး …
" အားလုံးအဆင်ပြေဖို့ဆိုရင် ကျွန်တော်ကူညီပါ့မယ် "
ဒါကခနသာခွဲခွာခြင်းဆိုပေမဲ့ တွေးမိတိုင်နာကျင်ရတယ် … ဒါပေမဲ့ ကျွန်တော်မိသားစုအတွက် ပေးစပ်ရမယ် … ကျွန်တော့ နှလုံးသားလေးနာကျင်နေရင်တောင်မှပေါ့ …
ထိုစဉ်အခန်းတံခါးပွင့်လာပြီး ရှန်ဖန်းဂူပြန်ရောက်လာတယ် … ယာရှာချက်ချင်းပဲနှုတ်ဆက်ပြီး အားလုံးကိုဖုံးကွယ်ထားဖို့ မင်းယွီကိုသတိပေးလိုက်တယ် …
" ယာရှာ အခန်းကို ပြန်တော့မှာလား "
" ဟုတ်တယ်သခင်လေး … လုယီလေးကြက်ကြော်စားချင်တယ်ဆိုလို့ လာပို့ပေးတာ … သခင်လေးပြန်ရောက်ပြီဆိုတော့ ကျွန်မအခန်းထဲသွားတော့မယ် … လိုအပ်ရင်ခေါ်လိုက် "
ဖန်းဂူက စုံစမ်းဖို့အတွက် အပြင်ကိုမကြာခနသွားလေ့ရှိပြီး သူထွက်သွားတိုင်း မင်းယွီတို့ကိုစောင့်ရှောက်ဖို့ယုံကြည်ရတဲ့သူကိုလွှတ်ပေးလေ့ရှိတယ် … ခုလဲ ယာရှာကိုသူကိုတိုင်သွားခိုင်းခဲ့တာမို့ သွာမအားသံသယမဝင်ခဲ့ပေ …
" အင်း … ငါမင်းကိုလိုအပ်ရင်ခေါ်လိုက်မယ် "
ဖန်းဂူတံခါးကိုပိတ်ပြီး မင်းယွီအနားကိုရောက်လာခဲ့တယ် … မင်းယွီရဲ့မျက်နှာလေးကိုကြည့်ချင်ပေမဲ့ ခေါင်းငုံ့ထား၍မမြင်နိုင်ပေ … လုယီလေးကတော့ သူ့ပါပါးကိုတလှည့်ဖန်းဂူကိုတလှည့်ကြည့်နေပြီး ရုတ်တရပ် မင်းယွီအပေါ်ကနေထရပ်လိုက်တယ် … ပြီးတော့ ဖန်းဂူပေါ်တက်လိုက်ပြီး ပွေ့ချီထားစေတယ် …
လက်ထဲမှာလဲကြက်ပေါင်ကိုကိုင်ထားရင်း ပလုပ်မလောင်းဝါးနေတဲ့အသံလေးနဲ့ …
" ဒယ်ဒီ … ပါပါးနို ( ငို ) နေတာ YiYiတွေ့လိုက်တယ် … ပါပါးကိုချော့လိုက်ဦး "
" ပါပါးကငိုနေတာလား … ဘာဖြစ်လို့လဲ "
" လုယီ "
ကလေးတွေက မလိမ်ညာတတ်၍ ယာရှာနဲ့စကားပြောပြီငိုမိတာသိသွားရင်ပေါ်ကုန်မည်ဆိုး၍ မင်းယွီချက်ချင်းထရပ်လိုက်တယ် … ဖန်းဂူမျက်နှာမှာ စိုးရိမ်စိတ်တွေအထင်းသားပေါ်နေပြီး မင်းယွီသူ့အားဖန်းဂူကမေးတော့မည်ကိုသိနေ၍ တားစီးဖို့အတွက် အကြံတစ်ခုရသွားတယ် …
ဖန်းဂူရပ်နေတဲ့အနား တိုးကပ်လိုက်ပြီး သားလေးကိုပွေ့ချီထားတဲ့ ဖန်းဂူရဲ့ရင်ခွင်ကျယ်ကြီးထံ မျက်နှာအပ်လိုက်ပြီး ဖက်သွယ်လိုက်တယ် …
မင်းယွီရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကြောင့် ဖန်းဂူတစ်ကိုယ်လုံးတောင့်ခဲသွားပြီး လုယီလေးကပါ သူ့ဒယ်ဒီကိုလာဖက်တဲ့ပါပါးကို အံ့ဩသကြီးကြည့်နေမိတယ် … ကြက်ကြော်လေးကိုကိုက်လျှက် ပွဲကြည့်ပရိပ်သပ်ပမာ …
မင်းယွီရဲ့နူးညံ့တဲ့အပြုအမူတွေနဲ့မရင်းနီးသေးတဲ့ဖန်းဂူ ပြောစရာစကားများပျောက်ရှသွားပြီး သူ့ရင်ခွင်ထဲ တိုးဝင်နေတဲ့ မင်းယွီကိုယ်လေးကို လက်တစ်ဖက်နဲ့တင်းနေအောင်ဖက်ထားလေတယ် … ထိုအခါ လုယီလေးကပါ အားကျမခံ အားနေတဲ့သူ့ရဲ့လက်သေးသေးလေးနဲ့ မင်းယွီပခုံးလေးကို သူ့ထံဆွဲယူကိုတင်းနေအောင်ဖက်ထားလေတယ် …
သားအဖ ၂ ယောက်ရဲ့ပွေ့ဖက်မှုကိုခံရတော့ မင်းယွီရဲ့နာကျင်နေတဲ့ နှလုံးသားလေးနွေးထွေးလာပြီး ပေးဆပ်ဖို့အတွက် အားအင်တွေပြည့်ဝလာခဲ့တယ် … မင်းယွီခေါင်းလေးကိုမော့လိုက်တော့ ဖန်းဂူမျက်ဝန်းတွေက သူ့ထံစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ် …
ဒီလူသားက ကျရှုံးခြင်းဆိုတဲ့နိရာမနဲ့မထိုက်တန်ဘူး … သူကသန်မာတယ် ရဲရင့်တယ် အားလုံးအမြင်မှာ ရိုင်းဆိုင်းတဲ့ခင်္သြေ့တစ်ကောင်ဖြစ်ချင်ဖြစ်နေလိမ့်မယ် … တကယ်တော့ သူ့နှလုံးသားရဲ့မာကျောတဲ့အတွင်းဘက်မှာ နူးညံ့မှုဆိုတဲ့အဆိုင်အခဲလေးတည်ရှိနေတယ် … မိသားစုအတွက် အားလုံးကို စွန့်လွှတ်နိုင်တဲ့သူ့ရဲ့ရွေးချယ်မှုက လေးစားဖို့ကောင်းပေမဲ့ သူလိုလူမျိုးက လွယ်လွယ်မရှုံးနိမ့်သင့်ဘူး … ဒါကြောင့် မင်းယွီအတတ်နိုင်ဆုံး ရှန်ဖန်းဂူပြန်ပြီးသန်မာလာဖို့ ကူညီမယ်လို့ဆုံးဖြတ်လိုက်တယ် …
" ယွီလေး … နေမကောင်းဘူးလား "
" ခများဘယ်တွေလျှောက်သွားနေတာလဲ … ကျွန်တော်ခများကိုလွမ်းနေတာ "
" အာ … ကိုယ်သွားတာအရမ်းကြာသွားလို့လား "
" အင်း … ၅ နာရီနဲ့ မိနစ် ၃၀ တောင် "
ဖန်းဂူဘာမှမပြောနိုင်တော့ပေ … လုယီလေးက ကြက်ကြော်စားရင်း အခြေအနေကိုစောင့်ကြည့်နေဆဲ …
" ကိုယ်နောက်ထပ်မသွားတော့ဘူး … စိတ်မဆိုးနဲ့တော့နော် "
" ကျွန်တော်စိတ်မဆိုးပါဘူး … ဒါပေမဲ့ ကျွန်တော်နဲ့အတူရှိနေပေးစေချင်တယ် "
ကျန်နေတဲ့ရက်ပိုင်လေးမှာ ကျွန်တော် ခများနဲ့သားလေးအနားမှာပဲရှိချင်တယ် … ကျွန်တော်ထွက်မသွားခင် ရက်ပိုင်လေးပါပဲ …
ဖန်းဂူ မင်းယွီခေါင်းလေးကိုပွတ်သပ်လိုက်ပြီး …
" ကိုယ်မသွားတော့ဘူး … မင်းအနားမှာပဲနေပေးမယ် ကျေနပ်ပြီလား ကလေး "
" အွန်း " 💕
လုယီလေးက ထရယ်လေတော့တယ် …
" ခ်ခ် … ပါပါးက ကရေးရေးပေါ့ … ဒယ်ဒီကရေးရေး "
ဖန်းဂူက တခ်ခ်ရယ်နေတဲ့သားလေးကိုကြည့်ပြီး …
" လုယီလေးကမနာလိုတာလား "
" ဟုဘူး … ပါပါးကရေးရေးက YiYi ရဲ့အရေးရေးပဲပေါ့ "
လုယီလေးက သူဖက်ထားတဲ့မင်းယွီရဲ့ပါးလေးကို ကုန်းကာနမ်းလိုက်တယ် …
" ပါပါးကရေးရေးကို YiYi ချစ်တရ် "
ထိုအခါ ဖန်းဂူကလဲအားကျမခံပေ … မင်းယွီဦးခေါင်းလေးကို သူ့ဘက်ဆွဲလှည့်ပြီး မင်းယွီနှုတ်ခမ်းသားလေးကို နမ်းလိုက်တယ် …
" ဒီ ဒယ်ဒီကလဲ ကလေးလေးကို ချစ်တယ် "
မင်းယွီဝမ်းနည်းစိတ်တွေပျောက်သွားပြီး ကျေနပ်စွာပြုံးနေမိတယ် … ဒီအခြေအနေက သူ့ကို ထွက်ခွာသွားဖို့ ခက်ခဲစေတယ်ဆိုတာသိပေမဲ့ မငြင်းပယ်နိုင်ဘူး … မင်းယွီ လုယီပါးလေးကိုနမ်းလိုက်ပြီး …
" ပါပါးလဲ YiYi လေးကိုချစ်တာပေါ့ "
" ကိုယ့်ကိုရော "
သူ့ကိုအရင်မနမ်းလို့စိတ်ဆိုးနေတဲ့ဖန်းဂူကိုကြည့်ပြီး မင်းယွီရယ်ချင်စိတ်ကိုထိန်းကာ ပခုံးကနေတိုင်းဖက်လိုက်ပြီး …
" ဒိညမအိပ်ပဲ ချစ်တဲ့အကြောင်းတွေပြောကြရင်ရော "
" မင်းကို့ကိုစိန်ခေါ်တယ်ပေါ့လေ … ဘယ်သူပိုချစ်လဲပြိုင်ကြမယ် "
" YiYi လဲပါတယ် "
" အဟွှတ် "
" …… "
၂ ယောက်လုံးရဲ့မျက်နှာတွေက အပြစ်ရှိသည့်နယ်ခံစားလိုက်ရပြီး သားလေးအရှေ့မှာမပြောသင့်တာတွေပြောမိတဲ့အတွက် ရှက်နေကြတယ် …
ဖန်းဂူက မင်းယွီနားနားတိုးကပ်လိုက်ပြီး …
" ဒီညတော့ ယာရှာကို ဒုက္ခပေးရတော့မှာပဲ "
" သားလေးကို အခန်းခွဲအိပ်ခိုင်းမလို့လား "
" တစ်ညလုံးဆိုတော့ သားလေးအိပ်ရေးပျက်မှာဆိုးလို့ ကိုယ်ကစေတနာနဲ့ပါ "
" အာ … ဒီလိုဆိုတော့လဲ "
၂ ယောက်လုံးရဲ့အကြည့်တွေက လုယီလေးထံရောက်သွားတယ် … ထိုပွဲမှာ သူပါ၍မရမှန်းသိလိုက်ရတော့ လုယီလေး နှုတ်ခမ်းလေးဆူလျှက် …
" YiYi ကိုကိုချောချောနဲ့သွားအိပ်တော့မယ် … လာခေါ်နဲ့ "
ဖန်းဂူအမိန်းကြောင့် ယာရှာက ချက်ချင်းဝင်လာပြီး လုယီလေးကိုခေါ်ကာထွက်သွားလေတယ် … နောက်ပိုင်းလုယီလေးက မဆိုးတော့သလို စကားနားထောင်တဲ့ကလေးလေးဖြစ်လာခဲ့တာပဲ … အလိုက်သိတတ်တဲ့ သားလိမ်မာလေး … 💕
.
.
.
.
( အတွဲသစ်တွေပါလာပြီနော် … လူတွေလဲစုံလာကြပြီ … နောက်ပိုင်း အဆင်ပြေတော့မှာပါ … အခန်းတွေကို အတတ်နိုင်ဆုံးဆပ်စပ်မိအောင်ရေးထားတယ် … ဖတ်ပြီးရင် Vote လေးပေးခဲ့နော် … 🤗 1K ပြည့်မှအသစ် up ပါမယ် 😜😁
ဇာတ်ကောင်လေးတွေနဲ့လဲ မိတ်ဆက်ပေးချင်တယ် … အားလုံးကိုဆက်ချစ်ပေးဖို့ မျှော်လင့်ပါတယ် 🙆♀️💕 )
လုယီ 💕
ဖန်းဂူ💕
မင်းယွီ💕
ရှုယွမ် 💕
ချူးရှန် 💕
ရှန်ဝေ💕
ယုယွမ်💕
ယွန်ဆွန်း 💕
ရန်အာ 💕
ရှုမန်း 💕
ယာရှာ 💕
ဆုန်းချူ 💕
ဒါက ကျမယွကျား 🧛♀️😜💕
#Zawgyi
ရႈမန္း SH Club ရဲ႕ CEO အျဖစ္ ယာယီတာဝန္ထမ္းေဆာင္သည့္အခ်ိန္မွစၿပီး SH Club ရဲ႕ရွယ္ယာတခ်ိဳ႕တဝက္ထဲ ခ်န္းမ်ိဳးရိုးသခင္ေလး ခ်န္းေယာင္းပါဝင္ပတ္သပ္လာတယ္ …
သခင္ေလးေယာင္းက အသက္ ၂၅ ႏွစ္အ႐ြယ္ျဖစ္သလို Dominant Alpha တစ္ေယာက္ျဖစ္တဲ့အျပင္ သူ႕ရဲ႕ေက်ာ္ၾကားမႈက အလင္းေလာကမွာ ေတာက္ပေနတဲ့ ၾကယ္ပြင့္တပြင့္လို႔ဆိုနိုင္တယ္ … သို႔ေပမဲ့ လူေတြမသိတဲ့ သူ႕ရဲ႕တျခားဖက္ျခမ္းကေတာ့ အဆိပ္ျပင္းတဲ့ ေႁမြေပြးတစ္ေကာင္ပင္ …
ခန႔္ညားတဲ့ဝတ္ဆုံအျပည့္ဆင္ျမန္းထားတဲ့လူတစ္ေယာက္ ႀကီးမားၿပီး ခန္းနားလြန္းတဲ့အေဆာက္အဦးတစ္ခုတြင္းဝင္ေရာက္လာတယ္ … အနက္နဲ႕အျဖဴ တြဲစပ္ထားတဲ့ ဝန္ထမ္းဝတ္ဆုံဆင္ျမန္းထားတဲ့ အေစာင့္ ေလး ငါးေယာက္ခန႔္က ထိုလူကို ႀကိဳဆိုၿပီး ေလွကားႀကီးေတြကေနတဆင့္ အေပၚထပ္သို႔ေခၚေဆာင္သြားေလတယ္ …
ထိုႀကီးမားတဲ့အေဆာက္အဦးႀကီးက ခ်န္းမ်ိဳးရိုးရဲ႕ကုမၸဏီျဖစ္ၿပီး ေရာက္လာတဲ့ဧည့္သည္က ရန္ရႈမန္းပင္ …
" CEO ရႈမန္း … ခမ်ား ေရာက္လာတာျမန္သားပဲ "
ဝိုင္ခြက္ကိုလက္တစ္ဖက္ကကိုင္ထားလွ်က္ ခုံေပၚမွာ ေျခတစ္ဖက္ခ်ိတ္ထိုင္ေနတဲ့ေကာင္ေလးရဲ႕ပုံစံက မခန႔္ေလးစားနဲ႕ … သူ႕ရဲ႕ေပါင္ေပၚမွာ ႀကီးမားတဲ့ရင္သားေတြကိုေဖာ္ထားၿပီး စကပ္အတိုေလးကို Sexy က်စြာ ဝတ္ဆင္ထားတဲ့ Omega အမ်ိဳးသမီးတစ္ဦးက ထိုင္ေနၿပီး ရႈမန္းဝင္လာတာျမင္ေတာ့ သူမက ေယာင္း လက္ထဲက ဝိုင္ခြက္ကို ယူလိုက္တယ္ …
" Baby … ဧည့္သည္အတြက္ ေဖ်ာ္ရည္တစ္ခြက္ယူလာခဲ့ "
ေယာင္းရဲ႕ေက်ာ္ၾကားမႈက လက္ဖ်ားခါစရာပင္ … သူ႕ရဲ႕နေဘးမွာ လွပတဲ့ Omega ေတြ ဝိုင္းဝိုင္းလည္ေနသလို သူ႕ရဲ႕အခိုင္းအေစအားလုံးဟာလဲ Sexy က်တဲ့ Omega ေတြႀကီးပဲ … ယခု အခန္းထဲကမိန္းကေလးဟာလဲ ေယာင္းရဲ႕ ဝန္ထမ္းေတြထဲကတစ္ေယာက္ …
ေယာင္းရဲ႕အမိန႔္ေၾကာင့္ အရိုအေသေပးၿပီး သူမအခန္းထဲကေန ခ်က္ခ်င္း ထြက္သြားေလတယ္ …ခု ရႈမန္းေရာက္လာရတဲ့အေၾကာင္းအရင္းက ရွန္ဟႊာနဲ႕ပတ္သပ္ၿပီး ေယာင္းနဲ႕ပူေပါင္းေဆြးေႏြးရန္ပင္ …
" သခင္ေလးေယာင္း … မေတြ႕တာၾကာၿပီေနာ္ "
ေယာင္းက သူ႕ရဲ႕နေဘးက စားပြဲေပၚမွာတင္ထားတဲ့ စီးကရပ္ဘူးကို ရႈမန္းထဲ လွမ္းျပစ္ေပးလိုက္ၿပီး …
" ဒီမွာဘယ္သူမွမရွိဘူး … ရိုးသားခ်င္ဟန္ေဆာင္မေနပါနဲ႕ဗ်ာ … ခမ်ား လာရင္းကို ေျပာၾကရေအာင္ "
ေယာင္းက အေမွာင္မွာ ေနရာတစ္ေနရာရေနၿပီျဖစ္တဲ့ မာဖီးယားတစ္ေယာက္ … သူ႕ရဲ႕ဖခင္ ခ်န္းလင္က အရာအားလုံးကိုခ်ဳပ္ကိုင္နိုင္သလို A နဲ႕ K ၿမိဳ႕ရဲ႕ ၂ နိုင္ငံ ကိုယ္စားလွယ္ျဖစ္တဲ့အျပင္ အထက္တန္းစားမ်ိဳးရိုးေတြရဲ႕ စံျပတစ္ဦးလဲဲျဖစ္ေနတယ္ … သူတို႔ရဲ႕ခ်မ္းသာမႈက ရွန္ဟႊာထပ္ပင္ေက်ာ္ခ်င္ေက်ာ္နိုင္ေပမဲ့ ရွန္ဖန္းဂူရဲ႕နာမည္ကိုေတာ့ မေက်ာ္နိုင္ေသးဘူး …
ေယာင္းရဲ႕ရည္႐ြယ္ခ်က္က ရွန္ဖန္းဂူရဲ႕ေအာင္ျမင္မႈေတြေပ်ာက္ကြယ္ၿပီး အေမွာင္ကိုခ်ဳပ္ကိုင္နိုင္ရန္ပင္ … ရႈမန္းရဲ႕ရည္႐ြယ္ခ်က္က ရွန္ဟႊာကိုရယူၿပီး ရွန္ဖန္းဂူကိုရႈံးနိမ့္ေစရန္ပင္ … ဒီလိုဆိုေတာ့ သူတို႔ရဲ႕ဦးတည္ခ်က္ကတူညီေနတဲ့အတြက္ ပူးေပါင္းခဲ့ၾကတယ္ … ရွန္ဖန္းဂူမရွိေတာ့ရင္ ရႈမန္းက ရွန္ဟႊာကိုရရွိၿပီး ေယာင္းကေတာ့ အေမွာင္ေလာကကို ခ်ဳပ္ကိုင္မည္ဟူ၍ …
လြန္ခဲ့တဲ့ႏွစ္ေတြက ရႈမန္းေထာင္က်ခဲ့တာမွန္ေပမဲ့ လအနည္းငယ္အတြင္းမွာပဲ လြတ္ေျမာက္လာခဲ့တယ္ … သူလြတ္ေျမာက္လာတာကို ဘယ္သူမွသတိမထားမိတဲ့အေၾကာင္းအရင္းက သူ႕ကိုကာကြယ္ေပးေနတဲ့သူက ခ်န္းေယာင္း ျဖစ္ေန၍ပင္ … ေယာင္းက အသက္ငယ္ေပမဲ့ အေမွ်ာ္အျမင္ႀကီးမာသူပီပီ ရွန္ဟႊာကိုတိုက္ခိုက္ဖို႔ အဓိကလက္နတ္ျဖစ္တဲ့ ရႈမန္းကို ရွာေတြ႕ခဲ့တယ္ … ရႈမန္းနဲ႕သာပူးေပါင္းလိုက္ပါလွ်င္ ရွန္ဟႊာရဲ႕အတြင္းေရးေတြကို အထူးရွာေဖြစရာမလိုေတာ့ဘူး …
သူ႕ရဲ႕ရည္႐ြယ္ခ်က္က အထေျမာက္ခဲ့တယ္လို႔ဆိုရမယ္ … ရႈမန္းက ရွန္ဟႊာကိုလုယူဖို႔အတြက္သာ စိတ္အားထက္တန္ေန၍ သူ႕အားကူညီၿပီး ရွန္ဖန္းဂူကို က်ရႈံးေအာင္လုပ္ေဆာင္ေပးမဲ့ ခံတပ္ႀကီးကို လက္လႊတ္မခံခဲ့ဘူး … ၿပီးေတာ့ သူကအေမွာင္ကိစၥေတြကိုစိတ္မဝင္စားသလို သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေအာင္ျမင္ရင္လဲ ရရွိမဲ့အက်ိဳးဆက္က ညီတူမွ်တူမို႔ အရႈံးမရွိေစဘူးဆိုတာ သိေနတယ္ … သူတို႔က တေလွထည္းစီးေနတဲ့ ဂိုဏ္းတူေတြပဲ …
ရႈမန္းက လာရင္းကိစၥကို စတင္ေျပာလာတယ္ …
" မင္းလဲၾကားသိၿပီးေရာေပါ့ … ရွန္ဖန္းဂူေပ်ာက္ေနေတာ့ ရွန္ဟႊာကအားနည္းေနၿပီ … ခုအလင္းနဲ႕အေမွာင္နဲ႕က တစ္သားထဲျဖစ္လာေတာ့မွာ … အေျခအေနေတြက ကြၽန္ေတာ္တို႔ဘက္မွာရွိေနၿပီ … နည္းနည္းေလးႀကိဳးစားလိုက္ရင္ မင္းေရာ ကြၽန္ေတာ္ေရာ လိုခ်င္တာေတြ ရေတာ့မယ္ … ဒါေပမဲ့ တစ္ခုပဲ ကြၽန္ေတာ္ရွန္ဟႊာကိုအုပ္ဆိုးနိုင္ၿပီဆိုတာနဲ႕ ကြၽန္ေတာ္တို႔ရဲ႕အေပးအယူကိစၥကိုလဲ မင္းဘက္က ကတိတည္ေပးရမယ္ ”
" အဟား … Mr.ရႈမန္း ဘာေတြစိတ္ပူေနတာလဲဗ်ာ … ကြၽန္ေတာ္က ေပးၿပီးတဲ့ကတိကို တည္တဲ့သူပါ … ကြၽန္ေတာ္တို႔သိလာတာလဲ ၾကာေနၿပီ … ဒါကိုအထူးအေထြလုပ္ၿပီး ကိုယ္တိုင္လာေျပာေနစရာမလိုပါဘူး … ကြၽန္ေတာ္က ခမ်ားကိုယ္တိုင္လာမယ္ဆိုေတာ့ အေရးႀကီးတဲ့ကိစၥတစ္ခုခုေၾကာင့္မ်ားလားလို႔ ထင္ေနတာ "
" အေရးႀကီးတဲ့ကိစၥ ? … အင္း ဒီကိုလာတာ အေရးႀကီးတဲ့ကိစၥလဲပါတယ္ … ကြၽန္ေတာ္ခု မင္အကူအညီလိုေနတယ္ "
ေယာင္းက အမူအယာမပ်က္ ေဆးလိပ္ကိုဖြာလိုက္ရင္း …
" ဘယ္လိုအကူအညီမ်ိဳးလဲ "
" ကြၽန္ေတာ္ခု ပေရာ့ဂ်က္တစ္ခုကိုစတင္ေနတယ္ … ဒါကိုသာ စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ရင္ ရွန္ဟႊာရဲ႕ပိုင္ဆိုင္မႈတစ္ဝက္ကို ရင္းနီးၿပီးသားျဖစ္သြားမယ္ … သူတို႔ကြၽန္ေတာ့ကိုကန္ထုပ္ရင္ေတာင္ အဲ့ဒိပိုင္ဆိုင္မႈေတြက ကြၽန္ေတာ့ရဲ႕တရားဝင္ပိုင္ဆိုင္မႈေတြျဖစ္လာမယ္ … ရွန္ဟႊာရဲ႕ဆက္ခံသူက ရွန္ဖန္းဂူျဖစ္ေနရင္ေတာင္မွ ဒီရင္းနီးျမႇပ္ႏွံမႈေတြကို သူဝင္မပါနိုင္ဘူး "
ဒီလိုဆိုေတာ့ ထိုပေရာ့ဂ်က္က ေငြမဲေတြထုတ္လုပ္တဲ့အျမတ္ေငြမ်ားလြန္းတဲ့ တရားမဝင္ေဆးဝါးအတြက္ရင္းနီးမႈဆိုတာ မေျပာလဲ ေယာင္း သိလိုက္တယ္ … ဒီလိုအရာေတြက စီးပြားေရးသမားတိုင္း ေလွ်ာက္လွမ္းေနတဲ့ ေအာက္လမ္းနည္းျဖစ္သလို အခ်ိန္တိုေလးနဲ႕ခ်မ္းသာနိုင္တယ္ …
ထိုသို႔လုပ္ေဆာင္ဖို႔ဆိုရင္ အေမွာင္မွာ အင္အားႀကီးတဲ့သူတစ္ေယာက္ေယာက္ရဲ႕ ေထာက္ခံမႈလိုအပ္တယ္ … ရႈမန္းရဲ႕ပေရာ့ဂ်က္က ရွန္သခင္မႀကီးရဲ႕ ေဆးဝါးထုတ္လုပ္မႈ ပေရာ့ဂ်က္ကို ခိုးယူၿပီး ဖန္းဂူေၾကာင့္စိတ္ေသာကေရာက္ေနခ်ိန္ကိုအခြင့္ယူကာ တျခားေသာအဖြဲ႕အစည္းေတြနဲ႕ပူးေပါင္းၿပီး တရာမဝင္ေဆးေတြ ထုတ္လုပ္ရန္ပင္ …
အကယ္၍ ျပႆနာတစ္စုံတစ္ရာရွိခဲ့ရင္ေတာင္ သူ႕ဘက္မွာ ေယာင္းရွိေနရင္ ထိုအျပစ္ေတြကို သခင္မႀကီးထံလႊဲခ်နိဳင္လိမ့္မယ္ … တစ္ခ်ပ္ခုပ္ ႏွစ္ခ်ပ္ပ်က္ျဖစ္သလို ရွန္ဟႊာလဲ အားလုံးရဲ႕အယုံအၾကည္ကင္းမဲ့လာၿပီး မိသားစုလဲၿပိဳကြဲသြားလိမ့္မယ္ …
ရႈမန္းရဲ႕ႀကံစည္မႈကိုၾကားသိေတာ့ ေယာင္း ေက်နပ္စြာၿပဳံးလိုက္တယ္ …
" ခမ်ားက ကြၽန္ေတာ္ထင္ထားတာထက္ အႀကံႀကီးတဲ့သူပဲ … ဒါကိုကြၽန္ေတာ္သေဘာတူတယ္ … ခမ်ားဘက္ကသာ ပေရာ့ဂ်က္ကိုေအာင္ျမင္ေအာင္လုပ္ … ကြၽန္ေတာ္ခမ်ားဘက္မွာရွိေနမယ္လို႔ ကတိေပးတယ္ "
သူတို႔ေဆြးေႏြးမႈၿပီးသြားေတာ့ ရႈမန္း ပေရာ့ဂ်က္ကို စတင္အေကာင္အထည္ေဖာ္ရန္ ထြက္ခြာလာခဲ့ေလတယ္ … သူ႕လက္ထဲမွာ လိုအပ္တာေတြအားလုံး ရွိေနၿပီး အေရးႀကီးတာက အျမန္လက္မွတ္ထိုးဖို႔ အဖြဲ႕အစည္းေတြထံ ဆက္သြယ္ရန္ပင္ … ဒီ စာခ်ဳပ္ခ်ဳပ္ဆိုပြဲသာေအာင္ျမင္မယ္ဆိုရင္ ရွန္ဟႊာကိုခ်ဳပ္ကိုင္နိုင္ဖို႔ ေသခ်ာသြားလိမ့္မယ္ …
ရႈမန္းအေဆာက္အဦးကေနထြက္ခြာလာၿပီး ပေရာဂ်က္အတြက္ စတင္ရန္ျပင္ဆင္ေလေတာ့တယ္ … နာရီအနည္းငယ္အၾကာမွာ လက္မွတ္ထိုးပြဲအတြက္ ရက္ခ်ိန္ေပးၿပီး ျပင္ဆင္မႈအားလုံးၿပီးဆုံးသြားခဲ့တယ္ … ခုေတာ့ သူ႕ရင္ထဲကအလုံးႀကီးလဲက်သြားခဲ့ၿပီ … ေအာင္ပြဲခံဖို႔ ယုံၾကည္ခ်က္အျပည့္နဲ႕ ထြက္ခြာလာခဲ့တယ္ …
A ၿမိဳ႕ရဲ႕တစ္ေနရာ … သူ႕ရဲ႕ဦးတည္ခ်က္က ရွန္ဟႊာနဲ႕ဆန႔္က်င္ဘက္သို႔ျဖစ္ၿပီး အဆုံး၌ အိမ္ႀကီးတစ္လုံးေရွ႕တြင္ကားကိုရပ္တန႔္လိုက္တယ္ … ကားေပၚမွဆင္းလာၿပီး မၾကာမွီမွာပင္ အိမ္ထဲကေန အမ်ိဳးသမီးတစ္ဦးထြက္လာတယ္ … သူမမ်က္ႏွာက ခပ္ထန္ၿပီး တစ္စုံတစ္ရာကိုစိုးထိပ္ေနပုံ …
" ေမေမ "
ရႈမန္းရဲ႕အသံၾကားေတာ့ သူမမ်က္ႏွာက ႐ုပ္ခ်ည္ေျပာင္းလဲသြားေလေတာ့တယ္ … မာထန္တဲ့သူမမ်က္ႏွာက ေျပေရာ့သြားၿပီး ပို၍ပင္စိုးထိပ္ေနပုံပင္ … သူမက တံခါးဝကေနၿပီး ရႈမန္းကို ဆြဲေခၚကာ တစ္စုံတစ္ေယာက္ကို ပုန္းရန္ႀကိဳးစားေနပုံပင္ … အေရးႀကီးကိစၥေျပာစရာရွိသည့္နယ္ …
" ေမေမ … ဘာလို႔အိမ္ထဲမဝင္တာလဲ "
" မင္းအသံတိုးစမ္း "
သူမက ေဘးဘီဝဲၾကည့္ၿပီး ဘယ္သူမွမရွိတာေသခ်ာေတာ့မွ ရႈမန္းအားေျပာလာခဲ့တယ္ …
" ငါဒီအိမ္မွာမေနခ်င္ေတာ့ဘူး … ငါ့ကိုအိမ္ျပန္ပို႔ေပး … သူကလူေကာင္းမဟုတ္ဘူး … သူကဘီလူးလိုပဲ … မဟုတ္ေသးဘူး မိစာၦေကာင္ … အဆင့္နိမ့္တဲ့ မိစာၦေကာင္ … ငါမုန္းတယ္ … ငါသူ႕ကိုမုန္းတယ္ "
ရႈမန္းသက္ျပင္းဖြဖြခ်လိဳက္တယ္ … တုန္လႈပ္ၿပီး ေၾကာက္႐ြံ႕ေနတဲ့ သူ႕ရဲ႕မိခင္လက္ကို ဆုတ္ကိုင္လိုက္ၿပီး …
" ကြၽန္ေတာ္တို႔မၾကာခင္ျပန္ရမွာပါ … ခုကြၽန္ေတာ္ ပေရာ့ဂ်က္မၿပီးေျမာက္ေသးဘူး "
' ျဖန္း '
သူမရဲ႕လက္ဝါးက ရႈမန္းပါးျပင္ကို ၾကမ္းတမ္းစြာရိုက္ခပ္လိုက္တယ္ … အသံကက်ယ္ေလာင္သလို နာက်င္ေပမဲ့ ရႈမန္းေခါင္းငုံ႕၍သာၿငိမ္ေနမိတယ္ …
" မင္းဘာေၾကာင့္ ဒီေလာက္ေတာင္အသုံးမက်တာလဲ … ဒီငရဲလိုေနရာမွာငါမေနနိုင္ဘူး … ခ်က္ခ်င္းၿပီးေအာင္လုပ္ၿပီး ငါ့ကိုေခၚသြား … မထားခဲ့နဲ႕အ႐ူးရဲ႕ ငါမေနခ်င္ဘူး "
လြန္ခဲ့ေသာႏွစ္ေတြက ရွန္ဟႊာကေန ႏွင္ထုတ္ခံရၿပီးေနာက္ သူမစိတ္ေတြကပုံမွန္မဟုတ္ေတာ့ေပ … ပိုင္ဆိုင္မႈေတြအားလုံးဆုံးရႈံးသြားၿပီး သူမေလာဘေတြေၾကာင့္ ေဒါသထြက္ကာ သူမစိတ္ေတြတားစီးမရနိုင္ေလာက္ေအာင္ ေလာင္ႂကြမ္းသြားခဲ့တယ္ … သူမကို ပုံမွန္ေဆးေႂကြးေနရၿပီး က်န္းမာေရးအတြက္ အေစာင့္အေရွာက္ေတြနဲ႕ အိမ္သီးသန႔္ထားထားရတယ္ …
ရႈမန္းသာ ရွန္ဟႊာကိုပိုင္ဆိုင္နိုင္ရင္ သူ႕ရဲ႕မိခင္ကိုလဲ ျပန္ေခၚမည္ဟုဆုံးျဖတ္ထားတယ္ … သူတို႔ခံစားခဲ့ရသလို ရွန္ဟႊာကို က်ရႈံးမႈဆိုတဲ့ အရသာကို ခံစားေစၿပီး ပိုင္ဆိုင္မႈေတြအားလုံးရယူၿပီးရင္ ဘဝသစ္တည္ေဆာက္ဖို႔ သူ႕ရဲ႕အေတြးထဲမွာ အၿမဲေနရာယူေနခဲ့တယ္ …
" ကိုကို "
အေနာက္ကေခၚသံေၾကာင့္ ရႈမန္းလွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ …. ဆံပင္ရွည္ေလးေတြကိုအေနာက္တစ္ဝက္တင္စည္ထားၿပီး ေပါ့ပါးတဲ့ဝတ္ဆုံးေလးနဲ႕ … အသက္ကေတာ့ ရႈမန္းထပ္ ၃ ႏွစ္သာငယ္ေပမဲ့ ႏု႐ြၿပီးျဖဴေဖြးတဲ့အသားအရည္ေၾကာင္ ၂၀ အ႐ြယ္ေကာင္ေလးဟုေတာင္ထင္ရေလာက္ေအာင္ေခ်ာေမာတယ္ … သို႔ေပမဲ့ သူက ဘီတာတစ္ေယာက္ …
ရႈမန္းရဲ႕မ်က္ႏွာက ခ်က္ခ်င္းလန္းဆန္းသြားၿပီး သူ႕မိခင္အေရွ႕ကေန ထိုေကာင္ေလးထံေလွ်ာက္လာခဲ့တယ္ …
" ရန္အာ … မင္းလဲအိမ္မွာရွိေနတာလား "
" အင္း … ကြၽန္ေတာ္ဒီေန႕ဘယ္မွမသြားဘူး … ခုကြၽန္ေတာ္သခင္မႀကီး ေဆးေသာက္ရမဲ့အခ်ိန္ေရာက္ၿပီမလို႔ ေဆးေတြယူလာတယ္ ကိုကို "
အၿပဳံးခ်ိဳခ်ိဳနဲ႕ေကာင္ေလးရဲ႕လက္ထဲမွာ ေဆးနဲ႕ေရခြက္တင္ထားတဲ့ လင္ဗန္းကိုကိုင္ေဆာင္ထားေလတယ္ … ရႈမန္းသူ႕ရဲ႕မိခင္ဘက္ကိုလွည့္လိုက္ေတာ့ သူမမ်က္ႏွာက ပုံမွန္နဲ႕ျခားနားေနၿပီး အၾကည့္ေတြက သူ႕အေနာက္ကေကာင္ေလးထံ စူးစိုက္ေနကာ သတ္ေတာ့မလိုပင္ …
ရႈမန္းခ်က္ခ်င္းေကာင္ေလးအေရွ႕ကေနကာရပ္လိုက္တယ္ … သို႔ေပမဲ့ သူ႕ရဲ႕မိခင္က အရွိန္နဲ႕ေျပးလာၿပီး ေကာင္ေလးလက္ထဲကဗန္းကိုရိုက္ခ်ျပစ္လိုက္တယ္ …
" ထြက္သြား … မေကာင္းဆိုးဝါးေကာင္ "
ရႈမန္းသူ႕မိခင္ကို ဖမ္းခ်ဳပ္ထားၿပီး တားစီးေပမဲ့ ခြက္ထဲကေရေတြက ေကာင္ေလးရဲ႕အကၤ်ိေတြေပၚ႐ႊဲသြားေလတယ္ …
" မင္း အဆင္ေျပရဲ႕လား "
" က်စ္ … ရပါတယ္ ကြၽန္ေတာ္ အကၤ်ိသြားလဲလိုက္မယ္ "
အၿပဳံးေလးနဲ႕ျပန္ေျဖလာၿပီးေနာက္ ေကာင္ေလးရဲ႕အၾကည့္တစ္ခ်ပ္က ရႈမန္းလက္ထဲက မိခင္ကို ၿငိမ္က်သြားေစၿပီးေနာက္ ထိုေနရာကေန လွည့္ထြက္သြားေလတယ္ … ထိုအရာကို ရႈမန္းသတိမထားမိေပ … ၿငိမ္က်သြားတဲ့မိခင္ကို အေစာင့္ေတြအားတြဲေခၚသြားေစၿပီး အခန္းထဲျပန္ပို႔လိုက္တယ္ … ၿပီးေနာက္ ေကာင္ေလးရဲ႕အခန္းထဲသို႔ လိုက္သြားေလတယ္ …
" ရန္အာ "
အခန္းတံခါးဖြင့္လိုက္တာနဲ႕ သူ႕ရင္ခြင္ထဲတိုးဝင္လာတဲ့ေကာင္ေလးေၾကာင့္ ရႈမန္း ရပ္တန႔္ၿပီး သူ႕ရဲ႕လက္ေတြနဲ႕ ဖက္သြယ္ထားလိုက္တယ္ …
" ကို႔အေမက မင္းကိုအနိုင္က်င့္ေသးလား "
" အင္း … ကြၽန္ေတာ့ကို ထြက္သြားဖို႔အၿမဲေျပာတယ္ "
" စိတ္ထဲမထားနဲ႕ … ဒါကမင္းရဲ႕အိမ္ပဲ … ကို႔အေမကို ေစာင့္ေရွာက္ေပးလို႔ေက်းဇူးပါကြာ "
" ကြၽန္ေတာ္က ဘီတာမလို႔လားဟင္ … အကိုေရာကြၽန္ေတာ့ကိုထြက္သြားခိုင္းမွာလား "
" မင္းဘီတာျဖစ္ေတာ့ေရာ ဘာကိုဂ႐ုစိုက္ေနမွာလဲ … ငါမင္းကိုႀကိဳက္လို႔ပဲ မင္းအနားမွာရွိေနတာေလ … ခုဒီကိုလာတာက ကိုယ္တို႔အစီအစဥ္ေအာင္ျမင္ေတာ့မယ္ဆိုတာ လာေျပာတာ "
" တကယ္လားဟင္ "
" ဒါေပါ့ … ကို႔တို႔အတူတူေနလို႔ရေတာ့မွာ … ခုလိုခိုးၿပီးေတြ႕စရာမလိုေတာ့ဘူး "
ထိုသူက ဘားပိုင္ရွင္ေလး ရန္အာျဖစ္ၿပီး ရႈမန္းနဲ႕ႀကိဳက္ေနတာ ႏွစ္ေတြၾကာခဲ့ၿပီ … မိခင္ကသေဘာမတူေပမဲ့လဲ သူတို႔လမ္မခြဲပဲ ခုခ်ိန္ထိ အတူရွိေနတုန္းပဲ … အေၾကာင္းက ရႈမန္းနဲ႕သူ႕မိခင္ ဒီႏွစ္ေတြမွာ ပုန္းေနနိုင္တာ ေယာင္းရဲ႕အကူအညီပါဝင္သလို ရန္အာကသူ႕ရဲ႕အိမ္ေတာ္မွာ ဖြက္ထားေပးခ်င္းေၾကာင့္ပင္ … ရန္အာက ဘီတာျဖစ္၍ ရႈမန္းမိခင္ရဲ႕အႏွိပ္ကိုခံရေပမဲ့ ခုခ်ိန္ထိ ရႈမန္းအနားမွာရွိေနဆဲပင္ …
" ကိုကိုဒီေန႕လဲတန္းျပန္မွာလားဟင္ "
ႏူးညံ့တဲ့အသံေလးနဲ႕ကပ္ကာခြၽဲေနတဲ့ေကာင္ေလးကို ရႈမန္းမတြန္းလွန္နိုင္ေတာ့ေပ …
" ကို႔ကို႐ူးေအာင္လုပ္ေနတာလားကြာ … ဒီလိုပုံစံမ်ိဳးနဲ႕ ကိုယ္ျပန္နိုင္မယ္ထင္ေနလား "
" ခ္ခ္ … ဒါဆို ဒီညကြၽန္ေတာ္နဲ႕ေနမွာေပါ့ေနာ္ "
" ဒီည မင္းကိုအျပစ္ေပးမွရေတာ့မယ္ … ကိုယ္အရမ္းေပ်ာ္ေနတဲ့အတြက္ "
" ႀကိဳက္သေလာက္အျပစ္ေပး "
" ဟား … ဟား … "
ရယ္သံေတြနဲ႕ သာယာၾကည္ႏူးမႈေတြနဲ႕ျပည့္ေနတဲ့အခန္းရဲ႕တဖက္မွာေတာ့ …
" ငါမေသာက္ဘူး … နင္တို႔ငါ့ကိုေသေအာင္လုပ္ေနၾကတာ ငါ့သားနဲ႕ငါ့ကိုလႊတ္ေပး … ငါမေသာက္ … အား "
ခနၾကာေတာ့ အသံအားလုံး တိတ္ဆိတ္သြားေလတယ္ … ထိုအရာေတြအားလုံးကို တဖက္ကအခန္းထဲမွာ ခ်စ္ရည္လူေနတဲ့ ရႈမန္းတစ္ေယာက္ မသိေပ …
*
*
*
*
တစ္ဖက္တြင္ေတာ့ …
" အကို မ်က္မွန္မတပ္ပဲ မ်က္ကပ္မွန္ေျပာင္းသုံးၾကည့္ပါလား "
" မလိုဘူး … ငါ့အတြက္မ်က္မွန္တစ္လပ္ရွိရင္ရၿပီ "
" ဒါေပမဲ့ အကို႔႐ုပ္က ဒီေလာက္ႏုေနတာ မ်က္ကပ္မွန္တပ္လိုက္ရင္ ၂၀ ေက်ာ္လို႔ေတာင္ထင္နိုင္တယ္ "
" ငါမႀကိဳက္ဘူး … မ်က္မွန္ပဲတပ္မယ္ "
" မ်က္ကပ္မွန္ပဲတပ္ဆိုေန … အကိုမလွခ်င္ဘူးလား "
" ႐ုပ္လွဖို႔မလိုဘူး အျမင္ၾကည္ဖို႔ပဲလိုတာ "
" မရဘူး … ကြၽန္ေတာ္နဲ႕ဒီညေန မ်က္ကပ္မွန္လိုက္ဝယ္ရမယ္ "
" မလိုက္နိုင္ဘူး … ငါမ်က္မွန္ဝယ္ၿပီးၿပီ "
သူတို႔ မ်က္မွန္လုပ္လာတဲ့ အျပန္လမ္းတစ္ေလွ်ာက္ ျငင္းခုံလာၾကတယ္ … ခ်ဴးရွန႔္ ရွန္ေဝနဲ႕အတူေနဖို႔ အထုတ္အပိုးေတြျပင္ဆင္ၿပီးလိုက္လာခဲ့ျခင္းပင္ … ရွန္ဟႊာနဲ႕လဲအလွမ္းမေဝးသလို ရွန္ဟႊာရဲ႕နယ္ေျမလဲမဟုတ္တဲ့ အေဆာက္အဦးတစ္ခုထံေရာက္လာခဲ့တယ္ … ထိုေနရာက အဆင့္ျမင္ တည္းခိုေဆာင္ျဖစ္ၿပီး အိပ္ခန္းတစ္ခန္းရဲ႕တန္ဖိုးက သာမန္လူမ်ိဳးစုမ်ား အိမ္မက္ပင္မက္ရဲမည့္ပမာနမဟုတ္ေျခ … ထိုအေဆာက္အဦးေရွ႕ေရာက္ေတာ့ ခ်ဴးရွန႔္ ေျခလွမ္းေတြကို ရပ္တန႔္လိုက္တယ္ …
" ရွန္ေဝ … မင္းေျပာေတာ့ မင္းရဲ႕တိုက္ခန္းကိုသြားမွာဆို "
" ဟုတ္တယ္ေလ … ဒါေပမဲ့ ေနရာကသိပ္အဆင္မေျပလို႔ အကိုအဆင္ေျပမဲ့ေနရာကို ေ႐ြးေပးတာ "
" ဒီေနရာက အဆင္ေျပေပမဲ့ အခန္းခက် မင္းအေနနဲ႕အရမ္းမ်ားမေနဘူးလား "
ထိုအခါမွရွန္ေဝ သူလိမ္ညာထားတာကိုသတိရသြားတယ္ … အေပ်ာ္လြန္ၿပီး ေစ်းႏႈန္းကိုမၾကည့္မိပဲ အေဆာက္အဦတစ္ခုလုံးကိုဝယ္မိလိုက္တယ္ … ခ်ဴးရွန႔္အျမင္မွာ သူလိုသာမန္လူက ဒီအေဆာက္အဦးကအခန္းမ်ိဳးကို ဘယ္လိုလုပ္ငွားနိုင္မွာလဲ … ဝယ္ထားတယ္ဆိုတာသိရင္ ခ်ဴးရွန႔္သံသယဝင္သြားနိုင္တယ္ …
ရွန္ေဝ အလွ်င္အျမန္စဥ္းစားၿပီး ျပန္ေျဖလိုက္တယ္ …
" ဒီေနရာကေစ်းႀကီးတာမွန္ေပမဲ့ သူေဌးက ဟိုအရင္ကကြၽန္ေတာ့အလုပ္ရွင္ေဟာင္းေလ … ဒါေၾကာင့္ သူကကြၽန္ေတာ့ကို ထပ္ဝက္ေက်းနဲ႕အေႂကြးငွားေပးတာ … တစ္လခ်င္းရွင္းလို႔ရတယ္ "
" ဒီေလာက္ေစ်းႀကီးတဲ့အခန္းကို ေစ်းလဲေလ်ာ့ေပးတယ္ … ၿပီးေတာ့သူကတစ္လခ်င္းေပးသြင္းခိုင္းတာလား "
" ဟုတ္တယ္ … ဒါေပမဲ့ လွ်ို႔ဝွက္ခ်က္တစ္ခုရွိတယ္ "
ရွန္ေဝက ခ်ဴးရွန႔္နား ကပ္လိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္ …
" တကယ္ေတာ့ ဒီအေဆာက္အဦးက သရဲေျခာက္လို႔ ဘယ္သူမွမငွားရဲၾကဘူး … ကြၽန္ေတာ္တို႔အဲ့ဒါေၾကာင့္ ေစ်းခ်ိဳခ်ိဳနဲ႕ရတာေလ "
" အိုး … တကယ္လား "
ခ်ဴးရွန႔္က သရဲသေစေတြကိုအယုံၾကည္မရွိသလို ေၾကာက္တတ္တဲ့သူလဲမဟုတ္ဘူး … သာမန္လာေတြေၾကာက္တတ္တာကိုေတာ့ သူနားလည္ေပးတယ္ … တကယ္ယုံၾကည္သြားတဲ့ခ်ဴးရွန႔္ကိုျမင္ေတာ့ ရွန္ေဝႀကိတ္ခါရယ္ေနမိတယ္ …
" အကိုက ေၾကာက္လို႔လား "
" မေၾကာက္ပါဘူး … အဆင္ေျပပါတယ္ … ငါတို႔အထဲဝင္ၾကရေအာင္ "
ခ်ဴးရွန႔္သံသယကင္းသြားတာေသခ်ာေတာ့မွာ ရွန္ေဝအေနာက္ကေနလိုက္ဝင္လာတယ္ … အခိုင္းအေစေတြက အိပ္ေတြကို သူတို႔ေနမဲ့အခန္းထဲသို႔ သယ္ေဆာင္သြားၾကတယ္ … အေဆာက္အဦးကတိတ္ဆိတ္ၿပီး ဝန္ထမ္းအားလုံးကလဲ ေဖာ္ေ႐ြၾကတာမို႔ ခ်ဴးရွန႔္သေဘာက်ေနေလတယ္ …
" ဒီေနရာကတကယ္ေကာင္းတာပဲ … ဒီေလာက္ဝန္ေဆာင္မႈေကာင္းတာကို လူတစ္ေယာက္မွမရွိတာအံ့ဩမိတယ္ "
အဲ့ဒါက အကို႔အတြက္သီးသန႔္မို႔ပါဗ်ာ … တျခားသူေတြဆို ဒီလိုလုပ္ေပးမွာမဟုတ္ဘူး … ၿပီးေတာ့ ဒီအေဆာက္အဦးမွာ အကိုနဲ႕ကြၽန္ေတာ္ ၂ ေယာက္ပဲရွိတယ္ …
ရွန္ေဝစိတ္ထဲကေန ေရ႐ြတ္လိုက္ျခင္းပင္ … ခ်ဴးရွန႔္ကေတာ့ ပုံမွန္ကြန္ဒုိတစ္ခုဟုသာထင္ေနၿပီး ေစ်းခ်ိဳခ်ိဳနဲ႕အဆင္ေျပေျပေနရတဲ့အတြက္ ေက်နပ္ေနေလတယ္ …
အခန္းထဲကိုေရာက္ေတာ့ …
" ဝါး … ဒါက အိမ္တစ္လုံးနဲ႕ေတာင္တူေနတယ္ … အခန္းကလဲ ၂ ခန္းရွိတယ္ "
ရွန္ေဝအေကာင္းဆုံးအေဆာက္အဦးကိုေ႐ြးခ်ယ္ခဲ့ေပမဲ့ အခန္းဖြဲ႕စည္းပုံကိုမစဥ္းစားမိခဲ့ဘူး … ဘာေၾကာင့္ အခန္းပိုတစ္လုံးရွိေနရတာလဲ … ခုခ်က္ခ်င္း အရင္ကေနခဲ့တဲ့ အိပ္ခန္းတစ္ခန္းသာပါတဲ့အခန္းက်ဥ္းေလးထံသြားလိုက္ခ်င္မိတယ္ …
စိတ္ပ်က္လက္ပ်က္နဲ႕ ထိုင္ခ်လိဳက္တဲ့ ရွန္ေဝကိုျမင္ေတာ့ ခ်ဴးရွန႔္ ေရခဲေသတၱာထဲက ေရဘူးတစ္ခုကို ယူလာၿပီး ရွန္ေဝထံကမ္းေပးလိုက္တယ္ …
" ေနမေကာင္းဘူးလား … အခန္းထဲသြားနားေလ "
ရွန္ေဝ မ်က္ႏွာငယ္ေလးနဲ႕ ခ်ဴးရွန႔္ထံၾကည့္လိုက္ၿပီး …
" အကို အခန္းကိုသေဘာက်လား "
ခ်ဴးရွန႔္က ေက်နပ္ေနတဲ့အၾကည့္ေလးနဲ႕ …
" ဒါကအေတာ္ေလးကိုအဆင္ေျပတယ္ … အခန္းလဲက်ယ္တယ္ … ဧည့္ခန္းနဲ႕ထမင္းစားေဆာင္ မီးဖိုခန္းကလဲ သပ္သပ္စီ … ဝရံသာလဲပါတယ္ … တၿမိဳ႕လုံးရဲ႕အလွကိုလဲ ၾကည့္လို႔ရတယ္ … ငါဒီေနရာကိုသေဘာက်တယ္ "
ခ်ဴးရွန႔္သေဘာက်တာျမင္ရေတာ့ ေပ်ာ္မိေပမဲ့ ရွန္ေဝ စိတ္မသက္မသာျဖစ္ေနေသးတယ္ … သူထင္တာက ခ်ဴးရွန႔္သူနဲ႕အတူလာေနမယ္ဆိုရင္ တစ္ခန္းတည္းသုံးၿပီး တစ္ကုတင္ထဲအိပ္ရမယ္လို႔ထင္ထားတာ ခုေတာ့ …
" ဒါဆိုသြားနားရေအာင္ … အထုပ္အပိုးေတြေနာက္မွျပင္ၾကမယ္ "
ခရီးေဝးကေနလာရေတာ့ ခ်ဴးရွန႔္ပင္ပန္းသြားတယ္ထင္ရဲ႕ သူ႕အခန္းထဲဝင္သြားၿပီး ခနၾကာေတာ့အိပ္ေပ်ာ္သြားေလတယ္ … ရွန္ေဝဧည့္ခန္းထဲမွာထိုင္ကာ စဥ္းစားေနရင္း သူ႕အေရွ႕က ဖုန္းဟာ ႐ုတ္တရပ္တုန္ခါၿပီး နာမည္တစ္ခုေပၚလာတယ္ …
" ယုယြမ္ "
ခနၾကာေတာ့တံခါးပိတ္သံနဲ႕အတူ ရွန္ေဝအေဆာက္အဦးအျပင္သို႔ ထြက္လာခဲ့တယ္ … အနက္ေရာင္ကားေလးက အေပါက္ဝမွာရပ္ထားၿပီး ကားထဲကေန ေခ်ာေမာလွပသည့္အမ်ိဳးသမီးတစ္ဦးထြက္လာတယ္ … သူမက အေဆာက္အဦးထဲကေနထြက္လာတဲ့ ရွန္ေဝကိုျမင္ေတာ့ လက္ရမ္းျပလိုက္ၿပီး ေပ်ာ္႐ႊင္ျမဴးထူးေနတဲ့အသံေလးနဲ႕ ေအာ္ေခၚလိုက္တယ္ …
" ေဝေကာေကာ " ( ကိုကိုေဝ )
" ယုယြမ္ "
" ေကာေကာျပန္လာတာကိုဘာလို႔အေၾကာင္းမၾကားတာလဲ … ယုလာႀကိဳမွာေပါ့ "
သူမက ရွန္ေဝလက္ကို ဆြဲကိုင္လိုက္ၿပီး …
" ေကာေကာ ထြက္ေျပးလို႔မရေတာ့ဘူး … ယုနဲ႕လိုက္ခဲ့ "
" ငါမအားဘူး … မင္းကိုဆက္ၿပီးမေႏွာက္ယွက္ဖို႔ေျပာထားတယ္ေလ "
သူမက မ်က္ႏွာငယ္ေလးနဲ႕ေမာ့ၾကည့္လာၿပီး …
" ေကာေကာ … ယုကို ခုခ်ိန္ထိ မုန္းေနတုန္းလားဟင္ "
ရွန္ေဝက စိတ္ရႈတ္ေထြးေနသည့္နယ္ သူမလက္ကို ဖယ္ထုတ္လိုက္ၿပီး …
" ငါဘယ္သူ႕ကိုမွစိတ္မဆိုးဘူး … ေက်းဇူးျပဳၿပီးမေႏွာက္ယွက္ပါနဲ႕ … ငါေအးေဆးေနခ်င္တယ္ "
သူမကလက္မေလ်ာ့ပဲ ရွန္ေဝလက္ကိုဆြဲကိုင္လိုက္ၿပီး …
" ေကာင္းၿပီေလ … ဒါဆို ယုနဲ႕အခ်ိန္ခနပဲေပး … ေကာေကာနဲ႕စကားေျပာၿပီးရင္ ယုျပန္မယ္ "
" မင္းငါ့အေၾကာင္းေတြ ဘယ္သူ႕ကိုမွမေျပာမွာေသခ်ာလား "
" အင္း "
ရွန္ေဝမျငင္းဆန္နိုင္ေတာ့ပဲ သူမနဲ႕အခ်ိန္ကုန္ဆုံးဖို႔သေဘာတူလိုက္တယ္ …
ညေနေစာင္းေတာ့ အေပၚထပ္မွာအိပ္ေပၚေနတဲ့ရွန္ေဝနိုးလာၿပီး အိမ္ခန္းထဲကေနထြက္လာခဲ့ေပမဲ့ အျပင္၍ ဘယ္သူမွမရွိေန …
" ရွန္ေဝ "
ဘာတုန႔္ျပန္သံမွမၾကားရေတာ့ ကိစၥတစ္ခုေၾကာင့္ အျပင္သြားေနတာဟု ထင္မွတ္လိုက္ၿပီး စိတ္႐ႊင္လန္းေစဖို႔ ေလညွင္းခံရန္ ဝရံတာသို႔ ထြက္လာခဲ့တယ္ … မထင္မွတ္ပဲ အေဆာက္အဦးရဲ႕ေအာက္ေျခက ပန္းၿခံေလးထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ လူ ၂ ေယာက္ကိုျမင္သြားေလတယ္ …
" ခုေခတ္ကေလးေတြကေတာ့ အပူအပင္ကင္းမဲ့လိုက္တာ … သူတို႔ၾကည့္ရတာ ၾကည္ႏူးဖို႔ေကာင္းတယ္ "
ခ်ဴးရွန႔္တို႔အခန္းက ဒုတိယထပ္ျဖစ္၍ အေရွ႕ကပန္းၿခံနဲ႕အေတာ္ေလးနီးစပ္ၿပီး အရာအားလုံးကို ရွင္းလင္းစြာျမင္နိုင္တယ္ … ပန္းၿခံေလးထဲမွာ အနက္ေရာင္ဆံႏြယ္ရွည္ေလးကခ်ထားၿပီး လွပတဲ့ကိုယ္ေလးကို Sexy က်စြာဝတ္ဆင္ထားတဲ့မိန္းကေလးတစ္ဦးက ခႏၶာကိုယ္ေတာင့္တင္းၿပီးခန႔္ညားတဲ့အမ်ိဳးသားရဲ႕လက္ကိုဆြဲကာ တစ္စုံတစ္ရာကိုအတင္းအၾကပ္ေတာင္းဆိုေနပုံပင္ …
ထိုေကာင္ေလးကို အေနာက္ကေနျမင္ေနရ၍ ဘယ္သူမွန္းအသဲကြဲေပမဲ့ ႐ုတ္တရပ္ အေနာက္ကိုလွည့္လာေတာ့ ခ်ဴးရွန႔္စြံ႕အသြားေလတယ္ …
" အာ … ရွန္ေဝလား "
ရွန္ေဝက သူ႕အေနာက္ကခုံေပၚကိုျပန္ထိုင္လိုက္တယ္ … အစက ထြက္သြားဖို႔ျပင္ေနပုံပဲ … သူမကလဲ ရွန္ေဝျပန္ထိုင္သြားတာျမင္ေတာ့ ေပ်ာ္႐ႊင္သြားၿပီး ရွန္ေဝေဘးမွာဝင္ထိုင္ကာ နားက်ပ္တစ္ဖက္ကို ရွန္ေဝနားထဲထည့္ၿပီး က်န္တစ္ဖက္ကို သူမနားထဲထည့္လိုက္တယ္ …
ခ်ဴးရွန႔္႐ုတ္တရပ္ ထိုျမင္ကြင္းကိုဆက္မၾကည့္ေတာ့ပဲ အခန္းထဲဝင္သြားကာ ေရခဲေသတၱာထဲကေရေအးေအးေလးတစ္ခြက္ကိုေမာ့ေသာက္လိုက္တယ္ … ႐ုတ္တရပ္ႀကီး ဘာေၾကာင့္ ရင္ေတြပူလာမွန္းမသိဘူး … အစက လူငယ္သဘာဝနားလည္နိုင္ေပမဲ့ ထိုေကာင္ေလးက ရွန္ေဝမွန္းသိလိုက္ရေတာ့ သူ႕ရဲ႕စိတ္ေတြ ေလးလံလာတယ္ …
" က်စ္ … ငါကဘာေၾကာင့္ စိတ္ပူေနရတာလဲ … ငါကသူ႕အေဖမွမဟုတ္တာ … သူဘယ္သူနဲ႕တြဲတြဲေပါ့ … ဒါေပမဲ့ အဲ့ဒိေကာင္မေလးကဘယ္သူလဲ … သူ႕မွာမိတ္ဖက္ရွိေနတာလား … ဘာလို႔ငါ့ကိုက်မေျပာျပတာလဲ … တခ်ိန္လုံးငါ့နားကပ္ေနၿပီးေတာ့ ငါ့အေၾကာင္းေတြက်အကုန္သိၿပီး သူ႕အေၾကာင္းေတြၾကငါ့ကို ဖုံးကြယ္ထားတယ္ … ဒါကမတရားဘူး "
ခ်ဴးရွန႔္ မ်က္မွန္ကို ပင့္တင္လိုက္ၿပီး …
" ခုကစၿပီး ငါမင္းရဲ႕အေနာက္ကိုလိုက္မယ္ ရွန္ေဝ " ( AN / လိုက္စုံစမ္းတာပါေနာ္ အပ်ိဳႀကီးက ေဝေဝေလးကို စိတ္မခ်ျဖစ္ေနတာ 😜🤣 )
တခနၾကာေတာ့ ခ်ဴးရွန႔္ ဝန္ထမ္းေတြေရာက္လာၿပီး သူတို႔စားခ်င္တဲ့အရာေတြကိုေမးျမန္းတဲ့အခါ ခ်ဴးရွန႔္က ခ်က္ေႂကြးဖို႔မလိုေၾကာင္း ကိုယ္ပိုင္ခ်က္ျပဳတ္မယ္ဟု ျပန္ေျပာလိုက္တယ္ … ထိုအခါ ဝန္ထမ္းေတြက ခ်က္ျပဳတ္ဖို႔ အသီးအ႐ြက္နဲ႕အသားငါးအဆုံးလာပို႔သြားၾကတယ္ … ခ်ဴးရွန႔္မျငင္းပယ္နိုင္၍ လက္ခံၿပီး စားေသာက္ဖို႔အတြက္ ျပင္ဆင္ေလေတာ့တယ္ … စိတ္ထဲမွာ နည္းနည္းေလး ထူးဆန္းေနတာသိေပမဲ့ ရွန္ေဝေျပာထားတဲ့ သရဲေျခာက္တဲ့အတြက္ လူေတြမငွား၍ ယခုလိုအထူးဝန္ေဆာင္မႈေတြေပးေနတာျဖစ္မယ္ဟုသာ ထင္မိၿပီး ဆက္ၿပီးမစဥ္းစားေတာ့ေျခ …
ရွန္ေဝအခန္းထဲျပန္ေရာက္ေတာ့ ေမႊးျပန႔္ရဲ႕ဟင္းရနံ႕ေတြက သူ႕အားစီးႀကိဳေနတယ္ …
" အကို နိုးေနၿပီလား "
ခ်ဴးရွန႔္က ေနာက္ဆုံးဟင္းပြဲျဖစ္တဲ့ ဟင္းရည္အိုးကိုယူလာၿပီး စားပြဲရဲ႕အလယ္မွာခ်လိဳက္တယ္ …
" အင္း ညေနစာအားလုံးျပင္ဆင္ၿပီးၿပီ တခါတည္းစားေတာ့မွာလား "
ရွန္ေဝအျပင္မွာ ယုယြမ္က ညစာစားဖို႔ေခၚေတာ့ ျငင္းခဲ့၍ အမွန္ပင္ဗိုက္ဆာေနၿပီ … သူေတြးထားတာက ခ်ဴးရွန႔္မနိုးခင္ ဝန္ထမ္းေတြကိုအေကာင္းဆုံးဟင္းေတြနဲ႕ျပင္ဆင္ခိုင္းၿပီး စပရိုက္လုပ္ရန္ပင္ … ခုေတာ့ ခ်ဴးရွန႔္က သူ႕အားျပန္ၿပီးစပရိုက္လုပ္သြားတယ္ …
" အကိုခ်က္ထားတာ အရသာရွိမဲ့ပုံပဲ "
ခ်ဴးရွန႔္နဲ႕ရွန္ေဝ ခုံေပၚထိုင္ၿပီး ညေနစာကိုစၿပီး စားေသာက္ၾကတယ္ … ခ်ဴးရွန႔္လက္ယာက ရွန္ေဝအတြက္ အေကာင္းဆုံးျဖစ္သလို ဘယ္ေလာက္ေစ်းႀကီးတဲ့ဟင္းပြဲေတြနဲ႕မွမယွဥ္နိုင္ေအာင္ေကာင္းလြန္းတယ္ … ရွန္ေဝက ခ်ဴးရွန႔္အေရွ႕မွာ မ်ိဳးရိုးနိမ့္အျဖစ္ဟန္ေဆာင္ထား၍ လြတ္လပ္စြာစားသုံးတာကအက်င့္ျဖစ္ေနၿပီ … အကယ္၍အႀကီးအကဲေတြနဲ႕ေတြ႕ဆုံပြဲမ်ိဳးဆို ထိုအက်င့္ကိုမနည္းေဖ်ာက္ေနရတယ္ … ခ်ဴးရွန႔္ကလဲ သူ႕လက္ယာကို ႏွစ္ၿခိဳက္စြာစားသုံးေနတဲ့ ရွန္ေဝကိုေက်နပ္စြာၾကည့္ေနမိတယ္ …
ရွန္ေဝဘယ္သြားၿပီး ဘယ္သူနဲ႕ေတြ႕ခဲ့လဲေမးခ်င္ေပမဲ့ ခ်ဴးရွန႔္ ေမးမထြက္ခဲ့ဘူး … ဒီေကာင္ေလးမွာလဲ ကိုယ္ပိုင္လြတ္လပ္ခြင့္ရွိသင့္တာပဲ … သူ႕လိုအၿမဲအထီးက်န္ေနတဲ့သူမျဖစ္ေစခ်င္ဘူး … ဒါေပမဲ့ အဲ့ဒိေကာင္မေလးကဘယ္သူလဲဆိုတာ ရွန္ေဝမသိေအာင္စုံစမ္းရမယ္ … ဒါကသူေကာင္းဖို႔အတြက္ပါ … သူ႕ဘဝကို ဝင္စြက္ဖက္တာမွမဟုတ္ပဲ … ငါ့ကိစၥမဟုတ္ေပမဲ့လဲ ငါသိဖို႔လိုအပ္မယ္ထင္လို႔ … ( AN / J ဝင္ရင္ဝင္တယ္ေပါ့ အပ်ိဳႀကီးကေတာ့ 😜🤣 )
*
*
*
*
" လုယီေလး "
" ကိုကိုေခ်ာေခ်ာ … YiYi တြက္ မုန႔္မုန႔္ပါလား "
" ပါတာေပါ့ … ဒီမွာ လုယီေလးအတြက္ "
မင္းယြီတို႔ေရာက္တာ ၃ ရက္ရွိေပမဲ့ ခုထိအိမ္မျပန္ရေသးဘူး … မိခင္ကိုလဲ ဆက္သြယ္၍မရသလို ဖန္းဂူကလဲဘာတစ္ခြန္းမွမေျပာျပဘူး … အေၾကာင္းတစ္ခုခုရွိမယ္ဆိုတာသိေပမဲ့ ဖန္းဂူကမသိေစခ်င္မွန္းသိ၍ မင္းယြီမေမးျမန္ပဲေနေနခဲ့တယ္ …
ယာရွာကေတာ့ ေန႕တိုင္းပုံမွန္လာၿပီး လုယီေလးကိုအေဖာ္ျပဳေပးတယ္ … သူမက အရင္ကေလာက္မၾကမ္းတမ္းေတာ့သလို ေပါင္းၾကည့္မွ စိတ္သေဘာထားေကာင္းၿပီး စိတ္ရွည္တတ္သူဆိုတာသိလာတယ္ … ဖန္းဂူသူမကိုယုံၾကည္တာ မထူးဆန္ေတာ့ပါဘူး …
" ယာရွာ … ကြၽန္ေတာ္ဘာကူေပးရမလဲ "
" မလိုပါဘူး … အဲ့နားမွာပဲထိုင္ေန … သခင္ေလးျမင္ရင္ ကြၽန္မအဆူခံရလိမ့္မယ္ "
ယာရွာက ယူလာတဲ့ၾကက္ေၾကာ္ေတြကို ပန္းကန္တစ္ခုထဲခြဲထည့္ၿပီး လုယီေလးကိုတစ္ခြက္မင္းယြီကိုတစ္ခြက္ခ်ေပးလိုက္တယ္ …
" ဘာလို႔အမ်ားႀကီးဝယ္လာတာလဲ "
" တကယ္ေတာ့ ဒါေတြကဝယ္လာတာမဟုတ္ဘူး … ရွင့္ရဲ႕အေမကေပးလိုက္တာ "
မင္းယြီမ်က္ဝန္းေလးေတြျပဴးက်ယ္လာၿပီးသူမအားေမာ့ၾကည့္လာတယ္ … ယာရွာကလဲ ဒီလိုတုန႔္ျပန္မယ္ဆိုတာ သိေန၍ အနားကခုံေပၚမွာဝင္ထိုင္လိုက္တယ္ …
" သူမက ကြၽန္မနဲ႕ရွင္နဲ႕သိတာကိုမသိဘူး … ဒါေတြကကြၽန္မအတြက္ေပးလိုက္တာ "
လုယီေလးက ၾကက္ေၾကာကိုယူစားလိုက္ၿပီး …
" အာ ေကာက္တယ္ပါပါး … ဖြားဖြားေၾကာ္တဲ့ဟာနဲ႕တူတူပဲ … ကိုကိုေခ်ာေခ်ာေလး ဒါေတြကိုဘယ္ကဝယ္လာတာလဲဟင္ … YiYi ဖြားဖြားေၾကာ္ေပးတဲ့ဟာနဲ႕တူတူပဲ "
" အဲ့ေလာက္ေတာင္အရသာရွိတာလား "
" အင္း … အင္း … အရမ္းေကာင္းတာ … YiYi အိမ္ျပန္ေရာက္ရင္ ကိုကိုေခ်ာေခ်ာေလးဖို႔ ဖြားဖြားကို လုပ္ေႂကြးခိုင္းမယ္ "
ယာရွာ႐ုတ္တရပ္ မင္းယြီနဲ႕လုယီကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္သြားမိတယ္ … ခုခ်ိန္ထိ ရွန္ဟႊာနဲ႕ပိုင္မိသားစု ဘာေတြျဖစ္ခဲ့တယ္ ဆိုတာ မင္းယြီမသိေသးဘူး … ဒါေတာင္မွ ဖန္းဂူကိုယုံၾကည္ၿပီး ခုခ်ိန္ထိမေမးျမန္းပဲ ဖန္းဂူထားသလိုေနေနတဲ့မင္းယြီကိုပိုသနားမိတယ္ …
ရွန္ဟႊာရန္းက ပိုင္မ်ိဳးရိုးကို Poor Relation အျဖစ္သတ္မွတ္ၿပီး လုယီေလးကို လုယူမဲ့အျပင္ ဖန္းဂူနဲ႕မင္းယြီကိုလဲ ခြဲမယ္ဆိုတာ မင္းယြီမသိေသးေပ … ဒါေတြကိုျဖစ္မလာဖို႔ ဖန္းဂူႀကိဳးစားေနေပမဲ့ အရမ္းၾကာသြားရင္ မိသားစုေရးတင္မက တျခားအရာေတြပါ ပါဝင္လာၿပီး ထိန္းမနိုင္မည္ဆိုးရတယ္ …
ယာရွာစိုးရိမ္တာက ရွန္ဖန္းဂူ သူ႕မိသားစုအတြက္ အရာအားလုံးကိုဆုံးရႈံးခံမည္ကိုပဲ … ဒါကိုတားစည္းနိုင္မည့္သူက မင္းယြီတစ္ေယာက္ထည္းသာရွိတယ္ … သူမ မေျပာဘူးလို႔ကတိေပးထားေပမဲ့ ဆက္ၿပီးအခ်ိန္ဆြဲေနလို႔မျဖစ္တာေၾကာင့္ မင္းယြီကိုဖြင့္ေျပာဖို႔ဆုံးျဖတ္လိုက္တယ္ …
" ပိုင္မင္းယြီ … နင္ဘာေၾကာင့္ သခင္ေလးက အိမ္ေတာ္ကိုျပန္မပို႔တာလဲဆိုတာ မေမးၾကည့္တာလဲ "
" ငါသိခ်င္ေပမဲ့ သူ႕ၾကည့္ရတာ စိတ္ရႈတ္ေနပုံေပၚလို႔ … ၿပီးေတာ့ ငါ့သိသိမသိသိအဲ့ဒါကအေရးမႀကီးပါဘူး "
" တကယ္ပဲအေရးမႀကီးဘူးလို႔ထင္လား … နင့္ရဲ႕မိသားစု ခု A ၿမိဳ႕ေတာ္မွာမရွိဘူးဆိုတာ သိလား "
" ေမေမက ဒီမွာမရွိဘူးလား … သူမဘာေၾကာင့္ ငါနဲ႕ဖုန္းေျပာေတာ့မေျပာတာလဲ "
မင္းယြီစိုးရိမ္စိတ္တို႔ႀကီးဆိုးလာရတယ္ … သူက သူ႕မိခင္ အိမ္မွာပဲေအးေအးေဆးေဆးရွိေနမယ္ဟုထင္ေနခဲ့ျခင္းပင္ …
" သူမဘယ္လိုလုပ္ေျပာထြက္မွာလဲ … နင္သိသြားရင္ေရာ သူမဆီသြားမွာလား … သူမစိုးရိမ္တာက နင္ျပန္မလာမွာကိုပဲ … ဒါေၾကာင့္ အမွန္ေတြကိုမေျပာျပတာ "
" ဒီရက္ေတြမွာဘာေတြျဖစ္ခဲ့တာလဲ ကြၽန္ေတာ့ကိုေျပာျပပါ … ကြၽန္ေတာ္အားလုံးကိုသိခ်င္တယ္ "
တစ္စုံတစ္ရာဖုံးကြယ္ထားမွန္းသိေပမဲ့ ဖြင့္ေျပာလာမွာကိုပဲေစာင့္ေနမိတယ္ … ခုေတာ့ ေမးျမန္းမွရေတာ့မွာကို သူသိလိုက္ၿပီ …
ယာရွာကလဲ အရာအားလုံးကိုမခ်န္ဝွက္ပဲ အမွန္တရားေတြအားလုံးကိုေျပာျပလိုက္တယ္ … အဆုံး၌ မင္းယြီ သားေလးကို ရင္ခြင္ထဲမွာတင္းၾကပ္ေအာင္ဖက္သြယ္ထားရင္ မ်က္ရည္ေတြကမတားစီးနိုင္ခဲ့ေပ …
ဘဝကခက္ခဲမယ္ဆိုတာသိေပမဲ့လဲ တကယ္ႀကဳံေတြ႕လာရေတာ့ ခံနိုင္ရည္မရွိခဲ့ဘူး … အဆင္သင့္ျဖစ္မယ္ထင္ထားေပမဲ့ ဒီလိုဆုံးျဖတ္ရခက္ခဲတဲ့အေျခအေနမ်ိဳးက မင္းယြီကိုအခက္ေတြ႕ေစတယ္ …
" ဒီအေၾကာင္းေတြ သခင္ေလးမသိေစနဲ႕ … နင္တတ္နိုင္သေလာက္ေဖ်ာင့္ျဖၾကည့္ပါလား … ခုဆို သခင္ေလးက နင္နဲ႕သားေလးကိုေ႐ြးခ်ယ္ၿပီး ရွန္ဟႊာကိုဆန႔္က်င္ဖို႔လုပ္ေနတာ … သခင္ေလးသာရွန္ဟႊာကိုဆန႔္က်င္ရင္ ရွန္ဟႊာၿပိဳလဲဖို႔ကအေႏွးနဲ႕အျမန္ပဲ "
" ကြၽန္ဘာလုပ္သင့္လဲ … ကြၽန္ေတာ္လုပ္နိုင္တာမွန္သမွ်အကုန္လုပ္ပါ့မယ္ "
" ေကာင္းၿပီ … မင္းဆုံးဖ်က္ခ်က္ မွန္မွန္ကန္ကန္ခ်နိဳင္သားပဲ … ခုေလာေလာဆယ္ေတာ့ ဘာမွမသိသလိုေနေပး … ငါစီစဥ္ေပးမယ္ … နင္လုပ္ရမွာက သခင္ေလးနဲ႕သားကို ရွန္ဟႊာကိုျပန္ေပးၿပီး နင့္မိဘေတြအိမ္ကိုျပန္ဖို႔ပဲ … ဒါကခနပါပဲ … တစ္သက္လုံးအတြက္ ခနသာေတာ့ေပးဆပ္ရမွာေပါ့ "
" သူကလက္ခံမယ္လို႔ထင္လား … ကြၽန္ေတာ္ဘယ္လိုေျပာရမလဲ … ၿပီးေတာ့ အေမတို႔ခုဘယ္မွာလဲဟင္ "
ယာရွာက အားလုံးကို ရွင္းျပလိုက္တယ္ … တံတားေပၚကတိုက္ပြဲအၿပီး ပဋိပကၡေတြျဖစ္ၿပီးသြားေတာ့ ပိုင္သခင္မကို ရွန္ဟႊာကေနဖမ္းေခၚသြားခဲ့တယ္ … ထိုအခါ ပတ္ဒိုမင္းရဲ႕သမီးပတ္ဆုန္းခ်ဴက ယာရွာထံေျပးလာၿပီးအကူအညီေတာင္းခံခဲ့တယ္ … သူမလဲ ဖန္းဂူေပးထားတဲ့တာဝန္ေၾကာင့္ လွို႔ဝွက္လုပ္ေဆာင္ရမဲ့တာဝန္ရွိေန၍ သူမအႀကံအတိုင္ ေယာက္်ားေလးအျဖစ္ဟန္ေဆာင္ၿပီး သူမကိုကူညီဖို႔ဆုံးျဖတ္လိုက္တယ္ …
ဒီလိုနဲ႕ေရွာင္အိမ္ေတာ္ကေန ပိုင္သခင္မကိုကယ္တင္ရာ၌ ယာရွာရဲ႕အကူအညီတခ်ိဳ႕တစ္ဝက္လဲပါေနခဲ့တယ္ … ခုပိုင္သခင္မ ပတ္ဆုန္းခ်ဴ ပတ္ဒိုမင္း သူတို႔ ၃ ဦးလုံး K ၿမိဳ႕မွာျဖစ္ၿပီး က်န္ရွားေမ့က ရွန္ဟႊာရဲ႕အမႈေဟာင္းကိုေဖာ္ထုတ္ဖို႔ႀကိဳးစားေနတယ္ … လုပ္ငန္းကလဲ ရႈမန္းလက္ထဲမွာရွိေန၍ ဖန္းဂူ ရွန္ဟႊာကိုျပန္လာၿပီး လုပ္ငန္းကိုဦးေဆာင္ရန္ႏွင့္ယာယီအမႈကိုပိတ္သိမ္းနိုင္ဖို႔ မင္းယြီက သာတားစီးနိုင္ေၾကာင္း သူမကရွင္းျပလိုက္တယ္ …
" ပိုင္မင္းယြီျပန္သြားရင္ က်န္းရွားေမ့လဲ အမႈကိုခနရပ္တန႔္လိမ့္မယ္ … ပိုင္လုယီကိုရွန္ဟႊာဘက္မွာထားရွိရင္ အမႈကလဲတရားမဝင္ေတာ့ဘူး … သခင္ႀကီးစိတ္မတည္မၿငိမ္ျဖစ္ေနတာကိုတားစီးနိုင္လိမ့္မယ္ … ရွန္ဟႊာမွာသခင္ေလးျပန္ေရာက္လာခဲ့ရင္ ရႈမန္းလဲဘာမွမလုပ္နိုင္ေတာ့ဘူး … ဒါေတြအားလုံးကိုတားစီးဖို႔က အခက္အခဲေတြကို ရင္ဆိုင္မွျဖစ္မယ္ ေရွာင္ပုန္းေနလို႔မျဖစ္ဘူး … ခနသာေတာ့ ခြဲခြာေနရမယ္ နင္ကူညီနိုင္မလား "
မင္းယြီ ေခါင္းေလးကိုငုံ႕ထားလွ်က္ သားေလးကိုစိုက္ၾကည့္ေနၿပီး …
" အားလုံးအဆင္ေျပဖို႔ဆိုရင္ ကြၽန္ေတာ္ကူညီပါ့မယ္ "
ဒါကခနသာခြဲခြာျခင္းဆိုေပမဲ့ ေတြးမိတိုင္နာက်င္ရတယ္ … ဒါေပမဲ့ ကြၽန္ေတာ္မိသားစုအတြက္ ေပးစပ္ရမယ္ … ကြၽန္ေတာ့ ႏွလုံးသားေလးနာက်င္ေနရင္ေတာင္မွေပါ့ …
ထိုစဥ္အခန္းတံခါးပြင့္လာၿပီး ရွန္ဖန္းဂူျပန္ေရာက္လာတယ္ … ယာရွာခ်က္ခ်င္းပဲႏႈတ္ဆက္ၿပီး အားလုံးကိုဖုံးကြယ္ထားဖို႔ မင္းယြီကိုသတိေပးလိုက္တယ္ …
" ယာရွာ အခန္းကို ျပန္ေတာ့မွာလား "
" ဟုတ္တယ္သခင္ေလး … လုယီေလးၾကက္ေၾကာ္စားခ်င္တယ္ဆိုလို႔ လာပို႔ေပးတာ … သခင္ေလးျပန္ေရာက္ၿပီဆိုေတာ့ ကြၽန္မအခန္းထဲသြားေတာ့မယ္ … လိုအပ္ရင္ေခၚလိုက္ "
ဖန္းဂူက စုံစမ္းဖို႔အတြက္ အျပင္ကိုမၾကာခနသြားေလ့ရွိၿပီး သူထြက္သြားတိုင္း မင္းယြီတို႔ကိုေစာင့္ေရွာက္ဖို႔ယုံၾကည္ရတဲ့သူကိုလႊတ္ေပးေလ့ရွိတယ္ … ခုလဲ ယာရွာကိုသူကိုတိုင္သြားခိုင္းခဲ့တာမို႔ သြာမအားသံသယမဝင္ခဲ့ေပ …
" အင္း … ငါမင္းကိုလိုအပ္ရင္ေခၚလိုက္မယ္ "
ဖန္းဂူတံခါးကိုပိတ္ၿပီး မင္းယြီအနားကိုေရာက္လာခဲ့တယ္ … မင္းယြီရဲ႕မ်က္ႏွာေလးကိုၾကည့္ခ်င္ေပမဲ့ ေခါင္းငုံ႕ထား၍မျမင္နိုင္ေပ … လုယီေလးကေတာ့ သူ႕ပါပါးကိုတလွည့္ဖန္းဂူကိုတလွည့္ၾကည့္ေနၿပီး ႐ုတ္တရပ္ မင္းယြီအေပၚကေနထရပ္လိုက္တယ္ … ၿပီးေတာ့ ဖန္းဂူေပၚတက္လိုက္ၿပီး ေပြ႕ခ်ီထားေစတယ္ …
လက္ထဲမွာလဲၾကက္ေပါင္ကိုကိုင္ထားရင္း ပလုပ္မေလာင္းဝါးေနတဲ့အသံေလးနဲ႕ …
" ဒယ္ဒီ … ပါပါးနို ( ငို ) ေနတာ YiYiေတြ႕လိုက္တယ္ … ပါပါးကိုေခ်ာ့လိုက္ဦး "
" ပါပါးကငိုေနတာလား … ဘာျဖစ္လို႔လဲ "
" လုယီ "
ကေလးေတြက မလိမ္ညာတတ္၍ ယာရွာနဲ႕စကားေျပာၿပီငိုမိတာသိသြားရင္ေပၚကုန္မည္ဆိုး၍ မင္းယြီခ်က္ခ်င္းထရပ္လိုက္တယ္ … ဖန္းဂူမ်က္ႏွာမွာ စိုးရိမ္စိတ္ေတြအထင္းသားေပၚေနၿပီး မင္းယြီသူ႕အားဖန္းဂူကေမးေတာ့မည္ကိုသိေန၍ တားစီးဖို႔အတြက္ အႀကံတစ္ခုရသြားတယ္ …
ဖန္းဂူရပ္ေနတဲ့အနား တိုးကပ္လိုက္ၿပီး သားေလးကိုေပြ႕ခ်ီထားတဲ့ ဖန္းဂူရဲ႕ရင္ခြင္က်ယ္ႀကီးထံ မ်က္ႏွာအပ္လိုက္ၿပီး ဖက္သြယ္လိုက္တယ္ …
မင္းယြီရဲ႕ပုံမွန္မဟုတ္တဲ့အျပဳအမူေၾကာင့္ ဖန္းဂူတစ္ကိုယ္လုံးေတာင့္ခဲသြားၿပီး လုယီေလးကပါ သူ႕ဒယ္ဒီကိုလာဖက္တဲ့ပါပါးကို အံ့ဩသႀကီးၾကည့္ေနမိတယ္ … ၾကက္ေၾကာ္ေလးကိုကိုက္လွ်က္ ပြဲၾကည့္ပရိပ္သပ္ပမာ …
မင္းယြီရဲ႕ႏူးညံ့တဲ့အျပဳအမူေတြနဲ႕မရင္းနီးေသးတဲ့ဖန္းဂူ ေျပာစရာစကားမ်ားေပ်ာက္ရွသြားၿပီး သူ႕ရင္ခြင္ထဲ တိုးဝင္ေနတဲ့ မင္းယြီကိုယ္ေလးကို လက္တစ္ဖက္နဲ႕တင္းေနေအာင္ဖက္ထားေလတယ္ … ထိုအခါ လုယီေလးကပါ အားက်မခံ အားေနတဲ့သူ႕ရဲ႕လက္ေသးေသးေလးနဲ႕ မင္းယြီပခုံးေလးကို သူ႕ထံဆြဲယူကိုတင္းေနေအာင္ဖက္ထားေလတယ္ …
သားအဖ ၂ ေယာက္ရဲ႕ေပြ႕ဖက္မႈကိုခံရေတာ့ မင္းယြီရဲ႕နာက်င္ေနတဲ့ ႏွလုံးသားေလးေႏြးေထြးလာၿပီး ေပးဆပ္ဖို႔အတြက္ အားအင္ေတြျပည့္ဝလာခဲ့တယ္ … မင္းယြီေခါင္းေလးကိုေမာ့လိုက္ေတာ့ ဖန္းဂူမ်က္ဝန္းေတြက သူ႕ထံစိုက္ၾကည့္ေနတာကိုေတြ႕လိုက္ရတယ္ …
ဒီလူသားက က်ရႈံးျခင္းဆိုတဲ့နိရာမနဲ႕မထိုက္တန္ဘူး … သူကသန္မာတယ္ ရဲရင့္တယ္ အားလုံးအျမင္မွာ ရိုင္းဆိုင္းတဲ့ျခေသၤ့တစ္ေကာင္ျဖစ္ခ်င္ျဖစ္ေနလိမ့္မယ္ … တကယ္ေတာ့ သူ႕ႏွလုံးသားရဲ႕မာေက်ာတဲ့အတြင္းဘက္မွာ ႏူးညံ့မႈဆိုတဲ့အဆိုင္အခဲေလးတည္ရွိေနတယ္ … မိသားစုအတြက္ အားလုံးကို စြန႔္လႊတ္နိုင္တဲ့သူ႕ရဲ႕ေ႐ြးခ်ယ္မႈက ေလးစားဖို႔ေကာင္းေပမဲ့ သူလိုလူမ်ိဳးက လြယ္လြယ္မရႈံးနိမ့္သင့္ဘူး … ဒါေၾကာင့္ မင္းယြီအတတ္နိုင္ဆုံး ရွန္ဖန္းဂူျပန္ၿပီးသန္မာလာဖို႔ ကူညီမယ္လို႔ဆုံးျဖတ္လိုက္တယ္ …
" ယြီေလး … ေနမေကာင္းဘူးလား "
" ခမ်ားဘယ္ေတြေလွ်ာက္သြားေနတာလဲ … ကြၽန္ေတာ္ခမ်ားကိုလြမ္းေနတာ "
" အာ … ကိုယ္သြားတာအရမ္းၾကာသြားလို႔လား "
" အင္း … ၅ နာရီနဲ႕ မိနစ္ ၃၀ ေတာင္ "
ဖန္းဂူဘာမွမေျပာနိုင္ေတာ့ေပ … လုယီေလးက ၾကက္ေၾကာ္စားရင္း အေျခအေနကိုေစာင့္ၾကည့္ေနဆဲ …
" ကိုယ္ေနာက္ထပ္မသြားေတာ့ဘူး … စိတ္မဆိုးနဲ႕ေတာ့ေနာ္ "
" ကြၽန္ေတာ္စိတ္မဆိုးပါဘူး … ဒါေပမဲ့ ကြၽန္ေတာ္နဲ႕အတူရွိေနေပးေစခ်င္တယ္ "
က်န္ေနတဲ့ရက္ပိုင္ေလးမွာ ကြၽန္ေတာ္ ခမ်ားနဲ႕သားေလးအနားမွာပဲရွိခ်င္တယ္ … ကြၽန္ေတာ္ထြက္မသြားခင္ ရက္ပိုင္ေလးပါပဲ …
ဖန္းဂူ မင္းယြီေခါင္းေလးကိုပြတ္သပ္လိုက္ၿပီး …
" ကိုယ္မသြားေတာ့ဘူး … မင္းအနားမွာပဲေနေပးမယ္ ေက်နပ္ၿပီလား ကေလး "
" အြန္း " 💕
လုယီေလးက ထရယ္ေလေတာ့တယ္ …
" ခ္ခ္ … ပါပါးက ကေရးေရးေပါ့ … ဒယ္ဒီကေရးေရး "
ဖန္းဂူက တခ္ခ္ရယ္ေနတဲ့သားေလးကိုၾကည့္ၿပီး …
" လုယီေလးကမနာလိုတာလား "
" ဟုဘူး … ပါပါးကေရးေရးက YiYi ရဲ႕အေရးေရးပဲေပါ့ "
လုယီေလးက သူဖက္ထားတဲ့မင္းယြီရဲ႕ပါးေလးကို ကုန္းကာနမ္းလိုက္တယ္ …
" ပါပါးကေရးေရးကို YiYi ခ်စ္တရ္ "
ထိုအခါ ဖန္းဂူကလဲအားက်မခံေပ … မင္းယြီဦးေခါင္းေလးကို သူ႕ဘက္ဆြဲလွည့္ၿပီး မင္းယြီႏႈတ္ခမ္းသားေလးကို နမ္းလိုက္တယ္ …
" ဒီ ဒယ္ဒီကလဲ ကေလးေလးကို ခ်စ္တယ္ "
မင္းယြီဝမ္းနည္းစိတ္ေတြေပ်ာက္သြားၿပီး ေက်နပ္စြာၿပဳံးေနမိတယ္ … ဒီအေျခအေနက သူ႕ကို ထြက္ခြာသြားဖို႔ ခက္ခဲေစတယ္ဆိုတာသိေပမဲ့ မျငင္းပယ္နိုင္ဘူး … မင္းယြီ လုယီပါးေလးကိုနမ္းလိုက္ၿပီး …
" ပါပါးလဲ YiYi ေလးကိုခ်စ္တာေပါ့ "
" ကိုယ့္ကိုေရာ "
သူ႕ကိုအရင္မနမ္းလို႔စိတ္ဆိုးေနတဲ့ဖန္းဂူကိုၾကည့္ၿပီး မင္းယြီရယ္ခ်င္စိတ္ကိုထိန္းကာ ပခုံးကေနတိုင္းဖက္လိုက္ၿပီး …
" ဒိညမအိပ္ပဲ ခ်စ္တဲ့အေၾကာင္းေတြေျပာၾကရင္ေရာ "
" မင္းကို႔ကိုစိန္ေခၚတယ္ေပါ့ေလ … ဘယ္သူပိုခ်စ္လဲၿပိဳင္ၾကမယ္ "
" YiYi လဲပါတယ္ "
" အဟႊတ္ "
" …… "
၂ ေယာက္လုံးရဲ႕မ်က္ႏွာေတြက အျပစ္ရွိသည့္နယ္ခံစားလိုက္ရၿပီး သားေလးအေရွ႕မွာမေျပာသင့္တာေတြေျပာမိတဲ့အတြက္ ရွက္ေနၾကတယ္ …
ဖန္းဂူက မင္းယြီနားနားတိုးကပ္လိုက္ၿပီး …
" ဒီညေတာ့ ယာရွာကို ဒုကၡေပးရေတာ့မွာပဲ "
" သားေလးကို အခန္းခြဲအိပ္ခိုင္းမလို႔လား "
" တစ္ညလုံးဆိုေတာ့ သားေလးအိပ္ေရးပ်က္မွာဆိုးလို႔ ကိုယ္ကေစတနာနဲ႕ပါ "
" အာ … ဒီလိုဆိုေတာ့လဲ "
၂ ေယာက္လုံးရဲ႕အၾကည့္ေတြက လုယီေလးထံေရာက္သြားတယ္ … ထိုပြဲမွာ သူပါ၍မရမွန္းသိလိုက္ရေတာ့ လုယီေလး ႏႈတ္ခမ္းေလးဆူလွ်က္ …
" YiYi ကိုကိုေခ်ာေခ်ာနဲ႕သြားအိပ္ေတာ့မယ္ … လာေခၚနဲ႕ "
ဖန္းဂူအမိန္းေၾကာင့္ ယာရွာက ခ်က္ခ်င္းဝင္လာၿပီး လုယီေလးကိုေခၚကာထြက္သြားေလတယ္ … ေနာက္ပိုင္းလုယီေလးက မဆိုးေတာ့သလို စကားနားေထာင္တဲ့ကေလးေလးျဖစ္လာခဲ့တာပဲ … အလိုက္သိတတ္တဲ့ သားလိမ္မာေလး … 💕
.
.
.
.
( အတြဲသစ္ေတြပါလာၿပီေနာ္ … လူေတြလဲစုံလာၾကၿပီ … ေနာက္ပိုင္း အဆင္ေျပေတာ့မွာပါ … အခန္းေတြကို အတတ္နိုင္ဆုံးဆပ္စပ္မိေအာင္ေရးထားတယ္ … ဖတ္ၿပီးရင္ Vote ေလးေပးခဲ့ေနာ္ … 🤗 1K ျပည့္မွအသစ္ up ပါမယ္ 😜😁
ဇာတ္ေကာင္ေလးေတြနဲ႕လဲ မိတ္ဆက္ေပးခ်င္တယ္ … အားလုံးကိုဆက္ခ်စ္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ 🙆♀️💕 )
( အေပၚမွာပဲပုံၾကည့္လိုက္ေတည့ မဆန႔္ေတာ့လို႔ 😌 )