zawg
ကိုျကီးရဲ႕ေကာင္ေလး အပိုင္း(30)
"ခိုကိုး ဆံုးျပီတဲ႕ "
မာန္ထံမွထိုစကားျကားသည္နွင့္ဘုန္းထြဋ္အသက္ရွဴမ်ားရပ္တန့္မတက္မလူပ္မရပ္ရပ္တန့္သြားျပီးဝမ္းနည္းေသာမ်က္ဝန္းမ်ားျဖင့္အခ်ိန္အျကာေငးေမာေျကည့္ေနလ်က္ ထိုမ်က္ဝန္းမွမ်က္ရည္မ်ားသည္သူ့၏လည္ေခ်ာင္းေပါ္သို့စီးခ်လာသည္။ထို့ေနာက္ေခါင္းခါရမ္းကာမတ္တပ္အျမန္ထရပ္လ်က္ မာန္၏ပခံုးကိုအတင္းဆြဲလူပ္ျပီး မယံုနိုင္ေသာပံုစံမ်ိဳးျဖင့္
"ေနာက္ေနတာမလား ။အဲ႕တာအမွန္မဟုတ္ဘူးမလား"
"က်ြန္ေတာ္တကယ္ေျပာေနတာ ။အခုပဲခိုကိုးအိမ္ကသူ့ေဒါ္ေလးဖုန္းဆက္ေျပာတာ "
"ခိုကိုး ခိုကိုး ခိုကိုး..."
သူလက္မခံနိုင္ေသးကာခိုကိုးနာမည္ကိုတ၍ေကာင္ေလးအိမ္သို့သြားရန္အျပင္သို့အေျပးထြက္သြား၏။ မူမမွန္ေသာဘုန္းထြဋ္ေနာက္သို့ မာန္နွင့္ဧပရယ္ အေျပးလိုက္လာခဲ႕ကာ ကားေပါ္တက္ရန္ျပင္ေနေသာအကိုျဖစ္သူကိုအျမန္လွမ္းဆြဲ၍
"ကိုကို ဘယ္သြားမလို့လဲ "
"သူ့ရိွေပါ့ မင္းေျပာတဲ႕ဟာ ဟုတ္မဟုက္ကိုယ္တိုင္သြားျကည့္မယ္ "
နီရဲေသာမ်က္ဝန္းမ်ားထံမွမ်က္ရည္စမ်ားကိန္းေအာင္းေနသည့္ဘုန္းထြဋ္၏မ်က္နွေလးေျကာင့္ မာန္သနားကာမ်က္ရည္မ်ားဝဲတက္လာျပီး
"ကိုကိုရယ္ ..."
"လာ က်ြန္ေတာ္ကုိယ္တိုင္လိုက္ပို့မယ္ "
အစ္ကို၏လက္ကိုဆြဲကာဧပရယ္ပါေခါ္၍သူကိုယ္တိုင္ကားေမာင္းေပးေနေလသည္။ကားေနာက္ခံုမွဘုန္းထြဋ္သည္ ေယာက်ာ္းတန္မဲ့ဟန္ေဆာင္ျခင္းကင္မဲ႕စြာငုိယိုေနေတာ့သည္။ ေဘးမွျကည့္ေနေသာဧပရယ္မွာလည္းနွစ္သိမ့္ရခက္ေနသျဖင့္ ဘုန္းထြဋ္ပခံုးကိုသာပုတ္ေပးေနရွာ၏။ မာန္လည္းကားေမာင္းသည္မွာလမ္းကိုပင္ေသခ်ာမျကည့္နိုင္ေရွ့မွန္မွတစ္ဆင့္ အစ္ကို့ကိုျကည့္ျကည့္ေနမိသည္။ထိုအခ်ိန္တြင္
"ဒါေတြအားလံုးကငါ့ေျကာင့္ ငါသာသူနဲ႕မပက္သက္မိခဲ႕ရင္ဒီလိုေတြျဖစ္လာမွာမဟုက္ဘူး ။အကုန္ငါ့အမွားေတြ သူ့ဘဝေလးထဲဝင္ျပီးဖ်က္ဆီးလိုက္တာငါ ငါဟ အသံုးမခ်လိုက္တဲ႕ငါ ငါ "
ေဒါသထြက္ထြက္ျဖင့္သူ့ေခါင္းကိုသူနာက်င္ေအာင္ထုရိုုက္ေနသျဖင့္ဧပရယ္ သူငယ္ခ်င္းျဖစ္သူကိုအတင္းဖက္ထားလိုက္ျပီး
"နင့္အမွားေျကာင့္မဟုက္ပါဘူးဘုန္းထြဋ္ရယ္ ... လိုက္မတားဆီးေပးနိုင္တဲ႕ငါတို့အျပစ္ေတြပါ အဲ႕ဒါေျကာင့္နင့္အမွားဆိုျပီးမခံယူပါနဲ႕ဟာ..."
အားေပးနစ္သိမ့္ေပးေသာဧပရယ္၏ရင္ခြင္ထဲမွာလြတ္လပ္စြာငိုခ်လိုက္ပစ္ကာ
"ဧပရယ္ ငါေျကာက္တယ္ ။သူ့ကိုဆံုးရံႈးရမာေျကာက္တယ္ ။သူငါ့ကိုထားခဲ႕မွာေျကာက္တယ္ "
လူေျကာက္ေသာကေလးသဖြယ္ငိုရွာေနေသာသနားစရာေကာင္လွေသာဘုန္းထြဋ္ေခါင္းေလးကိုအသာအယာပုတ္ေပးလ်က္အားေပးေနေလသည္။
ခဏအျကာခိုကိုးအိမ္ေရွ႕သို့ေရာက္ေသာအခါ သူကားကိုအလ်င္အျမန္တံခါးဖြင့္ျပီး ခိုကိုးနာမည္ကိုေရမတြက္နိုင္ေအာင္တ၍တံခါးဖြင့္ထားေသာခိုကိုးျခံထဲသို့ဘုန္းထြဋ္အေလာတျကီးေျပးဝင္လာကာအိမ္ဝမွဘုန္းထြဋ္အေဖကိုျမင္ကာေတာင္းဆိုလိုက္သည္။
"က်ြန္ေတာ့္ကိုခိုကိုးနဲ႕ေတြ႕ခြင့္ေပးပါ"
"ရြံ႕ဖို့ေကာင္းတဲ႕ေကာင္ ထြက္သြားလိုက္ "
ခိုကိုးအေဖသည္ဘုန္းထြဋ္မ်က္နွာျမင္သည္နွင့္ေဒါသအလိပ္လိပ္ထကာ သတ္ျပစ္ခ်င္ေနေသာစိတ္ကိုထိန္းခ်ဳပ္ထား၍မရနိုင္။
"ခဏေလာက္ပါပဲဗ်ာ ေတာင္းပန္ပါတယ္"
"ငါလက္ပါမိေတာ့မယ္ နင္ထြက္သြားလိုက္ေတာ့..."
"ေက်းဇူးျပုျပီး ခိုကိုးကိုေတာင္းပန္ခြင့္ေပးပါ"
"ေသသြားတဲ႕သူေတာင္ နင္ဒုကၡေပးလိူ့မဝေသးဘူးလားဟမ္... "
"က်ြန္ေတာ့္အမွားကိုက်ြန္ေတာ္သိပါျပီ ေတြ႕ျပီးေတာင္းပန္ခ်င္ယံုပါ ဒီေန့မွမေတာင္းပန္ရရင္ တသက္လံုးေနာင္တရေနမိမွာ "
မာနတရားကိုစြင့္လြတ္၍ဒူးေထာက္လိုက္ကာခိုကိုးအေဖ၏ေျခေထာက္ကိုဖက္ရပ္လ်က္ငိုယိုျပီးေတာင္းပန္ရွာ၏။ထိုအျပုအမူမွာဘုန္းထြဋ္၏သိကာၡအကုန္ပင္ျဖစ္သည္။အေဖျဖစ္သူမွာေတာ့ ေဒါသမ်ားမထိန္းနိုင္ကာေျခေထာက္ကိုအတင္းခါထုက္၍အရိွန္ျပင္းစြာကန္ထုတ္လိုက္ေသာအခါ သူအေဝးသို့ပံုက်သြားျပီးဘုန္းထြဋ္၏ေမးရိုးမွတစ္ဆင့္နွာခါင္းမ်ားမွေသြးမ်ားက်လာ၏။ဒီအထိတိုင္ ဘုန္းထြဋ္ ဇြဲမေလ်ာ့ေသးေပ ဒဏ္ရာမ်ားကိုအံတုလ်က္ ေျခလက္ေထာင့္ကာေျဖးညင္းစြာေလ်ွာက္၍အေဖ၏ဒူးနားကိုကပ္လာျပန္သည္။ ခိုကိုးအေဖ မွာပိုေဒါသထြက္လာျပီး သူ့၏ေက်ာျပင္သို့ဖိနင္းခ်လိုက္၏။ထိုသူ၏အေလးခ်ိန္ျကီးမားေသာေျခေထာင့္ျဖင့္အရိွန္ျပင္းစြာနင္းေခ်မူေျကာင့္သူေျမျပင္တြင္လူးလိမ့္ျပင္းထန္စြာနာက်င္ရၿပန္သည္။ဘုန္းထြဋ္သည္ကိုယ့္အျပစ္ကိုယ္သိေသာေျကာင့္ မည္မ်ွျပန္မတုန့္္ျပန္ဘဲျငိမ္သက္စြာ ေနေလ၏။ ထိုအျဖစ္ကိုလက္ပိုက္မျကည့္နိုင္ေသာမာန္မွာေတာ့ အစ္ကို ကိုအနိုင္က်င့္ေနေသာသူကိုစိတ္တိုတိုျဖင့္အနားသို့လ်ွာက္လာျပီးထိုသူ၏ေကာ္လံကိုဆြဲေဆာင့္ကာထိုးရန္ခ်ိန္လိုက္ေသာအခါ ဘုန္းထြဋ္သူ၏ေျခေထာင့္ကိုကိုင္၍မ်က္နွာငယ္ျဖင့္ေခါင္းေလးခါကာမလုပ္ရန္ေတာင္းဆိုေနရွာသည္။
"ဘာလဲ မင္းကငါ့ကိုထိုးခ်င္လို့လား"
မ်က္နွာမာမာျဖင့္စိန္ေခါ္ေနေသာထိုသူကိုမာန္ရက္စက္စြာထိုးလိုက္ခ်င္ေပမယ့္အစ္ကိုျဖစ္သူ၏မ်က္နွာေျကာင့္ သူ၏ထိုးရန္ျပင္ေနေသာလက္ကေလးက်စ္က်စ္ပါေအာင္စုပ္ကာေအာက္သို့ျပန္ခ်ထားလိုက္သည္။
"ခိုကိုးကိုေတြ႕ခြင့္ေလးေပးပါ "
ေအာက္မွေသြးမ်ားက်လ်က္အားအင္မရိွေနေသာဘုန္းထြဋ္သည္ ခိုိကိုးအေဖကို အတင္းေမာ့ျကည့္ကာေတာင္းဆိုေသာ္လည္း ခိုကိုးအေဖမဲ႕ျပံုးျပံုးၿပလိုက္ျပီး
"အရမ္းေတြ႕ခ်င္တယ္ေပါ့ဟုတ္လား "
"ဟုတ္ကဲ႕"
"မင္းအျပစ္ေတြေဆးေျကာျပီးမွခိုကိုးနဲ႕ေပးေတြ႕မယ္ "
"ဘယ္လိုေဆးေျကာရမွာလဲ အဟြစ္ "
"ဟဲ႕ေကာင္ေတြ ..."
သူသည္အိမ္ထဲမွသူုတပည့္လူမိုက္မ်ားကိုေအာ္ေခါ္ျပီးဘုန္းထြဋ္ကိုထုရိုတ္ရန္အမိန့္ေပးလိုက္ေသာအခါ ထိုလူမိုက္ေျခာက္ေယာက္ေလာက္သည္ပါးစပ္မွေသြးတစ္ဟြစ္ဟြစ္က်ေနေသာဘုန္းထြဋ္ကိုအေသအေက်ထုနွပ္ရိုက္ပုတ္ကန္ျကေတာ့သည္။မာန္ဝင္တားဆီးခ်င္ေသာ္လည္းဘုန္းထြဋ္ေပးမဝင္ခဲ႕ေပ။သူ့အျပစ္ကိုသူပါသာေဆးေျကာကာဆပ္ေနေလ၏။ တစ္ေယာက္နွင့္ေျခာက္ေယာက္ အားမမ်ွေသသျဖင့္ဘုန္းထြဋ္မွာေျမျပင္တြင္ထိုလူအုပ္၍ကန္ျခင္းကိုအလႈးအလွိမ့္သာခံေနရေလသည္။ ေခါင္းမွေျခဖဝါးအထိရစရာမရိွလာက္ေအာင္ေသြးမ်ားက်ကာေနခ်ိန္တြင္ သူအေတြးထဲတြင္ေရာက္ေနေသာအရာမွာ ခိုကိုးကားတိုက္ခံရသည့္အခိိ်န္ကေသြးအိုင္ထဲတြင္တစ္ေယာက္ထဲအထီးက်န္ကာနာက်င္ခံစားေနေသာပံုရိပ္ကိုေတြး၍သူဝမ္းနည္းစြာမ်က္ရည္က်မိေလေတာ့သည္။
ခိုကိုးရယ္ မင္းဘယ္ေလာက္ေတာင္ခံစားခဲ႕ရမလဲ။ ဘယ္ေလာက္ေတာင္နာက်င္ခဲ႕ရမလဲ... ။ ကိုယ့္ိကိုဘာလို့အဲ႕ေလာက္ခ်စ္ေပးရတာလဲကြာ...။
သူေတြးေနစဥ္လူမိုက္မ်ားထဲမွတစ္ေယာက္သည္သူ၏နွဖူးေျခေထာင့္အရိွန္ျဖင့္ကန္လိုက္ေသာအခါ ဘုန္းထြဋ္အေတြးမ်ားေပ်ာက္ကြယ္သြားျပီးအေမွာင္ကမာၻသို့ေရာက္ရိွသြားခဲ႕သည္။
မာန္ဤအခါမွာေတာ့ျငိမ္မေနနိုင္ေတာ့ဘဲထိုသူမ်ားနဲ႕အျပိုင္ရန္ျဖစ္ေလေတာ့သည္။ မာန္သည္ထိုလူမိုက္ျကီးေျခာက္ေယာက္ကိုမနိုင္ေသာ္လည္းသူနိုင္သေလာက္အင္အားျဖင့္ရန္ျဖစ္ေပးေန၏။ ထိုအခါ ခိုကိုးအေဖသည္ သူ၏တပည့္မ်ားကိုရပ္နားခိုင္းလိုက္ျပီး
"မင္းအစ္ကိုျပန္ေခါ္သြားေတာ့..."
မာန္လည္းအလ်င္အျမန္ျဖင့္ဘုန္းထြဋ္ကိုေပြ႕ခ်ီေခါ္ေဆာင္သြားလိုက္သည္။
***************************
ဘုန္းထြဋ္မ်က္လံုးေလးစဖြင့္လိုက္သည္နွင့္ျမင္လိုက္ရသည္မွာ မာန္၏စိတ္ပူစြာျကည့္ေနေသာမ်က္နွာေလးပင္ျဖစ္သည္။ေခါင္းနွင့္ေျခေထာက္ကိုပတ္တီးမ်ားစီးထားလ်က္ကုတင္တြင္လဲေလ်ာင္း၍ေဘးပတ္ပတ္လည္ကိုျကည့္ေသာအခါမွသူဆးရံုေရာက္ေနမွန္းသတိထားမိ၍
"ကိုကိုသတိရလာျပီလား "
"အား...အား "
သူရုတ္တရက္အျမန္ထလိုက္ေသာအခါေခါင္းမွာထိုးကိုက္လာေသာေျကာင့္လက္ကေလးျဖင့္နဖူးကိုအသာကုိင္လိုက္မိ၏။ မာန္မွာေတာ့ျပာျပာသလဲျဖင့္
"ကိုကိုေခါင္းနာေနလို့လား ေျဖးေျဖးထေလ "
"ခိုကိုး ... ခိုကိုး... ခိုကိုးတို့အိမ္သြားရေအာင္"
သတိရလာသည္နွင့္ခိုကိုးနာမည္တကာအေလာတျကီးအိမ္သို့သြားရန္အတင္းကုန္းရံုးထေနေသာအစ္ကို့ကိုျကည့္၍သူစိတ္ပ်က္လက္ပ်က္ျဖင့္သက္ျပင္းခ်ကာ
"ကိုကိုေနမေကာင္းဘူးေလ "
"ရတယ္ ဘာမွမျဖစ္ဘူး ငါသြားနိုင္တယ္ "
"မသြားပါနဲ႕ေတာ့..."
"မင္းလိုက္မပို့ရင္ငါ့ပါသာသြားမယ္ "
မာန္ေခ်ာ့ေမာ့ကာ၍မသြားရန္ေျပာေနပါေသာ္လည္းကိုယ္အေျခအေနကိုယ္မျကည့္ဘဲသြားရန္တရြယ္ရြယ္ျဖစ္ေနေသာဘုန္းထြဋ္ေျကာင့္သူစိတ္ဆိုးလာျပီး
"ခိုကိုးအေဖကသူ့သားနဲ႕မေပးေတြ႕ေစခ်င္လို့ဒီလိုဒဏ္ရာေတြေပးခဲ႕တာကို နားမလည္ဘူးလား။ ခိုကိုးအိမ္သြားမယ္ဟုတ္လား ။ ေဆးရံုမွာကိုကိုနွစ္ပတ္တိတိလဲေနခဲ႕တာ ။ အခုသြားလည္းခိုကိုးတို့အိမ္မွာလူမရိွေတာ့ဘူး "
"ဟမ္... "
သူအံ႕ျသလြန္း၍မ်က္ရည္မ်ားပါဥက်လာကာ ဟုတ္ရဲ႕လားဟုသနားသဖြယ္မ်က္နွာေလးျဖင့္ျပန္ေမးေသာေျကာင့္မာန္လည္းသူ၏ပခံုးကိုကိုင္ကာ
"ဟုတ္တယ္ကိုကိုရဲ႕သူတို့ေတြမရိွျကေတာ့ဘူး"
ေျပာျပလိုက္သည္နွင့္သူမ်က္ရည္မ်ားအဆက္မပ်က္စီးက်လာပါေတာ့သည္။သူ့ဘဝေလးသည္ ခ်စ္ရသူ၏ေနာက္ဆံုးခရီးေလးကိုပင္မပို့ေပးလိုက္နိုင္သည့္အျပင္ သံသရာပါမည့္ေနာင္တမ်ားကိုပါရင္ဝယ္ပိုက္ထားခဲ႕ရသည္။ေတာင္းပန္ခြင့္ေလးေတာင္မရနိုင္ခဲ႕သျဖင့္သူရင္က်ိဳးမတက္ျဖစ္ကာငိုမိေလ၏။
သူငိုျပီးခဏအျကာမ်က္ရည္မ်ားခမ္းေျခာက္သြားသည္အထိျငိမ္သက္ကာထိုင္ေနျပီးေနာက္ မာန္ကိုတည္ျငိမ္ေသာအျကည့္ျဖင့္
"ငါေဆးရံုကဆင္းခ်င္တယ္ "
"ကိုကိုမေကာင္းေသးဘူးေလ "
"အိမ္ျပန္နားခ်င္တယ္ ။ေဆးရံုမွာဆက္မေနခ်င္ဘူး"
ေနာက္ဆံုးေတာင္းဆိုေသာထိုစကားကိုေတာ့မာန္မျငင္းရက္နိုင္ေတာ့ဘဲဆရာဝန္နွင့္တိုင္ပင္၍အိမ္သို့ျပန္ေခါ္လာခဲ႕ေပးလိုက္သည္။အိမ္ျပန္ေရာက္သည္နွင့္ထမင္းစားခန္းထဲတြင္ျမင္ရေသာျမင္ကြင္းမွာ
"ဘယ္သူလဲ ။ဘယ္ကေကာင္မို့လို့အစ္ကိုေဆးရံုတင္ထားတာေတာင္ ကာကြယ္ေပးေနေသးတာလဲ။ အဲ႕ေကာင္ေတာ္ေတာ္တန္ဖိုးရိွေနတယ္ေပါ့ဟုတ္လား"
"မမ မခ်စ္ဘူးဘဲနဲ႕မေျပာပါနဲ႕ ။ မမဧပရယ္ဘာမလို့ဝင္ေျပာေနတာလဲ"
ဧပရယ္ႏွင့္ပိုးသားသည္ဘုန္းထြဋ္တို့ေရာက္ေနသည္ကိုမသိနိုင္အေခ်အတင္စကားမ်ားေနျကေလသည္။ထိုအခါ ဘုန္းထြဋ္ခံစားခ်က္ကင္းမဲ႕ေသာမ်က္ဝန္းျဖင့္
"ဧပရယ္ မေျဖခ်င္တဲ႕ေမးခြန္းကိုမေမးပါနဲ႕ေတာ့"
"ဘုန္းထြဋ္... ကိုကို ..."
ေလးသံေဖ်ာ့ေဖ်ာ့ေလးျကားမွသူတို့သတိထားမိျကကာျပိုင္တုူလွည့္ျကည့္၍ေခါ္ေနေလသည္။
"ဧပရယ္ ဟိုတယ္ျပန္နားခ်င္နားေတာ့ေလ နင္လဲပင္ပန္းေနေရာေပါ့"
"မပင္ပန္းပါဘူးဟာ"
"နားလိုက္ပါ မာန္လိုက္ပို့ေပးလိုက္"
ေဘးမွမာန္ကိုလိုက္ပို့ခိုင္းလိုက္မွဧပရယ္ သိတက္နားလည္စြာျဖင့္သူ့ပါသာျပန္ရင္ေျပာ၍ျပန္သြားေလသည္။ ပိုးမွာေတာ့အစ္ကိုေတြမ်က္နွာကိုေစ့ေစ့မျကည့္နိုင္ေျကာေျကက္ရြ႕့႔ံကာေခါင္းငုတ္ထားသည္။ဘုန္းထြဋ္သည္ပိုးကုိမျမင္ခ်င္ေယာင္ေဆာင္၍
"မာန္ ငါေရကူးကန္ဘက္ခဏသြားခ်င္တယ္ "
မာန္မွလိုက္ပို့ရန္ျပင္ေသာအခါသူမာန္လက္ကိုဖယ္ကာတစ္ေယာက္ထဲသြားရန္ေတာင္းဆိုသျဖင့္ မာန္မွခြင့္မျပုခ်င္ပဲခြင့္ျပုလိုက္ရသည္။ ဘုန္းထြဋ္သည္လည္းမာန္ကိုဟိုတယ္သြားရန္တိုက္တြန္းလ်က္
"မင္းလဲဟိုတယ္သြားလိုက္ဦး ဟိုမွတစ္ေယာက္မဟုက္တစ္ေယာက္ရိွေနမွအဆင္ေျပမွာ "
"ဒါေပမယ့္ ကိုကိုကဒဏ္ရာေတြနဲ႕တစ္ေယာက္ထဲေလ"
"ငါေအးေဆးလမ္းေလ်ာွက္နိုင္ပါတယ္ "
"အင္းပါ တစ္ခုခုဆိုဖုန္းဆက္လိုက္ေနာ္ "
စိတ္မခ်နိုင္ျဖစ္ေနေသာညီကိုသူအသာျပံုးျပလိုက္ျပီးသြားရန္ေမးေလးေမာ့ကာထပ္ေျပာလိုက္သျဖင့္မာန္လည္းထြက္သြားလိုက္ေတာ့သည္။ ဘုန္းထြဋ္နွင့္ပိုးနွစ္ေယာက္ထဲတည္းရိွေသာအခ်ိန္မို့ပိုးေနရလာခက္ျပီး ထိုေနရာမွအေပါ္ထက္သူ၏အခန္းသို့အျမန္ေျပးတက္သြားသည္။ ပိုးကိုသူလိုက္မျကည့္ေနေတာ့ဘဲေရကူးကန္ဘက္သို့သာလမ္းေလ်ွာက္သြား၏။
ကန္၏ေဘးပတ္ပတ္လည္ကိုေျဖးညင္းစြာလမ္းေလ်ွာက္ေနရာမွစားပြဲဝိုင္းအျဖူေပါ္ပန္းအိုးထဲရိွႏွင္းဆီကိုျမင္ေသာအခါ သူ့၏နွလံုးသားတဆက္ဆက္နာက်င္ရျပန္သည္။ သူသည္ ခိုကိုးနွင့္အတူျခံထဲ၌နွင္းဆီပန္းအိုးေလးစိုက္ခဲ႕ေသာအမွတ္တရေလးကို သတိရေနမိျပန္၏။ဝမ္းနည္းျခင္းမ်က္ရည္မ်ားကိုလက္ကေလးကာလ်က္ဖိညစ္၍အသံတိတ္စြာငိုေနရွာကာ
"ကိုယ္နဲ႕အတူနွင္းဆီးပန္းစိုက္ေပးခဲ႕တဲ႕မင္းကိုလြမ္းတယ္ ။ ကိုယ့္ကိုအျမဲုျပံုးျပေနတက္တဲ႕မင္းရဲ႕အျပံုးကိုလည္းလြမ္းတယ္ ။ အစားပုတ္တဲ႕မင္းအက်င့္ေလးေတြလည္းျကိုက္တယ္။ ခ်စ္တယ္လို့တဖြဖြေျပာတက္တဲ႕မင္းနႈတ္ခမ္းေလးကိုလည္းခ်စ္တယ္ ။ ကိုယ္ယံုျကည္ခဲ႕သင့္တာ မင္းကိုယံုျကည္ေပးခဲ႕သင့္တာ။ ခ်စ္လားလို့ေမးစရာမလိုပါဘူးခိုကိုးရယ္ ကိုယ့္နွလံုးသားမွာမင္းနာမည္ကမၺည္းထိုးထားျပီးသားပါ။ ဘာလို့မ်ားကိုယ့္လိုမေကာင္းတဲ႕သူကိုခ်စ္ရတာလဲ။ ေနာက္ဘဝေတြေရာက္ရင္ ကိုယ္ကပဲအခ်စ္ျကီးတဲ႕သူျဖစ္ခြင့္ေပးပါ"
သူငိုယိုကာေတြးေတာရင္းနွင့္ေျခလွမ္းမ်ားမွာလည္း ေရကန္နႈတ္ခမ္းနာသို့ေနာက္ျပန္ျဖင့္ေျဖးေျဖးခ်င္းေလ်ာက္လာကာ ႏႈတ္မွခိ်ဳသာေသာအသံေလးျဖင့္ မင္းကိုယံုျကည္တယ္ခိုကိုး ဟုဆိုကာမ်က္လံုးစံုမိွတ္၍ေရကန္ထဲသို့ခႏၶာကိုယ္ကိုျပစ္ခ်လိုက္ေတာ့သည္။
အမုန္းေတြအညိႈးေတြဆိုတာဘုန္းထြဋ္အတြက္ေတာ့က်ိန္စာပါလား။ အခ်စ္စစ္ကိုရဖို့အတြက္ အညိႈးေတြကိုအသက္နဲ႕သူရင္းေပးလိုက္ပါသည္။ ေလာကတြင္မိမိခ်စ္ရသူကိုဆံုးရံႈးရျခင္းေလာက္နာက်င္ရသည္ဟူ၍မရိွနိုင္ေပ။ အခ်စ္ကနာက်င္ရသည္ကို ခိုကိုးနွင့္ဘုန္းထြဋ္ပံုေဖာ္ျပသသြားခဲ႕ေလ၏။
ေဘဘီသဲတုန္(brown lotus)
&&&&&&&&&
uni
ကိုကြီးရဲ့ကောင်လေး အပိုင်း(30)
"ခိုကိုး ဆုံးပြီတဲ့ "
မာန်ထံမှထိုစကားကြားသည်နှင့်ဘုန်းထွဋ်အသက်ရှူများရပ်တန့်မတက်မလူပ်မရပ်ရပ်တန့်သွားပြီးဝမ်းနည်းသောမျက်ဝန်းများဖြင့်အချိန်အကြာငေးမောကြေည့်နေလျက် ထိုမျက်ဝန်းမှမျက်ရည်များသည်သူ့၏လည်ချောင်းပေါ်သို့စီးချလာသည်။ထို့နောက်ခေါင်းခါရမ်းကာမတ်တပ်အမြန်ထရပ်လျက် မာန်၏ပခုံးကိုအတင်းဆွဲလူပ်ပြီး မယုံနိုင်သောပုံစံမျိုးဖြင့်
"နောက်နေတာမလား ။အဲ့တာအမှန်မဟုတ်ဘူးမလား"
"ကျွန်တော်တကယ်ပြောနေတာ ။အခုပဲခိုကိုးအိမ်ကသူ့ဒေါ်လေးဖုန်းဆက်ပြောတာ "
"ခိုကိုး ခိုကိုး ခိုကိုး..."
သူလက်မခံနိုင်သေးကာခိုကိုးနာမည်ကိုတ၍ကောင်လေးအိမ်သို့သွားရန်အပြင်သို့အပြေးထွက်သွား၏။ မူမမှန်သောဘုန်းထွဋ်နောက်သို့ မာန်နှင့်ဧပရယ် အပြေးလိုက်လာခဲ့ကာ ကားပေါ်တက်ရန်ပြင်နေသောအကိုဖြစ်သူကိုအမြန်လှမ်းဆွဲ၍
"ကိုကို ဘယ်သွားမလို့လဲ "
"သူ့ရှိပေါ့ မင်းပြောတဲ့ဟာ ဟုတ်မဟုက်ကိုယ်တိုင်သွားကြည့်မယ် "
နီရဲသောမျက်ဝန်းများထံမှမျက်ရည်စများကိန်းအောင်းနေသည့်ဘုန်းထွဋ်၏မျက်နှလေးကြောင့် မာန်သနားကာမျက်ရည်များဝဲတက်လာပြီး
"ကိုကိုရယ် ..."
"လာ ကျွန်တော်ကိုယ်တိုင်လိုက်ပို့မယ် "
အစ်ကို၏လက်ကိုဆွဲကာဧပရယ်ပါခေါ်၍သူကိုယ်တိုင်ကားမောင်းပေးနေလေသည်။ကားနောက်ခုံမှဘုန်းထွဋ်သည် ယောကျာ်းတန်မဲ့ဟန်ဆောင်ခြင်းကင်မဲ့စွာငိုယိုနေတော့သည်။ ဘေးမှကြည့်နေသောဧပရယ်မှာလည်းနှစ်သိမ့်ရခက်နေသဖြင့် ဘုန်းထွဋ်ပခုံးကိုသာပုတ်ပေးနေရှာ၏။ မာန်လည်းကားမောင်းသည်မှာလမ်းကိုပင်သေချာမကြည့်နိုင်ရှေ့မှန်မှတစ်ဆင့် အစ်ကို့ကိုကြည့်ကြည့်နေမိသည်။ထိုအချိန်တွင်
"ဒါတွေအားလုံးကငါ့ကြောင့် ငါသာသူနဲ့မပက်သက်မိခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုက်ဘူး ။အကုန်ငါ့အမှားတွေ သူ့ဘဝလေးထဲဝင်ပြီးဖျက်ဆီးလိုက်တာငါ ငါဟ အသုံးမချလိုက်တဲ့ငါ ငါ "
ဒေါသထွက်ထွက်ဖြင့်သူ့ခေါင်းကိုသူနာကျင်အောင်ထုရိုုက်နေသဖြင့်ဧပရယ် သူငယ်ချင်းဖြစ်သူကိုအတင်းဖက်ထားလိုက်ပြီး
"နင့်အမှားကြောင့်မဟုက်ပါဘူးဘုန်းထွဋ်ရယ် ... လိုက်မတားဆီးပေးနိုင်တဲ့ငါတို့အပြစ်တွေပါ အဲ့ဒါကြောင့်နင့်အမှားဆိုပြီးမခံယူပါနဲ့ဟာ..."
အားပေးနစ်သိမ့်ပေးသောဧပရယ်၏ရင်ခွင်ထဲမှာလွတ်လပ်စွာငိုချလိုက်ပစ်ကာ
"ဧပရယ် ငါကြောက်တယ် ။သူ့ကိုဆုံးရှုံးရမာကြောက်တယ် ။သူငါ့ကိုထားခဲ့မှာကြောက်တယ် "
လူကြောက်သောကလေးသဖွယ်ငိုရှာနေသောသနားစရာကောင်လှသောဘုန်းထွဋ်ခေါင်းလေးကိုအသာအယာပုတ်ပေးလျက်အားပေးနေလေသည်။
ခဏအကြာခိုကိုးအိမ်ရှေ့သို့ရောက်သောအခါ သူကားကိုအလျင်အမြန်တံခါးဖွင့်ပြီး ခိုကိုးနာမည်ကိုရေမတွက်နိုင်အောင်တ၍တံခါးဖွင့်ထားသောခိုကိုးခြံထဲသို့ဘုန်းထွဋ်အလောတကြီးပြေးဝင်လာကာအိမ်ဝမှဘုန်းထွဋ်အဖေကိုမြင်ကာတောင်းဆိုလိုက်သည်။
"ကျွန်တော့်ကိုခိုကိုးနဲ့တွေ့ခွင့်ပေးပါ"
"ရွံ့ဖို့ကောင်းတဲ့ကောင် ထွက်သွားလိုက် "
ခိုကိုးအဖေသည်ဘုန်းထွဋ်မျက်နှာမြင်သည်နှင့်ဒေါသအလိပ်လိပ်ထကာ သတ်ပြစ်ချင်နေသောစိတ်ကိုထိန်းချုပ်ထား၍မရနိုင်။
"ခဏလောက်ပါပဲဗျာ တောင်းပန်ပါတယ်"
"ငါလက်ပါမိတော့မယ် နင်ထွက်သွားလိုက်တော့..."
"ကျေးဇူးပြုပြီး ခိုကိုးကိုတောင်းပန်ခွင့်ပေးပါ"
"သေသွားတဲ့သူတောင် နင်ဒုက္ခပေးလိူ့မဝသေးဘူးလားဟမ်... "
"ကျွန်တော့်အမှားကိုကျွန်တော်သိပါပြီ တွေ့ပြီးတောင်းပန်ချင်ယုံပါ ဒီနေ့မှမတောင်းပန်ရရင် တသက်လုံးနောင်တရနေမိမှာ "
မာနတရားကိုစွင့်လွတ်၍ဒူးထောက်လိုက်ကာခိုကိုးအဖေ၏ခြေထောက်ကိုဖက်ရပ်လျက်ငိုယိုပြီးတောင်းပန်ရှာ၏။ထိုအပြုအမူမှာဘုန်းထွဋ်၏သိက္ခာအကုန်ပင်ဖြစ်သည်။အဖေဖြစ်သူမှာတော့ ဒေါသများမထိန်းနိုင်ကာခြေထောက်ကိုအတင်းခါထုက်၍အရှိန်ပြင်းစွာကန်ထုတ်လိုက်သောအခါ သူအဝေးသို့ပုံကျသွားပြီးဘုန်းထွဋ်၏မေးရိုးမှတစ်ဆင့်နှာခါင်းများမှသွေးများကျလာ၏။ဒီအထိတိုင် ဘုန်းထွဋ် ဇွဲမလျော့သေးပေ ဒဏ်ရာများကိုအံတုလျက် ခြေလက်ထောင့်ကာဖြေးညင်းစွာလျှောက်၍အဖေ၏ဒူးနားကိုကပ်လာပြန်သည်။ ခိုကိုးအဖေ မှာပိုဒေါသထွက်လာပြီး သူ့၏ကျောပြင်သို့ဖိနင်းချလိုက်၏။ထိုသူ၏အလေးချိန်ကြီးမားသောခြေထောင့်ဖြင့်အရှိန်ပြင်းစွာနင်းချေမူကြောင့်သူမြေပြင်တွင်လူးလိမ့်ပြင်းထန်စွာနာကျင်ရပြန်သည်။ဘုန်းထွဋ်သည်ကိုယ့်အပြစ်ကိုယ်သိသောကြောင့် မည်မျှပြန်မတုန့််ပြန်ဘဲငြိမ်သက်စွာ နေလေ၏။ ထိုအဖြစ်ကိုလက်ပိုက်မကြည့်နိုင်သောမာန်မှာတော့ အစ်ကို ကိုအနိုင်ကျင့်နေသောသူကိုစိတ်တိုတိုဖြင့်အနားသို့လျှာက်လာပြီးထိုသူ၏ကော်လံကိုဆွဲဆောင့်ကာထိုးရန်ချိန်လိုက်သောအခါ ဘုန်းထွဋ်သူ၏ခြေထောင့်ကိုကိုင်၍မျက်နှာငယ်ဖြင့်ခေါင်းလေးခါကာမလုပ်ရန်တောင်းဆိုနေရှာသည်။
"ဘာလဲ မင်းကငါ့ကိုထိုးချင်လို့လား"
မျက်နှာမာမာဖြင့်စိန်ခေါ်နေသောထိုသူကိုမာန်ရက်စက်စွာထိုးလိုက်ချင်ပေမယ့်အစ်ကိုဖြစ်သူ၏မျက်နှာကြောင့် သူ၏ထိုးရန်ပြင်နေသောလက်ကလေးကျစ်ကျစ်ပါအောင်စုပ်ကာအောက်သို့ပြန်ချထားလိုက်သည်။
"ခိုကိုးကိုတွေ့ခွင့်လေးပေးပါ "
အောက်မှသွေးများကျလျက်အားအင်မရှိနေသောဘုန်းထွဋ်သည် ခိုကိုးအဖေကို အတင်းမော့ကြည့်ကာတောင်းဆိုသော်လည်း ခိုကိုးအဖေမဲ့ပြုံးပြုံးပြလိုက်ပြီး
"အရမ်းတွေ့ချင်တယ်ပေါ့ဟုတ်လား "
"ဟုတ်ကဲ့"
"မင်းအပြစ်တွေဆေးကြောပြီးမှခိုကိုးနဲ့ပေးတွေ့မယ် "
"ဘယ်လိုဆေးကြောရမှာလဲ အဟွစ် "
"ဟဲ့ကောင်တွေ ..."
သူသည်အိမ်ထဲမှသူုတပည့်လူမိုက်များကိုအော်ခေါ်ပြီးဘုန်းထွဋ်ကိုထုရိုတ်ရန်အမိန့်ပေးလိုက်သောအခါ ထိုလူမိုက်ခြောက်ယောက်လောက်သည်ပါးစပ်မှသွေးတစ်ဟွစ်ဟွစ်ကျနေသောဘုန်းထွဋ်ကိုအသေအကျေထုနှပ်ရိုက်ပုတ်ကန်ကြတော့သည်။မာန်ဝင်တားဆီးချင်သော်လည်းဘုန်းထွဋ်ပေးမဝင်ခဲ့ပေ။သူ့အပြစ်ကိုသူပါသာဆေးကြောကာဆပ်နေလေ၏။ တစ်ယောက်နှင့်ခြောက်ယောက် အားမမျှသေသဖြင့်ဘုန်းထွဋ်မှာမြေပြင်တွင်ထိုလူအုပ်၍ကန်ခြင်းကိုအလှုးအလှိမ့်သာခံနေရလေသည်။ ခေါင်းမှခြေဖဝါးအထိရစရာမရှိလာက်အောင်သွေးများကျကာနေချိန်တွင် သူအတွေးထဲတွင်ရောက်နေသောအရာမှာ ခိုကိုးကားတိုက်ခံရသည့်အခိျိန်ကသွေးအိုင်ထဲတွင်တစ်ယောက်ထဲအထီးကျန်ကာနာကျင်ခံစားနေသောပုံရိပ်ကိုတွေး၍သူဝမ်းနည်းစွာမျက်ရည်ကျမိလေတော့သည်။
ခိုကိုးရယ် မင်းဘယ်လောက်တောင်ခံစားခဲ့ရမလဲ။ ဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ... ။ ကိုယ့ိကိုဘာလို့အဲ့လောက်ချစ်ပေးရတာလဲကွာ...။
သူတွေးနေစဉ်လူမိုက်များထဲမှတစ်ယောက်သည်သူ၏နှဖူးခြေထောင့်အရှိန်ဖြင့်ကန်လိုက်သောအခါ ဘုန်းထွဋ်အတွေးများပျောက်ကွယ်သွားပြီးအမှောင်ကမ္ဘာသို့ရောက်ရှိသွားခဲ့သည်။
မာန်ဤအခါမှာတော့ငြိမ်မနေနိုင်တော့ဘဲထိုသူများနဲ့အပြိုင်ရန်ဖြစ်လေတော့သည်။ မာန်သည်ထိုလူမိုက်ကြီးခြောက်ယောက်ကိုမနိုင်သော်လည်းသူနိုင်သလောက်အင်အားဖြင့်ရန်ဖြစ်ပေးနေ၏။ ထိုအခါ ခိုကိုးအဖေသည် သူ၏တပည့်များကိုရပ်နားခိုင်းလိုက်ပြီး
"မင်းအစ်ကိုပြန်ခေါ်သွားတော့..."
မာန်လည်းအလျင်အမြန်ဖြင့်ဘုန်းထွဋ်ကိုပွေ့ချီခေါ်ဆောင်သွားလိုက်သည်။
***************************
ဘုန်းထွဋ်မျက်လုံးလေးစဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည်မှာ မာန်၏စိတ်ပူစွာကြည့်နေသောမျက်နှာလေးပင်ဖြစ်သည်။ခေါင်းနှင့်ခြေထောက်ကိုပတ်တီးများစီးထားလျက်ကုတင်တွင်လဲလျောင်း၍ဘေးပတ်ပတ်လည်ကိုကြည့်သောအခါမှသူဆးရုံရောက်နေမှန်းသတိထားမိ၍
"ကိုကိုသတိရလာပြီလား "
"အား...အား "
သူရုတ်တရက်အမြန်ထလိုက်သောအခါခေါင်းမှာထိုးကိုက်လာသောကြောင့်လက်ကလေးဖြင့်နဖူးကိုအသာကိုင်လိုက်မိ၏။ မာန်မှာတော့ပြာပြာသလဲဖြင့်
"ကိုကိုခေါင်းနာနေလို့လား ဖြေးဖြေးထလေ "
"ခိုကိုး ... ခိုကိုး... ခိုကိုးတို့အိမ်သွားရအောင်"
သတိရလာသည်နှင့်ခိုကိုးနာမည်တကာအလောတကြီးအိမ်သို့သွားရန်အတင်းကုန်းရုံးထနေသောအစ်ကို့ကိုကြည့်၍သူစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချကာ
"ကိုကိုနေမကောင်းဘူးလေ "
"ရတယ် ဘာမှမဖြစ်ဘူး ငါသွားနိုင်တယ် "
"မသွားပါနဲ့တော့..."
"မင်းလိုက်မပို့ရင်ငါ့ပါသာသွားမယ် "
မာန်ချော့မော့ကာ၍မသွားရန်ပြောနေပါသော်လည်းကိုယ်အခြေအနေကိုယ်မကြည့်ဘဲသွားရန်တရွယ်ရွယ်ဖြစ်နေသောဘုန်းထွဋ်ကြောင့်သူစိတ်ဆိုးလာပြီး
"ခိုကိုးအဖေကသူ့သားနဲ့မပေးတွေ့စေချင်လို့ဒီလိုဒဏ်ရာတွေပေးခဲ့တာကို နားမလည်ဘူးလား။ ခိုကိုးအိမ်သွားမယ်ဟုတ်လား ။ ဆေးရုံမှာကိုကိုနှစ်ပတ်တိတိလဲနေခဲ့တာ ။ အခုသွားလည်းခိုကိုးတို့အိမ်မှာလူမရှိတော့ဘူး "
"ဟမ်... "
သူအံ့သြလွန်း၍မျက်ရည်များပါဥကျလာကာ ဟုတ်ရဲ့လားဟုသနားသဖွယ်မျက်နှာလေးဖြင့်ပြန်မေးသောကြောင့်မာန်လည်းသူ၏ပခုံးကိုကိုင်ကာ
"ဟုတ်တယ်ကိုကိုရဲ့သူတို့တွေမရှိကြတော့ဘူး"
ပြောပြလိုက်သည်နှင့်သူမျက်ရည်များအဆက်မပျက်စီးကျလာပါတော့သည်။သူ့ဘဝလေးသည် ချစ်ရသူ၏နောက်ဆုံးခရီးလေးကိုပင်မပို့ပေးလိုက်နိုင်သည့်အပြင် သံသရာပါမည့်နောင်တများကိုပါရင်ဝယ်ပိုက်ထားခဲ့ရသည်။တောင်းပန်ခွင့်လေးတောင်မရနိုင်ခဲ့သဖြင့်သူရင်ကျိုးမတက်ဖြစ်ကာငိုမိလေ၏။
သူငိုပြီးခဏအကြာမျက်ရည်များခမ်းခြောက်သွားသည်အထိငြိမ်သက်ကာထိုင်နေပြီးနောက် မာန်ကိုတည်ငြိမ်သောအကြည့်ဖြင့်
"ငါဆေးရုံကဆင်းချင်တယ် "
"ကိုကိုမကောင်းသေးဘူးလေ "
"အိမ်ပြန်နားချင်တယ် ။ဆေးရုံမှာဆက်မနေချင်ဘူး"
နောက်ဆုံးတောင်းဆိုသောထိုစကားကိုတော့မာန်မငြင်းရက်နိုင်တော့ဘဲဆရာဝန်နှင့်တိုင်ပင်၍အိမ်သို့ပြန်ခေါ်လာခဲ့ပေးလိုက်သည်။အိမ်ပြန်ရောက်သည်နှင့်ထမင်းစားခန်းထဲတွင်မြင်ရသောမြင်ကွင်းမှာ
"ဘယ်သူလဲ ။ဘယ်ကကောင်မို့လို့အစ်ကိုဆေးရုံတင်ထားတာတောင် ကာကွယ်ပေးနေသေးတာလဲ။ အဲ့ကောင်တော်တော်တန်ဖိုးရှိနေတယ်ပေါ့ဟုတ်လား"
"မမ မချစ်ဘူးဘဲနဲ့မပြောပါနဲ့ ။ မမဧပရယ်ဘာမလို့ဝင်ပြောနေတာလဲ"
ဧပရယ်နှင့်ပိုးသားသည်ဘုန်းထွဋ်တို့ရောက်နေသည်ကိုမသိနိုင်အချေအတင်စကားများနေကြလေသည်။ထိုအခါ ဘုန်းထွဋ်ခံစားချက်ကင်းမဲ့သောမျက်ဝန်းဖြင့်
"ဧပရယ် မဖြေချင်တဲ့မေးခွန်းကိုမမေးပါနဲ့တော့"
"ဘုန်းထွဋ်... ကိုကို ..."
လေးသံဖျော့ဖျော့လေးကြားမှသူတို့သတိထားမိကြကာပြိုင်တုူလှည့်ကြည့်၍ခေါ်နေလေသည်။
"ဧပရယ် ဟိုတယ်ပြန်နားချင်နားတော့လေ နင်လဲပင်ပန်းနေရောပေါ့"
"မပင်ပန်းပါဘူးဟာ"
"နားလိုက်ပါ မာန်လိုက်ပို့ပေးလိုက်"
ဘေးမှမာန်ကိုလိုက်ပို့ခိုင်းလိုက်မှဧပရယ် သိတက်နားလည်စွာဖြင့်သူ့ပါသာပြန်ရင်ပြော၍ပြန်သွားလေသည်။ ပိုးမှာတော့အစ်ကိုတွေမျက်နှာကိုစေ့စေ့မကြည့်နိုင်ကြောကြေက်ရွ့ံ့ကာခေါင်းငုတ်ထားသည်။ဘုန်းထွဋ်သည်ပိုးကိုမမြင်ချင်ယောင်ဆောင်၍
"မာန် ငါရေကူးကန်ဘက်ခဏသွားချင်တယ် "
မာန်မှလိုက်ပို့ရန်ပြင်သောအခါသူမာန်လက်ကိုဖယ်ကာတစ်ယောက်ထဲသွားရန်တောင်းဆိုသဖြင့် မာန်မှခွင့်မပြုချင်ပဲခွင့်ပြုလိုက်ရသည်။ ဘုန်းထွဋ်သည်လည်းမာန်ကိုဟိုတယ်သွားရန်တိုက်တွန်းလျက်
"မင်းလဲဟိုတယ်သွားလိုက်ဦး ဟိုမှတစ်ယောက်မဟုက်တစ်ယောက်ရှိနေမှအဆင်ပြေမှာ "
"ဒါပေမယ့် ကိုကိုကဒဏ်ရာတွေနဲ့တစ်ယောက်ထဲလေ"
"ငါအေးဆေးလမ်းလျောှက်နိုင်ပါတယ် "
"အင်းပါ တစ်ခုခုဆိုဖုန်းဆက်လိုက်နော် "
စိတ်မချနိုင်ဖြစ်နေသောညီကိုသူအသာပြုံးပြလိုက်ပြီးသွားရန်မေးလေးမော့ကာထပ်ပြောလိုက်သဖြင့်မာန်လည်းထွက်သွားလိုက်တော့သည်။ ဘုန်းထွဋ်နှင့်ပိုးနှစ်ယောက်ထဲတည်းရှိသောအချိန်မို့ပိုးနေရလာခက်ပြီး ထိုနေရာမှအပေါ်ထက်သူ၏အခန်းသို့အမြန်ပြေးတက်သွားသည်။ ပိုးကိုသူလိုက်မကြည့်နေတော့ဘဲရေကူးကန်ဘက်သို့သာလမ်းလျှောက်သွား၏။
ကန်၏ဘေးပတ်ပတ်လည်ကိုဖြေးညင်းစွာလမ်းလျှောက်နေရာမှစားပွဲဝိုင်းအဖြူပေါ်ပန်းအိုးထဲရှိနှင်းဆီကိုမြင်သောအခါ သူ့၏နှလုံးသားတဆက်ဆက်နာကျင်ရပြန်သည်။ သူသည် ခိုကိုးနှင့်အတူခြံထဲ၌နှင်းဆီပန်းအိုးလေးစိုက်ခဲ့သောအမှတ်တရလေးကို သတိရနေမိပြန်၏။ဝမ်းနည်းခြင်းမျက်ရည်များကိုလက်ကလေးကာလျက်ဖိညစ်၍အသံတိတ်စွာငိုနေရှာကာ
"ကိုယ်နဲ့အတူနှင်းဆီးပန်းစိုက်ပေးခဲ့တဲ့မင်းကိုလွမ်းတယ် ။ ကိုယ့်ကိုအမြဲုပြုံးပြနေတက်တဲ့မင်းရဲ့အပြုံးကိုလည်းလွမ်းတယ် ။ အစားပုတ်တဲ့မင်းအကျင့်လေးတွေလည်းကြိုက်တယ်။ ချစ်တယ်လို့တဖွဖွပြောတက်တဲ့မင်းနှုတ်ခမ်းလေးကိုလည်းချစ်တယ် ။ ကိုယ်ယုံကြည်ခဲ့သင့်တာ မင်းကိုယုံကြည်ပေးခဲ့သင့်တာ။ ချစ်လားလို့မေးစရာမလိုပါဘူးခိုကိုးရယ် ကိုယ့်နှလုံးသားမှာမင်းနာမည်ကမ္ဗည်းထိုးထားပြီးသားပါ။ ဘာလို့များကိုယ့်လိုမကောင်းတဲ့သူကိုချစ်ရတာလဲ။ နောက်ဘဝတွေရောက်ရင် ကိုယ်ကပဲအချစ်ကြီးတဲ့သူဖြစ်ခွင့်ပေးပါ"
သူငိုယိုကာတွေးတောရင်းနှင့်ခြေလှမ်းများမှာလည်း ရေကန်နှုတ်ခမ်းနာသို့နောက်ပြန်ဖြင့်ဖြေးဖြေးချင်းလျောက်လာကာ နှုတ်မှချိုသာသောအသံလေးဖြင့် မင်းကိုယုံကြည်တယ်ခိုကိုး ဟုဆိုကာမျက်လုံးစုံမှိတ်၍ရေကန်ထဲသို့ခန္ဓာကိုယ်ကိုပြစ်ချလိုက်တော့သည်။
အမုန်းတွေအညှိုးတွေဆိုတာဘုန်းထွဋ်အတွက်တော့ကျိန်စာပါလား။ အချစ်စစ်ကိုရဖို့အတွက် အညှိုးတွေကိုအသက်နဲ့သူရင်းပေးလိုက်ပါသည်။ လောကတွင်မိမိချစ်ရသူကိုဆုံးရှုံးရခြင်းလောက်နာကျင်ရသည်ဟူ၍မရှိနိုင်ပေ။ အချစ်ကနာကျင်ရသည်ကို ခိုကိုးနှင့်ဘုန်းထွဋ်ပုံဖော်ပြသသွားခဲ့လေ၏။
ဘေဘီသဲတုန်(brown lotus)