
Da pkchan1998

766K 67.7K 2.2K

BL(1.9.2020) Altro

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 (Warning🔥)
Part 29
Part 30
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End

Part 31

18.7K 1.7K 74
Da pkchan1998


ပျော်နေမိသည်။



"အေးအေး"








"အကိုလို့……ထပါတော့ဆို"







"ကောင်းကင်"

သဘောကျတယ်အကိုရဲ့။

"အကိုက ဆိုးတယ်"

လက်နာနေတယ်"

"ဟင် ဘယ်ဘက်လက်လဲ"

"ညာဘက်"







ဆေးရုံသွားရမှာပါဆို"

"ကိုယ်ကလား ဘာလုပ်လဲ"







"ဟား…ဟား…အကိုကလဲ






အိပ်ယာထသည့်အကို့အား အကျီ င်္ကြယ်သီးတွေဖြုတ်ပေးပြီး ရေချိုးခန်းထဲ ပို့ရသည်။

အပျင်းဆန့်နေတုန်း။

"ဘာတွေ တွေးနေပြန်တာလဲ
ဒီခေါင်းသေးသေးလေးက"









"ဟုတ်"

အကို့ကိုအကျီ င်္ကူဝတ်ပေးတော့ ကြည်နူးရသည်ကလဲ
အလုပ်တစ်ခု။






……………………………………




"ဟုတ်ကဲ့ပါအဖွား"


"အဟင်း ဟုတ်အဖွား……



"အဲ့ဒါကလေ အဖွား







"ဟုတ်ကိုမင်း"







"အဖွားက ကျနော့်ဆေးလက်မှတ်သိမ်းခိုင်းလိုက်တယ်လေ အဲ့ဒါကြောင့်ပေါ့"


စိတ်မဆိုးတော့ပါဘူး"


မနော့ကဆို မြေးဖွားနှစ်ယောက်ဖက်အိပ်နေလိုက်ကြတာများ ကျနော်တောင်မနာလိုတယ် ကိုကိုနဲ့ကျနော့်ကိုဆို အတူတောင်မအိပ်ခိုင်းတာများ"













မင်းစီမလာတော့ဘူး"

"ဟုတ် ကိုကို"
……………………………………



"စောသေးတယ်လေသမီးရဲ့

"ဟုတ် စီးမယ်"

"လာ အိမ်ရှေ့ထွက်ကြမယ်
ဖိနပ်စီး"



"ဖွားဖွားတို့လာပြီ"



သမီးက သတိရနေတာ"


ဖေဖေကဒီဘက်ကတွဲမယ်"

"ဟုတ်ဖေဖေ"




ခေါ်နေအုံးမှာလဲ"

"ဗျာ"


"ဟုတ်ဗျ"

…………………………………




"အကိုပင်ပန်းလာမှာပဲ"

"မပင်ပန်းတော့ဘူး


"ပါတာပေါ့သမီးရဲ့
လာအိမ်ထဲဝင်ကြစို့"



"အေး အေး မြေးငယ်

"ဟုတ် ကောင်းကင်လာ"




"အကိုရယ်……လွှတ်ပါအုံး
အကျီ င်္လဲမယ်လေ"

နမ်းပါရစေအုံး"




"အကို ပြောဖို့မေ့နေတာ"

"ဘာလဲ ကောင်းကင်ရဲ့"



"ကျနော်စိတ်ပူတယ်"









……………………………………………
T.B.C

(AN/အူးဝါး😭 ဘဲရှာပေး)

#HoneyChan

🌺နှောင်တွယ်ရစ်သောကြိုး🌺

ကောင်းကင်မနက်စာပြင်နေရင်းပင်
ပျော်နေမိသည်။
စောစောစီးစီးကြားရသည်က မင်္ဂလာသတင်းမဟုတ်လား။
အဖွာက အကို့ကို ဆေးရုံသွားဖို့ ပြင်ဆင်ပေးလိုက်ပါတဲ့လေ။
သဘောက အကိုဆရာဝန်အလုပ်ပြန်လုပ်လို့ရသွားပြီလို့ပြောတာနဲ့အတူတူပဲမဟုတ်လား။

ကောင်းကင်ကိုလက်ခံသည်ဟုမပြောသေးသော်လည်း
အခုလို စကားပြောတာနဲ့တင်ကျေနပ်လှပြီဖြစ်သည်။
မမကြည်နူးအိမ်ကိုသွားမည့် အဖွားနဲ့သူဋ္ဌေးအတွက်
မနက်စာအရင်ပြင်ထားလိုက်သည်။

"အဖွား မနက်စာအဆင်သင့်ဖြစ်ပြီဗျ"

"အေးအေး"

"အာ သူဋ္ဌေးလဲဆင်းလာပြီကို
ကျနော်အခုပဲလာခေါ်မလို့ဗျ"

"အင်း စောစောစီးစီးတက်ကြွနေတာပဲ
အဖွားကို ငါတွဲလိုက်မှာမို့ ခန့်တည်ကိုသာသွားနှိုးတော့"

"ဟုတ်ကဲ့ဗျ မနက်စာကောင်းကောင်းစားပါဗျအဖွား"

အဖွားကိုအရိုအသေပေးပြီးမှ ကောင်းကင်အပေါ်ကို မပြေးယုံတမယ်တက်လာခဲ့သည်။
ပျော်လွန်းလို့ဗိုက်ဆာနေတာတောင် ဘယ်ရောက်သွားမှန်းမသိတော့။
အိပ်ပုတ်နေတဲ့ အကို့ကိုနှိုးရတော့မည်။

"အကို……ထတော့ဗျ အလုပ်သွားရမယ်လေ"

"ဆေးရုံသွားဖို့ ကျနော်ပြင်ပေးမလို့ ထတော့နော်
အဖွားတို့တောင် အပြင်သွားကြတော့မှာ"

ခုတင်ဘေးဒူးထောက်ထိုင်ရင်း အကို့မျက်နှာကို ကြည့်နေမိသည်။
ကောင်းကင်ချစ်ရတဲ့သူက ဘာလို့များ ပြီးပြည့်စုံနေရတာတဲ့လဲ။
အကိုက နည်းနည်းလေးတောင်လိုအပ်ချက်မရှိသလိုပဲ။

"အကိုလို့……ထပါတော့ဆို"

"မထချင်ဘူး ကောင်းကင်ရာ"

"ကဲ အိပ်ပုတ်ကလဲကြီးရန်ကောဗျာ
ထပါတော့ ဒေါက်တာကြီးကလဲ"

"ဒီတိုင်းမနှိုးဘဲ အနမ်းနဲ့နှိုးလေ ကိုယ့်အသက်ရယ်"

"အာ အကိုကလဲ……အဲ့လိုမလုပ်ချင်ပါဘူး
ကျနော်ကမိန်းကလေးမှ မဟုတ်တာကို"

"ကိုယ့်ယောကျာ်းကိုနမ်းတာပဲ မိန်းကလေးဖြစ်မှနမ်းရမယ်လို့မှ မရှိတာ ကောင်းကင်ရဲ့ လုပ်ပါကွာ morning kiss"

ကလေးတစ်ယောက်လိုအနမ်းတောင်းနေသည့် အကိုဟာ
ဟိုးအရင်တုန်းက ကောင်းကင်ငေးခဲ့ရတဲ့ အကိုမှဟုတ်ပါလေစ။

"ကောင်းကင်"

အလိုမကျသည့်ချစ်ရသူကြီးအား နှုတ်ခမ်းလေးထိကပ်ပေးတော့ တောက်ပစွာပြုံးလေသည်။
သဘောကျတယ်အကိုရဲ့။
အဲ့ဒီအပြုံးတွေက ကျနော့်အတွက် အားအင်ပဲ။

"အကိုက ဆိုးတယ်"

"အင်း မင်းမို့လို့လေ ကောင်းကင်ရဲ့
အား……ညကမင်းလေးကို အခန်းထဲအထိချီလာရတာ
လက်နာနေတယ်"

"ဟင် ဘယ်ဘက်လက်လဲ"

"ညာဘက်"

"ပြအုံး ကျနော်ကြည့်ပေးမယ်"

ညာဘက်လက်စီကို ကိုယ်လေးကိုင်းကာ ကြည့်နေသည့်ကောင်းကင်အား အသဲယားစွာသိမ်းဖက်ထားလိုက်တော့ ရင်ဘတ်ပေါ်မှောက်ယက်လေးဖြစ်လို့။

"အကိုကဗျာ……အရမ်းပဲ လွှတ်အုံး လေးနေမှာပေါ့"

"အဟွင်း လေးရအောင် ခင်ဗျားလေးက ဘယ်လောက်ထွားနေလို့လဲ ဟင် ပိစိလေးရဲ့"

"အာ ဘယ်မှာပိစိလို့လဲ အကိုနဲ့သိပ်မကွာပါဘူး
ခေါင်းတစ်လုံးလောက်ပဲလေ"

"မကြာခင်ပဲသမီးက ကောင်းကင်ကိုမှီတော့မယ်လေ"

"မဟုတ်တာတွေ လူကိုလွှတ်တော့ ထတော့ဗျာ
ဆေးရုံသွားရမှာပါဆို"

"ကိုယ်ကလား ဘာလုပ်လဲ"

"ဟော ဒေါက်တာပါဆို ဆေးကုရမှာပေါ့"

"ကိုယ်မှ ဆေးကုလို့မရတော့တာ"

"အခုရပြီ အဖွားက အကို့ကိုဆေးရုံသွားဖို့ ပြင်ပေးလိုက်တဲ့မှာလိုက်တာ အဲ့ဒါကြောင့် ထတော့"

"အဖွားကိုတော့ လိုက်မမှီတော့ဘူး
ဟူး…ကိုယ့်ကောင်းကင်လေးကို အိမ်မှာထားခဲ့ရအုံးတော့မှာပဲ အနားမှာအမြဲခေါ်ထားချင်တာကို"

"ကျနော် ငလက်မလေးလိုဖြစ်အောင်လုပ်ပြီး
အကို့အိတ်ကပ်ထဲဝင်လိုက်ခဲ့ရမလား"

"အွင်း အဲ့လိုလုပ်ကြမလား"

"ဟား…ဟား…အကိုကလဲ
လျှောက်ပြော ထတော့ ထတော့ နောက်နေပြီ
ရေချိုးတော့ ကျနော်အဝတ်စားထုပ်ထားပေးမယ်"

"အင်းပါ မနက်မလင်းခင်ကတည်းက
တစ်ယောက်ထဲအလုပ်တွေရှုပ် တနေကုန်လို့ရော အားပါ့မလား ဟင် ကိုယ့်ကောင်းကင်လေး"

"မအားလောက်ဘူး ဒါပေမဲ့ အကို့ကိုလွမ်းနေပါ့မယ်
ညနေအကိုပြန်လာရင် သမီးနဲ့ကျနော်ကကြိုပေးမယ်"

"တကယ်……ဟား……ပျော်စရာကောင်းသားပဲ
ကိုယ်ပြန်လာတာကို အဖွားနဲ့ကိုကိုပဲစောင့်နေဖူးတော့ ဒါကခံစားမှုတစ်ခုလိုပဲ"

"ဟုတ် နောက်ဆို အိမ်မှာ အကို့ကိုမျှော်မဲ့
ကျနော်နဲ့သမီးရှိနေတာ သတိရပြီး အလုပ်ပြီးတာနဲ့ပြန်လာနော်"

"ဟုတ်ပါပြီ ကိုယ့်ကောင်းကင်ရယ်"

အိပ်ယာထသည့်အကို့အား အကျီ ၤကြယ်သီးတွေဖြုတ်ပေးပြီး ရေချိုးခန်းထဲ ပို့ရသည်။
ဆေးရုံသွားရန် အဝတ်စားလဲထုပ်ပြီး ဂျူတီကုတ်ပါအဆင်သင့်ပြင်ထားလိုက်သည်။

သမီးငယ်ကတော့ နိုးတာတောင်မထသေးဘဲ
အပျင်းဆန့်နေတုန်း။
ဒီသားဖနှစ်ယောက်ပေါင်းရင်တောင် တော်တော်လေး အပျင်းကြီးနေကြတာ နောက်ထပ်ကလေးတစ်ယောက်သာရှိလာရင် ကောင်းကင်တော့ နောက်တစ်ရက်ကအချိန်ကိုတောင် လှမ်းချေးရမည်ထင်သည်။

"ဘာတွေ တွေးနေပြန်တာလဲ
ဒီခေါင်းသေးသေးလေးက"

ီဘီဒိုရှေ့ရပ်ကာတွေးနေသည့်ကောင်းကင်ကို
အကိုကနောက်မှသိုင်းဖက်ရင်း ခေါင်းလေးကိုနူးညံ့စွာနမ်းကာမေးသည်။

"အကို့အကြောင်းတွေးတာပေါ့"

"ကိုယ့်အကြောင်း ဘာတွေများတွေးတာလဲ ပြောပါအုံး"

အကို့လက်တွေကြားက ကောင်းကင်နောက်ပြန်လှည့်ရင်း
ရေစက်တို့ခိုနားနေသည့် အကို့မျက်နှာကိုမော့ကြည့်လိုက်သည်။

"အကိုက ကျနော့်ရှေ့မှာရှိနေတာ အိပ်မက်များလားလို့လေ အိပ်မက်မဟုတ်တော့ဘဲ လက်တွေ့မို့ ပျော်တယ်"

"အဟွင်း…… ချစ်စရာကောင်းလိုက်တာ မင်းလေးကတော့"

ကောင်းကင်လက်တစ်ဖက်ကိုယူကာ
ရေစက်တို့တွဲခိုနေသည့် ဝဲဘက်ရင်အုံပေါ်တင်ပေးလာသည်။

"ကောင်းကင်ကြောင့် ခုန်နေတဲ့ ကိုယ့်နှလုံးသား
မင်းတစ်ယောက်ထဲအတွက် လှုပ်ခတ်နေတာမို့
ကိုယ်ကမင်းလေးအပိုင်ဆိုတာ အိပ်မက်မဟုတ်ဘူး
မင်းလေးမျက်လုံးမမှိတ်ခင်မှာလဲ ကိုယ့်ကိုမြင်ရပြီး
မျက်လုံးပြန်ဖွင့်တဲ့အခါမှာလဲ ကိုယ်ကဘယ်မှပျောက်သွားမှာမဟုတ်ဘူး……ဒီခေါင်းသေးသေးလေးထဲမှာ
ကိုယ့်ကိုချစ်တယ်ဆိုတာကလွဲပြီး တခြားအကြောင်းတွေမတွေးနဲ့ ဟုတ်ပြီလား"

"ဟုတ်"

အကို့ကိုအကျီ ၤကူဝတ်ပေးတော့ ကြည်နူးရသည်ကလဲ
အလုပ်တစ်ခု။
ယောကျာ်းတစ်ယောက်ဟာ တခြားယောကျာ်းတစ်ယောက်ကို နက်ခ်တိုင်ချည်ပေးရတာ ဘယ်လိုခံစားချက်ဖြစ်နေမလဲ သေချာမသိပေမဲ့ ကောင်းကင်ကတော့ အကို့အတွက်မို့ အတိုင်းအဆမဲ့ ရင်ခုန်ရပါသည်။
အကိုနဲ့ပတ်သက်သမျှကိုကောင်းကင်ပဲလုပ်ပေးခွင့်ရှိပါလားဆိုသည့်အတွေးက အပြည့်အဝကျေနပ်စေသည်။

သမီးငယ်ကိုပါမျက်နှာသစ်ပေးပြီးမှ သုံးယောက်အတူ မနက်စာစားကြသည်။
အဖွားတို့ကတော့ မမကြည်နူးအိမ်ကိုသွားကြပြီထင်သည်။
ကောင်းကင်တို့အောက်ဆင်းလာတော့ မရှိကြတော့။

"ကောင်းကင် ကိုယ်သွားတော့မယ်"

"ဟုတ် အကို ဂရုစိုက်သွားနော်"

"အင်း ဒယ်ဒီသမီးလေး ဖေဖေနဲ့အတူ ဆော့နေရစ်နော်
ဒယ်ဒီပြန်လာရင် မုန့်ဝယ်လာမယ်"

"ဟုတ် ဒယ်ဒီ မြန်မြန်ပြန်လာနော်"

ခြံဝင်းထဲကနေ ခပ်ဖြေးဖြေးထွက်သည့် အကို့ကားလေးကိုငေးကြည့်ရတာ ကောင်းကင်အတွက်တကယ်ပင်ပန်းသည်။
လက်ပြရတာကျနော်မကြိုက်ပါဘူးဆို အကိုရယ်။
ခဏလေးတောင်မှလေ……ဒီလိုခဏလေးတောင် ကျနော်မခွဲချင်ဘူး။
ကျနော်တော့ ခက်နေပါပြီအကိုရယ်……ပိုင်ဆိုင်နေရတာတောင် မကျေနပ်နိုင်သေးဘူး။
စက္ကန့်တိုင်းကို အချစ်တွေတိုးနေမိတော့တာပဲ။
……………………………………

ပြေလည်သွားသည့် အခြေအနေတို့ကြောင့် မင်းရန်နိုင်အပြည့်အဝပျော်နိုင်သွားရသည်။

ချက်ချင်းတော့ အိမ်မလိုက်ခဲ့သေးဘဲ နောက်ရက်မှလာမည်ဆိုသည့် ကြည်နူးကို အဖွားက ကျေကျေနပ်နပ်ပင်ခွင့်ပြုသည်။
အိမ်ခွဲနေချင်ရင်လဲ စီစဉ်ပေးမည်ဖြစ်ကြောင်းပြောသေးသည်။

"ဒါဆို မနက်ဖြန်တော့ အဖွားမျှော်နေမယ်နော် ကြည်နူး"

"ဟုတ်ကဲ့ပါအဖွား"

"အဖွားမြေးမ မတွေ့တဲ့အတောအတွင်း စိတ်ချမ်းသာနေတယ်ထင်တယ် အရင်ကထက်ပြည့်လာတယ် လူက"

"အဟင်း ဟုတ်အဖွား……
ကိုမင်း အဖွားကိုမပြောရသေးဘူးလား"

ကိုမင်းဘက်ကိုလှည့်မေးတော့ ခေါင်းခါပြသည်။

"ဘာများလဲမြေးမ အဖွားကိုမြေးကြီးကဘာတွေလျှို့ဝှက်ထားတာရှိလို့လဲ"

"အဲ့ဒါကလေ အဖွား
ကြည်နူးမှာ ကိုမင်းရင်သွေးလေးရှိနေပြီ"

"ဟေ……မြေးကြီးရဲ့ကလေးရှိနေပြီ
ဒါဝမ်းသာစရာပဲပေါ့ မြေးကြီးရယ် အဖွားကိုမပြောဘူး"

"ကြည်နူးကိုယ်တိုင်ပြောစေချင်လို့ပါအဖွားရဲ့"

"အေးပါကွယ် အဖွားတော့ မြေးတွေမြစ်တွေနဲ့ပျော်ပျော်ကြီးနေရအုံးတော့မှာပဲ မြေးမလေးရယ် ဒီနေ့ပဲလိုက်ခဲ့ပါတော့လား အဖွားစိတ်မချဘူးကွယ်"

"ရပါတယ်အဖွား ကြည်နူးကိုယ့်ကိုကိုယ်ဂရုစိုက်ပါ့မယ်
ဒီနေ့တစ်ရက်ပဲ အိမ်မှာနေချင်လို့ပါ"

"ကောင်းပါပြီ အဖွားမြေးမလေးစိတ်တိုင်းကျပေါ့ကွယ်
ကဲကဲ မြေးကြီးအဖွားတို့လဲသွားကြရအောင်"

"ဟုတ်အဖွား ကြည်နူး ကိုယ်ပြန်တော့မယ်
မနက်ဖြန်အဆင်သင့်ဖြစ်ရင်ဖုန်းဆက်လိုက်နော်"

"ဟုတ်ကိုမင်း"

မင်းရန်နိုင်အဖွားနဲ့အတူ ခန့်တည်ရှိတဲ့ဆေးရုံစီဦးတည်ခဲ့သည်။
အဖွားဆေးစစ်ရက်လဲရောက်နေပြီမို့ တခါထဲဆေးစစ်ရမည်။

"ဟော ကိုကိုနဲ့အဖွားပါလား"

ခန့်တည် ကလေးဆောင်ဘက်ကပြန်လာတော့ ကိုကိုနဲ့အဖွားကိုတွေ့တာနဲ့ အထဲမဝင်သေးဘဲ စောင့်နေလိုက်သည်။

"မြေးငယ် အလုပ်များနေတာလား"

"ဒါပေါ့အဖွားရဲ့ အဖွားလုပ်တာနဲ့ ကျနော့်ကိုလွမ်းနေတဲ့လူနာတွေအများကြီးဖြစ်သွားတယ်"

"အဖွားကဘာများလုပ်မိလို့လဲမြေးငယ်ရယ်"

"အဖွားက ကျနော့်ဆေးလက်မှတ်သိမ်းခိုင်းလိုက်တယ်လေ အဲ့ဒါကြောင့်ပေ့ါ"

"မြေးငယ်ရယ် အဲ့ဒါတကယ်မဟုတ်ပါဘူးကွယ်
ဒီတိုင်းမင်းနောင်တရမလားဆိုပြီး သတင်းလွှင့်လိုက်တာပါ"

"ဟာဗျာ……အဖွားကလဲ ……ရှိပါစေတော့
ကျနော်နဲ့ကောင်းကင်ကို သဘောတူပေးတာမို့
စိတ်မဆိုးတော့ပါဘူး"

"အမယ် ဘယ်သူကမင်းတို့ကို သဘောတူပြီပြောလဲ"

"အဖွားသဘောတူတော့မှာ ကျနော်သိနေပြီလေ
မနေ့ာကဆို မြေးဖွားနှစ်ယောက်ဖက်အိပ်နေလိုက်ကြတာများ ကျနော်တောင်မနာလိုတယ် ကိုကိုနဲ့ကျနော့်ကိုဆို အတူတောင်မအိပ်ခိုင်းတာများ"

"အဟမ်း မြေးငယ် မဟုတ်တာတွေမပြောနဲ့
ဆေးစစ်ရမှာနောက်ကျမယ်"

ကောင်းကင်ကိုသဘောကျနေပြီဆိုတာ ဝန်မခံချင်တိုင်း
အဖွားကတော့ ဆေးရုံထဲဇွတ်ဝင်ချင်နေတော့သည်။

"ကိုကိုနဲ့မရီးရော အဆင်ပြေသွားကြပြီမို့လား"

အဖွားကို ဆေးရုံအုပ်ကစစ်ဆေးစမ်းသပ်နေတုန်း
ညီကိုနှစ်ယောက် အခန်းပြင်မှာထိုင်ကာစကားပြောဖြစ်ကြသည်။

"အင်း မနက်ဖြန်ကြည်နူးကိုသွားခေါ်မှာ
မင်းအတွက် တူလေး တူမလေးရောလေ"

"မရီးစီမှာ……အဟား ကိုကိုကသွက်လှချည်လားဗျာ"

"မင်းလဲ နောက်တစ်ယောက်မြန်မြန်ယူခိုင်းတော့ကောင်းကင်ကို ဒါမှ အဖွားကလုံးလုံးလက်ခံတော့မှာ"

"အင်း ကျနော်လဲလိုချင်ပါတယ်
ဒါပေမဲ့ကောင်းကင်အတွက် တွေးရသေးတယ်လေ
သူကယောကျာ်းလေးဆိုတော့ အဆင်ပြေမှ ကလေးယူဖို့ပြောမလို့"

"အရင်တစ်ယောက်တောင် မွေးခဲ့ပြီးပြီပဲ အဆင်ပြေမှာပါ"

"အဲ့ဒါကြောင့်ပေါ့ကိုကိုရယ်
ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်တောင်ပင်ပန်းလဲ
မိန်းကလေးတွေတောင် အရမ်းခက်ခဲတာကို
သမီးကိုယ်ဝန်ဆောင်တုန်းက ကျနော်သူ့အနားမှာမရှိပေးခဲ့ရဘူး အရမ်းပင်ပန်းခဲ့မှာ ထပ်ပြီးပင်ပန်းမှာစိုးတယ်"

"အဲ့လောက်လဲမစိုးရိမ်ပါနဲ့
ကောင်းကင်က ကြည့်လိုက်တာနဲ့သတ္တိရှိမှန်းသိသာစေတဲ့သူမျိုးပါ မင်းအတွက် သူကလေးယူပေးမှာပါ"

"အဲ့လိုဆို အပျော်ဆုံးပေါ့
ကဲ ကိုကို ကျနော်ဂျူတီရှိသေးလို့ အဖွားပြီးတဲ့အထိမစောင့်တော့ဘူး သွားတော့မယ်"

"အင်း ဒါဆိုကိုကိုတို့လဲပြီးရင်ပြန်တော့မယ်
မင်းစီမလာတော့ဘူး"

"ဟုတ် ကိုကို"
……………………………………

"ဖေဖေ့သမီးလေး ပျင်းနေပြီလား"

"ဟုတ် ဒယ်ဒီ့ကိုသတိရတယ် အခုထိလဲ ပြန်မလာသေးဘူး"

"စောသေးတယ်လေသမီးရဲ့
ညနေမှပြန်လာမှ ဖွားဖွားတို့တောင်မလာသေးဘူး
သမီးငယ်ဒန်းစီးမလား ဖေဖေလွှဲပေးမယ်လေ"

"ဟုတ် စီးမယ်"

"လာ အိမ်ရှေ့ထွက်ကြမယ်
ဖိနပ်စီး"

သမီးငယ်လိုပဲ ကောင်းကင်လဲ အကို့ကိုသတိရပါသည်။
ဖုန်းဆက်လို့ရသော်လည်း အကိုအလုပ်လုပ်နေလျှင် အနှောက်ယှက်ဖြစ်မည်ဆိုးတာကြောင့် ဆက်မနေတော့။

သမီးငယ်ကိုဒန်းလွှဲပေးနေရင်း အိမ်ပေါက်စီမျှော်ငေးမိသည်။
အကိုမလာသေးသော်လည်း အဖွားတို့ပြန်လာခါနီးပြီမဟုတ်လား။

"ဖွားဖွားတို့လာပြီ"

"ဟုတ်ပါရဲ့ လာသမီးငယ် ဖွားဖွားတို့ကိုကြိုရအောင်"

သမီးငယ်ကိုချီကာ ကားနားလာခဲ့ကြသည်။

"ဖွားဖွား ပြန်လာပြီလား
သမီးက သတိရနေတာ"

"အေးပါကွယ် အဖွားက မြေးကိုနှုတ်မဆက်ဘဲသွားမိတာကို"

"သမီးငယ် အဖွားလက်ကိုဟိုဘက်ကတွဲ
ဖေဖေကဒီဘက်ကတွဲမယ်"

"ဟုတ်ဖေဖေ"

အဖွားကိုတစ်ဖက်စီလက်တွဲကာ အိမ်ထဲခေါ်ခဲ့ကြသည်။

"ကောင်းကင် အဖွားကပြောစရာရှိတယ်တဲ့
စကားပြောကြအုံး ကိုယ်နားတော့မယ်"

"ဟုတ် သူဋ္ဌေး ကျနော်ခဏနေ သံပရာရည်ပို့ပေးမယ်ဗျ"

"ရတယ်မပို့ပါနဲ့ ဒါနဲ့ မင်းဘယ်အချိန်ထိ သူဋ္ဌေးဆိုတာကြီး
ခေါ်နေအုံးမှာလဲ"

"ဗျာ"

"ခန့်တည်ခေါ်သလို ကိုကိုခေါ်ရင်လဲခေါ် မဟုတ်ရင်လဲ
ကြည်နူးခေါ်သလို ကိုမင်းဖြစ်ဖြစ်ပေါ့"

"ဟုတ်ဗျ"

သူဋ္ဌေးက ခေါင်းငြိမ့်ကာအပေါ်တက်သွားသည်။
အဖွားကပြောစရာရှိသည်ဆိုတာကြောင့်အဖွားရှေ့တွင်စိတ်လှုပ်ရှားစွာသာထိုင်နေလိုက်ရသည်။
…………………………………

ညနေရောက်တော့ အကိုပြန်လာသည့်အခါ သမီးငယ်ထက်ပို၍ပင်ကောင်းကင်ပျော်နေရသည်။

"လာကြပါအုံး ကိုယ့်အမောပြေလေးတို့ရဲ့"

ကားပေါ်ကဆင်းသည်နှင့် ကောင်းကင်နဲ့သမီးငယ်ကိုရင်ခွင်ထဲဆွဲဖက်လာသည်။

"အကိုပင်ပန်းလာမှာပဲ"

"မပင်ပန်းတော့ဘူး
ကောင်းကင်နဲ့သမီးကိုမြင်ရပြီမို့
အားလုံး အဆင်ပြေသွားပြီ"

"ဒယ်ဒီ သမီးအတွက်မုန့်ရော"

"ပါတာပေါ့သမီးရဲ့
လာအိမ်ထဲဝင်ကြစို့"

သမီးနဲ့ကောင်းကင်ကိုဖက်ကာ အိမ်ထဲလှမ်းဝင်သည့်အကိုက တကယ်ပင်အမောပြေသွားပုံရသည်။

"အဖွား ကျနော်ပြန်ရောက်ပြီ"

"အေး အေး မြေးငယ်
အဝတ်စားလဲညစာစားကြရအောင်"

"ဟုတ် ကောင်းကင်လာ"

"အကိုပဲတက်သွားလိုက်တော့လေ
ကျနော်ညနေစာကူပြင်ပေးလိုက်အုံးမယ်"

"မရပါဘူးလိုက်ခဲ့ ညနေစာ အဒေါ်ကြီးပြင်လိမ့်မယ်"

ဇွတ်ခေါ်သည့် အကို့ကြောင့် ကောင်းကင်အပေါ်ထိပါလာရတော့သည်။
သမီးကတော့ မုန့်ဘူးယူကာ အဖွားနားကျန်ခဲ့သည်။

"အကိုရယ်……လွှတ်ပါအုံး
အကျီ ၤလဲမယ်လေ"

"လွမ်းလွန်းလို့ကွာ ကိုယ့်ကောင်းကင်လေးကို
နမ်းပါရစေအုံး"

"နောက်မှနမ်းပါ အဖွားကညစာစားဖို့စောင့်နေမှာလေ"

"ဟုတ်ပါပြီကွာ ပါးလေးတော့နမ်းပါရစေအုံး"

ပါးပြင်သို့အနမ်းတို့ဝေဆာလာသည့်အခါ ကောင်းကင်ရင်ဘတ်က လှုပ်ခတ်လာပြန်သည်။
အကိုကတော့ တစ်နည်းမဟုတ်တစ်နည်းပြုစားပါသည်။

"အကို ပြောဖို့မေ့နေတာ"

"ဘာလဲ ကောင်းကင်ရဲ့"

"အဖွားကလေ အကို duty offရက်ကျရင်
ကျနော်တို့အိမ်ကိုသွားမယ်တဲ့"

"ဟုတ်လား ကောင်းကင်မိဘတွေနဲ့တွေ့ချင်လို့ထင်တယ်"

"ကျနော်စိတ်ပူတယ်"

"ဘာမှစိတ်မပူပါနဲ့ ဒီအခြေအနေတောင်ရောက်နေပြီပဲ
သေချာပေါက် ကိုယ်နဲ့ကောင်းကင်အတွက် ကောင်းတဲ့ကိစ္စပဲဖြစ်လာမှာ"

"အဲ့လိုသာဆိုကောင်းတာပေါ့"

"အဟွင်း ကိုယ့်သတို့သားသေးသေးလေးဖြစ်လာတော့မှာပဲ"

"အို့……အကို…က လဲ ဖြေးဖြေးလုပ်ပါဗျ လန့်သွားတာပဲ"

ရုတ်တရက်ကြီး ပွေ့ချီလိုက်တာမို့ လက်တွေက အကို့လည်ပင်းကို အမှီဖက်ထားလိုက်ရသည်။

"မင်းလေးကိုတော့ ဝါးစားမိတော့မှာပဲကွာ
ဘာလို့လဲဟင်…ဘာလို့ အဲ့လောက်တောင် ချစ်စရာကောင်းရတာလဲ"

"ကျနော်မို့ပေါ့ဗျ အကို့ရဲ့ထက်ကောင်းကင်မို့လို့ ချစ်စရာကောင်းနေတာဗျ"

"အဟား……ပြောတက်လိုက်တာကွာ"

နှဖူးချင်းလာတိုက်သည့် အကို့ကိုကောင်းကင်မနေနိုင်စွာ နမ်းလိုက်သည်။
ပြုံးပြုံးကြီးအနမ်းခံသည့် အကိုကကျေနပ်နေသလို
အကို့ရင်ခွင်ထဲကကောင်းကင်သည်လဲ ရင်ခုန်လွန်းလို့ ရူးမတက်ပေါ့။
……………………………………………
T.B.C

(AN/အူးဝါး😭 ဘဲရှာပေး)

#HoneyChan

Continua a leggere

Ti piacerà anche

303K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
343K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 116K 47
#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုမျ...
3.6M 326K 79
I'm not a robotထဲမှ​ရောဂါကို​ကြောရိုးတည်​​ရေး၏။ Own Creation ​နေလ​ရောင်​ စိုင်းတိမ်​ယံလင်း ​နေရန်​ စိုင်းညီယံလင်း fan ficမဟုတ်​ပါ။🔥🔥🔥🔥