မလာစဖူး ခ်န္းေယာလ္က flight kitchen ထဲဝင္လာတာမို႔ ဂ်ဴနီယာ crew ေတြ အလၽွဳိလၽွဳိထြက္သြားၾကသည္။ အရင္တစ္ခါ ဘတ္ဟြ်န္းနီး မူးလို႔ ခ်န္းေယာလ္ ေသာင္းက်န္းၿပီးတည္းက ခ်န္းေယာလ္ ထြက္လာရင္ လန္႔ေနတတ္ၾကတာလည္းပါမည္။
"ဘတ္ဟြ်န္းနီး ဘာေတြလုပ္ေနတာလဲ"
"ေယာဘို..."
ခ်န္းေယာလ္မွန္းသိတာနဲ႔ ဘတ္ဟြ်န္းနီးကဖ်က္ခနဲလွည့္ၾကည့္ၿပီးျပံဳးျပသည္။ ျပည္တြင္းေလယာဥ္ရဲ႕ kitchen ခန္းျဖစ္တာမို႔ လူႏွစ္ေယာက္ယွဥ္ရပ္လို႔မရခ်င္။ ဂ်ဴနီယာ crew ေတြ service ေပးေနခ်ိန္မို႔ kitchen ထဲ ဘတ္ဟြ်န္းနီးတစ္ေယာက္သာရွိေနသည္။ ဘတ္ဟြ်န္းနီးေက်ာဘက္ကေနပဲ ရင္ခြင္ထဲဆြဲယူၿပီး ခါးကေန သိုင္းဖက္ထားလိုက္သည္။ ပုခံုးေပၚ ေမးတင္ၿပီး နားထင္စပ္နဲ႔နားရြက္ဖ်ားေလးကို ခ်န္းေယာလ္ႏႈတ္ခမ္းတို႔နဲ႔ေႏွာင့္ယွက္လိုက္၏။
"တစ္ေယာက္ေယာက္ ဝင္လာလို႔ ျမင္သြားဦးမယ္"
"အကုန္လံုးကို ႏွင္ထုတ္ထားတာ"
"ဟဟ...ေယာဘို ဗိုက္ဆာလို႔လား။ ေကာ္ဖီနဲ႔ ကြက္ကီးျဖစ္ျဖစ္စားမလား"
"မစားပါဘူး။ ဘတ္ဟြ်န္းနီးကိုလြမ္းလို႔ လာတာ"
"ပိုၿပန္ၿပီ"
ဘတ္ဟြ်န္းနီးက မ်က္ေစာင္းနဲ႔ငဲ့ၾကည့္တာမို႔ မ်က္ခမ္းစပ္ေလးကို ဖ်က္ခနဲလွမ္းနမ္းပစ္လိုက္သည္။ ေလယာဥ္မွန္ျပတင္းေပါက္အဝိုင္းကေန ျမင္ေနရသည့္ တိမ္လႊာတို႔က ေရြ႕လ်ားေနပံုေပါက္သည္။ အျပာေရာင္ျမစ္ျပင္က်ယ္ထဲပ်ံသန္းေနရသလို ေကာင္းကင္ျပင္က်ယ္တစ္ဆံုးကို ခ်န္းေယာလ္လွမ္းေငးလိုက္မိသည္။
"ဘတ္ဟြ်န္းနီး မမူးဘူးလား"
"အမူးေျပေဆးေသာက္ထားတယ္"
ဘတ္ဟြ်န္းနီးက ခ်န္းေယာလ္ပါးျပင္တစ္ဖက္ကို ႏႈတ္ခမ္းစိုစိုေလးနဲ႔ဖိကပ္နမ္း၏။ ခ်န္းေယာလ္ ခပ္သဲ့သဲ့ရယ္မိၿပီး ဘတ္ဟြ်န္းနီးကို ပိုတိုးလို႔ဖက္လိုက္မိသည္။ ဘတ္ဟြ်န္းနီးကိုယ္သင္းနံ႔ေႏြးေႏြးထဲ ခ်န္းေယာလ္ရင္ခုန္သံေတြဝပ္တြားခယကုန္၏။ ျပတင္းတံခါးက ျမင္ေနရသည့္ ျပာလဲ့လဲ့ မိုးကုတ္စက္ဝိုင္းအစြန္းကို ႏွစ္ေယာက္သား ၿပိဳင္တူေငးမိၾကသည္။
"ပထမဆံုး flight တက္တုန္းက အရမ္းေၾကာက္ေနခဲ့မွာပဲ"
"ေၾကာက္တာေတာ့မွန္ေပမယ့္ အရမ္းဆိုးဆိုးရြားရြားေတာ့ မျဖစ္ခဲ့ပါဘူး။ ခ်န္းေယာလ္ရွိေနတာပဲေလ"
"ဘာကို..."
"ဒီထဲမွာေလ။ ခ်န္းေယာလ္က ဒီထဲမွာ အျမဲရွိေနေတာ့ ေၾကာက္ရင္ေတာင္ ခဏပဲ"
ျပံဳးစစနဲ႔ ဝဲဘက္ရင္အံုကို ေထာက္ျပတာမို႔ ခ်န္းေယာလ္ သေဘာတက်နဲ႔ တိုးတိုးရယ္မိသြားသည္။ ရင္ဘတ္ေပၚက လက္ညႇဳိးေလးကို ဆြဲယူၿပီး နမ္းရႈိက္မိ၏။ လက္မကမွဲ႔နက္နက္ေလးကိုလည္း ခ်န္းေယာလ္ႏႈတ္ခမ္းက အလြတ္မေပးမိ။
"ဘတ္ဟြ်န္းနီး ညစာဘာစားခ်င္လဲ။ ငါ ခ်က္ေကၽြးမယ္ေလ"
"Flight ခ်ိန္က ေနာက္တစ္ေၾကာင္းရွိေသးတယ္မလား။ ေယာဘို ပင္ပန္းေနမွာေပါ့"
"မပင္ပန္းပါဘူး။ ဘတ္ဟြ်န္းနီးကို စားခ်င္တာ ခ်က္ေကၽြးခ်င္လို႔။ ဒါမွမဟုတ္ အျပင္မွာစားခ်င္လည္းရတယ္"
"အျပင္မွာေတာ့ မစားခ်င္ဘူး။ ငါ ဆန္အရက္တစ္ပုလင္းေဖာက္ထားေတာ့ အသားကင္စားၾကမလား"
"ေကာင္းသားပဲ။ ဘတ္ဟြ်န္းနီးက ဒီတစ္ေခါက္ဆို ဂ်ဴတီထြက္ၿပီမလား။ ငါရံုးခန္းထဲမွာ နားခ်င္သြားနားေန။ အျပန္က်မွ အင္ခၽြန္းညေဈးမွာ ေဈးဝင္ဝယ္ၾကမယ္"
"ဟုတ္ကဲ့ပါ ကပၸတိန္ပတ္"
ပါးအိအိေလးထဲကို ဖိကပ္နမ္းရႈိက္မိမွ ခ်န္းေယာလ္ လွည့္ထြက္လာခဲ့လိုက္သည္။ ဒီေန႔ေတြမွ တိမ္ေတြေပၚပ်ံသန္းေနရသည့္ ခံစားခ်က္က ပိုေကာင္းမြန္လာခဲ့သလိုပင္။ ခ်န္းေယာလ္ရင္ဘတ္မွာ စြဲကပ္လာတဲ့ ဘတ္ဟြ်န္းနီးကိုယ္သင္းနံ႔ေလးေၾကာင့္ ခ်န္းေယာလ္ႏႈတ္ခမ္းေတြက တည္မရ။ ဂ်ဴနီယာကပၸတိန္က ျပံဳးခ်င္ေနတဲ့ ခ်န္းေယာလ္ကို ခဏခဏလွည့္ၾကည့္တာမို႔ မ်က္ႏွာကိုခပ္လႊဲလႊဲထားရသည္။ တိမ္းေစာင္းေနေရာင္ျခည္ရဲ႕ အကာက လိေမၼာ္ေရာင္လႊမ္းျခံဳသည္။ ခ်န္းေယာလ္ ဘယ္ေနရာကို ၾကည့္ၾကည့္ ျမင္ေနမိတာက ဘတ္ဟြ်န္းနီးရဲ႕အျပံဳးေလးေတြပဲ ျဖစ္သည္။
××××××××××××××××××××××××××××
"Hey...Man!"
"ဆယ္ဟြန္း!"
"ေျဗာင္လံုးလံုးတို႔ ေျခလွမ္းေတြက တက္ႂကြေနပါ့လား"
ဆယ္ဟြန္းက ထံုးစံအတိုင္း ေဘာင္းဘီအိတ္ထဲလက္ထည့္ၿပီး မတည္မျပံဳးမ်က္ႏွာနဲ႔ လွမ္းေခၚတာျဖစ္သည္။ ဘတ္ဟြ်န္း ဂ်ဴတီရပို႔တင္ၿပီး ျပန္ထြက္လာတာမို႔ ဆယ္ဟြန္းဆီေျပးသြားလိုက္သည္။
"မင္း ဘယ္တုန္းကျပန္ေရာက္ေနတာလဲ"
"အခု မနက္ပဲ"
"မင္း သြားတာအၾကာႀကီး"
"ေအးေလ။ မင္းေယာက္်ားလို ဆြစ္ဇာလန္ေလေၾကာင္းတကၠသိုလ္က ေက်ာင္းၿပီးတာ မဟုတ္ေတာ့ ရာထူးရွိေနတာေတာင္ survival သင္တန္းကသြားရတုန္း"
"မင္းကေတာ့ ေျပာေတာ့မယ္။ သင္တန္းရပို႔ေတြေရာ တင္ၿပီးၿပီလား"
"အင္း ၿပီးၿပီ။ ဂ်ဴတီမရွိေတာ့ရင္ ေကာ္ဖီသြာူေသာက္ရေအာင္"
"အင္း...သြားမယ္ေလ"
"မ်က္ႏွာက လန္းဆန္းေနတာပဲ။ အဆင္ေျပေနတာမလား"
ဆယ္ဟြန္းေမးတာကိုမေျဖေသးဘဲ ဘတ္ဟြ်န္း အရင္ျပံဳးလိုက္မိသည္။ ဘလက္ေကာ္ဖီထဲကို အႏွစ္တက္ေနတဲ့ႏို႔တစ္ဝက္တိတိထည့္ၿပီးမွ သၾကား ၃ဇြန္းေလာက္ခတ္လိုက္သည္။ အခုေနာက္ပုိင္း ဘတ္ဟြ်န္း အခ်ိဳစားရတာႀကိဳက္လာသည္။ ၿပီးေတာ့ ခ်န္းေယာလ္ရဲ႕ႏႈတ္ခမ္းခ်ိဳခ်ိဳေတြေရာ။ အရာအားလံုးထက္ ခ်န္းေယာလ္ရဲ႕အနမ္းခ်ိဳခ်ိဳေတြကေတာ့ ဘတ္ဟြ်န္းအခ်ိန္ျပည့္စြဲလန္းေနသည့္အရာျဖစ္သည္။
"ေမးတာမေျဖဘဲ စပ္ၿဖီးၿဖီးလာလုပ္ေနတယ္"
"မဟုတ္ပါဘူး ဆယ္ဟြန္းရာ မင္းကလည္း"
"ဘာကမဟုတ္တာလဲ။ သံုးလျပည့္ဖို႔ ဘယ္ေလာက္မွ မလိုေတာ့ဘူး။ အခုထိ မေရမရာျဖစ္နတုန္းလား"
"ေရရာပါတယ္။ မင္းေျပာသလိုပဲ အဆင္ေျပသြားၿပီ ငါတို႔"
"အင္း...ဒီလိုပဲ ျဖစ္ရမွာေပါ့။ ဒီလိုျဖစ္ေအာင္ပဲ ငါတို႔စီစဥ္ခဲ့တာကို။ အေစာႀကီးတည္းက သူမင္းနားေရာက္ေနခ်င္တာပါ။ သူ႔ဘာသာသူ နည္းလမ္းမသိတာ"
ဘတ္ဟြ်န္းလၽွာဖ်ားေပၚက ေကာ္ဖီအရသာက ခါးစိမ့္စိမ့္။
"ငါနဲ႔စကားေျပာျဖစ္တဲ့ေန႔ကဆို မငိုမိေအာင္ စိတ္ထိန္းထားရတဲ့ရုပ္နဲ႔"
"မင္းနဲ႔ စကားေျပာျဖစ္တဲ့ေန႔? ဘယ္တုန္းကလဲ"
"မင္း ဂ်ဴတီခ်ိန္မွာမူးလဲတုန္းကေလ။ ငါ မင္းအိမ္ကိုေတာင္ လိုက္ပို႔ေသးတာကို"
"အာ...ငါ ေဆးမေသာက္မိလို႔ဂ်ဴတီခ်ိန္မွာ ေမွာက္သြားတဲ့ေန႔တုန္းကလား"
"ေအးေလ။ အဲ့ေန႔ညက မင္းအိပ္ေပ်ာ္ေနတုန္း ငါနဲ႔ခ်န္းေယာလ္ စကားေျပာၾကတာပဲ"
"ဘာေတြေျပာၾကတာလဲ"
"ဒီတိုင္း မင္းတို႔အေၾကာင္းေတြေပါ့"
ေကာ္ဖီခြက္ကိုေမာ့ေသာက္ဖို႔ ျပင္ၿပီးမွ ဘတ္ဟြ်န္းျပန္ခ်လိုက္မိသည္။
"ဘြားနဲ႔ငါ့အေၾကာင္းေတြေရာေပါ့"
"ေအး"
"ေအာ္..."
ဘတ္ဟြ်န္း တစ္ဝက္မက်ိဳးေသးတဲ့ေကာ္ဖီခြက္ကို အေၾကာင္းရင္းမရွိေငးၾကည့္ေနမိသည္။
"ခ်န္းေယာလ္က မင္းနဲ႔သာ စကားမေျပာျဖစ္ခဲ့ရင္ ငါနဲ႔အဆင္ေျပဖို႔ ႀကိဳးစားမွာတဲ့လား"
"ဘာကိုေျပာခ်င္တာလဲ ဘတ္ဟၽြန္း။ ငါနဲ႔ စကားမေျပာျဖစ္ရင္ေတာင္ သူ မင္းကို ျပန္လက္မခံဘဲ ေနႏိုင္မွာတဲ့လား"
ဘတ္ဟြ်န္းရယ္မိလိုက္တာ အသက္မပါ။
"ခ်န္းေယာလ္မာနဘယ္ေလာက္ႀကီးလဲ ငါအသိဆံုး"
"အခု မင္းတို႔အဆင္ေျပေနၿပီပဲ။ အေတြးမလြန္နဲ႔"
"အဆင္ေျပတယ္?"
ဒီရက္ေတြထဲ ခ်စ္တဲ့အေၾကာင္းေတြ၊ အနမ္းေတြနဲ႔ ၾကင္နာျခင္းေတြ ခ်န္းေယာလ္ေပးတာက တနင့္တပိုးပါပဲ။ ဒါေပမယ့္ အတိတ္အေၾကာင္းေတြ အမ်ားႀကီး မေျပာျဖစ္ၾကဘူး။ ခ်န္းေယာလ္မပါခဲ့တဲ့ ဘတ္ဟြ်န္းရဲ႕ေန႔ရက္ေတြကို ခ်န္းေယာလ္က စိတ္မဝင္စားဘူး။ အဲ့ေန႔က ခ်န္းေယာလ္ေျပာခဲ့တာ ဘတ္ဟြ်န္းနီးဆီျပန္လာၿပီတဲ့။ ေျဗာင္ဘတ္ဟြ်န္းကိုခ်စ္တဲ့ ပတ္ခ်န္းေယာလ္ ျပန္လာတာလား။ ေျဗာင္ဘတ္ဟြ်န္းကို သနားတဲ့ ပတ္ခ်န္းေယာလ္ ျပန္လာတာလား။
ဆယ္ဟြန္းကို head captain က ဖုန္းဆက္ေခၚတာမို႔ ဆယ္ဟြန္းထသြားၿပီး အေတာ္ၾကာသည္အထိ ကန္တင္းမွာ ထိုင္ေနျဖစ္ခဲ့သည္။ အေတြးေတြက ေရွ႕ေနာက္အဆက္စပ္မရွိ ျပန္႔က်ဲေနလိုက္တာ အခ်ိန္ေတာ္ေတာ္ၾကာသြားခဲ့တယ္။ ကန္တင္းကထြက္လာၿပီး ခ်န္းေယာလ္ရံုးခန္းထဲဝင္လာလိုက္ေတာ့ ဒါရိုက္တာ ကင္မင္ေဆာ့နဲ႔ တန္းတိုး၏။
"ေျဗာင္ မျပန္ေသးဘူးလား။ ဟုတ္ကဲ့ ဒါရိုက္တာကင္။ ကပၸတိန္ပတ္က သူ႔ကိုေစာင့္ပါဦးဆိုလို႔"
"ေအာ္...အင္း။ ဒါဆို သူလာရင္ ဒီစာရြက္ေလးေပးလိုက္ပါဦး။ သတင္းေကာင္းလို႔"
"သတင္းေကာင္း?"
ဒါရိုက္တာကင္က ခပ္ျပံဳးျပံဳးနဲ႔ပဲ ဘတ္ဟြ်န္းလက္ထဲစာရြက္တစ္ရြက္ထည့္ေပးသည္။ ေျပာင္းေရႊ႕အမိန္႔စာ။ ဘတ္ဟြ်န္း လက္ဖ်ားေတြ ရုတ္ခ်ည္းေအးစက္ကုန္သည္။
"ကပၸတိန္ပတ္ကံေကာင္းသြားတာ။ ပံုမွန္ဆို ျပည္ေတာ္ျပန္ဝန္ထမ္းေတြကို ရံုးခ်ဳပ္က ျပန္ေခၚေလ့မရွိဘူးေလ။ အခု ဟိုဘက္က ရာထူးတိုးၿပီးေျပာင္းလာမယ့္ ကပၸတိန္တစ္ေယာက္ရွိလို႔ ကပၸတိန္ပတ္အသနားခံစာကို ႏွစ္လအတြင္း confirm ေပးလိုက္တာပဲ။ ဒီတစ္ပတ္အတြင္း ေျပာင္းရေတာ့မွာ။ ကပၸတိန္ပတ္ေတာ့ ေပ်ာ္ေနေတာ့မယ္။ ကၽြန္ေတာ္တို႔ေတာ့ တစ္ဝိုင္းပဲေျဗာင္ေရ"
ဒါရိုက္တာကင္ေျပာတာေတြကိုၾကားေပမယ့္ ဘတ္ဟြ်န္း ေခါင္းညိတ္ေခါင္းခါမလုပ္မိ။ ခ်န္းေယာလ္က ဒီအတိုင္းေတြ ဘာလို႔မေျပာခဲ့သလဲ။ ဘတ္ဟြ်န္းဆီက ဘယ္ေလာက္ထိ ထြက္သြားခ်င္လို႔ အသနားခံစာတင္တဲ့အထိ။ လက္စားေခ်ခ်င္ခဲ့တာလား။ မင္းထားခဲ့တုန္းက ငါနာနက်င္ရသလို မင္းလည္းနာက်င္ပါေစေတာ့ဆိုၿပီးမ်ား အၿငိဳးထားခဲ့သလား။ ရင္ဘတ္တစ္ခုလံုး စူးေအာင့္မြန္းၾကပ္လာေပမယ့္ ဘတ္ဟြ်န္း ေနရာကမရပ္ဘဲ ေတာင့္ေတာင့္ႀကီးရပ္ေနမိခဲ့သည္။ ဟန္ေဆာင္ေကာင္းခဲ့တာေပါ့။ သနားတာေတာင္မဟုတ္တဲ့ အၾကင္နာအတုေတြ ဖန္တီးေပးခဲ့တာေပါ့။ လုပ္ရက္လိုက္တာလို႔ မေတြးမိေပမယ့္ မင္းကမာနသိပ္ႀကီးလြန္းပါတယ္ ခ်န္းေယာလ္။
×××××××××××××××××××××××××××
ျခံထဲက မီးတိုင္ေတြမထြန္းထားသလို တစ္အိမ္လံုးလည္းေမွာင္မဲေနသည္။ ညေနရံုးဆင္းရင္ ေဈးဝယ္မယ္ေျပာထားေပမယ့္ ခ်န္းေယာလ္ ဂ်ဴတီထြက္လာခ်ိန္ ဘတ္ဟြ်န္းနီးမရွိေတာ့။ ဖုန္းဆက္ေပမယ့္ မကိုင္တာမို႔ အိမ္ပဲတန္းျပန္လာရသည္။ အိမ္လည္းျပန္မလာေသးဘဲ တစ္ေနရာရာမ်ားဝင္ေနသလား ေတြးမိလိုက္ေပမယ့္ ဧည့္ခန္းမွာ ထိုင္ေနတဲ့အရိပ္ကို အလင္းသဲ့သဲ့နဲ႔ေတြ႕တာမို႔ ခ်န္းေယာလ္ အိမ္ထဲက မီးခလုတ္ေတြကို ဖြင့္ခ်လိုက္ရသည္။
"ဘတ္ဟြ်န္းနီး? ဘာလို႔ေမွာင္ႀကီးထဲ ထိုင္ေနတာလဲ"
မီးေတြဖြင့္ၿပီးသြားမွ ဘတ္ဟြ်န္းနီးေဘး ဝင္ထိုင္ၿပီး နဖူးကိုစမ္းလိုက္မိသည္။ အဖ်ားလည္းမရွိသလို ခ်န္းေယာလ္ကိုလည္း လွည့္မၾကည့္တဲ့ဘတ္ဟြ်န္းနီးက ယူနီေဖာင္းအျဖဴေတာင္မလဲရေသး။
"ဘတ္ဟြ်န္းနီး ဘာျဖစ္လို႔လဲ။ တစ္ခုခုျဖစ္လာတာလား။ ငါ့ကိုေျပာ"
ခ်န္းေယာလ္စိတ္ပူလာတာမို႔ ပုခံုးႏွစ္ဖက္ကေန ဆြဲယူၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္ရသည္။ ဆံုဆည္းမိတဲ့မ်က္ဝန္းတို႔ေၾကာင့္ ခ်န္းေယာလ္ရင္ထဲပိုထိတ္သြား၏။ ဘတ္ဟြ်န္းနီးမ်က္ဝန္းတို႔က ရဲရဲနီၿပီး မို႔အစ္ေနတာပဲျဖစ္သည္။
"ဘတ္ဟြ်န္းနီး ဘာျဖစ္လာတာလဲ ငါ့ကိုေျပာ။ ဘာျဖစ္လို႔လဲ"
ရင္ခြင္ထဲထည့္ၿပီး မ်က္ႏွာဥဥေလးကို အုပ္ကိုင္ၿပီး ခ်န္းေယာလ္ စိုးရိမ္တႀကီးနဲ႔ ေမးလိုက္ရသည္။ ခ်န္းေယာလ္ရင္ဘတ္ကို ေဆာင့္တြန္းလိုက္တဲ့ ဘတ္ဟြ်န္းနီးလက္က အားပါသည္။
"ဘတ္ဟြ်န္းနီး!"
မ်က္ဝန္းေသတို႔က ခ်န္းေယာလ္ကိုစူးစူးနစ္နစ္စိုက္ၾကည့္ေန၏။ ႏႈတ္ခမ္းသားတို႔မတုန္လႈပ္ပံုက ေအးစက္လြန္းေနခဲ့သည္။ စကားတစ္ခြန္းမဆိုဘဲ ဘတ္ဟြ်န္းနီး မ်က္ဆံနက္နက္ေလးေရြ႕သြားတဲ့အတိုင္း စားပြဲခံုေပၚကိုခ်န္းေယာလ္ လိုက္ၾကည့္လိုက္မိသည္။ ေျပာင္းေရႊ႕အမိန္႔စာ။ ထိပ္ဆံုးမွာလိပ္မူထားသည့္နာမည္က ပတ္ခ်န္းေယာလ္။
"ဘတ္ဟြ်န္းနီး အဲ့ဒါက!"
"ဟက္!"
ဘတ္ဟြ်န္းနီး ရယ္လိုက္ပံုက ခ်န္းေယာလ္ကိုတုန္လႈပ္သြားေစသည္။ ခ်န္းေယာလ္တစ္သက္လံုး မျမင္ဖူးခဲ့တဲ့ ေအးစက္ျခင္းမ်ိဳးက ဘတ္ဟြ်န္းနီးႏႈတ္ခမ္းစြန္းတို႔မွာကပ္ၿငိေနခဲ့ၾကသည္။ လြန္ခဲ့တဲ့ ဆယ့္ငါးႏွစ္လမ္းခြဲၾကတုန္းကေတာင္ ဘတ္ဟြ်န္းနီးက ဒီလိုမျပံဳးခဲ့ဘူး။ ဘတ္ဟြ်န္းနီးပုခံုးကို လွမ္းထိဖို႔ႀကိဳးစားေပမယ့္ ရိုက္ထုတ္ခံလိုက္ရသည္။
"ေတာ္ေတာ့ေလ ပတ္ခ်န္းေယာလ္"
"ဘတ္ဟြ်န္းနီး ဘာေျပာတာ"
"မင္း ႏိုင္ပါတယ္။ မင္း ႏိုင္တယ္ ခ်န္းေယာလ္"
"ဘတ္ဟြ်န္းနီး။ မဟုတ္ဘူးေလ။ ဒါက ငါရွင္းျပမယ္"
"မင္း အဲ့ေလာက္ထြက္သြားခ်င္ေနမွန္း ငါမသိခဲ့ဘူး"
"မဟုတ္ဘူး! ဒါ ဘတ္ဟြ်န္းနီးနဲ႔အဆင္မေျပတုန္းက ငါ လုပ္လိုက္ခဲ့မိတာ။ အမွန္တိုင္းေျပာတာ။ ငါ ေမ့ေတာင္ေနၿပီ။ ငါေျပာင္းခ်င္ရင္ အသနားခံစာတင္ရမယ္ဆိုလို႔လုပ္ထားလိုက္ေပမယ့္ ဒါမ်ိဳးက မရတတ္တာမ်ားေတာ့ ကိုယ့္ဘာသာေတာင္အမွတ္မထားလိုက္မိဘူး"
"အဲ့ေန႔က..."
ဘတ္ဟြ်န္းနီးစကားရပ္သြားတဲ့အတိုင္း ခ်န္းေယာလ္ ေစာင့္ေနေပးလိုက္သည္။ အံတင္းတင္းႀကိတ္ထားတဲ့ ဘတ္ဟြ်န္းနီးမ်က္ႏွာေလးကို ခ်န္းေယာလ္ေငးၾကည့္ေနမိတာ မခ်င့္မရဲ။ ကုိယ္တိုင္ေတာင္ ေမ့ေနခဲ့တာမို႔ ဘတ္ဟြ်န္းနီးကို တမင္ဖံုးကြယ္ခဲ့တာမဟုတ္ေၾကာင္းရွင္းျပခ်င္သည္။ ခ်န္းေယာလ္ကိုမ်က္ႏွာလႊဲထားတဲ့ ဘတ္ဟြ်န္းနီးကို ႏႈတ္ခမ္းအတြင္းသားေတြကိုလည္း ဖိႀကိတ္ေန၏။ ဘတ္ဟြ်န္းနီးတစ္ကိုယ္လံုးကို ရင္ခြင္ထဲထည့္ဖက္ၿပီး ခ်န္းေယာလ္ဆီမ်က္ႏွာအပ္လို႔ ရင္ဖြင့္ေစခ်င္သည္။ ဒီအတိုင္းျမင္ေနရတဲ့ ဘတ္ဟြ်န္းနီးက ပင္ပန္းေနပံုရတာမို႔ ခ်န္းေယာလ္ ရင္ထဲတဆစ္ဆစ္နာလာရ၏။
"အဲ့ေန႔ကသာ ဆယ္ဟြန္းက မေျပာျပခဲ့ရင္ မင္း ငါ့ကို လက္ခံေပးႏိုင္ခဲ့မွာမဟုတ္ပါဘူး"
"ဘာ!"
ခ်န္းေယာလ္ အသံက်ယ္သြားတာမို႔ ဘတ္ဟြ်န္းနီးက ခပ္ေစာင္းေစာင္းငဲ့ၾကည့္ၿပီး မညႇာမတာျပံဳးျပသည္။
"မင္းမရွိဘဲ ခက္ခဲခဲ့တဲ့အေၾကာင္းေတြေလ။ ဆယ္ဟြန္းသာ ဘြားနဲ႔ငါ့အေၾကာင္းေတြ မင္းကိုမေျပာခဲ့ရင္ မင္း ငါ့ကို ခြင့္လႊတ္ေပးမွာမဟုတ္ပါဘူး။ ငါတို႔ႏွစ္ေယာက္ အဆင္ေျပဖို႔ တစ္စံုတစ္ဦးက ၾကားဝင္ေစ့စပ္ေပးခဲ့ရတာေပါ့။ တျခားလူေျပာေပးမွ မင္းဆီက ခြင့္လႊတ္ျခင္းခံရတဲ့ေကာင္!"
"ဘတ္ဟြ်န္းနီး ေတာ္ေတာ့!"
"ဘာလို႔လဲ။ အမွန္ေတြျဖစ္ေနလို႔လား။ တကယ္ေတာ့ ဒါလည္း မမွန္ေသးပါဘူး။ ငါနဲ႔အေဝးဆံုးကိုေရာက္တဲ့အထိ မင္း ငါ့ဆီက ထြက္ေျပးခ်င္ေနခဲ့တာေလ။ ဒီအတိုင္း ထားပစ္ခဲ့ရမွာေတာင္ မုန္းစရာေကာင္းလြန္းလို႔ ၾကင္နာခ်င္ေယာင္ေဆာင္ၿပီးမွ ငါ့ကိုထားခဲ့ဖို႔..."
"ေျဗာင္ဘတ္ဟၽြန္း!"
ဘတ္ဟြ်န္းပုခံုးႏွစ္ဖက္ကို ခပ္ၾကမ္းၾကမ္းဆြဲကိုင္လႈပ္ၿပီး ခ်န္းေယာလ္တားဆီးပစ္လိုက္ရသည္။ ရင္ထဲမွာေအာင့္မ်က္မႈေတြနဲ႔ လႈပ္လီလႈပ္လဲ့ေျပးလႊားေနတဲ့ မ်က္ရည္ေတြနဲ႔မ်က္ဝန္းတစ္စံုကို ခ်န္းေယာလ္ စူးစိုက္ၾကည့္မိသည္။ ကိုယ္တိုင္လည္း အျမင္ေတြမသဲကြဲခ်င္ေတာ့။
"မင္းအတြက္ ငါက ဒီေလာက္ပဲအဆင့္ရွိလား! ဆယ္ဟြန္းေၾကာင့္မဟုတ္ရင္ေတာင္ ငါမင္းအေပၚ ၾကင္နာခ်င္ေနတာေတြကို မင္းမျမင္ဘူးလား။ မင္းမရွိတဲ့ ဆယ့္ငါးႏွစ္ကို ငါဘယ္လိုစိတ္နဲ႔ျဖတ္သန္းခဲ့ရတယ္လို႔ထင္လဲ။ ငါသာ မင္းကိုမရွာခ်င္ခဲ့ရင္ ကိုရီးယားကိုျပန္မလာလည္း ျဖစ္တယ္! ငါ့ ကိုယ္ေရးအခ်က္အလက္ေတြမွာ မင္းနာမည္ကို ထည့္မထားေတာ့လည္း ျဖစ္တယ္။ ထြက္သြားလို႔ႏွင္ထုတ္ခံရတဲ့ေကာင္က ဒီေနရာကို ဘာလို႔တန္းတန္းမတ္မတ္ျပန္ေရာက္လာတာလို႔ထင္လဲ! မင္း ဘာေတြလုပ္ၿပီး ဘယ္ကိုသြားေနလဲ မသိရေအာင္ ငါက ငတံုးမဟုတ္ဘူး။ မင္းတာဝန္က်တဲ့ ဂ်ပန္ေတြ၊ တရုတ္ေတြကို ငါကေရာ မသြားခဲ့လို႔လား။ မင္းနဲ႔ဂေယာင္ဆူးလုပ္ထားတဲ့ အဓိပၸါယ္မရွိတဲ့ ကြာရွင္းစာခ်ဳပ္ကိုမသိရေလာက္ေအာင္ ငါ မငယ္ေတာ့ဘူး ဘတ္ဟြ်န္းနီး! မင္းမို႔လို႔ စြပ္စြဲရက္တယ္! မင္းမို႔လို႔! မင္းမို႔လို႔ ငါ့ကို"
"ခ်န္းေယာလ္!"
နီရဲေစြးေနတဲ့ ခ်န္းေယာလ္ရဲ႕မ်က္ဝန္းအိမ္က မ်က္ရည္ဥေတြ တမုတ္ဟုတ္ခ်င္းေႂကြက်လာခဲ့သည္။ ဘတ္ဟြ်န္း ရင္ဘတ္ကိုဖိအုပ္ကိုင္ၿပီး ခ်န္းေယာလ္မ်က္ႏွာကိုထိဖို႔ႀကိဳးစားလိုက္ေပမယ့္ ခ်န္းေယာလ္က ေနာက္တစ္လွမ္းဆုတ္သြားခဲ့သည္။ ဘတ္ဟြ်န္း ေျခလွမ္းကိုရပ္ပစ္လိုက္ရသည္။ ေျခႏွစ္လွမ္းစာ အကြာအေဝးအတိုင္း တစ္ေယာက္မ်က္ဝန္းေတြထဲတစ္ေယာက္ေငးၾကည့္ေနမိ၏။
"ငါ မင္းအေပၚမွားမိျပန္ၿပီပဲ"
ဘတ္ဟြ်န္းေလသံကတိုးေဖ်ာ့လြန္းေနခဲ့သည္။
"ခ်န္းေယာလ္ စိတ္တိုင္းက်လုပ္ပါ။ မင္းဆံုးျဖတ္တဲ့အတိုင္း ငါ လက္ခံမယ္"
"တကယ္တမ္း မာနႀကီးတာက ငါမဟုတ္ဘဲ မင္းျဖစ္ေနတာမဟုတ္ဘူးလား ဘတ္ဟြ်န္းနီး"
ခ်န္းေယာလ္မ်က္ဝန္းက လႈပ္ခါေနတဲ့အရည္ေတြကို ဘတ္ဟြ်န္းျမင္ေနရသည္။ နီးစပ္ခ်င္ေပမယ့္ ေျခလွမ္းခြင့္မရွိေတာ့။ အႀကိမ္ႀကိမ္တြန္းဖယ္မိခဲ့တဲ့ ဒီလက္ေခ်ာင္းေႏြးေႏြးေတြကို ဘတ္ဟြ်န္း ဘယ္လိုစိတ္နဲ႔ျပန္ဆုပ္ကိုင္ရပါ့လဲ။ အရာရာကို ခ်န္းေယာလ္ သေဘာအတိုင္းပဲ ရွိပါေစေတာ့။
အခ်ိန္ၾကာၾကာေငးစိုက္ေနမိၾကေပမယ့္ တိတ္ဆိတ္မႈသာႀကီးစိုးလာခဲ့သည္။ လက္ကိုင္အိတ္ကိုကိုင္ဆြဲၿပီး ထြက္သြားတဲ့ခ်န္းေယာလ္ကို ဒီတိုင္းပဲရပ္ၾကည့္ေနခဲ့ရသည္။ ဘတ္ဟြ်န္း ခႏၶာနဲ႔စိတ္ႏွစ္ခုလံုး အရုပ္ႀကိဳးျပတ္။
##########################
August 14.2020.(Friday)
×××××××××××××××××××××××××××
မလာစဖူး ချန်းယောလ်က flight kitchen ထဲဝင်လာတာမို့ ဂျူနီယာ crew တွေ အလျှိုလျှိုထွက်သွားကြသည်။ အရင်တစ်ခါ ဘတ်ဟျွန်းနီး မူးလို့ ချန်းယောလ် သောင်းကျန်းပြီးတည်းက ချန်းယောလ် ထွက်လာရင် လန့်နေတတ်ကြတာလည်းပါမည်။
"ဘတ်ဟျွန်းနီး ဘာတွေလုပ်နေတာလဲ"
"ယောဘို..."
ချန်းယောလ်မှန်းသိတာနဲ့ ဘတ်ဟျွန်းနီးကဖျက်ခနဲလှည့်ကြည့်ပြီးပြုံးပြသည်။ ပြည်တွင်းလေယာဉ်ရဲ့ kitchen ခန်းဖြစ်တာမို့ လူနှစ်ယောက်ယှဉ်ရပ်လို့မရချင်။ ဂျူနီယာ crew တွေ service ပေးနေချိန်မို့ kitchen ထဲ ဘတ်ဟျွန်းနီးတစ်ယောက်သာရှိနေသည်။ ဘတ်ဟျွန်းနီးကျောဘက်ကနေပဲ ရင်ခွင်ထဲဆွဲယူပြီး ခါးကနေ သိုင်းဖက်ထားလိုက်သည်။ ပုခုံးပေါ် မေးတင်ပြီး နားထင်စပ်နဲ့နားရွက်ဖျားလေးကို ချန်းယောလ်နှုတ်ခမ်းတို့နဲ့နှောင့်ယှက်လိုက်၏။
"တစ်ယောက်ယောက် ဝင်လာလို့ မြင်သွားဦးမယ်"
"အကုန်လုံးကို နှင်ထုတ်ထားတာ"
"ဟဟ...ယောဘို ဗိုက်ဆာလို့လား။ ကော်ဖီနဲ့ ကွက်ကီးဖြစ်ဖြစ်စားမလား"
"မစားပါဘူး။ ဘတ်ဟျွန်းနီးကိုလွမ်းလို့ လာတာ"
"ပိုပြန်ပြီ"
ဘတ်ဟျွန်းနီးက မျက်စောင်းနဲ့ငဲ့ကြည့်တာမို့ မျက်ခမ်းစပ်လေးကို ဖျက်ခနဲလှမ်းနမ်းပစ်လိုက်သည်။ လေယာဉ်မှန်ပြတင်းပေါက်အဝိုင်းကနေ မြင်နေရသည့် တိမ်လွှာတို့က ရွေ့လျားနေပုံပေါက်သည်။ အပြာရောင်မြစ်ပြင်ကျယ်ထဲပျံသန်းနေရသလို ကောင်းကင်ပြင်ကျယ်တစ်ဆုံးကို ချန်းယောလ်လှမ်းငေးလိုက်မိသည်။
"ဘတ်ဟျွန်းနီး မမူးဘူးလား"
"အမူးပြေဆေးသောက်ထားတယ်"
ဘတ်ဟျွန်းနီးက ချန်းယောလ်ပါးပြင်တစ်ဖက်ကို နှုတ်ခမ်းစိုစိုလေးနဲ့ဖိကပ်နမ်း၏။ ချန်းယောလ် ခပ်သဲ့သဲ့ရယ်မိပြီး ဘတ်ဟျွန်းနီးကို ပိုတိုးလို့ဖက်လိုက်မိသည်။ ဘတ်ဟျွန်းနီးကိုယ်သင်းနံ့နွေးနွေးထဲ ချန်းယောလ်ရင်ခုန်သံတွေဝပ်တွားခယကုန်၏။ ပြတင်းတံခါးက မြင်နေရသည့် ပြာလဲ့လဲ့ မိုးကုတ်စက်ဝိုင်းအစွန်းကို နှစ်ယောက်သား ပြိုင်တူငေးမိကြသည်။
"ပထမဆုံး flight တက်တုန်းက အရမ်းကြောက်နေခဲ့မှာပဲ"
"ကြောက်တာတော့မှန်ပေမယ့် အရမ်းဆိုးဆိုးရွားရွားတော့ မဖြစ်ခဲ့ပါဘူး။ ချန်းယောလ်ရှိနေတာပဲလေ"
"ဘာကို..."
"ဒီထဲမှာလေ။ ချန်းယောလ်က ဒီထဲမှာ အမြဲရှိနေတော့ ကြောက်ရင်တောင် ခဏပဲ"
ပြုံးစစနဲ့ ဝဲဘက်ရင်အုံကို ထောက်ပြတာမို့ ချန်းယောလ် သဘောတကျနဲ့ တိုးတိုးရယ်မိသွားသည်။ ရင်ဘတ်ပေါ်က လက်ညှိုးလေးကို ဆွဲယူပြီး နမ်းရှိုက်မိ၏။ လက်မကမှဲ့နက်နက်လေးကိုလည်း ချန်းယောလ်နှုတ်ခမ်းက အလွတ်မပေးမိ။
"ဘတ်ဟျွန်းနီး ညစာဘာစားချင်လဲ။ ငါ ချက်ကျွေးမယ်လေ"
"Flight ချိန်က နောက်တစ်ကြောင်းရှိသေးတယ်မလား။ ယောဘို ပင်ပန်းနေမှာပေါ့"
"မပင်ပန်းပါဘူး။ ဘတ်ဟျွန်းနီးကို စားချင်တာ ချက်ကျွေးချင်လို့။ ဒါမှမဟုတ် အပြင်မှာစားချင်လည်းရတယ်"
"အပြင်မှာတော့ မစားချင်ဘူး။ ငါ ဆန်အရက်တစ်ပုလင်းဖောက်ထားတော့ အသားကင်စားကြမလား"
"ကောင်းသားပဲ။ ဘတ်ဟျွန်းနီးက ဒီတစ်ခေါက်ဆို ဂျူတီထွက်ပြီမလား။ ငါရုံးခန်းထဲမှာ နားချင်သွားနားနေ။ အပြန်ကျမှ အင်ချွန်းညဈေးမှာ ဈေးဝင်ဝယ်ကြမယ်"
"ဟုတ်ကဲ့ပါ ကပ္ပတိန်ပတ်"
ပါးအိအိလေးထဲကို ဖိကပ်နမ်းရှိုက်မိမှ ချန်းယောလ် လှည့်ထွက်လာခဲ့လိုက်သည်။ ဒီနေ့တွေမှ တိမ်တွေပေါ်ပျံသန်းနေရသည့် ခံစားချက်က ပိုကောင်းမွန်လာခဲ့သလိုပင်။ ချန်းယောလ်ရင်ဘတ်မှာ စွဲကပ်လာတဲ့ ဘတ်ဟျွန်းနီးကိုယ်သင်းနံ့လေးကြောင့် ချန်းယောလ်နှုတ်ခမ်းတွေက တည်မရ။ ဂျူနီယာကပ္ပတိန်က ပြုံးချင်နေတဲ့ ချန်းယောလ်ကို ခဏခဏလှည့်ကြည့်တာမို့ မျက်နှာကိုခပ်လွှဲလွှဲထားရသည်။ တိမ်းစောင်းနေရောင်ခြည်ရဲ့ အကာက လိမ္မော်ရောင်လွှမ်းခြုံသည်။ ချန်းယောလ် ဘယ်နေရာကို ကြည့်ကြည့် မြင်နေမိတာက ဘတ်ဟျွန်းနီးရဲ့အပြုံးလေးတွေပဲ ဖြစ်သည်။
××××××××××××××××××××××××××××
"Hey...Man!"
"ဆယ်ဟွန်း!"
"ဗြောင်လုံးလုံးတို့ ခြေလှမ်းတွေက တက်ကြွနေပါ့လား"
ဆယ်ဟွန်းက ထုံးစံအတိုင်း ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး မတည်မပြုံးမျက်နှာနဲ့ လှမ်းခေါ်တာဖြစ်သည်။ ဘတ်ဟျွန်း ဂျူတီရပို့တင်ပြီး ပြန်ထွက်လာတာမို့ ဆယ်ဟွန်းဆီပြေးသွားလိုက်သည်။
"မင်း ဘယ်တုန်းကပြန်ရောက်နေတာလဲ"
"အခု မနက်ပဲ"
"မင်း သွားတာအကြာကြီး"
"အေးလေ။ မင်းယောက်ျားလို ဆွစ်ဇာလန်လေကြောင်းတက္ကသိုလ်က ကျောင်းပြီးတာ မဟုတ်တော့ ရာထူးရှိနေတာတောင် survival သင်တန်းကသွားရတုန်း"
"မင်းကတော့ ပြောတော့မယ်။ သင်တန်းရပို့တွေရော တင်ပြီးပြီလား"
"အင်း ပြီးပြီ။ ဂျူတီမရှိတော့ရင် ကော်ဖီသွာူသောက်ရအောင်"
"အင်း...သွားမယ်လေ"
"မျက်နှာက လန်းဆန်းနေတာပဲ။ အဆင်ပြေနေတာမလား"
ဆယ်ဟွန်းမေးတာကိုမဖြေသေးဘဲ ဘတ်ဟျွန်း အရင်ပြုံးလိုက်မိသည်။ ဘလက်ကော်ဖီထဲကို အနှစ်တက်နေတဲ့နို့တစ်ဝက်တိတိထည့်ပြီးမှ သကြား ၃ဇွန်းလောက်ခတ်လိုက်သည်။ အခုနောက်ပိုင်း ဘတ်ဟျွန်း အချိုစားရတာကြိုက်လာသည်။ ပြီးတော့ ချန်းယောလ်ရဲ့နှုတ်ခမ်းချိုချိုတွေရော။ အရာအားလုံးထက် ချန်းယောလ်ရဲ့အနမ်းချိုချိုတွေကတော့ ဘတ်ဟျွန်းအချိန်ပြည့်စွဲလန်းနေသည့်အရာဖြစ်သည်။
"မေးတာမဖြေဘဲ စပ်ဖြီးဖြီးလာလုပ်နေတယ်"
"မဟုတ်ပါဘူး ဆယ်ဟွန်းရာ မင်းကလည်း"
"ဘာကမဟုတ်တာလဲ။ သုံးလပြည့်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး။ အခုထိ မရေမရာဖြစ်နတုန်းလား"
"ရေရာပါတယ်။ မင်းပြောသလိုပဲ အဆင်ပြေသွားပြီ ငါတို့"
"အင်း...ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဒီလိုဖြစ်အောင်ပဲ ငါတို့စီစဉ်ခဲ့တာကို။ အစောကြီးတည်းက သူမင်းနားရောက်နေချင်တာပါ။ သူ့ဘာသာသူ နည်းလမ်းမသိတာ"
ဘတ်ဟျွန်းလျှာဖျားပေါ်က ကော်ဖီအရသာက ခါးစိမ့်စိမ့်။
"ငါနဲ့စကားပြောဖြစ်တဲ့နေ့ကဆို မငိုမိအောင် စိတ်ထိန်းထားရတဲ့ရုပ်နဲ့"
"မင်းနဲ့ စကားပြောဖြစ်တဲ့နေ့? ဘယ်တုန်းကလဲ"
"မင်း ဂျူတီချိန်မှာမူးလဲတုန်းကလေ။ ငါ မင်းအိမ်ကိုတောင် လိုက်ပို့သေးတာကို"
"အာ...ငါ ဆေးမသောက်မိလို့ဂျူတီချိန်မှာ မှောက်သွားတဲ့နေ့တုန်းကလား"
"အေးလေ။ အဲ့နေ့ညက မင်းအိပ်ပျော်နေတုန်း ငါနဲ့ချန်းယောလ် စကားပြောကြတာပဲ"
"ဘာတွေပြောကြတာလဲ"
"ဒီတိုင်း မင်းတို့အကြောင်းတွေပေါ့"
ကော်ဖီခွက်ကိုမော့သောက်ဖို့ ပြင်ပြီးမှ ဘတ်ဟျွန်းပြန်ချလိုက်မိသည်။
"ဘွားနဲ့ငါ့အကြောင်းတွေရောပေါ့"
"အေး"
"အော်..."
ဘတ်ဟျွန်း တစ်ဝက်မကျိုးသေးတဲ့ကော်ဖီခွက်ကို အကြောင်းရင်းမရှိငေးကြည့်နေမိသည်။
"ချန်းယောလ်က မင်းနဲ့သာ စကားမပြောဖြစ်ခဲ့ရင် ငါနဲ့အဆင်ပြေဖို့ ကြိုးစားမှာတဲ့လား"
"ဘာကိုပြောချင်တာလဲ ဘတ်ဟျွန်း။ ငါနဲ့ စကားမပြောဖြစ်ရင်တောင် သူ မင်းကို ပြန်လက်မခံဘဲ နေနိုင်မှာတဲ့လား"
ဘတ်ဟျွန်းရယ်မိလိုက်တာ အသက်မပါ။
"ချန်းယောလ်မာနဘယ်လောက်ကြီးလဲ ငါအသိဆုံး"
"အခု မင်းတို့အဆင်ပြေနေပြီပဲ။ အတွေးမလွန်နဲ့"
"အဆင်ပြေတယ်?"
ဒီရက်တွေထဲ ချစ်တဲ့အကြောင်းတွေ၊ အနမ်းတွေနဲ့ ကြင်နာခြင်းတွေ ချန်းယောလ်ပေးတာက တနင့်တပိုးပါပဲ။ ဒါပေမယ့် အတိတ်အကြောင်းတွေ အများကြီး မပြောဖြစ်ကြဘူး။ ချန်းယောလ်မပါခဲ့တဲ့ ဘတ်ဟျွန်းရဲ့နေ့ရက်တွေကို ချန်းယောလ်က စိတ်မဝင်စားဘူး။ အဲ့နေ့က ချန်းယောလ်ပြောခဲ့တာ ဘတ်ဟျွန်းနီးဆီပြန်လာပြီတဲ့။ ဗြောင်ဘတ်ဟျွန်းကိုချစ်တဲ့ ပတ်ချန်းယောလ် ပြန်လာတာလား။ ဗြောင်ဘတ်ဟျွန်းကို သနားတဲ့ ပတ်ချန်းယောလ် ပြန်လာတာလား။
ဆယ်ဟွန်းကို head captain က ဖုန်းဆက်ခေါ်တာမို့ ဆယ်ဟွန်းထသွားပြီး အတော်ကြာသည်အထိ ကန်တင်းမှာ ထိုင်နေဖြစ်ခဲ့သည်။ အတွေးတွေက ရှေ့နောက်အဆက်စပ်မရှိ ပြန့်ကျဲနေလိုက်တာ အချိန်တော်တော်ကြာသွားခဲ့တယ်။ ကန်တင်းကထွက်လာပြီး ချန်းယောလ်ရုံးခန်းထဲဝင်လာလိုက်တော့ ဒါရိုက်တာ ကင်မင်ဆော့နဲ့ တန်းတိုး၏။
"ဗြောင် မပြန်သေးဘူးလား။ ဟုတ်ကဲ့ ဒါရိုက်တာကင်။ ကပ္ပတိန်ပတ်က သူ့ကိုစောင့်ပါဦးဆိုလို့"
"အော်...အင်း။ ဒါဆို သူလာရင် ဒီစာရွက်လေးပေးလိုက်ပါဦး။ သတင်းကောင်းလို့"
"သတင်းကောင်း?"
ဒါရိုက်တာကင်က ခပ်ပြုံးပြုံးနဲ့ပဲ ဘတ်ဟျွန်းလက်ထဲစာရွက်တစ်ရွက်ထည့်ပေးသည်။ ပြောင်းရွှေ့အမိန့်စာ။ ဘတ်ဟျွန်း လက်ဖျားတွေ ရုတ်ချည်းအေးစက်ကုန်သည်။
"ကပ္ပတိန်ပတ်ကံကောင်းသွားတာ။ ပုံမှန်ဆို ပြည်တော်ပြန်ဝန်ထမ်းတွေကို ရုံးချုပ်က ပြန်ခေါ်လေ့မရှိဘူးလေ။ အခု ဟိုဘက်က ရာထူးတိုးပြီးပြောင်းလာမယ့် ကပ္ပတိန်တစ်ယောက်ရှိလို့ ကပ္ပတိန်ပတ်အသနားခံစာကို နှစ်လအတွင်း confirm ပေးလိုက်တာပဲ။ ဒီတစ်ပတ်အတွင်း ပြောင်းရတော့မှာ။ ကပ္ပတိန်ပတ်တော့ ပျော်နေတော့မယ်။ ကျွန်တော်တို့တော့ တစ်ဝိုင်းပဲဗြောင်ရေ"
ဒါရိုက်တာကင်ပြောတာတွေကိုကြားပေမယ့် ဘတ်ဟျွန်း ခေါင်းညိတ်ခေါင်းခါမလုပ်မိ။ ချန်းယောလ်က ဒီအတိုင်းတွေ ဘာလို့မပြောခဲ့သလဲ။ ဘတ်ဟျွန်းဆီက ဘယ်လောက်ထိ ထွက်သွားချင်လို့ အသနားခံစာတင်တဲ့အထိ။ လက်စားချေချင်ခဲ့တာလား။ မင်းထားခဲ့တုန်းက ငါနာနကျင်ရသလို မင်းလည်းနာကျင်ပါစေတော့ဆိုပြီးများ အငြိုးထားခဲ့သလား။ ရင်ဘတ်တစ်ခုလုံး စူးအောင့်မွန်းကြပ်လာပေမယ့် ဘတ်ဟျွန်း နေရာကမရပ်ဘဲ တောင့်တောင့်ကြီးရပ်နေမိခဲ့သည်။ ဟန်ဆောင်ကောင်းခဲ့တာပေါ့။ သနားတာတောင်မဟုတ်တဲ့ အကြင်နာအတုတွေ ဖန်တီးပေးခဲ့တာပေါ့။ လုပ်ရက်လိုက်တာလို့ မတွေးမိပေမယ့် မင်းကမာနသိပ်ကြီးလွန်းပါတယ် ချန်းယောလ်။
×××××××××××××××××××××××××××
ခြံထဲက မီးတိုင်တွေမထွန်းထားသလို တစ်အိမ်လုံးလည်းမှောင်မဲနေသည်။ ညနေရုံးဆင်းရင် ဈေးဝယ်မယ်ပြောထားပေမယ့် ချန်းယောလ် ဂျူတီထွက်လာချိန် ဘတ်ဟျွန်းနီးမရှိတော့။ ဖုန်းဆက်ပေမယ့် မကိုင်တာမို့ အိမ်ပဲတန်းပြန်လာရသည်။ အိမ်လည်းပြန်မလာသေးဘဲ တစ်နေရာရာများဝင်နေသလား တွေးမိလိုက်ပေမယ့် ဧည့်ခန်းမှာ ထိုင်နေတဲ့အရိပ်ကို အလင်းသဲ့သဲ့နဲ့တွေ့တာမို့ ချန်းယောလ် အိမ်ထဲက မီးခလုတ်တွေကို ဖွင့်ချလိုက်ရသည်။
"ဘတ်ဟျွန်းနီး? ဘာလို့မှောင်ကြီးထဲ ထိုင်နေတာလဲ"
မီးတွေဖွင့်ပြီးသွားမှ ဘတ်ဟျွန်းနီးဘေး ဝင်ထိုင်ပြီး နဖူးကိုစမ်းလိုက်မိသည်။ အဖျားလည်းမရှိသလို ချန်းယောလ်ကိုလည်း လှည့်မကြည့်တဲ့ဘတ်ဟျွန်းနီးက ယူနီဖောင်းအဖြူတောင်မလဲရသေး။
"ဘတ်ဟျွန်းနီး ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လာတာလား။ ငါ့ကိုပြော"
ချန်းယောလ်စိတ်ပူလာတာမို့ ပုခုံးနှစ်ဖက်ကနေ ဆွဲယူပြီး မျက်နှာချင်းဆိုင်လိုက်ရသည်။ ဆုံဆည်းမိတဲ့မျက်ဝန်းတို့ကြောင့် ချန်းယောလ်ရင်ထဲပိုထိတ်သွား၏။ ဘတ်ဟျွန်းနီးမျက်ဝန်းတို့က ရဲရဲနီပြီး မို့အစ်နေတာပဲဖြစ်သည်။
"ဘတ်ဟျွန်းနီး ဘာဖြစ်လာတာလဲ ငါ့ကိုပြော။ ဘာဖြစ်လို့လဲ"
ရင်ခွင်ထဲထည့်ပြီး မျက်နှာဥဥလေးကို အုပ်ကိုင်ပြီး ချန်းယောလ် စိုးရိမ်တကြီးနဲ့ မေးလိုက်ရသည်။ ချန်းယောလ်ရင်ဘတ်ကို ဆောင့်တွန်းလိုက်တဲ့ ဘတ်ဟျွန်းနီးလက်က အားပါသည်။
"ဘတ်ဟျွန်းနီး!"
မျက်ဝန်းသေတို့က ချန်းယောလ်ကိုစူးစူးနစ်နစ်စိုက်ကြည့်နေ၏။ နှုတ်ခမ်းသားတို့မတုန်လှုပ်ပုံက အေးစက်လွန်းနေခဲ့သည်။ စကားတစ်ခွန်းမဆိုဘဲ ဘတ်ဟျွန်းနီး မျက်ဆံနက်နက်လေးရွေ့သွားတဲ့အတိုင်း စားပွဲခုံပေါ်ကိုချန်းယောလ် လိုက်ကြည့်လိုက်မိသည်။ ပြောင်းရွှေ့အမိန့်စာ။ ထိပ်ဆုံးမှာလိပ်မူထားသည့်နာမည်က ပတ်ချန်းယောလ်။
"ဘတ်ဟျွန်းနီး အဲ့ဒါက!"
"ဟက်!"
ဘတ်ဟျွန်းနီး ရယ်လိုက်ပုံက ချန်းယောလ်ကိုတုန်လှုပ်သွားစေသည်။ ချန်းယောလ်တစ်သက်လုံး မမြင်ဖူးခဲ့တဲ့ အေးစက်ခြင်းမျိုးက ဘတ်ဟျွန်းနီးနှုတ်ခမ်းစွန်းတို့မှာကပ်ငြိနေခဲ့ကြသည်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လမ်းခွဲကြတုန်းကတောင် ဘတ်ဟျွန်းနီးက ဒီလိုမပြုံးခဲ့ဘူး။ ဘတ်ဟျွန်းနီးပုခုံးကို လှမ်းထိဖို့ကြိုးစားပေမယ့် ရိုက်ထုတ်ခံလိုက်ရသည်။
"တော်တော့လေ ပတ်ချန်းယောလ်"
"ဘတ်ဟျွန်းနီး ဘာပြောတာ"
"မင်း နိုင်ပါတယ်။ မင်း နိုင်တယ် ချန်းယောလ်"
"ဘတ်ဟျွန်းနီး။ မဟုတ်ဘူးလေ။ ဒါက ငါရှင်းပြမယ်"
"မင်း အဲ့လောက်ထွက်သွားချင်နေမှန်း ငါမသိခဲ့ဘူး"
"မဟုတ်ဘူး! ဒါ ဘတ်ဟျွန်းနီးနဲ့အဆင်မပြေတုန်းက ငါ လုပ်လိုက်ခဲ့မိတာ။ အမှန်တိုင်းပြောတာ။ ငါ မေ့တောင်နေပြီ။ ငါပြောင်းချင်ရင် အသနားခံစာတင်ရမယ်ဆိုလို့လုပ်ထားလိုက်ပေမယ့် ဒါမျိုးက မရတတ်တာများတော့ ကိုယ့်ဘာသာတောင်အမှတ်မထားလိုက်မိဘူး"
"အဲ့နေ့က..."
ဘတ်ဟျွန်းနီးစကားရပ်သွားတဲ့အတိုင်း ချန်းယောလ် စောင့်နေပေးလိုက်သည်။ အံတင်းတင်းကြိတ်ထားတဲ့ ဘတ်ဟျွန်းနီးမျက်နှာလေးကို ချန်းယောလ်ငေးကြည့်နေမိတာ မချင့်မရဲ။ ကိုယ်တိုင်တောင် မေ့နေခဲ့တာမို့ ဘတ်ဟျွန်းနီးကို တမင်ဖုံးကွယ်ခဲ့တာမဟုတ်ကြောင်းရှင်းပြချင်သည်။ ချန်းယောလ်ကိုမျက်နှာလွှဲထားတဲ့ ဘတ်ဟျွန်းနီးကို နှုတ်ခမ်းအတွင်းသားတွေကိုလည်း ဖိကြိတ်နေ၏။ ဘတ်ဟျွန်းနီးတစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ဖက်ပြီး ချန်းယောလ်ဆီမျက်နှာအပ်လို့ ရင်ဖွင့်စေချင်သည်။ ဒီအတိုင်းမြင်နေရတဲ့ ဘတ်ဟျွန်းနီးက ပင်ပန်းနေပုံရတာမို့ ချန်းယောလ် ရင်ထဲတဆစ်ဆစ်နာလာရ၏။
"အဲ့နေ့ကသာ ဆယ်ဟွန်းက မပြောပြခဲ့ရင် မင်း ငါ့ကို လက်ခံပေးနိုင်ခဲ့မှာမဟုတ်ပါဘူး"
"ဘာ!"
ချန်းယောလ် အသံကျယ်သွားတာမို့ ဘတ်ဟျွန်းနီးက ခပ်စောင်းစောင်းငဲ့ကြည့်ပြီး မညှာမတာပြုံးပြသည်။
"မင်းမရှိဘဲ ခက်ခဲခဲ့တဲ့အကြောင်းတွေလေ။ ဆယ်ဟွန်းသာ ဘွားနဲ့ငါ့အကြောင်းတွေ မင်းကိုမပြောခဲ့ရင် မင်း ငါ့ကို ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး။ ငါတို့နှစ်ယောက် အဆင်ပြေဖို့ တစ်စုံတစ်ဦးက ကြားဝင်စေ့စပ်ပေးခဲ့ရတာပေါ့။ တခြားလူပြောပေးမှ မင်းဆီက ခွင့်လွှတ်ခြင်းခံရတဲ့ကောင်!"
"ဘတ်ဟျွန်းနီး တော်တော့!"
"ဘာလို့လဲ။ အမှန်တွေဖြစ်နေလို့လား။ တကယ်တော့ ဒါလည်း မမှန်သေးပါဘူး။ ငါနဲ့အဝေးဆုံးကိုရောက်တဲ့အထိ မင်း ငါ့ဆီက ထွက်ပြေးချင်နေခဲ့တာလေ။ ဒီအတိုင်း ထားပစ်ခဲ့ရမှာတောင် မုန်းစရာကောင်းလွန်းလို့ ကြင်နာချင်ယောင်ဆောင်ပြီးမှ ငါ့ကိုထားခဲ့ဖို့..."
"ဗြောင်ဘတ်ဟျွန်း!"
ဘတ်ဟျွန်းပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်လှုပ်ပြီး ချန်းယောလ်တားဆီးပစ်လိုက်ရသည်။ ရင်ထဲမှာအောင့်မျက်မှုတွေနဲ့ လှုပ်လီလှုပ်လဲ့ပြေးလွှားနေတဲ့ မျက်ရည်တွေနဲ့မျက်ဝန်းတစ်စုံကို ချန်းယောလ် စူးစိုက်ကြည့်မိသည်။ ကိုယ်တိုင်လည်း အမြင်တွေမသဲကွဲချင်တော့။
"မင်းအတွက် ငါက ဒီလောက်ပဲအဆင့်ရှိလား! ဆယ်ဟွန်းကြောင့်မဟုတ်ရင်တောင် ငါမင်းအပေါ် ကြင်နာချင်နေတာတွေကို မင်းမမြင်ဘူးလား။ မင်းမရှိတဲ့ ဆယ့်ငါးနှစ်ကို ငါဘယ်လိုစိတ်နဲ့ဖြတ်သန်းခဲ့ရတယ်လို့ထင်လဲ။ ငါသာ မင်းကိုမရှာချင်ခဲ့ရင် ကိုရီးယားကိုပြန်မလာလည်း ဖြစ်တယ်! ငါ့ ကိုယ်ရေးအချက်အလက်တွေမှာ မင်းနာမည်ကို ထည့်မထားတော့လည်း ဖြစ်တယ်။ ထွက်သွားလို့နှင်ထုတ်ခံရတဲ့ကောင်က ဒီနေရာကို ဘာလို့တန်းတန်းမတ်မတ်ပြန်ရောက်လာတာလို့ထင်လဲ! မင်း ဘာတွေလုပ်ပြီး ဘယ်ကိုသွားနေလဲ မသိရအောင် ငါက ငတုံးမဟုတ်ဘူး။ မင်းတာဝန်ကျတဲ့ ဂျပန်တွေ၊ တရုတ်တွေကို ငါကရော မသွားခဲ့လို့လား။ မင်းနဲ့ဂယောင်ဆူးလုပ်ထားတဲ့ အဓိပ္ပါယ်မရှိတဲ့ ကွာရှင်းစာချုပ်ကိုမသိရလောက်အောင် ငါ မငယ်တော့ဘူး ဘတ်ဟျွန်းနီး! မင်းမို့လို့ စွပ်စွဲရက်တယ်! မင်းမို့လို့! မင်းမို့လို့ ငါ့ကို"
"ချန်းယောလ်!"
နီရဲစွေးနေတဲ့ ချန်းယောလ်ရဲ့မျက်ဝန်းအိမ်က မျက်ရည်ဥတွေ တမုတ်ဟုတ်ချင်းကြွေကျလာခဲ့သည်။ ဘတ်ဟျွန်း ရင်ဘတ်ကိုဖိအုပ်ကိုင်ပြီး ချန်းယောလ်မျက်နှာကိုထိဖို့ကြိုးစားလိုက်ပေမယ့် ချန်းယောလ်က နောက်တစ်လှမ်းဆုတ်သွားခဲ့သည်။ ဘတ်ဟျွန်း ခြေလှမ်းကိုရပ်ပစ်လိုက်ရသည်။ ခြေနှစ်လှမ်းစာ အကွာအဝေးအတိုင်း တစ်ယောက်မျက်ဝန်းတွေထဲတစ်ယောက်ငေးကြည့်နေမိ၏။
"ငါ မင်းအပေါ်မှားမိပြန်ပြီပဲ"
ဘတ်ဟျွန်းလေသံကတိုးဖျော့လွန်းနေခဲ့သည်။
"ချန်းယောလ် စိတ်တိုင်းကျလုပ်ပါ။ မင်းဆုံးဖြတ်တဲ့အတိုင်း ငါ လက်ခံမယ်"
"တကယ်တမ်း မာနကြီးတာက ငါမဟုတ်ဘဲ မင်းဖြစ်နေတာမဟုတ်ဘူးလား ဘတ်ဟျွန်းနီး"
ချန်းယောလ်မျက်ဝန်းက လှုပ်ခါနေတဲ့အရည်တွေကို ဘတ်ဟျွန်းမြင်နေရသည်။ နီးစပ်ချင်ပေမယ့် ခြေလှမ်းခွင့်မရှိတော့။ အကြိမ်ကြိမ်တွန်းဖယ်မိခဲ့တဲ့ ဒီလက်ချောင်းနွေးနွေးတွေကို ဘတ်ဟျွန်း ဘယ်လိုစိတ်နဲ့ပြန်ဆုပ်ကိုင်ရပါ့လဲ။ အရာရာကို ချန်းယောလ် သဘောအတိုင်းပဲ ရှိပါစေတော့။
အချိန်ကြာကြာငေးစိုက်နေမိကြပေမယ့် တိတ်ဆိတ်မှုသာကြီးစိုးလာခဲ့သည်။ လက်ကိုင်အိတ်ကိုကိုင်ဆွဲပြီး ထွက်သွားတဲ့ချန်းယောလ်ကို ဒီတိုင်းပဲရပ်ကြည့်နေခဲ့ရသည်။ ဘတ်ဟျွန်း ခန္ဓာနဲ့စိတ်နှစ်ခုလုံး အရုပ်ကြိုးပြတ်။
##########################
August 14.2020.(Friday)
×××××××××××××××××××××××××××