အပိုင်း (က)
Jeno အိမ်မှာ ဖြစ်ခဲ့သည့် ပြသနာများကို Injun အား ပြောပြလိုက်သည်။ သူ နောက်ဆုံး ရွေးချယ်မှုပြုရမည်အထိ ပြောပြခဲ့သော်လည်း သူ မည်သို့ ရွေးချယ်ခဲ့သည်ကိုတော့ Injun အား မပြောပြခဲ့။
Jeno ပြောပြသည့် အကြောင်းအရာများကြောင့် Injun ထိတ်လန့်မိသွားသည်။ Jeno အိမ်က သူ့ကို ဒီလောက်ထိတောင် သဘောမကျနေတာလား။ အဆိုးဆုံးက သူက ယောကျာ်းလေး ဖြစ်နေခဲ့တာကြောင့်များလား ?
Injun, Jeno ငှဲ့ပေးသည့် အရက်တစ်ခွက်ကို သူ့ရဲ့ စိုးရိမ်ပူပန်ကာ တုန်လှုပ်နေသည့် စိတ်ကို သက်သာမလား ဆိုသည့် အတွေးနှင့် မော့သောက်လိုက်သည်။ သူ့ထင်သလို သက်သာဖို့ နေနေသာသာ နည်းနည်းလေးတောင် ပြေပျောက်မသွား။
အနည်းငယ်ကြာသည်အထိ နှုတ်ဆိတ်နေသည့် သူ့ကို Jeno လည်း ထွေထွေလေးသာ ငေးကြည့်နေခဲ့သည်။ Injunလည်း တုန်လှုပ်နေသည့် စိတ်ကို မျက်ကွယ်ပြုလို့ Jeno ရဲ့ ရွေးချယ်မှုကို အရဲစွန့်ကာ မေးမိသည်။
"မဟုတ်မှ မင်း ဝါသနာ ကို စွန့်လွှတ်ပြီး ငါ့ကို ရွေးချယ်မယ်လို့ ပြောခဲ့တာလား Jeno"
သူ Jeno ကို မယုံကြည်လို့ မေးခြင်း မဟုတ်ဘဲ လှည့်စားတတ်သော ကံကြမ္မာကို ကြောက်ရွံ၍သာ မေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကိုယ့်ကို မရွေးချယ်ရင် လို့ တွေးမိပြီး နှလုံးသားက ဆစ်ကနဲ ဖြစ်သွားပေမယ့် သူငါ့ကို သေချာပေါက် ရွေးချယ်မှာ ဆိုပြီး မသေချာတဲ့ မျှော်လင့်ချက်လေးနဲ့တောင် ပျော်ရွှင်မှုက အတိ။
ပြန်လည် ဖြေကြားမလာသေးတဲ့ Jeno ရဲ့ စကားသံကို မျှော်လင့်နေချိန်မှာပင် Injun စိတ်ထဲ အကောင်း တစ်လှည့် အဆိုး တစ်လှည့် အတွေးများသာ ဆက်မပြတ် တွေးနေမိသည်။ အတွေးတွေကြောင့် ပူလောင်လာတာ စိတ်တင်မကဘဲ ခန္ဓာကိုယ်ဆီပါ ကူးစက်လာခဲ့သည်။
ပူလောင်ခြင်းကို မနှစ်မြို့သူမို့ ပူလောင်လာသော ခန္ဓာကိုယ်ကို သက်သာစေငြား အပေါ်ထပ် အကျီ အနက်ရောင်ကို ချွတ်လိုက်မိသည်။ ပြီးတော့ အရှေ့မှာ ချထားတဲ့ ပုလင်းထဲက အရည်အချို့ကို ခွက်ထဲသို့ ကူးပြောင်းစေလိုက်ပြီး ထိုမှတစ်ဆင့် မိမိရဲ့ ဝမ်းဗိုက်ထဲသို့ တစ်ဖန် ကူးပြောင်းလိုက်သည်။
"Injun အတွေးတွေ မလွန်ပါနဲ့ ငါ့မှာ ဒီ့ထက် ခက်ခဲတဲ့ ရွေးချယ်မှုတွေ ရှိခဲ့ရင်တောင်"
"ဒါမင်းအတွက် ခက်ခဲတဲ့ မေးခွန်းလေ Jeno"
Jeno ပြောသည်ကို ဆုံးအောင် မစောင့်နိုင်ဘဲ Injun ဖြတ်မေးလိုက်သည်။
"ဒါက ကိုယ့်အတွက် ခက်ခဲတဲ့ ရွေးချယ်မှု မဟုတ်ဘူး Injun"
"မင်း ဝါသနာကို စွန့်လွှတ်ခိုင်းတာလေ Jeno"
"ဒါဆို မင်းကရော?"
Jeno ရဲ့ အမေးကို Injun နားမလည်ဘဲ စိတ်ရှုပ်သွားမိသည်။
"ငါ့ဝါသနာကို သူတို့မလုပ်ခိုင်းဘူးဆိုတာ ငါ အသက်မွေး ဝမ်းကျောင်းတစ်ခုအနေနဲ့ ဘဝကို ရပ်တည်မှာ စိုးလို့ သူတို့ အကြိမ်ကြိမ် စွန့်လွှတ်ခိုင်းခဲ့ပေမယ့် ငါမလုပ်ခဲ့ဘူး ဒါတွေက မင်းကို မတွေ့ခင်အထိပေါ့ Injun"
ဒီစကားတွေကိုလည်း Injun ထပ်ပြီး နားမလည်ပြန်ပေ သူကတော့ ပြောတာရပ်ပြီး လက်ထဲက ခွက်ကိုသာ မော့သောက်နေသည်။
"ကျေးဇူးပြုပြီး ငါ့ ဉာဏ်မီလောက်မယ်ြ စကားတွေကို အသုံးပြုပြီး ပြောပေးပါလား Jeno"
အပိုင်း (ခ)
Injun ပြောလိုက်တဲ့ စကားကြောင့် Jeno ကြောင်သွားပေမယ့် စက္ကန့်ပိုင်းအတွင်း ပြုံးလိုက်မိသည်။ ကိုရီးယား စကားကို သူ့ထက်တောင် ပိုကျွမ်းနေတတ်တဲ့ တရုတ်လေးဟာ ခုချိန်မှာ သူပြောတဲ့ စကားတွေကို နားမလည်ဘူး ပြောတော့ ကြားကြားချင်းJeno ကြောင်သွားမိသည်။
ပက်ခနဲ ပြန်ပြောဖို့ သူပြင်ပြီး မော့ကြည့်လိုက်ချိန်မှာ တကယ်နားမလည်လို့ စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်နေတဲ့ Injun ကြောင့် အသံမာမာ စကားလုံးကြမ်းတွေ ပြောမိဖို့ ဖြစ်နေတာတွေက အကုန် ကြက်ပျောက် ငှက်ပျောက်။
Injun တကယ် နားမလည်လို့ ပြောလာသည်ကို နားလည်သဘောပေါက်သည်အထိ စိတ်ရှည်စွာ ရှင်းပြရမည်မှာ သူ့တာဝန်ပဲလေ။ သူကြိုက်နေတာ လူမျိုးတူ မဟုတ်ဘူးဆိုတာ Jeno မေ့သွားမိသည်။ ဘယ်လောက်ပဲ သူများ ဘာသာစကားကျွမ်းတယ်ပြောပြော အနည်းနဲ့အများတော့ မသိတာတွေ နားမလည်တာတွေ ရှိမှာပဲလေ။
Jeno ဆီက စကားလုံးတွေ မျှော်လင့်နေပေမယ့် ပြန်မရလာတော့ Injun အရှေ့မှာ မြင်နေရတဲ့ အရက်ကိုသာ သောက်နေလိုက်သည်။ Jeno လည်း ကိုယ့်အတွေးနဲ့ကိုယ်မို့ သတိမပြုမိ သတိရချိန် ကြည့်လိုက်တော့ Injun သောက်နေသည်မှာ Limit ကျော်ချင်နေပြီ။
Jeno, Injun လက်ထဲက ခွက်ကို ဆွဲယူလိုက်တော့ သူ့ကို စူးစိုက်ကြည့်လာသည်။ ပြန်လုချင်နေတဲ့ Injun လက်ကို ဆွဲလို့ counter မှာ bill ရှင်းကာ bar ထဲက ထွက်လာလိုက်သည်္ဂ
မူမမှန်တဲ့ လျှောက်ဟန်တွေနဲ့ လျှောက်နေတဲ့ Injun ကို bar အပြင်ရောက်တာနဲ့ ပွေ့ချီလို့ ကားဆီကို သွားလိုက်သည်။ သူ ပွေ့ချီလိုက်လို့တစ်ခုခုလုပ်မည်ထင်နေခဲ့ပေမယ့် လက်တွေမှာတော့ သူချီလိုက်တာနဲ့ ထိုကောင်လေးဟာ အိပ်ပျော်သွားခဲ့သည်။ ဒါဆို Injunက သူထင်သလို Limit မကျော်သေးတာ မဟုတ်ဘဲ ကျော်နှင့်ခဲ့ပြီးတာပေါ့။
Jeno ဂရုတစိုက်နဲ့ Injun ကို ကားထဲ ထည့်လိုက်သည် သူ့လည်ပင်းကို ဖက်တွယ်ထားတဲ့ လက်အစုံကို Jeno ဖြုတ်ရန် ကြိုးစားလိုက်သည်။ ရုတ်တရက် ပွင့်လာတဲ့ မျက်လုံးတွေဟာ ရီဝေဝေနဲ့။
"ငါ့ကို နားလည်အောင် ရှင်းပြလို့ ပြောထားတယ်မလား Lee Jeno"
သူ့ကို နှုတ်ခမ်းလေးထော်လို့ ရန်တွေ့နေတဲ့ Injunရဲ့ နဖူးကို Jeno နမ်းလိုက်သည်။
"OK ကိုယ်လည်း ကားထဲ ဝင်ထိုင်ပြီးတာနဲ့ ရှင်းပြမှာမို့ လက်လေး လွှတ်ပေးနော်"
ခုမှ Injun , Jenoနဲ့ သူ့ပုံစံကို သတိထားမိသွားပြီး လျင်မြန်စွာ လွှတ်ပေးလိုက်သည်။ Jeno သဘောတကျရယ်လိုက်ပြီး ကားတံခါးပိတ်ပေးလိုက်ကာ driver seat ဘက်ကို ဝင်ထိုင်လိုက်သည်။
"Injun မင်း အဆင်ပြေရဲ့လား"
Jeno, Injun ရင်ဘတ်လေးကို ထုကာ မအီမသာ ဖြစ်နေသည့် ပုံစံမို့ မေးလိုက်သည်။
"မပြေဘူး ရင်ထဲ ပြည့်နေသလိုပဲ"
"ဒီနားမှာ ဆေးဆိုင်ရှိတယ် ဆေးဝယ်ပေးမယ်"
"ငါ မသောက်ချင်ဘူး"
"အရက်ကျတော့ အများကြီး သောက်ပြီး ဆေးသေးသေးလေးကျ မသောက်ချင်ဘူးလား"
"အင်း"
"မရပါဘူး သက်သာသွားအောင် သောက်ရမယ်"
အပိုင်း (ဂ)
"Injun ရေ အကောင်ပေါက်ရေ ဘေဘီရေ ကျားကျားရေ my hubby ရေ လိမ်မာပါတယ်နော် ဆေးပိစိလေးကို သောက်လိုက်ပါ"
"နိုး"
"မသောက်ရင် မသက်သာပဲ နေမှာပေါ့ Injunရဲ့"
"ရတယ် ခဏနေ အဆင်ပြေသွားလိမ့်မယ်"
စကားနားမထောင်တဲ့ Injun ကို Lee Jeno တစ်ယောက် မည်သို့ ဆေးတိုက်ရမလဲ တွေးရခက်နေသည်။
"ကိုယ်တိုင်သောက်မလား ကိုယ်တိုက်ရမလား"
"မသောက်ပါဘူးဆို Je ..."
Jeno နာမည်တောင် ဆုံးအောင် မခေါ်လိုက်ရတဲ့ Injunကို Jeno တစ်ယောက် နှုတ်ခမ်းချင်း နမ်းရင်း ဆေးတိုက်လိုက်သည်။ နမ်းပြီး ဆေးတိုက်တာက အရင်း ဆို ဆေးမျိုချပြီးလို့ ကြာတာတောင် ဆက်နမ်းနေတာက အမြတ်ပဲ။
သူ့ရဲ့ ပေါချာချာ အတွေးကို Jeno သဘောကျမိသွားပြီး ခဏကြာတော့ Injun အား နမ်းနေရာမှ လွှတ်ပေးလိုက်သည်။
"မင်း... မင်း ဆေးတိုက်တာလား လူကို အသက်ရှုရပ်အောင် လုပ်တာလား"
"မလိမ်မာတဲ့ ကောင်လေးကို သူ့ချစ်သူ ကောင်လေးက အနမ်းတွေနဲ့ ဆေးတိုက်ပြီး ရင်ခုန်အောင် လုပ်လိုက်တာပါ Injun ရဲ့"
"အပိုတွေ"
Injun ပြောပြီးတာနဲ့ Jeno ဝယ်လာတဲ့ ရေဘူးကို သောက်လိုက်သည်Jeno ကြောင့် မူးနေတဲ့စိတ်ရော ရင်ထဲ မအီမသာ ဖြစ်တာတွေရော အကုန်ပျောက်သွားပြီ *ဆိုးတော့မဆိုးပါဘူး သက်သာသားပဲ*
ရေသောက်ပြီး ပြုံးစိစိ ဖြစ်နေတဲ့ Injun ကို Jeno အသည်းယားစွာ ပါးကို နမ်းလိုက်သည်။
"အာ မနမ်းနဲ့တော့"
Injun ပြောလိုက်ခါမှ လည်ပင်းကို လာရောက် နမ်းရှိုက်သော Lee Jeno ပါပင်။
"အား Lee Jeno မကိုက်နဲ့လို့ တော်တော့"
စိတ်ကျေနပ်အောင် နမ်းပြီးခါမှ Jeno လွှတ်ပေးလိုက်သည်။
"ငါ့လည်းပင်း အရာတွေ ထင်ကုန်ပြီလား မသိဘူး"
"ဘာဖြစ်လဲ ထင်ပါစေပေါ့"
"ဟ တခြားသူတွေက ကိစ္စမရှိပေမယ့် ပါပါးနဲ့ မာမား မြင်တာကကျ"
"အာ ဆောရီး ကိုယ်မေ့သွားလို့ ... ပါပါးနဲ့ မာမား လည်း သိမှာပါ"
"အင်း .. အင်းပါ ငါ့ကို ပြောဦးလေ"
"ကိုယ့်အဖေ ငယ်ငယ်ကလည်း ဂစ်တာတီးသမား တစ်ယောက်ပဲ။ မေမေပြောပုံအရဆို မေမေနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှ ဒီလုပ်ငန်းတွေဘက်ကို ခြေဦးလှည့်ခဲ့တာတဲ့"
"Jeno တစ်မျိုးတော့ မထင်နဲ့ ငါသိချင်တာကလေ သူလည်း ဂစ်တာတီးသမား တစ်ယောက် ဖြစ်ခဲ့တာပဲ သူလည်း ဒီဂစ်တာတီးတာကို မြတ်နိုးမှာပဲလေ ဘာလို့ မင်းကို မလုပ်စေချင်တာလဲ"
"အကြောင်းရင်းက ဒါပဲ Injun ရဲ့ သူကိုယ်တိုင် ဂစ်တာတီးသမား တစ်ယောက် ဖြစ်ခဲ့လို့ကို ကိုယ့်ကို ဒီပညာနဲ့ အသက်မွေး ဝမ်းကျောင်း မပြုစေချင်တာ သူ ဂစ်တာတီးရတာကို အရမ်းမြတ်နိုးတယ် ရူးသွပ်တယ် သူမေမေနဲ့ ယူပြီးတော့ ရလာတဲ့ ပိုက်ဆံပမာဏက နေနိုင်စားနိုင်ရုံတောင် မလောက်ငှခဲ့ဘူး အဲ့အချိန်မှာ နည်းပြလုပ်နေတဲ့ သင်တန်းကနေ အလုပ်ထုတ်ခံလိုက်ရတယ် ဘာမှရေရာတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ပေါ့"
"ကြည့်ရတာ ဒီပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုရင် အဆင်မပြေဘူး ဆိုပြီး စိတ်ထဲ နာကျင်သွားမိတာနေမယ်"
"အင်း"
အပိုင်း (ဃ)
"ဒါပေမယ့် ခုမင်းတို့က အဆင်ပြေပြီမလား ဒါတောင် သူက မင်းကို မလုပ်စေချင်တာပေါ့"
Renjun, Jeno မျက်နှာကို ကြည့်ရင်း မေးလိုက်သည်
"အင်း လုံးဝကို မလုပ်စေချင်တာ ကိုယ်တက္ကသိုလ်တက်ဖို့ ရွေးတုန်းက တစ်ခါ အဖေနဲ့ ပြသနာ တက်ခဲ့ဖူးသေးတယ် ကိုယ်က အနုပညာတက္ကသိုလ် တက်ချင်တယ် သူက ကိုယ့်ကို စီးပွားရေး တက်ခိုင်းတယ် အဲ့တုန်းကမှ ဒီအကြောင်းတွေကို သိခဲ့ရတာ မေမေရဲ့ ဖြန်ဖြေမှုနဲ့ ကိုယ် သူတက်စေချင်တဲ့ တက္ကသိုလ် တက်ပေးခဲ့တယ် အပြန်အလှန်အနေနဲ့ ကိုယ် ဝါသနာပါတဲ့ ဂစ်တာတီးတာကို လုပ်ဖို့ ခွင့်တောင်းခဲ့တယ်"
"မင်း ဒီလောက်ထိ မြတ်နိုးတာကို ဘာလို့ စွန့်လွှတ်ပါ့မယ်လို့ ကတိပေးလိုက်တာလဲ Jeno"
"ငါမင်းနဲ့ မဆုံဖြစ်ခဲ့ရင်တော့ သေချာပေါက် မစွန့်လွှတ်ဘူးပေါ့ကွာ ဒါပေမယ့် မင်းနဲ့ ဆုံရတော့ ငါဂစ်တာ တီးရတာ မြတ်နိုးတယ် ဆိုတာ မင်းလောက်တော့ မချစ် မမြတ်နိုးတော့ဘူးပေါ့ Injun ရ"
Jeno စကားကြောင့် Injun ရှက်ပြီး မျက်နှာ နီသွားလေသည်။ သူ့ကို ဒီလောက်ထိ ဒီလူသားက ချစ်ပါသတဲ့လား။ Renjun ရှက်ပေမယ့် ထိုစကားကြောင့် ကြည်နူးမိတာ အမှန်။
"ဒီလိုနဲ့ ကိုယ့်မိဘ အထူးသဖြင့် ကိုယ့်အဖေက ကိုယ့်အားနည်းချက်ဖြစ်တဲ့ *မင်း* ကို သိသွားပြီး အနိုင်ယူလိုက်တာပေါ့"
"အော် ဒါဆို မင်း ရှေ့လျှောက် ကုမ္ပဏီမှာ လုပ်ရတော့မှာပေါ့ ပင်ပန်းတော့မှာပဲ"
"ပင်ပန်းတာထက် ခုလို ခဏ ခဏ မတွေ့နိုင်တော့မှာ Injunရဲ့"
"ငါလည်း ကုမ္ပဏီမှာ ဝိုင်းကူပေးရမလား"
"အင်ဂျင်နီယာလေးက စီးပွါးရေး စိတ်ဝင်စားလို့လားခင်ဗျ"
Jeno အမေးကြောင့် Injun သက်ပြင်းချလိုက်မိသည်။
"နိုး ငါစိတ်မဝင်စားလို့ ပါပါးကို အတိုက်အခံ လုပ်ပြီး အင်ဂျင်နီယာ လုပ်တာ"
"ဒါဆို ကိုယ့်ကို ဘာလို့ ကုမ္ပဏီမှာ ဝိုင်းကူပေးချင်တာတုန်း"
"စိတ်မချလို့"
"ဟမ်"
"မင်းကို စိတ်မချဘူးဆိုတာ မင်းကို ဝိုင်းနေတဲ့ ကောင်မလေးတွေကြောင့် မင်းပြန်မကြိုက်ဘူးဆိုတာ ယုံကြည်ပေမယ့် အဲ့ကောင်မလေးတွေကိုတော့ မယုံကြည်ဘူး"
"ဟား ဟုတ်ပါပြီ ကိုယ်က ကုမ္ပဏီကို weekend ပဲ လုပ်မှာ ကုမ္ပဏီက တနဂ်နွေ ပိန်တော့ တွေ့ရင်တောင် စနေပဲ တွေ့ရမှာပါ စနေတောင် နေ့တစ်ဝက်ပါပဲ"
"အဲ့လိုလား ငါက ကျောင်းတက်ရက်တွေပါ လုပ်ရမယ်ထင်နေတာ"
"ရှေ့လျှောက် အဖေက အလုပ်ကိစ္စ ခရီးသွားခိုင်းမယ်လို့လည်း ကြားတယ် ဟင်း"
Jeno ခရီးသွားရင် Injun နဲ့မတွေ့ရမည်ကို တွေးရင်း သက်ပြင်းချလိုက်သည်
"ငါ အားရင် လိုက်ခဲ့မယ်လေ"
"တကယ်လား"
"အင်း အားရင်ပေါ့"
"ဟုတ်ပါပြီ"
ဒီလိုနဲ့ ဘာစကားမှ မပြောဖြစ်ဘဲ နှစ်ယောက်သား ခေတ္တတိတ်ဆိတ်သွားကြပြန်သည်။
"၉နာရီတော့ ခွဲပြီ အိမ်ပြန်ချင်လား ကားလျှောက်မောင်းချင်လား Injun"
"ကားလျှောက်မောင်းပြီး တစ်ခုခု စားကြမလား"
"ဗိုက်ဆာနေတာလား"
"အင်း ခုနက ဆေးမသောက်ခင် အန်လိုက်သေးလို့များလား မသိဘူး"
"ဗိုက်ဆာရင် တစ်ခုခု အရင်စားမလား"
"အင်း စားမယ်"
*** ဘယ်လောက် မြတ်နိုးသည့်
အရာပင် ဖြစ်ပါစေ
မင်းနဲ့ ယှဉ်ရင် အရာရာက
ဗလာနတ္ထိပါ ချစ်ရသူ ***
*** သီးသီးခြားခြား ဘာမှမဟုတ်တဲ့
သာမန်သူကို အဆုံးမရှိနိုင်တဲ့ မေတ္တာတွေနဲ့ အမြတ်တနိုး ယုယကြင်နာလို့
ချစ်ပေးတတ်တဲ့သူကို ကျွန်တော်လည်း
အဆုံးရှုံးခံနိုင်မတဲ့လား ***
အပိုင်း (င)
ပါပါးနဲ့ မာမားကို လေဆိပ်လိုက်ပို့ပြီးတဲ့နောက် Renjun နဲ့ Injun ညစာစားဖို့အတွက် အိမ်ပြန်လမ်းပေါ် တစ်နေရာမှာ ရှိနေတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ခဲ့လိုက်သည်။ ဆိုင်က သာမန်ဆိုင်လေးပင် သို့သော် ဒီဆိုင်က အရသာ ကောင်းသည်ဆိုပြီး နာမည်ကြီးလေသည်။
"Injun ဟိုမှာ Jeno မလား အော် သူ့အိမ်သားတွေလည်း ပါတာပဲ"
ထိုင်ခုံရပြီးနောက် အစားအသောက်မှာရန် Injun menu ကြည့်နေတုန်း Renjun ပြောသံကို ကြားလိုက်ရသည်မို့ Renjun ပြရာကို လှမ်းကြည့်လိုက်မိသည်။
"Jeno အရှေ့က သူ့အဖေ ဘေးက သူ့အမေ Jeno ဘေးကတော့ သူ့အစ်မလေ အငယ်"
Renjun ကတော့ သူ့အိမ် အလည်ရောက်ဖူး၍ ခင်သည်မို့ Injun အား ပြောပြလိုက်သည်။
"အင်း"
Injun အရှေ့ပြန်လှည့်ကာ ဖြေလိုက်သည်။ Jeno နဲ့ Injun က တစ်ဖက်စီ မျက်နှာမူ ထိုင်နေကြသည်မို့ မမြင်ကြပေ။
"တွေ့မှတော့ မကောင်းဘူးလေ အငယ်ရဲ့ သွားနှုတ်ဆက်ရမှာပေါ့"
"ဟမ် ငါ ငါ မနှုတ်ဆက်ဘူး မင်းဘာမင်းပဲ သွားနှုတ်ဆက်"
"မင်းယောက္ခမတွေလေ Injun"
"ကြောက်တယ်ဟ"
"Jeno တွဲနေတာ မင်းလို့ ပြောပြထားပြီလား"
"အင်း"
"တွေ့ပြီးပြီပေါ့"
"အာ အဲ့လိုမဟုတ်ဘူး သူပြောပြထားတယ် ဒါပေမယ့် တစ်ခါမှ မတွေ့ရသေးဘူး"
"ကိစ္စမရှိပါဘူး လိုက်ခဲ့ပါ တွေ့နေမှတော့ နှုတ်ဆက်လိုက်ပါ တစ်ခါတည်း အပြင်မှာ မြင်ဖူးပြီးသား ဖြစ်တာပေါ့"
"ဒါ ဒါပေမယ့် ငါကြောက်တယ်လို့"
"ငါ ရှိပါတယ်ဆို လာကွာ"
RenJun ထကာ Injun လက်ကို ဆွဲပြီး Jeno တို့ ဝိုင်းရှိရာသို့ သွားလိုက်သည်။
"Abeoji Eomeoni Noona မဂ်လာပါ"
Renjun , Jeno ဘေးနားရပ်ကာ နှုတ်ဆက်လိုက်လေသည်။ အနောက်က Injun ကတော့ ဘာမှမပြောဘဲ အမူအရာဖြင့်သာ နှုတ်ဆက်လေသည်။
"အာ Renjunnie ပဲ မတွေ့တာတောင် ကြာပြီ"
Jeno အမေက Renjun ကို ကြည့်ရင်း ပြောလိုက်သည်။ Jeno အဖေကတော့ ပြုံးပြပြီးသာ နှုတ်ဆက်လေသည်။ Jeno အမလည်း ဖော်ဖော်ရွေရွေသာ ပြန်နှုတ်ဆက်လာသည်။ Jeno ကတော့ သူတို့နှစ်ယောက်ကို အံ့သြစွာ ကြည့်နေသည်။
"သူလေးက Injun များလား"
Jeno အမေစကားကြောင့် Injun လန့်သွားသည်။ ဘေးနားက Renjunကလည်း တံတောင်နဲ့ တိုက်ကာ နှုတ်ဆက်ဖို့ ပြောလေသည်။
"ဟုတ် .. ဟုတ်ကဲ့ ကျွန်တော်က Injunပါ အန်တီ"
"သားတို့ ညစာစားပြီးပြီလား"
Jeno အဖေက မေးလာလေသည်။ Injun ဖြေမည်မဟုတ်၍ Renjunသာ ဖြေလိုက်သည်။
"မစားရသေးဘူး Abeoji အခုမှရောက်လို့"
"ဒါဆို တခါတည်း တူတူစားပါလား ဦးတို့လည်း မှာမလို့ပဲ ရှိသေးတယိ"
ထိုစကားကြောင့် Injun ပိုလန့်သွားပြီး Renjun အကျီစလေးကို ဆွဲလိုက်မိသည်။ ဤသည်ကို Jeno အဖေက မြင်သွားလေသည်။
"Injun သား မကြောက်ပါနဲ့ ဦးတို့က ကြောက်ဖို့ မကောင်းပါဘူး Jeno မင်း နည်းနည်းပါပါး စကားပြောဦးလေ"
ထိုစကားကြောင့် Injun ရှက်ပြီး ချွေးတွေပြန်လာသည်အထိ။ Jenoကတော့ သူ့ကို တစ်ချိန်လုံး ပြုံပြီးသာ ကြည့်နေသည်။ သူ့အဖေ ပြောတော့မှ လက်ကို လာကိုင်ပြီး စကားပြောလေသည်။
"မကြောက်ပါနဲ့ ဒီမှာပဲ တူတူစားသွားလေ Renjun ထိုင်လေ Noona က Omma ဘေး သွားထိုင်လိုက်ပါလား"
Jeno ပြောပြီးတာနဲ့ သူ့အမကလည်း သူ့အမေဘေး သွားထိုင်သလို။ Jenoကလည်း Injun လက်ကို ဆွဲပြီး သူ့ဘေး ထိုင်ခိုင်းလေသည်။ Renjunကတော့ Injun ဘေး လွတ်နေတဲ့ ခုံကိုဝင်ထိုင်လိုက်သည်။