"အာ ...ကိုကိုေတာင္ ႏိုးေနၿပီလား ? "
"အင္း ခုပဲ "
"ဘယ္ခ်ိန္ ရိွၿပီးလဲ မသိဘူး ကိုကို ေရ ။ ေက်ာင္းေနာက္က်ေတာ့မွာပဲ " ဟုဆိုကာ ရီေပၚက မ်က္ႏွာသြားသစ္ရန္ ကုတင္းေပၚမွ ဆင္းမည္အလုပ္
အေနာက္မွ ဆြဲဖက္လိုက္ေသာ ေရွာင္က်န႔္ေၾကာင့္ ရီေပၚကိုယ္ေလးေရွာင္က်န႔္ရင္ခြင္ထဲသို႔ ေရာက္သြားေလသည္။
"ကိုကို ဘာလို႔ဖက္ထားတာလဲ ?။ ေက်ာင္းေနာက္က်ေနပါၿပီးဆိုမွ "
"အင္း အခုသြားလည္း မမွီေတာ့ဘူး.....ကေလးေပါက္ ။
ထတဲ့အခ်ိန္ကိုလည္း ၾကၫ့္ဦး ။ဆယ္နာရီေတာင္
ခြဲေနၿပီး " ဟုဆိုကာ ေရွာင္က်န႔္က ရီေပၚပုခံုးေပၚ ေမးေလးတင္ကာ ဖုန္းမွနာရီအားယူျပေတာ့ ရီေပၚတို႔မ်က္လံုးျပဴးမ်က္ဆံျပဴးျဖင့္ ေသခ်ာၾကၫ့္ေနေလသည္။
"အာ ! တကယ္ႀကီး ၁၀နာရီခြဲတာလား ? ။
ကိုကို႔နာရီမ်ား မွားေနတာလား ? ။ကေလးတစ္ခါမွ ဒီေလာက္ေနာက္က်တဲ့ အထိမအိပ္ဖူးဘူးေလ " ဟုဆိုကာ ရီေပၚတစ္ေယာက္ သူငပ်င္းတစ္ေယာက္ မဟုတ္ေၾကာင္းကို ေရွာင္က်န႔္အား ေသခ်ာ ျငင္းကာ ရွင္းျပေနေလသည္။
"ဟား ဟား ဟုတ္ပါၿပီး ကေလးက အိပ္ယာထေနာက္က်တာ မဟုတ္ပါဘူး ။ ညကအိပ္ယာဝင္ေနာက္က်လို႔
မနက္ဘက္မထႏိုင္တာ ဟုတ္တယ္မလား ? " ဟုဆိုကာ ေရွာင္က်န႔္က ရီေပၚ၏ဆံပင္တို့အား သပ္ေပး၍ေျပာေတာ့ ရီေပၚကေခါင္းေလးၿငိတ္ကာ
ေထာက္ခံရွာသည္။
တစ္ဆက္တည္းမွာပဲ ေရွာင္က်န႔္ဆီမွလာေသာ အပူေငြ ့တို႔ကို ရီေပၚခံစားမိ၍ ရီေပၚ မိမိ၏လက္ေခ်ာင္းသြယ္ေလးမ်ားျဖင့္ ေရွာင္က်န႔္၏နဖူးအား စမ္းလိုက္ေလသည္။
စမ္းသပ္ခ်က္အရ အဖ်ားဝင္ေနေသာ ေရွာင္က်န႔္ကို
ကုတင္ေပၚတြင္ ျပန္အနားယူခိုင္းကာ ေရွာင္က်န႔္အတြက္ စားေသာက္ဖြယ္ရာမ်ားကို
မီးဖိုခန္းထဲတြင္ ရီေပၚတစ္ေယာက္ ခ်က္ျပဳတ္ျပင္ဆင္ေလသည္။
ေရွာင္က်န႔္အတြက္ ဆန္ျပဳတ္ကို အိပ္ခန္းထဲထိယူလာကာ အေသအခ်ာခြံေကြၽးေနေသာ ရီေပၚကို ေရွာင္က်န႔္ၾကၫ့္ရင္း အေတြးမ်ားေနမိေလသည္။
"ကိုကို ဟ ေလ ။ ဘာေတြ ေတြးေနတာလဲ " ဟုဆိုကာ ရီေပၚက ႏႈတ္ခမ္းႀကီးဆူလ်ွက္
ေမးေတာ့ ......
ေရွာင္က်န႔္က သက္ျပင္းတစ္ခ်က္ခ်ကာ .....
"မေန့က ကိုယ္ ကေလးကိုလာမႀကိဳမိတာ ေတာင္းပန္ပါတယ္ေနာ္ " ဟုဆိုကာ ေရွာင္က်န႔္က မ်က္ႏွာငယ္ေလးႏွင့္ ေတာင္းပန္ေတာ့ရီေပၚကိုယ္ေလး တစ္ခ်က္ၿငိမ္သြားၿပီး ခဏအၾကာမွ
ေလပူတစ္ခ်က္ မႈတ္ထုတ္ကာ ........
"အင္း ...... ရပါတယ္ ။ ဒါေပမဲ့ ကိုကိုဒဏ္ရာႀကီးနဲ႔ ညနက္မွ ျပန္လာတာေတာ့ ကေလးခြင့္မလႊတ္ႏိုင္ဘူး! "ဟုဆိုကာ မ်က္ရည္မ်ားဝဲလ်ွက္ ႏႈတ္ခမ္းႀကီးဆူထားေသာ ရီေပၚကို ၾကၫ့္ရင္း ေရွာင္က်န႔္တစ္ခ်က္ ၿပံဳးလိုက္ေလသည္။
"ကေလးက ကိုကို႔ကို စိုးရိမ္ေနတယ္ေပါ့ " ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ ေခါင္းငုတ္ထားေသာ ရီေပၚ၏ပါးနွစ္ဖက္အား သူ၏လက္မ်ားနွင့္ ဆုပ္ကိုင္လိုက္ေလေတာ့ ရီေပၚက ေရွာင္က်န႔္၏လက္မွ ရုန္းကာ မ်က္ႏွာအား အျခားတစ္ဖက္သို႔ လွၫ့္လိုက္ေလသည္။
"သြားပါ အခုမွ လာေျပာမေနနဲ႔ ။ ပစ္ထားတုန္းက ပစ္ထားၿပီးေတာ့ ။ကေလးကေတာ့ ကိုကို႔ကို ဟိုးေန့လယ္ကတည္းက မေပၚလာလို႔ ရင္တမမနဲ႔ ေစာင့္ေနရတာ ။ျပန္မျွပန္လာေတာ့လည္း ညနက္မွ ဒဏ္ရာ ပရပြနဲ႔ျပန္လာတယ္။ အိမ္မွာ ကေလးဘယ္ေလာက္ စိုးရိမ္ေနမလဲ ကိုကိုမသိဘူးလား?! ။ သြားလာစရာရိွတယ္ဆိုရင္လည္း ဖုန္းေလးေတာ့ ဆက္ေပါ့ ကိုကိုရ ။ အခုေတာ့ ... ခုေတာ့ ဟင့္ ....အင့္ " ဟုဆိုကာ စကားမ်ားေျပာရင္းတန္းလန္း မ်က္ရည္မ်ားက်လာေသာ ရီေပၚကို ေရွာင္က်န႔္ကပင္ ရင္ခြင္ထဲထၫ့္ထိ နစ္ဝင္မတက္ ဖက္ထားလိုက္ေလသည္။
ထို႔ေနာက္ ငိုေနေသာ ကေလးေလးကို စိုးရိမ္မႈေတြေလ်ာ့သြားေစေသာ ဆႏၵျဖင့္ ေရွာင္က်န႔္မေန့က ကိစၥေတြကို အေၾကာင္းစံုေျပာျပခဲ့ေလသည္။
ထိုအခါမွ ရီေပၚတစ္ေယာက္ မ်က္လံုးေလး ကလယ္ကလယ္ႏွင့္ ေရွာင္က်န႔္အား ၾကၫ့္ကာ ....
"အင္း အာ့တာေၾကာင့္လား ? ။ အာ့ဆို ကိုကို့ ဒဏ္ရာေတြ အရမ္းနာေနမွာပဲေနာ္ ။လာ ကေလးဒဏ္ရာေတြ ေပ်ာက္သြားေအာင္ ေမႊေမႊးေပးေပးမယ္ " ဟုဆိုကာ ေရွာင္က်န႔္အား ရီေပၚတစ္ေယာက္ စိတ္တိုင္းက် လိုက္နမ္းေနေလသည္။
*ေတာင္းပန္ပါတယ္ ကေလးေရ ။ကိုယ္ အားလံုးကို ေျပာျပခ်င္ေပမဲ့ သူမဟာ ကိုယ္ရဲ့ရီးစားေဟာင္းဆိုတဲ့ အေၾကာင္း ကိုေတာ့ ကေလးစိတ္ဆင္းရဲမွာ စိုးလို႔ ကိုယ္မေျပာျပခဲ့ဘူး ။ကိုယ့္ကိုနားလည္ေပးပါေနာ္ "
.......….............................................................
က်ိဳးတစ္ေယာက္ ေရွာင္က်န႔္တို႔ စာသင္ခန္းေရ႔ွတြင္ တစ္ဝဲလည္လည္ လုပ္ေနသည္မွာ အေတာ္ၾကာေနၿပီျဖစ္သည္။ဤသည္ကို ရိပ္စားမိေသာ မင္ယြဲ႔က က်ိဳး၏အနားအား ရစ္သီရစ္သီ သြားရပ္ကာ က်ိဳး၏ ခႏၶာကိုယ္ အခ်ိဳးအစားေလးအား ေသခ်ာပတ္ၾကၫ့္ လိုက္ေလသည္။
"အင္း .... body ေလးကေတာ့ သဲနာရီေလးလို စြတ္လွတယ္ ။ ပင္လယ္လိႈင္းေလးလို တြန႔္ထားတဲ့ ဆံႏြယ္ေလးက ေလအပင့္မွာ ယိမ္းေနတယ္ ။ က်ိဳး !
မင္းကေတာ္ေတာ္လွတဲ့ မိန္းကေလးပဲ " ဟုဆိုကာ မင္ယြဲ႔ တစ္ေယာက္ က်ိဳးအေနာက္မွေန၍ က်ိဳး၏ပုခံုးအားဆြဲလွည့္ကာ အားရပါးရစကားေျပာေနေသာေၾကာင့္ က်ိဳးတစ္ေယာက္ မင္ယြဲ႔အား မ်က္ေမွာင္ႀကံဳ႔ၿပီး ၾကၫ့္လိုက္ကာ .......
"ဒီမွာ ! သဲနာရီေတြ ေလလိႈင္းေတြလုပ္မေနနဲ႔ !။
ဒီေန့ ရီေပၚေက်ာင္းမလာဘူး ။အာ့ေၾကာင့္ သူ႔ဘာလို႔ေက်ာင္းမလာလဲ ေရွာင္က်န႔္ကို
လာေမးတာ ။ ေရွာင္က်န႔္ ရိွလား ?...ရိွရင္ေခၚေပး! " ဟုဆိုကာ မင္ယြဲ႔အား မတူမတန္သလို
ၾကၫ့္ကာ အသံမာမာႏွင့္ေျပာေနေသာ က်ိဳးကို မင္ယြဲ႔တစ္ေယာက္ စိတ္ထဲတြင္ အႀကိမ္ႀကိမ္ဝါးစားပစ္ခ်င္ေနၿပီ ျဖစ္သည္။
သို႔ေသာ္လည္း ျပသနာမျဖစ္ခ်င္၍ ေဒၚသကိုေလ်ာ့ကာ အတတ္ႏိုင္ဆံုး လုပ္ၿပံဳးလိုက္ၿပီး........
"ဟုတ္လား ? အာ့ဆို ဘယ္လိုလုပ္မလဲဟင္ ? ။
ေရွာင္က်န႔္ကလည္း ဒီေန့အိပ္ယာထေနာက္က်သြားလို့ ေက်ာင္းမလာနိုင္ဘူး လို႔ေျပာၿပီး ခြင့္တိုင္ထားတယ္ ။ဆိုေတာ့ကာ သူတို႔မ်ားအိမ္မွာ ပက်ိ ပက်ိ လုပ္ရင္း
အိပ္ယာမထႏိုင္တာ ျဖစ္မွာေပါ့ စိတ္ပူမေနပါနဲ႔ ...လင္လင္ေတြဆိုေတာ့ ျဖစ္တတ္ပါတယ္ " ဟုဆိုကာ က်ိဳးကို ရိပ္စားမိေသာ မင္ယြဲ႔က က်ိဳးအား မထိတထိ စသြားကာ ထိုေနရာမွ အျမန္ဆံုး ထြက္သြားေလသည္။
ထို႔ေနာက္ ေဒၚသတႀကီးႏွင့္ "ေတာက္ !!! "ေခါက္ကာ ေျခလွမ္းက်ဲမ်ားျဖင့္ စာသင္ခန္းေရ႔ွမွ ထြက္သြားေသာ က်ိဳးကို မင္ယြဲ႔တစ္ေယာက္ ေသခ်ာလိုက္ၾကၫ့္ရင္း တစ္ခ်က္ၿပံဳးလိုက္ေလသည္။
"ဟင့္ ! သိတာေပါ့ ရီေပၚကို အေၾကာင္းျပၿပီး ေရွာင္က်န႔္နဲ႔ လာေတြ ့ခ်င္မွန္း ။ ဘဝင္ေလဟပ္ၿပီး စကားႀကီးစကားက်ယ္ေတြ ေျပာေနလို႔ အျမင္ကပ္ကပ္နဲ႔ ေလ်ွာက္ေျပာလိုက္တာ ။
အခုေတာ့ စိတ္ဆိုးဆိုးနဲ႔ျပန္သြားၿပီး ။ခ်ီးေတာင္မသနားဘူး " ဟုဆိုကာ မင္ယြဲ႔တစ္ေယာက္ စာသင္ခန္းေပါက္ဝတြင္ တစ္ေယာက္ထဲ စကားထိုင္ေျပာေနေလသည္။
ဒီေန့ အသြန္းစာေရးတာ ေပါသြားလားဟင္ ?....🥺။
(ေပါ့ မဟုတ္ဘူးေနာ္ )
[Unicode]
"အာ ...ကိုကိုတောင် နိုးနေပြီလား ? "
"အင်း ခုပဲ "
"ဘယ်ချိန် ရှိပြီးလဲ မသိဘူး ကိုကို ရေ ။ ကျောင်းနောက်ကျတော့မှာပဲ " ဟုဆိုကာ ရီပေါ်က မျက်နှာသွားသစ်ရန် ကုတင်းပေါ်မှ ဆင်းမည်အလုပ်
အနောက်မှ ဆွဲဖက်လိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်ကိုယ်လေးရှောင်ကျန့်ရင်ခွင်ထဲသို့ ရောက်သွားလေသည်။
"ကိုကို ဘာလို့ဖက်ထားတာလဲ ?။ ကျောင်းနောက်ကျနေပါပြီးဆိုမှ "
"အင်း အခုသွားလည်း မမှီတော့ဘူး.....ကလေးပေါက် ။
ထတဲ့အချိန်ကိုလည်း ကြည့်ဦး ။ဆယ်နာရီတောင်
ခွဲနေပြီး " ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်ပုခုံးပေါ် မေးလေးတင်ကာ ဖုန်းမှနာရီအားယူပြတော့ ရီပေါ်တို့မျက်လုံးပြူးမျက်ဆံပြူးဖြင့် သေချာကြည့်နေလေသည်။
"အာ ! တကယ်ကြီး ၁၀နာရီခွဲတာလား ? ။
ကိုကို့နာရီများ မှားနေတာလား ? ။ကလေးတစ်ခါမှ ဒီလောက်နောက်ကျတဲ့ အထိမအိပ်ဖူးဘူးလေ " ဟုဆိုကာ ရီပေါ်တစ်ယောက် သူငပျင်းတစ်ယောက် မဟုတ်ကြောင်းကို ရှောင်ကျန့်အား သေချာ ငြင်းကာ ရှင်းပြနေလေသည်။
"ဟား ဟား ဟုတ်ပါပြီး ကလေးက အိပ်ယာထနောက်ကျတာ မဟုတ်ပါဘူး ။ ညကအိပ်ယာဝင်နောက်ကျလို့
မနက်ဘက်မထနိုင်တာ ဟုတ်တယ်မလား ? " ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်၏ဆံပင်တို့အား သပ်ပေး၍ပြောတော့ ရီပေါ်ကခေါင်းလေးငြိတ်ကာ
ထောက်ခံရှာသည်။
တစ်ဆက်တည်းမှာပဲ ရှောင်ကျန့်ဆီမှလာသော အပူငွေ့တို့ကို ရီပေါ်ခံစားမိ၍ ရီပေါ် မိမိ၏လက်ချောင်းသွယ်လေးများဖြင့် ရှောင်ကျန့်၏နဖူးအား စမ်းလိုက်လေသည်။
စမ်းသပ်ချက်အရ အဖျားဝင်နေသော ရှောင်ကျန့်ကို
ကုတင်ပေါ်တွင် ပြန်အနားယူခိုင်းကာ ရှောင်ကျန့်အတွက် စားသောက်ဖွယ်ရာများကို
မီးဖိုခန်းထဲတွင် ရီပေါ်တစ်ယောက် ချက်ပြုတ်ပြင်ဆင်လေသည်။
ရှောင်ကျန့်အတွက် ဆန်ပြုတ်ကို အိပ်ခန်းထဲထိယူလာကာ အသေအချာခွံကျွေးနေသော ရီပေါ်ကို ရှောင်ကျန့်ကြည့်ရင်း အတွေးများနေမိလေသည်။
"ကိုကို ဟ လေ ။ ဘာတွေ တွေးနေတာလဲ " ဟုဆိုကာ ရီပေါ်က နှုတ်ခမ်းကြီးဆူလျှက်
မေးတော့ ......
ရှောင်ကျန့်က သက်ပြင်းတစ်ချက်ချကာ .....
"မနေ့က ကိုယ် ကလေးကိုလာမကြိုမိတာ တောင်းပန်ပါတယ်နော် " ဟုဆိုကာ ရှောင်ကျန့်က မျက်နှာငယ်လေးနှင့် တောင်းပန်တော့ရီပေါ်ကိုယ်လေး တစ်ချက်ငြိမ်သွားပြီး ခဏအကြာမှ
လေပူတစ်ချက် မှုတ်ထုတ်ကာ ........
"အင်း ...... ရပါတယ် ။ ဒါပေမဲ့ ကိုကိုဒဏ်ရာကြီးနဲ့ ညနက်မှ ပြန်လာတာတော့ ကလေးခွင့်မလွှတ်နိုင်ဘူး! "ဟုဆိုကာ မျက်ရည်များဝဲလျှက် နှုတ်ခမ်းကြီးဆူထားသော ရီပေါ်ကို ကြည့်ရင်း ရှောင်ကျန့်တစ်ချက် ပြုံးလိုက်လေသည်။
"ကလေးက ကိုကို့ကို စိုးရိမ်နေတယ်ပေါ့ " ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ခေါင်းငုတ်ထားသော ရီပေါ်၏ပါးနှစ်ဖက်အား သူ၏လက်များနှင့် ဆုပ်ကိုင်လိုက်လေတော့ ရီပေါ်က ရှောင်ကျန့်၏လက်မှ ရုန်းကာ မျက်နှာအား အခြားတစ်ဖက်သို့ လှည့်လိုက်လေသည်။
"သွားပါ အခုမှ လာပြောမနေနဲ့ ။ ပစ်ထားတုန်းက ပစ်ထားပြီးတော့ ။ကလေးကတော့ ကိုကို့ကို ဟိုးနေ့လယ်ကတည်းက မပေါ်လာလို့ ရင်တမမနဲ့ စောင့်နေရတာ ။ပြန်မြှပန်လာတော့လည်း ညနက်မှ ဒဏ်ရာ ပရပွနဲ့ပြန်လာတယ်။ အိမ်မှာ ကလေးဘယ်လောက် စိုးရိမ်နေမလဲ ကိုကိုမသိဘူးလား?! ။ သွားလာစရာရှိတယ်ဆိုရင်လည်း ဖုန်းလေးတော့ ဆက်ပေါ့ ကိုကိုရ ။ အခုတော့ ... ခုတော့ ဟင့် ....အင့် " ဟုဆိုကာ စကားများပြောရင်းတန်းလန်း မျက်ရည်များကျလာသော ရီပေါ်ကို ရှောင်ကျန့်ကပင် ရင်ခွင်ထဲထည့်ထိ နစ်ဝင်မတက် ဖက်ထားလိုက်လေသည်။
ထို့နောက် ငိုနေသော ကလေးလေးကို စိုးရိမ်မှုတွေလျော့သွားစေသော ဆန္ဒဖြင့် ရှောင်ကျန့်မနေ့က ကိစ္စတွေကို အကြောင်းစုံပြောပြခဲ့လေသည်။
ထိုအခါမှ ရီပေါ်တစ်ယောက် မျက်လုံးလေး ကလယ်ကလယ်နှင့် ရှောင်ကျန့်အား ကြည့်ကာ ....
"အင်း အာ့တာကြောင့်လား ? ။ အာ့ဆို ကိုကို့ ဒဏ်ရာတွေ အရမ်းနာနေမှာပဲနော် ။လာ ကလေးဒဏ်ရာတွေ ပျောက်သွားအောင် မွှေမွှေးပေးပေးမယ် " ဟုဆိုကာ ရှောင်ကျန့်အား ရီပေါ်တစ်ယောက် စိတ်တိုင်းကျ လိုက်နမ်းနေလေသည်။
*တောင်းပန်ပါတယ် ကလေးရေ ။ကိုယ် အားလုံးကို ပြောပြချင်ပေမဲ့ သူမဟာ ကိုယ်ရဲ့ရီးစားဟောင်းဆိုတဲ့ အကြောင်း ကိုတော့ ကလေးစိတ်ဆင်းရဲမှာ စိုးလို့ ကိုယ်မပြောပြခဲ့ဘူး ။ကိုယ့်ကိုနားလည်ပေးပါနော် "
.......….............................................................
ကျိုးတစ်ယောက် ရှောင်ကျန့်တို့ စာသင်ခန်းရှေ့တွင် တစ်ဝဲလည်လည် လုပ်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ဤသည်ကို ရိပ်စားမိသော မင်ယွဲ့က ကျိုး၏အနားအား ရစ်သီရစ်သီ သွားရပ်ကာ ကျိုး၏ ခန္ဓာကိုယ် အချိုးအစားလေးအား သေချာပတ်ကြည့် လိုက်လေသည်။
"အင်း .... body လေးကတော့ သဲနာရီလေးလို စွတ်လှတယ် ။ ပင်လယ်လှိုင်းလေးလို တွန့်ထားတဲ့ ဆံနွယ်လေးက လေအပင့်မှာ ယိမ်းနေတယ် ။ ကျိုး !
မင်းကတော်တော်လှတဲ့ မိန်းကလေးပဲ " ဟုဆိုကာ မင်ယွဲ့ တစ်ယောက် ကျိုးအနောက်မှနေ၍ ကျိုး၏ပုခုံးအားဆွဲလှည့်ကာ အားရပါးရစကားပြောနေသောကြောင့် ကျိုးတစ်ယောက် မင်ယွဲ့အား မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်ကာ .......
"ဒီမှာ ! သဲနာရီတွေ လေလှိုင်းတွေလုပ်မနေနဲ့ !။
ဒီနေ့ ရီပေါ်ကျောင်းမလာဘူး ။အာ့ကြောင့် သူ့ဘာလို့ကျောင်းမလာလဲ ရှောင်ကျန့်ကို
လာမေးတာ ။ ရှောင်ကျန့် ရှိလား ?...ရှိရင်ခေါ်ပေး! " ဟုဆိုကာ မင်ယွဲ့အား မတူမတန်သလို
ကြည့်ကာ အသံမာမာနှင့်ပြောနေသော ကျိုးကို မင်ယွဲ့တစ်ယောက် စိတ်ထဲတွင် အကြိမ်ကြိမ်ဝါးစားပစ်ချင်နေပြီ ဖြစ်သည်။
သို့သော်လည်း ပြသနာမဖြစ်ချင်၍ ဒေါ်သကိုလျော့ကာ အတတ်နိုင်ဆုံး လုပ်ပြုံးလိုက်ပြီး........
"ဟုတ်လား ? အာ့ဆို ဘယ်လိုလုပ်မလဲဟင် ? ။
ရှောင်ကျန့်ကလည်း ဒီနေ့အိပ်ယာထနောက်ကျသွားလို့ ကျောင်းမလာနိုင်ဘူး လို့ပြောပြီး ခွင့်တိုင်ထားတယ် ။ဆိုတော့ကာ သူတို့များအိမ်မှာ ပကျိ ပကျိ လုပ်ရင်း
အိပ်ယာမထနိုင်တာ ဖြစ်မှာပေါ့ စိတ်ပူမနေပါနဲ့ ...လင်လင်တွေဆိုတော့ ဖြစ်တတ်ပါတယ် " ဟုဆိုကာ ကျိုးကို ရိပ်စားမိသော မင်ယွဲ့က ကျိုးအား မထိတထိ စသွားကာ ထိုနေရာမှ အမြန်ဆုံး ထွက်သွားလေသည်။
ထို့နောက် ဒေါ်သတကြီးနှင့် "တောက် !!! "ခေါက်ကာ ခြေလှမ်းကျဲများဖြင့် စာသင်ခန်းရှေ့မှ ထွက်သွားသော ကျိုးကို မင်ယွဲ့တစ်ယောက် သေချာလိုက်ကြည့်ရင်း တစ်ချက်ပြုံးလိုက်လေသည်။
"ဟင့် ! သိတာပေါ့ ရီပေါ်ကို အကြောင်းပြပြီး ရှောင်ကျန့်နဲ့ လာတွေ့ချင်မှန်း ။ ဘဝင်လေဟပ်ပြီး စကားကြီးစကားကျယ်တွေ ပြောနေလို့ အမြင်ကပ်ကပ်နဲ့ လျှောက်ပြောလိုက်တာ ။
အခုတော့ စိတ်ဆိုးဆိုးနဲ့ပြန်သွားပြီး ။ချီးတောင်မသနားဘူး " ဟုဆိုကာ မင်ယွဲ့တစ်ယောက် စာသင်ခန်းပေါက်ဝတွင် တစ်ယောက်ထဲ စကားထိုင်ပြောနေလေသည်။
ဒီနေ့ အသွန်းစာရေးတာ ပေါသွားလားဟင် ?....🥺။
(ပေါ့ မဟုတ်ဘူးနော် )